ငှက်ပျောကို ဘယ်ချိန် စားသင့်မသင့် ကောင်းကျိုးနှင့် ဘေးထွက်ဆိုးကျိုးများ

ငှက်ပျောကို ဘယ်ချိန် စားသင့်မသင့် ကောင်းကျိုးနှင့် ဘေးထွက်ဆိုးကျိုးများ

ငှက်ပျောကို ဘယ်ချိန် စားသင့်မသင့် ကောင်းကျိုးနှင့် ဘေးထွက်ဆိုးကျိုးများ

ကောင်းကျိုးနဲ့ ဘေးထွက်ဆိုးကျိုး

ငှက်ပျောသီး အကျိုးပြုပုံ

ငှက်ပျောသီးတွင် အရေးပါသော ပိုတက်စီယမ်ဓာတ် ကြွယ်ဝစွာ ပါရှိသည်။

ငှက်ပျောသီးတွင်ပါသော ပိုတက်စီယမ် ဓာတ်က ကျန်းမာရေးအနေအထားကိုကောင်း မွန်စေသဖြင့် အရက်နာ ကျခြင်းကို ကာကွယ်နိုင်ပါသည်။

သွေးပေါင်ချိန်ကို ပုံမှန် ထိန်းသိမ်းရန် ၊နှလုံး ကျန်းမာစေရန် ၊ သွေးကြောများ ကြွပ်ဆပ်မာကြောခြင်းကို တားဆီးရန် ၊ အရိုးများ သန်မာစေရန်

ငှက်ပျောသီးတွင် ဆိုဒီယမ် ဆားဓာတ် လွန်စွာနည်းပါးသဖြင့် ၊ နှလုံးရောဂါ၊ သွေးတိုးရောဂါ ၊ အရိုးပွခြင်း ၊ လေဖြတ်ခြင်းများ မဖြစ်စေပါ။

ငှက်ပျောသီးတွင် probiotic fiber ခေါ်သည့် အမျှင်ဓာတ် ကြွယ်ဝသဖြင့် ဝမ်းမှန် စေသည်။ အူတွင်း ကိုယ်ခံအားကောင်းစေသဖြင့် ဝမ်းလျော ဝမ်းပျက်ခြင်း အူမကြီးကင်ဆာ ဖြစ်ခြင်းကို ကာကွယ်ပေးသည်။

Probiotic fiber က သတ္ထုဓာတ်များစုပ်ယူခြင်း ကိုလက်ထရော စုပ်ယူခြင်းကို လျော့ကျပေးပြီး သွေးတွင်း သကြား ဓာတ်ကို ညီညွတ်မျှတစေသည်။

မကြာမီက တွေ့ရှိချက်အရ – ၁ ရက်ကို ငှက်ပျောသီး ၄ လုံးမှ ၆ လုံး စားသုံးပါက အမျိုးသမီးများတွင် ကျောက်ကပ်ကင်ဆာဖြစ်ခြင်းကို ထက်ဝက်လျှော့ချနိုင်ကြောင်း တွေ့ရှိရသည်။

ငှက်ပျောသီးက အစာအိမ်နံရံပေါ်တွင် အက်ဆစ်ဓာတ်ကို ကာကွယ်နိုင်သည့် အချွဲ လွှာ ဖန်တီးပေးပြီး ငှက်ပျောသီးတွင်ပါသော protease inhibitors အစာအိမ်

အနာဖြစ်စေသည့် ဘက်တီးရီးယားများကို ချေဖျက်ပေးသဖြင့် အစာအိမ်အနာ ဖြစ်ခြင်း ကို ကာကွယ်ပေးသည်။

ငှက်ပျောသီး အမိုင်နိုအက်ဆစ် Tryptophan က Serotonin ပြုလုပ်နိုင်၍ အိပ်ပျော်စေခြင်း ခံတွင်းလိုက်စေခြင်း ဆာလောင်မူမဖြစ်စေခြင်း စသည့်အကျိုးများ ရစေပါသည်။

စိတ်ကျရောဂါကို လျော့ချပေးသည်။

သွေးအားကောင်းစေသည့်အပြင် နှလုံး ရောဂါ ဖြစ်ခြင်းမှ ကာကွယ်ပေးသည်။

အရိုးအဆစ်တွေကို ခိုင်မာသန်စွမ်းစေသည် – ကိုယ်ခံအား ကောင်းစေသည်။

ငှက်ပျောသီး စားခြင်းဖြင့် ဆေးလိပ်သောက်ချင်စိတ် လျှော့ကျစေတဲ့အတွက် ဆေးလိပ်ဖြတ်သူတွေ စားသုံးသင့်တယ်။

