နတ္ေဆးပင္တမွ် ေခၚရေလာက္တဲ့ ေဆးဖက္ဝင္ မု႐ိုးပင္

နတ္ေဆးပင္တမွ် ေခၚရေလာက္တဲ့ ေဆးဖက္ဝင္ မု႐ိုးပင္

နတ္ေဆးပင္တမွ် ေခၚရေလာက္တဲ့ ေဆးဖက္ဝင္ မု႐ိုးပင္

ေဆးဖက္ဝင္ မုရိုးပင္ပါ….

အရိုးတစ္ေခ်ာင္းမွာ အရြက္က တစ္ဖက္တစ္ခ်က္ ထြက္ျပီး အကိုင္းဖ်ားအထိ အရြက္က အစိမ္းေရာင္ရင့္ရင့္၊ အေမႊးနုပါတဲ့ဖက္က အျဖဴေရာင္ဖက္ကို နဲနဲယိမ္းပါတယ္။အသီးက စိမ္တစ္လုံး သရက္လို ပုံသဏာၭန္ရွိတယ္။

ဒါေပမဲ့ အထဲမွာက ေလအပြသီး ဝတ္ဆံအနက္နဲ႔၊ အေမႊးမ်ွင္မ်ွင္ေတြ ေလမွာပ်ံျပီး မ်ဳိးပြားတယ္။ ACID ဓါတ္မ်ားပါတယ္။ကြ်ဲမရိုးလည္း ေခၚတယ္ ေတာင္မရိုးပင္လည္း ေခၚတယ္။ အညာ​ေဒသမွာ​ေတာ့ မ႐ိုးပင္​လို႔​ ေခၚပါတယ္​။

ကြၽဲေပါက္​ပင္​လို႔လည္း ေခၚပါတယ္​။ရခိုင္ေဒသမွာ မု႐ိုးပင္ကို ျဖဴႀကီးပင္လို႔ေခၚတယ္။ ငျဖဴ ႀကီးပင္လို႔လည္းေခၚပါတယ္။ျပည္ဘက္မွာေတာ့ ႏြားျဖဴႀကီးပင္(ႏြားနို႔ခဲ) အပင္လို႔ ေခၚပါသည္။

ေဆးနည္းမ်ား…..

ဒူးနာ ခါးနာျဖစ္ရင္ အရြက္ကို ေရနဲ႔ ေသခ်ာေဆးပါ။ ၿပီးေတာ့ အရြက္ကို မီးကင္ျပီး၂ည ၃ည ပတ္စီးေပးရင္ ယူပစ္သလို ေပ်ာက္ပါတယ္။

ေျခေထာက္ေခါက္လဲလုိ႔ မ်က္သြားျပီး ေယာင္ကုိင္းေနရင္ မုရုိးေစးကုိ အသာေလး ပြတ္လိမ္းေပးျပီး အရြက္ကုိ မီးကင္ လက္ေလးနဲ႔ အသာေလးေခ် အျပန္႔လုိက္ ကပ္ျပီး ပိတ္စနဲ႔ စည္းထားလုိက္ပါ။

ေလးဘက္နာေပ်ာက္တယ္…

အပင္ေရာ အျမစ္ပါမက်န္ ႏူတ္ၿပီး အိုးထဲမွာထည့္၊ အေပၚကေန ေဆးရြက္ႀကီးအုပ္၊ ေရထည့္ျပဳတ္ပါ။ အဲဒီေရကို ခ်ိဳးေပးပါ။ ေနာက္တနည္းကေတာ့ မရိုးအျမစ္နဲ႔ ဆန္ေဆးရည္ ေသြးျပီးလိမ္းရင္လည္း အဆစ္အျမစ္ေရာင္ ေလးဖက္နာ ေပ်ာက္ပါတယ္။

ျကြြက္နို႔ကိုျဖတ္ျပီး အေစးနဲ႔ တို႔ထားရင္ အျမစ္ပါစားျပီး က်င္းခြက္လိုျဖစ္သြားတယ္….ျပီးေတာ့ ေပ်ာက္သြားတယ္။

