ေျမအိိုးျဖင္႔႔ ခ်က္ျခင္းမွ ရရွိေသာ က်န္းမာေရးအက်ိဳး

ေျမအိိုးျဖင္႔႔ ခ်က္ျခင္းမွ ရရွိေသာ က်န္းမာေရးအက်ိဳး

ေျမအိိုးျဖင္႔႔ ခ်က္ျခင္းမွ ရရွိေသာ က်န္းမာေရးအက်ိဳး

ေျမအိုိးနဲ႔ ဘာေၾကာင့္ ျပန္လည္္ ခ်က္စားသင့္သလဲ

အခုုေခတ္မွာ ဖန္ထည္ပစၥည္းေတြ၊ စတီးပစၥည္္း ေတြကိုိပဲ အလြယ္တကူ သုံးေနၾကၿပီဆိုေတာ့ ေျမထည္ပစၥည္းဆိုတာ အတိတ္မွာ က်န္ခဲ့တဲ့ဲ အရာတစ္ခုလို ျဖစ္ေနပါၿပီ။

ေရအိုိးအေနနဲ႔ သုံးတာေတာင္ ရွားေနပါၿပီ။ ေရခ်မ္းစင္ေတြမွာလဲ စတီးအိုးေတြ၊ ေရသန္႔္ဘူးေတြ ေနရာယူေနပါၿပီ။

ဒါေပမဲ့ က်န္းမာေရးနဲ႔ ညီညြတ္တဲ့ ေနထိုိင္မွု ပုံံစံေတြကို အားေပးျမႇင့္တင္ၾကရာမွာ ေျမထည္ပစၥည္းေတြကို အသုံးျပဳသင့္တယ္ဆိုိတဲ့ အခ်က္လည္း ပါေနတာကို ေတြ႕ရပါတယ္။

အခု အစားအစာေတြကိုိ ေျမအိုးနဲ႔ ခ်က္စားရင္္ ရရွိိနိုင္တဲ့ အက်ိဳးေက်းဇူးေတြကို (အဂၤလိိပ္ဘာသာ ေဆာင္းပါးတစ္ပုဒ္ကေန ထုုတ္ႏုတ္ၿပီး) တင္ျပခ်င္ပါတယ္။

အစားအစာဟာ အရသာ ရွိိ႐ုံတင္မက အာဟာရလည္း ရွိိရမယ္ဆိုတဲ့ ရွုေထာင့္အရဆိုိရင္ ဘယ္ဟင္းလ်ာကို မဆို ေျမအိုးနဲ႔ ခ်က္သင့္္ပါတယ္။

ေျမအိုးနဲဲ႔ ခ်က္ရင္ ျဖည္းညင္းတဲ့ ခ်က္ျပဳတ္မွု ျဖစ္စဥ္ေၾကာင့္္ အစားအစာရဲ့ အရသာ တင္မက၊ အရည္အေသြးကိုိပါ တိုးျမင့္ေစပါတယ္။အာဟာရဓာတ္ေတြကို မၽွတေစပါတယ္။

Sheraton ဟိုိတယ္က အႀကီးတန္း စားဖိုမွူးတစ္ဦးရဲ့ အဆိုအရ ေျမမွာ အပူဓာတ္ကိုသဘာ၀အေလ်ာက္ ထိန္းေပးတဲ့ဂုဏ္သတၱိေတြ ပါလာတာေၾကာင့္ အပူဓာတ္နဲ႔အစိုဓာတ္ကို မၽွတေစပါသတဲ့။

ၿပီးေတာ့ တစ္အိုးလုံးကိုိ အပူ အေအး သမမၽွေစပါတယ္္။

အာဟာရဓာတ္္ေတြကိုလည္း မပ်က္စီးေစပါ။ ဟင္းေတြ မီးမကၽြမ္းေအာင္လည္း ကာကြယ္္ ေပးပါတယ္။

ေဆးသမားေတာ္ တစ္ဦးကလည္္း “ေျမထည္ပစၥည္းေတြကို လုပ္တဲ့ ေျမေစးဟာ အယ္လကာလီ သဘာ၀ ရွိတာေၾကာင့္္ ေျမအိုးနဲ႔ ခ်က္တဲ့အခါ အစားအစာေတြမွာ ပါတဲ့ အက္ဆစ္ဓာတ္ကို ျပယ္ေစပါတယ္္