အမျိုးသားတွေအတွက် ဒူလာပိန်ဒူလာခြောက် အမျိုးသမီးများ မီးယပ်ပိန်မီးယပ်ခြောက် ဖြစ်နိုင်ချေတွေကို လျော့ချတားဆီးပေးတယ်။

ဦးနှောက်ဉာဏ်ရည်ကို ကောင်းမွန် ဖြစ်ထွန်းစေတယ်။

ခန္ဓာကိုယ် အပူရှိန်ကြောင့် ဖြစ်တတ်တဲ့ အပူကန်ခြင်း ပြည်တည်နာဖြစ်ခြင်း သက်သာ စေတယ်။

ငှက်ပျောသီး အနီရောင် ( ရွှေငှက်ပျောသီး ) က နှလုံးကျန်းမာစေ အချို့ ကင်ဆာရောဂါကို ကာကွယ်ပေးတယ် ဆီးချို ရောဂါ ကင်းစေ ဗီတာမင် ဒီ ပါလို့ သွေးနီဥ တွေကို ထောက်ပံ့ပေးတယ်။

၁ – လေဖြတ်ခြင်းမဖြစ်အောင် ငှက်ပျော်သီးကိုစားပါ

ပိုတက်စီယမ် များစွာပါတဲ့ သစ်သီးတွေက သွေးဖိအားကျဆင်းစေပါတယ်။

ပိုတက်စီယမ် များစွာ ပါတဲ့ အစားအစာ စားသူများ လေဖြတ်နိုင်ချေ ၂၄ % လျော့နည်း လာပါတယ်။ ပိုတက်စီယမ်က ကျောက်ကပ်ထိခိုက်မူ မရှိကြောင်း သိရပါတယ်။

ငှက်ပျောသီး ၁ လုံးမှာ ပိုတက်စီယမ် ၄၂၀ မီလီဂရမ်ပါဝင်တယ်။ လူကြီး ၁ယောက်ရဲ့ နေ့စဉ် ပိုတက်စီယမ် လိုအပ်ချက် ၃၅၀၀ မီလီဂရမ် ဖြစ်ပါတယ်။

ငှက်ပျောသီး များများစားပြီး အာလူးကြော်ကဲ့သို့ အစာပြေ အစာများကို ရှောင်ခြင်း ကြောင့် ဆားရရှိမူ နည်းသလို သွေဖိအားလည်း ကျဆင်းစေပါတယ် ။

ဟင်းနုနွယ်ရွက် မှာလည်း ပိုတက်စီယမ် များစွာပါဝင် ပါတယ်။ သွေဖိအားကို ထိန်းချုပ်ပေးပြီး လေမဖြတ်အောင် ကာကွယ်ပေးပါတယ်။

၂. – ဖီးကြမ်း ငှက်ပျောသီးနဲ့ ရိုးတွင်းချဉ်ဆီ

ခြေထောက်များ ဖောရောင်ခြင်းကို သက်သာစေရန် မီးကြမ်း ငှက်ပျောသီးကို မီးဖုတ်ပြီး စားပေးခြင်းဖြင့် အရောင် ကျစေပါတယ်။

ဗီတာမင် K လိုအပ်နေသည့်အတွက် ၃ ရက်လောက်စားခြင်းဖြင့် အရောင်ကျစေသည်။

အသက် ၄၀ ကျော်လာချှင် အရိုးတွင် ချဉ်ဆီအားနည်း လာတတ်ပါသည်။ အိမ်ထောင်သည်များ ပိုဆိုးပါသည်။

ရိုးတွင်း ချဉ်ဆီ ခမ်းလာလျှင် အရွယ်ရင့်မြန်လာခြင်း မလုပ်ချင် မကိုင်ချင် ဖြစ်ခြင်း အမျိုးသားများ ဒူလာဖြစ်ခြင်း. ပြင်ပရောဂါ ဝင်လွယ်ခြင်း သွေးအားနည်းခြင်းတို့ ဖြစ် တတ်သည်။

လွယ်ကူသောဆေးနည်း – မီးကြမ်းငှက်ပျောသီးကို မီးဖုတ်ပါ တစ်ခါစား ၂ လုံးလောက် ကို နှမ်းဆီစစ်စစ်ထည့် သမအောင် မွှေပြီးစားပါ။