ငါးမ်က္စိေပါက္ေနသူမ်ား ….မုရိုးရြက္ကို ခ်ိဳးလိုက္တဲ႔အခါ ထြက္လာေသာ အေစးနဲ႔ ခဏခဏ တို႔ေပးပါ။ အလိုလို ထြက္က်လာမည္။

ေျခေထာက္မွာဝတ္ဆံတည္တာကို ေျခပူနာလို႔ ေခၚပါသည္။ ၾကက္ဆူး ထည့္သြားၿပီဆိုရင္ ခဲနင္းမိပါက အမေလး တရတဲ႔ အနာပါ။ အနာထိပ္ကို ဓားနွင့္လွီးၿပီး အေစးက္ို သုတ္လိမ္းေပးပါက ေပ်ာက္ပါသည္။

အမ်ိဳးသမီးမ်ား သားအိမ္အတြင္း ေသြးလုံး ေလလုံးျဖစ္ခဲ့ပါလ်ွင္ မုရိုး၅ပြင့္ကို နွမ္းဆီနွင့္ေၾကာ္စား၊ ဝမ္းဗိုက္ကို မုရိုးေစးနွင့္ ဆႏြင္းမႈန္႔ ဆတူေရာစပ္ လိမ္းေပးပါက တျဖည္းျဖည္း ေသးငယ္ၿပီး သက္သာ ေပ်ာက္ကင္းေစပါတယ္။

ဓမၼတာ မမွန္တာ ေသြးမေပၚတာ ဆိုရင္ အရည္ညွစ္ျပီး နွစ္ေခါင္းထဲကို တစ္စက္ဆီ ထ့ဲေပးပါ။ေသြးခ်က္္ခ်င္း ဆင္းပါတယ္။

ရင္ၾကပ္ ပန္းနာေရာဂါ ေပ်ာက္ပါတယ္။မ႐ိုးပင္ကို ၃လကၼ ေလာက္ျဖတ္ျပီး ေနလွမ္းပါ။ ေျခာက္ေသြ႔တဲ့အခါ မီး႐ိႈ႕ျပာခ်ပါ။

ျပာကို ေရစိမ္ ေမႊေပးျပီး အနယ္ထိုင္ရင္ အေရၾကည္ကို ဆားခ်က္ပါ။ မုရိုးႀကီး႐ုကၡမူ ဆားရမယ္။ အဲဒီဆား တစ္ပဲသားကို ပ်ားရည္ တစ္ဆယ္သားနဲ႔ ေရာသမေမႊ သုံးေဆာင္ပါ။

ဆူးစူးျပီးဆူးကိုထြင္လို႔မရတဲ့အခါ ….ဒီအပင္ရဲ့ အေစးကို ထည့္လိုက္ပါ။ နာရီအနည္းငယ္ ၾကာတဲ့အခါ ဆူးက သူ႔အလိုလို အျပင္ကို ထြက္လာပါတယ္။

ဆူးစူးၿပီး အနာဝပိတ္သြားလို႔ ဆူးက်န္ၿပီး အထဲကနာေနလၽွင္လည္း အနာ၀ကို ဖြင့္ၿပီး အေစးခ် အရြက္မီးကင္ ကပ္လိုက္တာ ေညာင့္ထြက္လာပါတယ္။

ေျခေထာက္မွာ ဆူးစူးလို႔ ႐ွာမရျဖစ္ေနရင္ အေစးကို အနာ၀ေပၚတို႔ၿပီး အရြက္ကို မီးကင္ကပ္ရင္ ဆူးထြက္ပါတယ္။ ပတ္တီးဖြဖြေလးစည္းထားရင္လည္း အဆင္ေျပပါတယ္။

ကႏၲာရဆူး စူးျပီး ေတာ္ေတာ္နာေနတာ အပ္နဲ႔ ေကာ္ထုတ္လဲ မရပါ။ အသိတစ္ေယာက္ကေျပာလို႔ မုရုိးအေစးနဲ႔ ကပ္လိုက္တာ ေနာက္ေန႔ အနာကိုညွစ္လိုက္ေတာ့ ဆူးပါသြားတယ္။

