ထိုင္း ႏိုင္ငံတြင္ ဖုန္းအားသြင္းရင္း နားက်ပ္ ျဖင့္သီခ်င္း နားေထာင္သူ ဓာတ္လိုက္ေသဆုံး

ထိုင္း ႏိုင္ငံတြင္ ဖုန္းအားသြင္းရင္း နားက်ပ္ ျဖင့္သီခ်င္း နားေထာင္သူ ဓာတ္လိုက္ေသဆုံး

ထိုင္း ႏိုင္ငံတြင္ ဖုန္းအားသြင္းရင္း နားက်ပ္ ျဖင့္သီခ်င္း နားေထာင္သူ ဓာတ္လိုက္ေသဆုံး

ထိုင္းႏိုင္ငံမွာ အသက္ (၃၅) ႏွစ္သာ ရွိေသးတဲ့ အမ်ိဳးသား တစ္ေယာက္ဟာ ဖုန္းအားသြင္းရင္းတန္းလန္း သီခ်င္း နားေထာင္ခဲ့ရာ၊ ဓာတ္လိုက္ၿပီး ေသဆုံး ခဲ့ေၾကာင္း သိရပါတယ္။ ေသဆုံးသူအမည္ကေတာ့ စူပါခတ္စရာဘြန္းလို႔ သိရ ပါတယ္။

ထိုင္းႏိုင္ငံ၊ ဖရာနခြန္စီအယုဒၶယမွာ ေနထိုင္သူပါ။ ဒီေၾကာက္စရာ အျဖစ္အပ်က္ဟာ ၿပီးခဲ့တဲ့တနလၤာည ေဖေဖာ္ဝါရီ (၁၇) ရက္ ညပိုင္းမွာ ျဖစ္ခဲ့ တာပါ။ စူပါခတ္စရာဘြန္းဟာ မီးေလာင္ခံရတဲ့ သေဘာလကၡဏာေတြ ျဖစ္ၿပီး၊ ေသဆုံးခ်ိန္မွာ နားက်ပ္တန္းလန္း အေနအထား ျဖစ္ပါတယ္။ ရင္ဘတ္ေပၚမွာလည္း နားက်ပ္က အေခြလိုက္ကေလး ရွိေနပါတယ္။

အားသြင္းတဲ့ ပလပ္ခုံကလည္း ပင္မလွ်ပ္စစ္ Main ခုံ နဲ႔ တိုက္႐ိုက္ ခ်ိတ္ထားပါတယ္။ စူပါခတ္စရာဘြန္းဟာ ဒီမတိုင္ခင္ သူငယ္ခ်င္းေတြနဲ႔ ေဘာလုံး ကန္ခဲ့ ပါေသးတယ္။ အသက္ (၃၆) ႏွစ္ အ႐ြယ္ အိမ္နီးနားခ်င္း ဆရာဝပ္ဆြက္ပန္ယာက စူပါခတ္စရာဘြန္း ေသဆုံးမႈကို အရင္ဆုံး သိခဲ့ပါတယ္။

စူပါခတ္စရာဘြန္းဟာ ဆရာဝပ္ဆြက္ပန္ယာပို႔တဲ့ မက္ေဆ့ကို (၃) ရက္ၾကာ စာမျပန္ခဲ့ မသကၤာျဖစ္ခဲ့ပါတယ္။ ဒီလိုပဲ စူပါခတ္စရာဘြန္းရဲ႕ ခ်စ္သူကလည္း အဆက္အသြယ္ မရလို႔ ဆရာဝပ္ဆြက္ပန္ယာထံ ဖုန္းဆက္ၿပီး ခ်စ္သူ အမ်ိဳးသားအိမ္ကို သြားစစ္ေဆးေပးဖို႔ ေတာင္းဆိုခဲ့ ပါသတဲ့။

ဒါေၾကာင့္ ဆရာဝပ္ဆြက္ပန္ယာနဲ႔ အျခား အိမ္နီးနားခ်င္း တစ္ဦး ဟာ စူပါခတ္စရာဘြန္းရဲ႕ အိမ္ကို တံခါး ေသာ့ ဖ်က္ၿပီး ဝင္ၾကည့္ ခဲ့ရာက အခုလို အျဖစ္ဆိုး ကို ေတြ႕ခဲ့ ရတာပါ။