၇ ရက် ၁ ကြိမ် စားပေးခြင်းဖြင့် လန်းဆန်းကျန်းမာလာမည်။

၃. – ငှက်ပျောသီးနဲ့ အရေပြားကင်ဆာ

ငှက်ပျောသီးက အရေပြားကင်ဆာကို ကုသနိုင်ပါတယ်။

ငှက်ပျောသီးမှာ ပါဝင်တဲ့ အင်ဇိုင်း ဓာတ်တစ်မျိုးကို အရေပြားကင်ဆာရောဂါသည်များ ကုသတဲ့နေရာမှာ အသုံးပြုနိုင်ကြောင်းကို ဂျာမန်အခြေစိုက် ဆေးပညာသုတေသနမှ ထုတ်ဖော်ပြသခဲ့သည် ။

ရက်ကြာသည့်အခွံပေါ်မှ အမဲစက်များဖြစ်ပေါ်နေသည့် ငှက်ပျောသီးတွေမှာ ယင်း အင်ဇိုင်း ဓာတ်ကို ပိုမိုတွေ့ရပါတယ်။

အရေပြားကင်ဆာမှာ Stage1. Stage 2 . Stage 3.ခွဲထားပြီး Stage1.မှာတင် သိရှိပြီး ကုသခွင့်ရပါက သက်သာ၍ ပျောက်ကင်းနိုင်ချေ အလားအလာပိုများကြောင်း ဆိုပါတယ်။

အရေပြားကင်ဆာဖြစ်သူများအနေနဲ့ Skin ပေါ်မှာကင်ဆာဖြစ်သေတဲ့ ဆဲလ်တမျိုး စ တင်ပြန့်နှံ့ခြင်း ဖြစ်ပြီး အရှင်းပျောက်အောင် ကုသနိုင်ခြင်းမရှိသေးတာကြောင့် အရေပြားကင်ဆာဖြစ်လျှင် သေဆုံးရမူက များပြားတယ်။

အရေပြား ကင်ဆာဖြစ်စေတဲ့ဆဲလ်ကို သတ်ဖို့အတွက် လိုအပ်တဲ့ ဓာတ်ကို ငှက်ပျော သီးမှာ တွေ့ရှိခဲ့ ခြင်းဖြစ်ပြီ ငှက်ပျောသီးပုံမှန်စားခြင်းဖြင့် အရေပြားကင်ဆာ မဖြစ် အောင် ကာကွယ်ပေးကြောင်း ဆိုပါသည်။

၎ – ငှက်ပျောဖူး

ဆီးချိုရောဂါရှင် များကို အင်ဆူလင် ချပေးသည်။ စိတ်ဖိစီးမူကို ချေဖျက် ပေးနိုင်သည်။ မကောင်းသည့် ဆဲလ်များကို ဖယ်ရှားပေးသည်။
အစာချေစနစ်ကို ကောင်းမွန်စေသည်။ ကူးစက်ရောဂါကို ဟန့်တားပေးသည်။ နို့တိုက်မိခင်ကို နို့ရည် များစေသည်။
ကောင်းမွန်သည့် ဆဲလ်အသစ်များကို ဖြစ်စေသည်။ အိုမင်း ရင့်ရော်မူကို ကာကွယ်ပေးသည်။

၅. – ငှက်ပျောသီး အခွံရဲ့ကျန်းမာရေး

၁ ) – ကြမ်းပိုး အင်းဆက်ပိုး ကိုက်ခြင်းကို ငှက်ပျောခွံအတွင်းသားနဲ့ ပွတ်တိုက်ပေး ချောမွေ့စေသည်။

၂ ) – အညို အမဲ စွဲနေသည့်အတွင်းကြေ ဒါဏ်ရာကို သက်သာစေသည်။

၃ ) – သွားဖြူစေခြင်း – ( တစ်ပတ်)ငှက်ပျောခွံ အတွင်းသားနဲ့ မိနစ်အနည်းငယ် တိုက်ပေး သွားဖြူစေသည်။

၎ ) – ဝက်ခြံ. အရေပြား တင်းမာ ဖူးရောင်ခြင်း. ယားယံခြင်း ညတိုင်း ငှက်ပျောခွံ အတွင်းသားနဲ့ ပွတ်တိုက်ပေးပါ။