ေခ်ာင္းဆုိး တီဘီ အဆုတ္နာ….မုရုိးရြက္ တစ္ရြက္၊ ကြမ္းရြက္တစ္ရြက္၊ ဆားအနည္းငယ္ထည့္ၿပီး ျပာခ်ပါ။ အဲဒီျပာကို လ်ွက္ဆားလုိ တစ္ေန႔ အနည္းငယ္ လ်ွက္ေပး ပါ ေပ်ာက္ပါတယ္။

အနာစိမ္း ေမႊးကြ်တ္နာ အနာလံုးမ်ား ေပါက္ရင္…. အနာေပၚမွာ အရြက္ကို မီးေလးျပၿပီး ကပ္ထားပါက အလ်ွင္အျမန္ ေပ်ာက္ကင္းပါသည္။

ထိပ္ကပ္နာ ေခၚတဲ့ နွာပိတ္​​ေရာဂါကို …မရိုးအေစးျဖဴ​ေလး နွာ​ေခါင္​းထိပ္​ထဲ ထည္​့​ေပးၿပီး ၁၀မိနစ္​​ေလာက္​​ေနရင္​ နွာဆက္​တိုက္​​ေခ်ၿပီး နွပ္ပုတ္​မ်ား ထြက္​လာကာ သက္​သာ ​ေပ်ာက္​ကင္​းပါသည္။

ထိတ္ခတ္နာကို အရြက္ကိုေနလွန္း ေဆးလိပ္လိုလိပ္၍ မီး႐ိႈ႕ၿပီး ႐ွဴပါ။ ၿပီးေတာ့ နွာေခါင္းမွ ျပန္ထုတ္ပါ။ ေပ်ာက္ကင္းပါသည္။ထိပ္​ခတ္​နာ နာ​းေခါင္​းယားလၽွင္ အရြက္​ကို​ ေခ်ၿပီး ရွဴ ေပးပါ။

မရုုိးရြက္ကို အေျခာက္လွမ္း ေဆးလိပ္တြင္ ထည့္ကာ မီးခိုးကို ရွဴပါက ႏွာရည္မ်ားက်ကာ ပြင့္သြားပါသည္။တစ္သက္​လံုး မယားေတာ့ပါ။

နွာေခါင္းပိတ္(ထိပ္ကပ္နာ) အသက္႐ွဴၾကပ္ေရာဂါရွိသူမ်ား မရိုးရြက္မီးကင္ကို နွာေခါင္းအတြင္းေမာ့၍ ညွစ္ထည့္ပါ။ ခဏအႀကာတြင္ နွာေခ်၍ နွာေခါင္းအတြင္းမွ အဝါေရာင္ အညစ္ေႀကးမ်ား ထြက္လာျပီး လုံးဝေကာင္းသြားပါမည္။

ေဆးလိပ္ အေသာက္မ်ားသူမ်ား မရုိးအရုိးအေျခာက္ကို ေဆးလိပ္ေသာက္သကဲ႔သို႔ တစ္ဖက္မွမီးရႈိ႕၍ တစ္ဖက္မွ႐ွဴေပးလွ်င္ ေဆးလိပ္ခ်ိဳး ေခ်းမ်ား ျပန္အန္ထြက္လာပါလိမ့္မည္။

နွာေခါင္း ခဏခဏ ပိတ္ရင္ မုရုိးရြက္ အေျခာက္ကုိ မီးခဲေပၚတင္ ရွဴပါက သက္သာတယ္။မုရိုးေခၚ မေရြး တစ္နည္း ျဖဴႀကီးရြက္ ၇ – ရြက္ ဖင္ျပန္ ေခါင္းျပန္ ထပ္ပါ။

ထပ္ၿပီးရင္ ကေတာ့ထိုးပါ။ ကေတာ့ထဲမွာ ဆားထည့္ျပီး မီးျဖင့္ဖုတ္ပါ။ ရလာေသာ ဆားမီးဖုတ္ကို တစ္ေန႔ သုံးႀကိမ္ ေရြးေစ့ငယ္ခန္႔ လ်ွက္ေပးပါက ပန္းနာရင္ႀကပ္ လုံးဝ အျမစ္ျပတ္ ေပ်ာက္ပါတယ္။ တစ္လေလာက္ သီးခံလ်ွက္ေပးပါ။

