ရုပ်သံကြည့်ရန်
Publicado por Kyal Sin Kha en Sábado, 22 de febrero de 2020
Unicode
ပန်းခြံထဲမှာ တွေ့တဲ့ လေလွင့်ကလေးကို သနားလို့ မုန့်ကျွေးမိရာက ဒုက္ခရောက်ခဲ့ရတဲ့ မိန်းကလေးရဲ့အဖြစ် (ရုပ် သံ)
မိန်းကလေးဖြစ်ဖြစ် ယောက်ျားလေးဖြစ်ဖြစ် မြို့ထဲသွားရင် သတိထားလို့ရအောင်ပါ.. !!
လမ်းမှာ ပန်းခြံမှာ ၉နှစ် ၁၀နှစ်ကလေးတွေတွေ့ရင် သနားလို့ ဆိုပြီး ပိုက်ဆံပေး မုန့်ကြွေး အရောဝင်တာမျိုး မလုပ်ပါနဲ့…
ဒီနေ့ မြို့ထဲ ၃၅လမ်း အထက်ဘလောက် လမ်းကြားထဲက ပန်းခြံမှာ သူငယ်ချင်း၂ယောက်နဲ့ဓာတ်ပုံသွားရိုက်တာ တစ်ယောက်ထဲဆော့နေတဲ့ ကလေးကို တွေ့တော့ ညီမလည်းသနားပြီး ပါတဲ့မုန့်လေးတွေ ပေးလိုက်ပါတယ် ….ကောင်းကောင်းမွန်မွန်နဲ့ ကျေးဇူးပါ မကြီး ဆိုပြီး ပစ္စည်းတွေတောင် ကူကိုင် ပေးပါတယ်။
နောက်တော့ နည်းနည်းဝေးတဲ့ဆီသွားပြီး ရေသန့်ဘူးထဲကို အဝါရောင်အရည်လိုလိုတွေ ထည့်ထားတဲ့ ဘူးကို ထုတ်ရှူပါတယ်…အဲ့ကထဲက မူမမှန် တော့တာပါ …ညီမဓာတ်ပုံရိုက်တဲ့ နားမှာ ဘယ်ကပါလာမှန်းမသိတဲ့ သံဘူးလိုဟာကို မြေကြီးကို ပေါက်ချလိုက်ပါတယ် ….
လေတိုက်တဲ့အချိန်နဲ့ ကြုံပြီး ညီမမျက်ကပ်မှန်ကို ကပ်သွားတော့ မျက်ရည်တွေကျပြီး မျက်လုံးဖွင့်လို့ အဆင်မပြေ ဖြစ်လာရော…အဲ့တာနဲ့ အခြေနေမကောင်းဘူး …မျက်ကပ်မှန် ချွတ်ရမယ်ဆိုပြီး သူငယ်ချင်းအိမ်ကို ပြေးဖို့ လုပ်ရပါတယ်။
အဲ့တာကို ဘယ်ဝင်သွားတာလဲ ပြစမ်းဆိုပြီး အတင်းကပ်လာတော့ ညီမလည်း စိတ်အနှောက်အယှက် ဖြစ်တဲ့အကြောင်း သွားတော့မယ့် အကြောင်းကို ကောင်းကောင်းမွန်မွန် ရှင်းပြတာကို နားမလည်ပဲ ရိုင်း”စိုင်း”တွေ အော်ဟစ်ပြီး ညီမဘေးက အတင်းကပ်လိုက် တော့ မုန့်ဖိုး ၅၀၀ပေးပြီး မလိုက်တော့ဖို့ ပြောပါတယ်။
ပိုက်ဆံ ပေးလိုက်ပြီးကထဲက ပိုဆိုးလာပါတယ် …ပါးစပ်ကလည်း အရွယ်နဲ့ မလိုက်အောင် သူ့ထက် အသက်၁၀နှစ်လောက် ကြီးတဲ့ ညီမကို ရမ်းလန်းတယ် ….ကိုက်စားချင်စရာလေး ဆိုတာမျိုးတွေ ပြောပါတယ်။
အဲ့တာနဲ့ အနီးနားမှာ ရှိတဲ့ ယာဉ်ထိန်းရဲကို အကူအညီတောင်းတော့ ရဲက အဲ့ကလေးကိုအော်ငေါက်လိုက်ပါတယ်…ရဲစခန်းကို ဖုန်းဆက်ခိုင်းတယ်…အဲ့တာကို ရဲကိုရှောင်ပြီး ဆက်လိုက်လာတာ အော်လည်းမရ ပြောလည်းမရပါဘူး။
အဲ့တာကြောင့် ၆လွှာမှာ ရှိတဲ့ သူငယ်ချင်းအိမ် ထိပြေးသွားပြီး အန်တီကို အကူညီတောင်းမှပဲ ပိုက်ဆံယူပြီး အောက်ဆင်းသွားပါတယ် ….အဲ့တာတောင် တိုက်အောက်မှာ ဆက်စောင့်နေပါသေးတယ်။
အန်တီက စခန်းပို့မယ် ပြောတော့ ပို့လည်းလွတ်မှာပဲတဲ့ ဘယ်စခန်းလဲ ကျောက်တံတားလား ဟံသာဝတီထိပို့မလား ပြီးရင်ပြန်လွှတ်တာပဲ ပြန်လာမှာပဲတဲ့….
ကလေးတွေက ကလေးနဲ့မတူပါဘူး ဓားပြအသေးစားတွေဖြစ်နေပါပီ …သက်ဆိုင်ရာက ဒီကလေးတွေနဲ့ ပတ်သက်ပြီး တစ်ခုခု လုပ်သင့်တယ်လို့ လဲထင်ပါတယ် ….အရင်တုန်းက လှည်းတန်းတို့ မြေနီကုန်းတို့မှာ ပိုက်ဆံအတင်းလိုက်တောင်းတဲ့ ကလေးတွေက ပေးလိုက်ရင် ထွက်သွားပါတယ် ….
ဒီကလေးလို ရိုင်းရိုင်းစိုင်းစိုင်းတွေ ပြောပြီး ဆက်မလိုက်ပါဘူး….မိန်းကလေးတွေ တစ်ယောက်ထဲသွားရင် မလွယ်ပါဘူး။ အဲ့ကလေးပါ လမ်းမှာ တွေ့ ရင် ညီမလို မေတ္တာရှင်မကြီးလုပ်ပြီး မုန့်တွေ သွားမပေးကြပါနဲ့….. တော်တော်လေးလည်း မှတ်သွားပါပီ မြို့ထဲသွားရင် ဆင်ခြင်လို့ရအောင် တင်ပေးလိုက်တာပါ…။#crd
ရုပ်သံကြည့်ရန်
Be the first to comment
Leave a Reply
Your email address will not be published.
*