ေဒသခံ အေရးေပၚ ကူညီေရးအသင္း ကို ေခၚၿပီး ေဆး႐ုံ ပို႔ေပးခဲ့ရာ၊ ဆရာဝန္ေတြက ဓာတ္လိုက္ေသဆုံးတာ ျဖစ္ေၾကာင္း အတည္ျပဳ ခဲ့ပါတယ္။

Credit – Lin Zaw Ko (De Nae Khit)

Unicode

ထိုင်း နိုင်ငံတွင် ဖုန်းအားသွင်းရင်း နားကျပ် ဖြင့်သီချင်း နားထောင်သူ ဓာတ်လိုက်သေဆုံး

ထိုင်းနိုင်ငံမှာ အသက် (၃၅) နှစ်သာ ရှိသေးတဲ့ အမျိုးသား တစ်ယောက်ဟာ ဖုန်းအားသွင်းရင်းတန်းလန်း သီချင်း နားထောင်ခဲ့ရာ၊ ဓာတ်လိုက်ပြီး သေဆုံး ခဲ့ကြောင်း သိရပါတယ်။ သေဆုံးသူအမည်ကတော့ စူပါခတ်စရာဘွန်းလို့ သိရ ပါတယ်။

ထိုင်းနိုင်ငံ၊ ဖရာနခွန်စီအယုဒ္ဓယမှာ နေထိုင်သူပါ။ ဒီကြောက်စရာ အဖြစ်အပျက်ဟာ ပြီးခဲ့တဲ့တနင်္လာည ဖေဖော်ဝါရီ (၁၇) ရက် ညပိုင်းမှာ ဖြစ်ခဲ့ တာပါ။ စူပါခတ်စရာဘွန်းဟာ မီးလောင်ခံရတဲ့ သဘောလက္ခဏာတွေ ဖြစ်ပြီး၊ သေဆုံးချိန်မှာ နားကျပ်တန်းလန်း အနေအထား ဖြစ်ပါတယ်။ ရင်ဘတ်ပေါ်မှာလည်း နားကျပ်က အခွေလိုက်ကလေး ရှိနေပါတယ်။

အားသွင်းတဲ့ ပလပ်ခုံကလည်း ပင်မလျှပ်စစ် Main ခုံ နဲ့ တိုက်ရိုက် ချိတ်ထားပါတယ်။ စူပါခတ်စရာဘွန်းဟာ ဒီမတိုင်ခင် သူငယ်ချင်းတွေနဲ့ ဘောလုံး ကန်ခဲ့ ပါသေးတယ်။ အသက် (၃၆) နှစ် အရွယ် အိမ်နီးနားချင်း ဆရာဝပ်ဆွက်ပန်ယာက စူပါခတ်စရာဘွန်း သေဆုံးမှုကို အရင်ဆုံး သိခဲ့ပါတယ်။

စူပါခတ်စရာဘွန်းဟာ ဆရာဝပ်ဆွက်ပန်ယာပို့တဲ့ မက်ဆေ့ကို (၃) ရက်ကြာ စာမပြန်ခဲ့ မသင်္ကာဖြစ်ခဲ့ပါတယ်။ ဒီလိုပဲ စူပါခတ်စရာဘွန်းရဲ့ ချစ်သူကလည်း အဆက်အသွယ် မရလို့ ဆရာဝပ်ဆွက်ပန်ယာထံ ဖုန်းဆက်ပြီး ချစ်သူ အမျိုးသားအိမ်ကို သွားစစ်ဆေးပေးဖို့ တောင်းဆိုခဲ့ ပါသတဲ့။

ဒါကြောင့် ဆရာဝပ်ဆွက်ပန်ယာနဲ့ အခြား အိမ်နီးနားချင်း တစ်ဦး ဟာ စူပါခတ်စရာဘွန်းရဲ့ အိမ်ကို တံခါး သော့ ဖျက်ပြီး ဝင်ကြည့် ခဲ့ရာက အခုလို အဖြစ်ဆိုး ကို တွေ့ခဲ့ ရတာပါ။

ဒေသခံ အရေးပေါ် ကူညီရေးအသင်း ကို ခေါ်ပြီး ဆေးရုံ ပို့ပေးခဲ့ရာ၊ ဆရာဝန်တွေက ဓာတ်လိုက်သေဆုံးတာ ဖြစ်ကြောင်း အတည်ပြု ခဲ့ပါတယ်။

Credit – Lin Zaw Ko (De Nae Khit)

Be the first to comment

Leave a Reply

Your email address will not be published.


*