အစာအိမ္​​ေရာဂါ ျဖစ္​ပါက မု႐ိုးရြက္…တစ္ရြက္​ကို အရင္​းအဖ်ား စတိပယ္​ပါ။​ေ႐ွာက္​ရြက္ ခုနစ္​ရြက္​၊ အိမ္​သုံးဆား ခုနစ္​က်ပ္​သား ေရာၿပီးအိုးထဲထည္​့ အလုံပိတ္​ မီးဖုတ္​။ျပာက် သြားပါက အစာစားၿပီးတိုင္​း လွ်က္ေပးပါ။ ေပ်ာက္ကင္​း၏။

သြားကိုက္​ရင္ ….သြားအ​ေခါင္​းထဲကို ဂြမ္းစ​ေလးနဲ႔ သူ႔အ​ေစးကိုတို႔ၿပီး သိပ္ထားပါ။ ခဏနဲ႔​ ေပ်ာက္​ပါတယ္။

သြားအေျခကို အေစးတို႔ၿပီး ငါးမိနစ္ခန႔္အၾကာမွာ အဲဒီသြားကိုႏွဳတ္ရင္ အလြယ္တကူ ကြ်တ္ပါတယ္။အသံမထြက္​တဲ့ လူမ်ား အသံ ထြက္​လာပါလိမ့္မယ္​။

ေဆးနည္​း​က​ေတာ့ အရြက္​ကို​ ​ေျခာက္ေအာင္​​ေနလွမ္​းပါ။ ေျခာက္တဲ့အရြက္​ကို မီးကင္​ပါ။​ ျပာျဖစ္ေအာင္​ ကင္​ရမွာပါ။​ အဲဒီကင္ၿပီးသား အရြက္ကို အမႈန္႔ႀကိတ္ၿပီး ပ်ား​ေရနဲ႔ နယ္ကာ လက္ဖက္စားဇြန္းနဲ႔ တစ္ေန႔ သံုးႀကိမ္ နံနက္ ေန႔ ညေန စားေပးပါ။

၃လၾကာရင္​ အသံထြက္​လာပါမယ္…(ေမြးရာပါ စကားမ​ေျပာႏိုင္​တဲ့ လူမ်ား မပါပါ။)ျမင္းစဂံုနီျမစ္ မရိုးျမစ္ မိုးနံျမစ္တို႔ကို ေသြးၿပီး လိမ္းပါက အနာမ်ိဳးစုံေပ်ာက္ပါသည္။

သံနဲ႔ ထိခိုက္မိရင္ ခ်က္ခ်င္း သူရဲ့ အေစး အျဖဴေရာင္ကို အနာမွာထည့္ပါ။သက္သာပါတယ္။

ေလျဖတ္ ေလငန္းေရာဂါ ျဖစ္လွ်င္ ၄င္းအပင္ကိုပဥၥငါးပါး ႏုတ္ႏုတ္စင္းပါ။ ၿပီးေတာ့ ႏွမ္းဆီ (သို ့)မုန္ ့ညွင္းဆီၿဖင့္ ေရာနယ္ပါ။ နယ္ၿပီးသားကို အဝတ္စ သန္႔သန္႔နဲ႔ ထုပ္ပါ။

အဲဒီ အထုပ္ကို မီးပူေပးထားတဲ့ အိုးအထက္မွာ ေရေႏြးေငြ႔ ့ေပါင္းခံကာ ၾကပ္ထုပ္ျပဳလုပ္၍ ေလျဖတ္ေသာ ေနရာအား ၾကပ္ထုပ္ထိုးေပးပါ။

ေမြးကင္းစကေလး ၁လ ၂လ ကေလးမ်ား ခြ်ဲႀကတ္ေနလွ်င္ မရုိးရြက္ကို ႏြမ္း႐ံုမီးကင္ နွမ္းဆီ စစ္စစ္နဲ႔ မရုိးရြက္ေပၚမွာ လူးပါ။ ၿပီးေတာ့ ရင္ဘတ္ေပၚ ကပ္ေပးပါ။ ေပ်ာက္ပါတယ္။

ေခါင္းကိုက္ရင္ ….နားထင္မွာ အပ္ေလးနဲ႔ ေသြးစုိ႔႐ံု ေဖါက္ၿပီး မရိုးအေစးကို တို႔လိုက္ပါ။ ယူျပစ္သလို ေပ်ာက္တယ္။

