





( 1 ) “Frozen” ( 2013 )





( 2 ) “ Inside Out ” ( 2015 )



( 3 ) “ The Incredibles ” ( 2004 )









( 6 ) “ Shrek ” ( 2001 )







# Credit #

unicode

English Skills တိုးတက်လိုသူတိုင်း ကြည့်သင့်တဲ့ ကာတွန်းဇာတ်ကားများ

အင်္ဂလိပ်ဘာသာ စကား Skill တက်ချင်တယ်..ကိုယ်တိုင် က လည်း ကာတွန်းဇာတ်ကား ကောင်းလေးတွေ ကို ကြည့် ရတာ ကြိုက်တယ် ဆို ရင် တော့ ဘာသာစကား စွမ်းရည်လည်း တက် ကာတွန်းကား တွေ လည်း ကြည့် လို့ ရ ပါ တယ် ။ English animated ဇာတ်ကားတွေဟာဆိုရင် စကားပြောဆိုပုံ လေယူလေသိမ်းတွေနဲ့ စကားလုံးတွေကလည်း အ ရမ်း ကြီး မခက်ပါဘူး။

ဒါကြောင့် လေ့လာသင်ယူရတာလည်း အရမ်းကြီး မခက်လောက်ပါဘူး။ ဇာတ်ကားကောင်းတွေ အများကြီးထဲက နေ မှ အင်္ဂလိပ် Skill တက်ချင်သူတွေ အတွက် ကားကောင်းတစ်ချို့ကို ရွေးချယ် ပေးချင်ပါတယ်။

( 1 ) “Frozen” ( 2013 )

ပထမဆုံး ရွေးပေးချင် တာ တော့ နာမည်ကြီး ဇာတ်ကား တကား ဖြစ်တဲ့ “Frozen” (2013) ပါ ။ ဒီကား က တော့ ကာတွန်း ချစ်သူတွေ ကြားမှာ အရမ်းကို နာမည်ကြီးပါ တယ်။ “Let It Go” ကတော့ ဒီကားရဲ့ နာမည်ကြီး ဇာတ် ဝင် သီချင်း လေးပါ။

ဒီကားထဲမှာဆိုရင် ကာတွန်း ဇာတ်ကောင်တွေရဲ့ သဘာဝ ကျ ကျ ပြော တဲ့ speaking နဲ့ ပျော်စရာ ကောင်းတဲ့ dialogue လေးတွေ ကို လေ့လာ သင်ယူ နိုင်မှာပါ။ အင်္ဂလိပ် Listening ကို အမြန်ဆုံးတိုးတက်စေမယ့် ဇာတ်ကား ကောင်းလေးပါ။

( 2 ) “ Inside Out ” ( 2015 )

“ Inside Out ” က တော့ နောက်ထပ် ရွေးချယ် ပေး ချင် တဲ့ ဇာတ်ကား လေး ပါ ။ ဒီကားမှာ ဆို ရင် တော့ ပေါ့ပေါ့ ပါးပါး dialogue အပြောလေး တွေ ကို လေ့လာ သင်ယူ နိုင်မှာပါ။ တကယ်လို့များ သင်က စကားစမြည် ပြောဆိုတဲ့ conver sational English skills ကို အထူးအ လေးထား သင်ယူချင်တဲ့သူ ဆိုရင် တော့“Inside Out” ကို ရွေးချယ် ပြီး ကြည့်ရှုသင့်ပါတယ် ။

( 3 ) “ The Incredibles ” ( 2004 )

နောက်ထပ် ရွေး ပေး တဲ့ “ The Incredibles ” ( 2004 ) က လည်း conversational English skills တိုးတက်ချင်သူတွေ ရွေးချယ်သင့်ပါတယ် ။ ဒီ ကား မှာ က တော့ family conversations တွေ များ ပါ တယ် ။ နောက် တစ်ခု က တော့ German accent ဂျာမန်လေသူ လေသိမ်းကို ဒီကား က နေ နားထောင် သင်ယူလို့ ရ ပါ တယ် ။

( 4 ) “ The Adventures of Tintin ” ( 2011 )

ဒီ ဇာတ်ကား က တော့ British accents ကို ကျင့်သား ရ အောင် နားထောင် သင်ယူ ချင်သူ တွေ ရွေး ချယ် သင့် ပါ တယ် ။ နောက်တစ်ခု က တော့ မျက်နှာ ( facial movements) တွေ အဓိက က အသံထွက် ပါးစပ် အ နေ အထား လှုပ်ရှား မှု တွေ ကို လည်း လေ့လာလို့ ရပါ တယ် ။

( 5 ) “ Wallace and Gromit: The Curse of the Were-Rabbit ” ( 2005 )

Wallace and Gromit ကတော့ စွန့်စားခန်း ကြိုက်သူတွေ အတွက်ပါ။ English Learning အ နေနဲ့ ဆိုရင်တော့ British accents နဲ့ phrases တွေကို လေ့လာသင်ယူနေတယ်ဆို ရင်တော့ ဒီကားကို သေချာပေါက် ရွေးချယ်ပါ ။

( 6 ) “ Shrek ” ( 2001 )

English pronunciations အသံထွက်ပေါင်း သောင်းခြောက်ထောင်ကို ကြားချင်ပါတယ် ဆို ရင် တော့ ဒီကား ကို ရွေးပါ ။ Scottish , British , African American ..နဲ့ တခြား မတူညီတဲ့ နိုင်ငံ အသီးသီး ရဲ့ လေသံ တွေကို ဒီကားမှာ ကြားရမှာပါ။

( 7 ) “ The Princess and the Frog ” ( 2009 )
“ The Princess and the Frog ” က တော့ 3D animated ဇာတ်ကား တော့ မ ဟုတ် ပါဘူး ။ ဒီကားမှာ တော့ အ မေရိကန်

Louisiana ပြည်နယ် မှ Cajun လူမျိုးစုရဲ့ accent ကို ကြားရမှာပါ ။ ဒီကား က နေ ဗန်းစကား ( slang phrases ) နဲ့ Grammar တွေကို လေ့လာ သင်ယူ နိုင် မှာ ပါ ။

# Credit #

Be the first to comment

Leave a Reply

Your email address will not be published.


*