ကျော် ဆေးခန်း
သာဓု သာဓု သာဓု……….။Credit to … Zaw Myi
Unicode
ခါးနာ၊ ဒူးနာ၊ အကြောညပ်နေသူများ ယူပစ်သလို ပျောက်ကင်းတဲ့ ဒီဆေးခန်းမှာသွားပြကြည့်ပါ
ခါးနာနေသူများ၊ ဒူးနာနေသူများ၊ အကြောညပ်နေသူများ ဒီဆေးခန်းမှာသွားပြကြည့်ပါ။ ယူပစ်သလို ပျောက်ကင်းပါတယ်ဗျာ။
စေတနာဆရာဝန်တစ်ဦးဖြစ်တာကြောင့်လည်း ဆေးစွမ်းတယ်ထင်ပါတယ်။
ဆရာဝန်ကြီး ဦးကျော်ကျာ်မြင့်
အရိုး၊ အကြော၊ အဆစ် အထူးကု ဆရာဝန်
ကျော် ဆေးခန်း
ရန်ကုန်မြို့တောင်ဥက္ကလာ ၁၄ရပ်ကွက်မေတ္တာလမ်းမကြီးပေါ် သံသုမာလမ်းဒေါင့်မီးပွိုင့်နားလေးမှာပါ။
ဖုန်း -09263701385 / 09458550285
ကျွန်တော် ဘယ်ဒူးတစ်ဖက် နာနေတာအတော်ကြာပါပြီ။ ဆေးမီးတိုနဲ့ပဲဆေးလိမ်းတယ်။ တလောက ဘာမခိုက်မိပဲ ညာဖက် ခြေသန်းနားတစ်ဝိုက်အတော်လေး ထပ်နာပြန်တယ်။
လမ်းလျှောက်ရင်တောင် ထော့နဲ့ ထော့နဲ့ ဖြစ်နေတယ်။ ထုံးစံအတိုင်း ဖြစ်ဖြစ်ခြင်း ရေခဲအုံ နှစ်ရက်လောက်မသက်သာတော့ ကြပ်ထုပ်ထိုးဆေးလိမ်းပေါ့ …
မိန်းမက ဆေးခန်းပြဖို့ပြောတယ် ။မိသားစုတွေအတွက် ဆိုအထူးကုတွေပြပေမဲ့ ကိုယ်ဖြစ်ရင်ဘယ်တော့မှ မပြဘူး။ဒီလိုနဲ့ တစ်ရက်မှာ အစ်မဖြစ်သူက မြင်သာမှာ ….
အရိုးအကြောအဆစ်ကုတဲ့ဆေးခန်းရှိတယ်၊ အရမ်းကောင်းတယ်။ သုံးရက်လောက်ဆို ပျောက်ရော…ငါယောင်းမ လက်အကြောတင်နေတာ ပျောက်သွားတယ်ဆေးဖိုးလဲ သက်သာတယ် တဲ့ ။ဒါနဲ့ ညနေပိုင်း သွားလိုက်တယ်…
ဟုတ်ပ ….လူတွေ အများကြီးပဲ ။ကိုယ့်အလှည့်ရောက်တော့ ဘာဖြစ်လဲမေးတယ်…..ကိုယ်လဲပြောပြတော့….
ဆရာက အစားမှားတာတဲ့ ။ဝမ်းတွင်းသားတွေမစားဖို့၊ တခြားမတည့်တာတွေမစားဖို့မှာပြီး ဆေးတစ်လုံးထိုးတယ်၊ သောက်ဆေးပေးတယ်၊ သုံးရက်ဆက်ပြရမယ်တဲ့…..
လိမ်းဆေးပေးမှာစိုးလို့ ….ဆရာ….ကျွန်တော် မှာ လိမ်းဆေးတွေတော့အများကြီးရှိတယ် ။ဘာလိမ်းရင်ကောင်းမလဲဆိုတော့……
မနက်ဖြန် ပျောက်မှာလေ၊ မလိုပါဘူးတဲ့…..ကျွန်တော် လဲ မယုံတဝက်နဲ့ပေါ့ ၊ ဆေးဖိုးကလည်း သုံးထောင်တဲ့……တကယ်ဟုတ်တယ်ဗျာ။
မနက်အိပ်ယာလဲထရော …သိသိသာသာ အနာသက်သာသွားတယ်။ သုံးရက်ပြပြီး တစ်ပတ်စာ သောက်ဆေးပေးတယ်။
ခုနစ်ထောင်ပဲကျတယ် ။အခုပျောက်သွားပြီ ကျေးဇူး တင်လိုက်တာဆရာရယ်….နောက် …ဒူးနာပါ သက်သာသွားပြီး အခုဒူးနာဆက်ပြနေတာ ….