ၷၷႏြားနို႔ရည္ ထဲ့ထားတဲ့ ဒန္အိုးထဲကို မရုိးအေစးေလးေတြ အစက္ခ်ၿပီး မရိုးကိုင္းနဲ႔ ေမႊေပးေနရင္ ဟင္းခ်က္စားတဲ့ ႏြားနို႔ခဲ၊ ႏြားနို႔ကင္ရပါတယ္။

ေခြးရူးကိုက္ ခံရလွ်င္ ငယ္ထိပ္ကို ဘလိပ္ဓါးနွင့္ အနည္ငယ္ျခစ္၍ အေစးအနည္းငယ္ ထည့္ေပးပါ။ အေစး အနည္းငယ္ကို ထန္းလွ်က္ေပ်ာ့ထဲသို႔ ထည့္လံုးေကြ်းျခင္းျဖင့္ ေခြးရူးေရာဂါကိုလည္း ကာကြယ္ေပးနိဳင္ပါသည္။

ႏြားေတြ ဆီးခ်ဳပ္ ေလခ်ဳပ္ ျဖစ္ရင္ အရြက္ ၇ ရြက္ကုိ ခူးပါ။ တစ္ရြက္ခ်င္းစီမွာ ဆားအနည္းငယ္ ထည့္ျပီး ခံြ႔ပါ။ ဆီးခ်ဳပ္ ေလခ်ဳပ္ ေပ်ာက္ပါတယ္။

ႏြားေတြ ခြာနာ လွ်ာနာ ျဖစ္ရင္ မု႐ိုးရြက္ကို ေထာင္းထု ထြက္လာတဲ့ အရည္ကို အနာျဖစ္တဲ့ ခြာ လွ်ာမွာ လိမ္းေပးပါ။ ေပ်ာက္ပါတယ္။

ႏြားေတြမွာျဖစ္တဲ့ ေပါင္ပုတ္ လက္ပုတ္နာကို မရိုးပင္အေစးနဲ႔တို႔ပါ။ အေစးေတြစိမ့္ဝင္ေအာင္ မရိုးကိုင္းနဲ႔ ရိုက္ရင္ေပ်ာက္တယ္။

ႏြား​ေတြ​ ေနမ​ေကာင္​းတာ ဆိုရင္​လည္​း အရြက္​ကိုခ်ိဳးၿပီး ထြက္​လာ​ေသာ အေစးႏွင္​့ နားရြက္​ႏွင္​့ တင္​ပါးမ်ားသို႔ တို႔​ေပးပါ။

ႏြားေတြ ဖ်ားနာရင္ မေရြးပင္ျပဳတ္ၿပီး ႏြားတစ္ကုိယ္လုံး ပြတ္ေပးရင္ ေပ်ာက္ပါတယ္။ႏြားေတြမွာ ၾကပ္ဖု အပူဖုေတြ ေပါက္ခဲ့ရင္ မွ႐ိုးေစးနဲ႔ တို႔ေပးပါက ေပ်ာက္ကင္းပါတယ္။

ႏြားေတြ ေဒါင္႔တန္းဆဲြရင္ ဒီအပင္ရဲ့ ကိုင္းနဲ႔ ႐ိုက္ေမာင္းေပးရင္ ေပ်ာက္ပါတယ္။ကြ်ဲ ႏြားမ်ား ေလးဘက္နာ ျဖစ္ပါကမု႐ိုးၾကီးအပင္နဲ႔ ရိုက္ေပးရင္လံုးဝ ေပ်ာက္ကင္းပါသည္။

သတိျပဳစရာမ်ား….

သူ႔အေစး မ်က္လုံးထဲဝင္ရင္ မ်က္လုံး ကန္းတတ္တယ္။မရိုးပင္အ​ေစးကို သားအိမ္​ထဲ ထည္​့ၿပီး က​ေလးဖ်က္​ခ်တဲ့ အမ်ိဳးသမီး တစ္ေယာက္​ သားအိမ္​ကင္ဆာနဲ႔ ဆံုးသြားတာ​ ေတြ႔ဖူးပါတယ္​။

ေနျပည္ေတာ္ေက်ာ္တာနဲ႔ မရိုးပင္မ်ားအား လမ္းေဘးဝဲယာ မ်ားတြင္ ေပါမ်ားစြာေတြ႕ႏိုင္ပါတယ္။

မူရင္းေရးသားသူအား CRD ေပးပါတယ္…

Unicode

နတ်ဆေးပင်တမျှ ခေါ်ရလောက်တဲ့ ဆေးဖက်ဝင် မုရိုးပင်

ဆေးဖက်ဝင် မုရိုးပင်ပါ….

