” စိတ်နာတယ် ဆိုတာ ”
Credit : Original
Unicode
စိတ်နာတယ် ဆိုတာ တကယ်ချစ်ဖူး တဲ့ သူတွေပဲ သိ လိမ့်မယ်
” စိတ်နာတယ် ဆိုတာ ”
တကယ်တော့ စိတ်နာတယ် ဆိုတာ တကယ် ချစ်ဖူးတဲ့ သူတွေပဲ သိ လိမ့်မယ်။ အရမ်း ချစ်မိလို့ စိတ်နာသွားတာပါ။
သူ လုံးဝ မျော်လင့် မထားတဲ့ အရာတွေကို လုပ်သွားတဲ့ အခါ ကျရင် စိတ်နာသွား တတ် ပါတယ်။
ကတိတွေ လွယ်လွယ်ပေးပြီး နာရီပိုင်းအတွင်း ဖျောက်ဖျက် တာတွေ၊ နောက်ဆုံး အချိန်ထိ ကိုယ့်အတွက်ပဲ ကိုယ်ကြည့်ပြီး အတ္တ ဆန်ဆန် ဆုံးဖြတ်ခဲ့ပြီး တဖတ်လူ ဝေဒနာကို ဥပက္ခာပြုတက်တာတွေ၊ ကိုယ့်စကားကို တာဝန်မယူရဲတာ တွေပေါ့။
စိတ်နာတာကို မုန်းတယ် လို့လည်း ပြောလို့ မရပါဘူး။ ချစ်နေသေးတာလည်း မဟုတ်ဘူး။နှလုံးသားထဲမှာ သေရာပါမယ့် ဒဏ်ရာတွေ ရသွားတာပါ။
ကိုယ် သိပ်ချစ်ရတဲ့ သူတစ်ယောက်ကို စိတ်နာသွားရတာလည်း အတော် ရင်နာဖို့နဲ့ ဝမ်းနည်းဖို့ကောင်းပါတယ်။ ခံရလည်း ခက်ပါတယ်။
သူ့ရဲ့ လုပ်ရက်တွေကြောင့် သူ့ကို စိတ်နာသွားတယ်။ တခါတလေကျ တော့လည်း သူနဲ့ ပတ်သတ်ဖူးတဲ့ နေရာလေးတွေ အမှတ်တရလေးတွေကို ရောက်ရင် လွမ်းမိတယ်။ဆွေးမိတယ်။
“ချစ်သေးလား” လို့မေးရင်”မချစ်တော့ပါဘူး”
“မုန်းသွားတာလား မေးရင်””မုန်းလည်း မမုန်းပါဘူး”
“သူ့ဆီပြန်သွာမလား” လို့မေးရင်”လုံးဝ မသွားဘူး” လို့ ပြန်ဖြေလိုက်မယ်။
အဲ့ဒါက စိတ်နာသွားတာ လို့ပဲ ပြောရမှာပဲ။
စိတ်နာသွားတဲ့ လူတစ်ယောက် ဆီကို ဘယ်တော့မှ ပြန်မသွားကြဘူး။ဘာလို့လဲဆို သူ့ကို မြင်တိုင်း နာကျင်ရတာကိုး!!
ဘယ်လောက်ပဲ ချစ်နေချစ်နေ စိတ်နာသွားရင် ဘယ်တော့မှ နောက်ပြန် လှည့်မကြည့် တက်ဘူး။
တခါတလေကျရင် ချစ်နေလျှက် နဲ့ စိတ်နာနေရတဲ့ အဖြစ်မျိုးတွေလည်း ရှိတယ်!!
ဒါပေမယ့် ချစ်လျှက်နဲ့ စိတ်နာနေရတဲ့အဖြစ်မျိုးက ခံရ အခက်ဆုံးပဲ။
အဲ့ဒါကြောင့် လူတစ်ယောက် ကို စိတ်နာအောင် ဘယ်တော့မှ မလုပ်မိ ကြပါစေနဲ့ ………။
Credit : Original
Be the first to comment
Leave a Reply
Your email address will not be published.
*