၅ ) – အရေပြားပေါ်မှာ ကြမ်းတဲ့အနီဖု အဖုအပိမ့် ထတာဆိုလျှင် ငှက်ပျောမှာ ရေဓာတ်ထိန်းပေးတဲ့ အစွမ်းကြောင့် ယားယံမူပြေပျောက်စေဖို့ ငှက်ပျောခွံအတွင်းသားနဲ့ တစ်နေ့ ၂ ကြိမ် ပွတ်တိုက်ပေးပါ။

၆ ) – ခေါင်းကိုက်လျှင် နဖူးပေါ်သို့ ငှက်ပျောခွံလှီးပြီးသားကို ကပ်ထားလိုက်ပါ။

၇ ) – သားရေပစ္စည်းတွေ ပြောင်လက်နေအောင် ငှက်ပျောခွံနဲ့ အရင်တိုက်ပြီးမှ အဝတ်စနဲ့ ပွတ်ပါ။ရိုးရာလေး

ငှက်ပျောသီး ဘေးထွက်ဆိုးကျိုး

ငှက်ပျောသီး အမျိုးအစားများစွာ ရှိပါတယ် – ငှက်ပျောသီးက အအေးစာဖြစ်ပါတယ်။ ကျန်းမာရေးနဲ့ အလှအပဆိုင်ရာ အတွက် အကျိုးများစွာရရှိနိုင်ပါတယ်။

ကယ်လိုရီ နည်းတဲ့အသီးထဲမှာ ငှက်ပျောသီးမပါ ပါဘူး ငှက်ပျောသီး ခပ်လတ်လတ်အရွယ် ၁ လုံးမှာ ၁၀၅ ကယ်လိုရီ ပါဝင်တယ်။

လိမ္မော်သီး ၁ လုံးရဲ့ကယ်လိုရီ ၆၂ ဖရဲသီး ၁ ပန်းကန်မှာ ကယ်လိုရီ ၄၅ စပျစ်သီး ၁ ပန်းကန်မှာ ကယ်လိုရီ ၆၂

ချွဲထစေတယ် , ဝိတ်တက်စေတယ်, ခေါင်းကိုက်စေတယ် ,သွားကိုက်သွားနာစေတယ် အဆုတ်နဲ့ အသက်ရူလမ်းကြောင်းမှာ ပြဿနာရှိနေသူအတွက် အန္တရာယ်ရှိပါတယ်။

ရင်ကျပ်နေချိန်မှာ သီးမွှေး ငှက်ပျောသီး မစားသင့်ပါ။ ချွဲထစေပြီး အသက်ရူလမ်းကြောင်းပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။

မေရီလင်း ဆေးဝါးတက္ကသိုလ် သုတေသီတွေရဲ့ အဆို..မကြာခဏ ခေါင်းကိုက် ခေါင်းမူးတတ်ရင် ငှက်ပျောသီးစားခြင်းကို ရှောင်ပါ။

ဒိန်ခဲ. ငါး အသား ငှက်ပျောသီးမှာ တွေ့တဲ့ tyramine အရာ တစ်မျိုးက ငှက်ပျောသီး အသားထက် အခွံမှာ ၁၀ လောက် ပိုများပါတယ်။ ခေါင်းကိုက်ခြင်းကို ဖြစ်စေနိုင်တယ်လို့ ဆိုထားပါတယ်။

ကစီဓာတ်ကြွယ်ဝသည့်အတွက် သွားနာခြင်း သွားကိုက်ခြင်း သွားအပေါ်ယံကြွေလွှပျက်စီးခြင်းများ ဖြစ်စေနိုင်ပါတယ်။

ငှက်ပျောသီးက ချောကလက် ပီကေ အနီရောင်နွယ်ချိုတို့ထက် ပိုပြီး ခံတွင်း ကျန်းမာရေး ထိခိုက်စေနိုင်သတဲ့

ကစီဓာတ်တွေက ခံတွင်းထဲ နှေးကွေးစွာ ပျော်ဝင်ပြီး သကြား တွေက မြန်ဆန်စွာ ပျော်ဝင်နိုင်လို့ပါ။

ငှက်ပျောသီးစားရင် ငှက်ပျောဖတ်လေးတွေက သွားကြားတွေကြားမှာ ၂ နာရီခန့် ကပ်နေပြီး ဘက်တီးရီးယားတွေ ဖိတ်ခေါ်ရာမှ သွားပိုးပေါက် ဖြစ်လာနိုင်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*