အရိုးတစ်ချောင်းမှာ အရွက်က တစ်ဖက်တစ်ချက် ထွက်ပြီး အကိုင်းဖျားအထိ အရွက်က အစိမ်းရောင်ရင့်ရင့်၊ အမွှေးနုပါတဲ့ဖက်က အဖြူရောင်ဖက်ကို နဲနဲယိမ်းပါတယ်။အသီးက စိမ်တစ်လုံး သရက်လို ပုံသဏ္ဌာန်ရှိတယ်။

ဒါပေမဲ့ အထဲမှာက လေအပွသီး ဝတ်ဆံအနက်နဲ့၊ အမွှေးမျှင်မျှင်တွေ လေမှာပျံပြီး မျိုးပွားတယ်။ ACID ဓါတ်များပါတယ်။ကျွဲမရိုးလည်း ခေါ်တယ် တောင်မရိုးပင်လည်း ခေါ်တယ်။ အညာဒေသမှာတော့ မရိုးပင်လို့ ခေါ်ပါတယ်။

ကျွဲပေါက်ပင်လို့လည်း ခေါ်ပါတယ်။ရခိုင်ဒေသမှာ မုရိုးပင်ကို ဖြူကြီးပင်လို့ခေါ်တယ်။ ငဖြူ ကြီးပင်လို့လည်းခေါ်ပါတယ်။ပြည်ဘက်မှာတော့ နွားဖြူကြီးပင်(နွားနို့ခဲ) အပင်လို့ ခေါ်ပါသည်။

ဆေးနည်းများ…..

ဒူးနာ ခါးနာဖြစ်ရင် အရွက်ကို ရေနဲ့ သေချာဆေးပါ။ ပြီးတော့ အရွက်ကို မီးကင်ပြီး၂ည ၃ည ပတ်စီးပေးရင် ယူပစ်သလို ပျောက်ပါတယ်။

ခြေထောက်ခေါက်လဲလို့ မျက်သွားပြီး ယောင်ကိုင်းနေရင် မုရိုးစေးကို အသာလေး ပွတ်လိမ်းပေးပြီး အရွက်ကို မီးကင် လက်လေးနဲ့ အသာလေးချေ အပြန့်လိုက် ကပ်ပြီး ပိတ်စနဲ့ စည်းထားလိုက်ပါ။

လေးဘက်နာပျောက်တယ်…

အပင်ရော အမြစ်ပါမကျန် နူတ်ပြီး အိုးထဲမှာထည့်၊ အပေါ်ကနေ ဆေးရွက်ကြီးအုပ်၊ ရေထည့်ပြုတ်ပါ။ အဲဒီရေကို ချိုးပေးပါ။ နောက်တနည်းကတော့ မရိုးအမြစ်နဲ့ ဆန်ဆေးရည် သွေးပြီးလိမ်းရင်လည်း အဆစ်အမြစ်ရောင် လေးဖက်နာ ပျောက်ပါတယ်။

ကြွက်နို့ကိုဖြတ်ပြီး အစေးနဲ့ တို့ထားရင် အမြစ်ပါစားပြီး ကျင်းခွက်လိုဖြစ်သွားတယ်….ပြီးတော့ ပျောက်သွားတယ်။

ငါးမျက်စိပေါက်နေသူများ ….မုရိုးရွက်ကို ချိုးလိုက်တဲ့အခါ ထွက်လာသော အစေးနဲ့ ခဏခဏ တို့ပေးပါ။ အလိုလို ထွက်ကျလာမည်။