မနေ့က ဆရာ့ဆေးခန်းကို သွားတယ်။ညနေ ၅ နာရီကနေ ၈ နာရီဆိုတော့ ဆေးခန်း ပိတ်ခါနီး ၇ နာရီခွဲလောက်….ရောက်သွားတယ်….
လူနာလဲ နဲနေပြီအထဲမှာ ၅ ယောက်လောက်အပြင်မှာ သုံးယောက်လောက်ပဲရှိနေတုန်း….ဘုန်းကြီး တစ်ပါးတုတ်ကောက်နဲ့ ဘေးကလဲလူနှစ်ယောက်တွဲလာတယ်။
ခြေထောက်ခိုက်မိထားတယ်ထင်တယ်။သက်တော်လဲကြီးပြီ နေရာလွတ်တွေ ရှိပေမဲ့ကျွန်တော် ထပေးလိုက်တယ် ။
စိတ်ထဲမှာ…ဒီဘုန်းကြီး ကိုဆေးဖိုးဝါးခ ငါလှူမယ်ဒီဆေးခန်းက ဈေးလဲမကြီးတော့ငါအလှူတစ်ခု ရပြီဆိုပြီး ပျော်နေမိတယ်။
အဲ့အချိန်မှာ ဆေးခန်းထဲ လူနာတစ်ယောက်ကြည့်ပြီးဆရာမက …ဘုန်းဘုန်းဘယ်ကကြွလာရတာလဲ …ဘာဖြစ်တာလဲ မေးပြီးဆရာ့ကိုလှမ်းပြောတယ် …
ဆရာက အထဲက နောက်လူတွေကို မကြည့်တော့ပဲ… ဘုန်းဘုန်း အထဲကြွပါဘုရား တဲ့။ နောက် ဘုန်းကြီး ကိုအရင်ကြည့်ပေးလိုက်တယ်။
ဘုန်းကြီး ထွက်လာတော့ အဖေါ်တွေက တွဲလာပြီးဆရာမက ဆေးတွေပေးနေပြီး ဘုန်းဘုန်း ဒီဆေးတွေကို မနက်နေ့ဆွမ်း ဘုန်းပေးပြီးတာနဲ့စားပါဘုရား …
နမူနာတစ်ထုပ်ပေးထားတယ်…အစာရှိမှ စားပါ။ဒါကလိမ်းဆေး ၊ နောက်ငါးရက်ဆေးကုန်မှ တစ်ခေါက်ပြန်လာပါ ဘုရားလို့ပြောတယ်။
ဘေးကပါသူက ဆေးဖိုးဘယ်လောက်ကျပါသလဲ ဆရာမ ဆိုတော့ ….ဆရာမက ဆေးဘိုးမယူပါဘူး။ ဆရာက လှူပါတယ်ဘုရားတဲ့…….
ကျွန်တော့်ပါးစပ်က သာဓုသုံးကြိမ်အသံထွက်အောင် ခေါ်မိပါတယ် ။
ဆရာဝန်ကြီးနာမည်က ….ဒေါက်တာကျော်ကျော်မြင့် အရိုးအကြောအဆစ် ခွဲစိတ်ဆရာဝန်ကြီးဖြစ်ပါတယ်။
ကုသရေးမှာကျွမ်းကျင်ရုံမက….စိတ်သဘောလဲကောင်းပြီး…….အသပြာဆရာဝန်လဲ မဟုတ်ပါဘူး။
အရေးပေါ် ခွဲစိတ်ရမှာ ကျွမ်းကျင်တဲ့အပြင် အပြင်ဆေးရုံတွေ မချိန်းပဲ ငွေကုန်ကြေးကျ သက်သာအောင် အင်းစိန်ဆေးရုံကိုပဲ ချိန်းပါတယ်။
သာဓု သာဓု သာဓု……….။Credit to … Zaw Myi
Be the first to comment
Leave a Reply
Your email address will not be published.
*