(အက္ဆစ္ pH အဆင့္ေတြကို ေလ်ာ့က် ေစပါတယ္)။

ဒီေတာ့ အစားအစာေတြ အစာေၾကလြယ္ေစပါတယ္။ေနာက္ၿပီးေတာ့ ေျမအိုးနဲ႔ ခ်က္တဲ့ အစားအစာေတြမွာ သံဓာတ္၊ ထုံးဓာတ္၊ မက္ဂနီဆီယံ၊ ဆာလ္ဖာ ပါ၀င္မွုပမာဏလည္း ျမင့္မားပါတယ္။

ေျမအိုးနဲ႔ ခ်က္ရင္ ဆီမထည့္ဘဲ ခ်က္လို့ိေတာင္ ရပါတယ္။

ဘာေၾကာင့္ဆိုိေတာ့ ေျမအိုးမွာ သဘာ၀အေလ်ာက္္ ပါတဲ့ အစိုဓာတ္ဟာ ဟင္းေတြကိုႏူးနပ္ေလာက္ေအာင္ လုံေလာက္လို့ပါ” လို့ ေျပာပါတယ္။

ေျဖးညင္းတဲ့ ခ်က္ျပဳတ္မွု ျဖစ္စဥ္နဲ႔ဲ ေျမရဲ့အပူကိုိ ခုခံတတ္တဲ့ ဂုဏ္သတၱိဟာ အစားအစာမွာ ပါ၀င္တဲ့ သဘာ၀ဆီနဲ႔ စိုထိုင္းဆကို ထိန္းထားနိုင္ပါတယ္။

က်န္္းမာျခင္းဟာ အႀကီးဆုံး လာဘ္တစ္ပါးလို့ ဗုဒၶဘာသာ အဆိုတစ္ခု ရွိပါတယ္။

ကာယလဟုတာ (ကိုယ္လက္ေပါ့ပါးျခင္း)၊စိိတၱလဟုတာ (စိတ္ေပါ့ပါးျခင္း) တို့ကို ကုသိုိလ္တရားေတြလို့ ဗုဒၶဘာသာမွာ ျပထားပါတယ္။

လူတစ္ဦးရဲ့ ျဖစ္တည္ေနမွုကို ျပဳျပင္စီရင္္ အေၾကာင္းတရားေတြထဲမွာလည္္း ‘အာဟာရ (အစားအစာ)’ ဟာ အဓိက အေၾကာင္းတရားတစ္ခုလို့ ဆိုတာေၾကာင့္

အစားအစာေတြကိုိ အက်ိဳး (ကုသိုလ္) ျဖစ္ေအာင္၊ ေဘးမျဖစ္ေအာင္ လိုအပ္ရင္ ျပဳျပင္စားသုံးသင့္တယ္လို့ ထင္ပါတယ္။

ေလးၿမိဳ့သန္းေမာင္

CYM

Unicode

မြေအိုးဖြင့့် ချက်ခြင်းမှ ရရှိသော ကျန်းမာရေးအကျိုး

မြေအိုးနဲ့ ဘာကြောင့် ပြန်လည် ချက်စားသင့်သလဲ

အခုခေတ်မှာ ဖန်ထည်ပစ္စည်းတွေ၊ စတီးပစ္စည်း တွေကိုပဲ အလွယ်တကူ သုံးနေကြပြီဆိုတော့ မြေထည်ပစ္စည်းဆိုတာ အတိတ်မှာ ကျန်ခဲ့တဲ့ဲ အရာတစ်ခုလို ဖြစ်နေပါပြီ။

ရေအိုးအနေနဲ့ သုံးတာတောင် ရှားနေပါပြီ။ ရေချမ်းစင်တွေမှာလဲ စတီးအိုးတွေ၊ ရေသန့်ဘူးတွေ နေရာယူနေပါပြီ။

ဒါပေမဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နေထိုင်မှု ပုံံစံတွေကို အားပေးမြှင့်တင်ကြရာမှာ မြေထည်ပစ္စည်းတွေကို အသုံးပြုသင့်တယ်ဆိုတဲ့ အချက်လည်း ပါနေတာကို တွေ့ရပါတယ်။

အခု အစားအစာတွေကို မြေအိုးနဲ့ ချက်စားရင် ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေကို (အင်္ဂလိပ်ဘာသာ ဆောင်းပါးတစ်ပုဒ်ကနေ ထုတ်နုတ်ပြီး) တင်ပြချင်ပါတယ်။

အစားအစာဟာ အရသာ ရှိရုံတင်မက အာဟာရလည်း ရှိရမယ်ဆိုတဲ့ ရှုထောင့်အရဆိုရင် ဘယ်ဟင်းလျာကို မဆို မြေအိုးနဲ့ ချက်သင့်ပါတယ်။

