ဘယ္သူ႔ကိုမွ မွီခိုစရာမလိုတဲ့ မိန္းမသားတစ္ေယာက္ ျဖစ္ဖို႔ ရွိသင့္ရွိထိုက္တဲ့ အေတြးအေခၚမ်ား

ဘယ္သူ႔ကိုမွ မွီခိုစရာမလိုတဲ့ မိန္းမသားတစ္ေယာက္ျဖစ္ဖို႔ ရွိသင့္ရွိထိုက္တဲ့ အေတြးအေခၚမ်ား

ဘယ္သူ႔ကိုမွ မွီခိုစရာမလိုတဲ့ မိန္းမသားတစ္ေယာက္ ျဖစ္ဖို႔ ရွိသင့္ရွိထိုက္တဲ့ အေတြးအေခၚမ်ား

မိန္းကေလးဆိုတာနဲ႔ မွီခိုတတ္တဲ့သူ၊ ေပ်ာ့ညံ့တဲ့သူေတြလို႔ သတ္မွတ္လို႔ မရတဲ့ေခတ္ကို ေရာက္လာ ပါၿပီ။

လူတိုင္း ကိုယ့္တာဝန္ ကိုယ္ယူႏိုင္ဖို႔ ႀကိဳးစားေနၾကတဲ့ အခ်ိန္မွာ မိန္းကေလးတစ္ေယာက္ ကိုယ့္အားကိုယ္ကိုးၿပီး ကိုယ့္ေျခေထာက္ေပၚကိုယ္ရပ္တည္ႏိုင္ဖို႔၊ အမွီအခို ကင္းတဲ့သူတစ္ေယာက္ ျဖစ္ႏိုင္ဖို႔အတြက္ ဆိုရင္ ဒီအခ်က္ေလးေတြကို အၿမဲ တမ္းေခါင္းထဲရွိေနေအာင္ ကိုယ့္ကိုယ္ကို သတိေပးေနဖို႔ လိုပါတယ္။

ကိုယ့္ကိုယ္ကို လက္ခံႏိုင္ရမယ္

ကိုယ့္ရဲ႕ ခ်ိဳ႕ယြင္းခ်က္၊ အားနည္းခ်က္ ေတြကိုပဲ ေတြးၿပီး စိတ္ညစ္ေနမယ္၊ စိတ္ဓာတ္ က်ေနမယ္ဆိုရင္ ဘယ္လိုလုပ္ သန္မာတဲ့ အမ်ိဳးသမီး တစ္ေယာက္ ျဖစ္ႏိုင္ မွာလဲ။

သန္မာသူတစ္ေယာက္ ျဖစ္ခ်င္ရင္ ကိုယ့္ရဲ႕အားသာခ်က္ ေတြကို ျမင္ေအာင္ ၾကည့္ႏိုင္ရမယ္၊ ကိုယ့္ကိုယ္ကို ေလးစားတန္ဖိုး ထားတတ္ ရပါမယ္။

ကိုယ္တိုးတက္ဖို႔ ဦးစားေပးရမယ္

အလုပ္တစ္ခု လုပ္တဲ့ အခါမွာပဲ ျဖစ္ျဖစ္၊ ပညာရပ္ တစ္ခုခုကို ေလ့လာတဲ့ အခါမွာပဲ ျဖစ္ျဖစ္၊ ပိုက္ဆံနဲ႔ တျခား အရာေတြထက္ ကိုယ္တိုးတက္ဖို႔ကို ပိုၿပီး ဦးစားေပး ရပါမယ္။ ဘယ္ေနရာမွာပဲျဖစ္ျဖစ္ ကိုယ့္အတြက္ အသိပညာ တစ္ခုခု ရေအာင္ ယူတတ္ ရပါမယ္။

အတိတ္ကို အတိတ္မွာပဲ ထားခဲ့ႏိုင္ရမယ္ ဒါေပမယ့္ သင္ခန္းစာေတာ့ ယူႏိုင္ရမယ္

လူတိုင္းမွာ ဝမ္းနည္းစရာ၊ နာက်င္စရာ အတိတ္ ျဖစ္ရပ္ေတြ အနည္းနဲ႔ အမ်ားေတာ့ ရွိတတ္ၾကတာ ခ်ည္းပါပဲ။ အဲ့ဒီ အျဖစ္အပ်က္ ေတြထဲကေန ႐ုန္းထြက္ၿပီး ဘဝကို ေရွ႕ဆက္ႏိုင္ဖို႔ လိုပါတယ္။

အတိတ္က အျဖစ္ေတြကို အတိတ္မွာပဲ ထားခဲ့ႏိုင္ေအာင္ ႀကိဳးစားပါ။ ဒါေပမယ့္ အဲ့ဒီအျဖစ္အပ်က္ ေတြကေန သင္ခန္းစာေတာ့ ယူႏိုင္ပါေစ။

တျခားလူေတြရဲ႕ အျမင္နဲ႔ အသက္ မရွင္သင့္ဘူး

ကိုယ့္အေပၚ လူေတြ ဘယ္လို ျမင္ေနမလဲလို႔ ေတြးပူၿပီး ကိုယ္တကယ္ လုပ္ခ်င္တာကို မလုပ္ဘဲ ေနလိုက္ ရတာမ်ိဳး၊ လူေတြအျမင္ကို ထည့္တြက္ လြန္းၿပီး ကိုယ့္ဆႏၵ ကို အရမ္း ခ်ိဳးႏွိမ္ ထားတာမ်ိဳးက အသက္ႀကီးလာရင္ ေနာင္တ ရတတ္ပါတယ္။

ဒါေၾကာင့္ တျခားလူေတြရဲ႕ အျမင္ကို သိပ္မေတြးဘဲ ကိုယ္လုပ္ခ်င္တာ ေတြကို စိတ္ပါ လက္ပါ လုပ္သင့္ ပါတယ္။

ေပ်ာ္ေပ်ာ္ေနရမယ္

ကိုယ့္စိတ္ခ်မ္းသာဖို႔ထက္ ဘယ္အရာမွ အေရးမႀကီး ပါဘူး။ ဒါေၾကာင့္ ဘယ္အတြက္မွ စိတ္ညစ္၊စိတ္ဆင္းရဲ မေန ပါနဲ႔။ အခက္အခဲ ေတြ႕လာရင္ ေျဖရွင္းႏိုင္မယ့္ နည္းလမ္းကို ရွာပါ။

ေျဖရွင္းဖို႔ခက္တဲ့ အရာေတြအတြက္ တျခားသူေတြဆီက အႀကံဉာဏ္ေတြ ေတာင္းပါ။ တတ္ႏိုင္သေလာက္ ေပ်ာ္ေပ်ာ္ေနၿပီး ဘဝကို ျဖတ္သန္းသြားဖို႔ ကိုယ့္ကိုယ္ကို အၿမဲ သတိေပး ေနပါ။

CRD-Tameelay:written by PP

Unicode

ဘယ်သူ့ကိုမှ မှီခိုစရာမလိုတဲ့ မိန်းမသားတစ်ယောက်ဖြစ်ဖို့ ရှိသင့်ရှိထိုက်တဲ့ အတွေးအခေါ်များ

မိန်းကလေးဆိုတာနဲ့ မှီခိုတတ်တဲ့သူ၊ ပျော့ညံ့တဲ့သူတွေလို့ သတ်မှတ်လို့ မရတဲ့ခေတ်ကို ရောက်လာ ပါပြီ။

လူတိုင်း ကိုယ့်တာဝန် ကိုယ်ယူနိုင်ဖို့ ကြိုးစားနေကြတဲ့ အချိန်မှာ မိန်းကလေးတစ်ယောက် ကိုယ့်အားကိုယ်ကိုးပြီး ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်ဖို့၊ အမှီအခို ကင်းတဲ့သူတစ်ယောက် ဖြစ်နိုင်ဖို့အတွက် ဆိုရင် ဒီအချက်လေးတွေကို အမြဲ တမ်းခေါင်းထဲရှိနေအောင် ကိုယ့်ကိုယ်ကို သတိပေးနေဖို့ လိုပါတယ်။

ကိုယ့်ကိုယ်ကို လက်ခံနိုင်ရမယ်

ကိုယ့်ရဲ့ ချို့ယွင်းချက်၊ အားနည်းချက် တွေကိုပဲ တွေးပြီး စိတ်ညစ်နေမယ်၊ စိတ်ဓာတ် ကျနေမယ်ဆိုရင် ဘယ်လိုလုပ် သန်မာတဲ့ အမျိုးသမီး တစ်ယောက် ဖြစ်နိုင် မှာလဲ။