မြေအိုးနဲ့ ချက်ရင် ဖြည်းညင်းတဲ့ ချက်ပြုတ်မှု ဖြစ်စဉ်ကြောင့်် အစားအစာရဲ့ အရသာ တင်မက၊ အရည်အသွေးကိုပါ တိုးမြင့်စေပါတယ်။အာဟာရဓာတ်တွေကို မျှတစေပါတယ်။

Sheraton ဟိုတယ်က အကြီးတန်း စားဖိုမှူးတစ်ဦးရဲ့ အဆိုအရ မြေမှာ အပူဓာတ်ကိုသဘာဝအလျောက် ထိန်းပေးတဲ့ဂုဏ်သတ္တိတွေ ပါလာတာကြောင့် အပူဓာတ်နဲ့အစိုဓာတ်ကို မျှတစေပါသတဲ့။

ပြီးတော့ တစ်အိုးလုံးကို အပူ အအေး သမမျှစေပါတယ်။

အာဟာရဓာတ်တွေကိုလည်း မပျက်စီးစေပါ။ ဟင်းတွေ မီးမကျွမ်းအောင်လည်း ကာကွယ် ပေးပါတယ်။

ဆေးသမားတော် တစ်ဦးကလည်း “မြေထည်ပစ္စည်းတွေကို လုပ်တဲ့ မြေစေးဟာ အယ်လကာလီ သဘာ၀ ရှိတာကြောင့် မြေအိုးနဲ့ ချက်တဲ့အခါ အစားအစာတွေမှာ ပါတဲ့ အက်ဆစ်ဓာတ်ကို ပြယ်စေပါတယ်

(အက်ဆစ် pH အဆင့်တွေကို လျော့ကျ စေပါတယ်)။

ဒီတော့ အစားအစာတွေ အစာကြေလွယ်စေပါတယ်။နောက်ပြီးတော့ မြေအိုးနဲ့ ချက်တဲ့ အစားအစာတွေမှာ သံဓာတ်၊ ထုံးဓာတ်၊ မက်ဂနီဆီယံ၊ ဆာလ်ဖာ ပါဝင်မှုပမာဏလည်း မြင့်မားပါတယ်။

မြေအိုးနဲ့ ချက်ရင် ဆီမထည့်ဘဲ ချက်လို့ိတောင် ရပါတယ်။

ဘာကြောင့်ဆိုတော့ မြေအိုးမှာ သဘာဝအလျောက် ပါတဲ့ အစိုဓာတ်ဟာ ဟင်းတွေကိုနူးနပ်လောက်အောင် လုံလောက်လို့ပါ” လို့ ပြောပါတယ်။

ဖြေးညင်းတဲ့ ချက်ပြုတ်မှု ဖြစ်စဉ်နဲ့ဲ မြေရဲ့အပူကို ခုခံတတ်တဲ့ ဂုဏ်သတ္တိဟာ အစားအစာမှာ ပါဝင်တဲ့ သဘာဝဆီနဲ့ စိုထိုင်းဆကို ထိန်းထားနိုင်ပါတယ်။

ကျန်းမာခြင်းဟာ အကြီးဆုံး လာဘ်တစ်ပါးလို့ ဗုဒ္ဓဘာသာ အဆိုတစ်ခု ရှိပါတယ်။

ကာယလဟုတာ (ကိုယ်လက်ပေါ့ပါးခြင်း)၊စိတ္တလဟုတာ (စိတ်ပေါ့ပါးခြင်း) တို့ကို ကုသိုလ်တရားတွေလို့ ဗုဒ္ဓဘာသာမှာ ပြထားပါတယ်။

လူတစ်ဦးရဲ့ ဖြစ်တည်နေမှုကို ပြုပြင်စီရင် အကြောင်းတရားတွေထဲမှာလည်း ‘အာဟာရ (အစားအစာ)’ ဟာ အဓိက အကြောင်းတရားတစ်ခုလို့ ဆိုတာကြောင့်

အစားအစာတွေကို အကျိုး (ကုသိုလ်) ဖြစ်အောင်၊ ဘေးမဖြစ်အောင် လိုအပ်ရင် ပြုပြင်စားသုံးသင့်တယ်လို့ ထင်ပါတယ်။

လေးမြို့သန်းမောင်

CYM

Be the first to comment

Leave a Reply

Your email address will not be published.


*