သန်မာသူတစ်ယောက် ဖြစ်ချင်ရင် ကိုယ့်ရဲ့အားသာချက် တွေကို မြင်အောင် ကြည့်နိုင်ရမယ်၊ ကိုယ့်ကိုယ်ကို လေးစားတန်ဖိုး ထားတတ် ရပါမယ်။

ကိုယ်တိုးတက်ဖို့ ဦးစားပေးရမယ်

အလုပ်တစ်ခု လုပ်တဲ့ အခါမှာပဲ ဖြစ်ဖြစ်၊ ပညာရပ် တစ်ခုခုကို လေ့လာတဲ့ အခါမှာပဲ ဖြစ်ဖြစ်၊ ပိုက်ဆံနဲ့ တခြား အရာတွေထက် ကိုယ်တိုးတက်ဖို့ကို ပိုပြီး ဦးစားပေး ရပါမယ်။ ဘယ်နေရာမှာပဲဖြစ်ဖြစ် ကိုယ့်အတွက် အသိပညာ တစ်ခုခု ရအောင် ယူတတ် ရပါမယ်။

အတိတ်ကို အတိတ်မှာပဲ ထားခဲ့နိုင်ရမယ် ဒါပေမယ့် သင်ခန်းစာတော့ ယူနိုင်ရမယ်

လူတိုင်းမှာ ဝမ်းနည်းစရာ၊ နာကျင်စရာ အတိတ် ဖြစ်ရပ်တွေ အနည်းနဲ့ အများတော့ ရှိတတ်ကြတာ ချည်းပါပဲ။ အဲ့ဒီ အဖြစ်အပျက် တွေထဲကနေ ရုန်းထွက်ပြီး ဘဝကို ရှေ့ဆက်နိုင်ဖို့ လိုပါတယ်။

အတိတ်က အဖြစ်တွေကို အတိတ်မှာပဲ ထားခဲ့နိုင်အောင် ကြိုးစားပါ။ ဒါပေမယ့် အဲ့ဒီအဖြစ်အပျက် တွေကနေ သင်ခန်းစာတော့ ယူနိုင်ပါစေ။

တခြားလူတွေရဲ့ အမြင်နဲ့ အသက် မရှင်သင့်ဘူး

ကိုယ့်အပေါ် လူတွေ ဘယ်လို မြင်နေမလဲလို့ တွေးပူပြီး ကိုယ်တကယ် လုပ်ချင်တာကို မလုပ်ဘဲ နေလိုက် ရတာမျိုး၊ လူတွေအမြင်ကို ထည့်တွက် လွန်းပြီး ကိုယ့်ဆန္ဒ ကို အရမ်း ချိုးနှိမ် ထားတာမျိုးက အသက်ကြီးလာရင် နောင်တ ရတတ်ပါတယ်။

ဒါကြောင့် တခြားလူတွေရဲ့ အမြင်ကို သိပ်မတွေးဘဲ ကိုယ်လုပ်ချင်တာ တွေကို စိတ်ပါ လက်ပါ လုပ်သင့် ပါတယ်။

ပျော်ပျော်နေရမယ်

ကိုယ့်စိတ်ချမ်းသာဖို့ထက် ဘယ်အရာမှ အရေးမကြီး ပါဘူး။ ဒါကြောင့် ဘယ်အတွက်မှ စိတ်ညစ်၊စိတ်ဆင်းရဲ မနေ ပါနဲ့။ အခက်အခဲ တွေ့လာရင် ဖြေရှင်းနိုင်မယ့် နည်းလမ်းကို ရှာပါ။

ဖြေရှင်းဖို့ခက်တဲ့ အရာတွေအတွက် တခြားသူတွေဆီက အကြံဉာဏ်တွေ တောင်းပါ။ တတ်နိုင်သလောက် ပျော်ပျော်နေပြီး ဘဝကို ဖြတ်သန်းသွားဖို့ ကိုယ့်ကိုယ်ကို အမြဲ သတိပေး နေပါ။

CRD-Tameelay:written by PP

Be the first to comment

Leave a Reply

Your email address will not be published.


*