ခြေထောက်မှာဝတ်ဆံတည်တာကို ခြေပူနာလို့ ခေါ်ပါသည်။ ကြက်ဆူး ထည့်သွားပြီဆိုရင် ခဲနင်းမိပါက အမလေး တရတဲ့ အနာပါ။ အနာထိပ်ကို ဓားနှင့်လှီးပြီး အစေးကို သုတ်လိမ်းပေးပါက ပျောက်ပါသည်။

အမျိုးသမီးများ သားအိမ်အတွင်း သွေးလုံး လေလုံးဖြစ်ခဲ့ပါလျှင် မုရိုး၅ပွင့်ကို နှမ်းဆီနှင့်ကြော်စား၊ ဝမ်းဗိုက်ကို မုရိုးစေးနှင့် ဆနွင်းမှုန့် ဆတူရောစပ် လိမ်းပေးပါက တဖြည်းဖြည်း သေးငယ်ပြီး သက်သာ ပျောက်ကင်းစေပါတယ်။

ဓမ္မတာ မမှန်တာ သွေးမပေါ်တာ ဆိုရင် အရည်ညှစ်ပြီး နှစ်ခေါင်းထဲကို တစ်စက်ဆီ ထဲ့ပေးပါ။သွေးချက်ချင်း ဆင်းပါတယ်။

ရင်ကြပ် ပန်းနာရောဂါ ပျောက်ပါတယ်။မရိုးပင်ကို ၃လက္မ လောက်ဖြတ်ပြီး နေလှမ်းပါ။ ခြောက်သွေ့တဲ့အခါ မီးရှို့ပြာချပါ။

ပြာကို ရေစိမ် မွှေပေးပြီး အနယ်ထိုင်ရင် အရေကြည်ကို ဆားချက်ပါ။ မုရိုးကြီးရုက္ခမူ ဆားရမယ်။ အဲဒီဆား တစ်ပဲသားကို ပျားရည် တစ်ဆယ်သားနဲ့ ရောသမမွှေ သုံးဆောင်ပါ။

ဆူးစူးပြီးဆူးကိုထွင်လို့မရတဲ့အခါ ….ဒီအပင်ရဲ့ အစေးကို ထည့်လိုက်ပါ။ နာရီအနည်းငယ် ကြာတဲ့အခါ ဆူးက သူ့အလိုလို အပြင်ကို ထွက်လာပါတယ်။

ဆူးစူးပြီး အနာဝပိတ်သွားလို့ ဆူးကျန်ပြီး အထဲကနာနေလျှင်လည်း အနာဝကို ဖွင့်ပြီး အစေးချ အရွက်မီးကင် ကပ်လိုက်တာ ညောင့်ထွက်လာပါတယ်။

ခြေထောက်မှာ ဆူးစူးလို့ ရှာမရဖြစ်နေရင် အစေးကို အနာဝပေါ်တို့ပြီး အရွက်ကို မီးကင်ကပ်ရင် ဆူးထွက်ပါတယ်။ ပတ်တီးဖွဖွလေးစည်းထားရင်လည်း အဆင်ပြေပါတယ်။

ကန္တာရဆူး စူးပြီး တော်တော်နာနေတာ အပ်နဲ့ ကော်ထုတ်လဲ မရပါ။ အသိတစ်ယောက်ကပြောလို့ မုရိုးအစေးနဲ့ ကပ်လိုက်တာ နောက်နေ့ အနာကိုညှစ်လိုက်တော့ ဆူးပါသွားတယ်။

ချောင်းဆိုး တီဘီ အဆုတ်နာ….မုရိုးရွက် တစ်ရွက်၊ ကွမ်းရွက်တစ်ရွက်၊ ဆားအနည်းငယ်ထည့်ပြီး ပြာချပါ။ အဲဒီပြာကို လျှက်ဆားလို တစ်နေ့ အနည်းငယ် လျှက်ပေး ပါ ပျောက်ပါတယ်။

အနာစိမ်း မွှေးကျွတ်နာ အနာလုံးများ ပေါက်ရင်…. အနာပေါ်မှာ အရွက်ကို မီးလေးပြပြီး ကပ်ထားပါက အလျှင်အမြန် ပျောက်ကင်းပါသည်။

ထိပ်ကပ်နာ ခေါ်တဲ့ နှာပိတ်ရောဂါကို …မရိုးအစေးဖြူလေး နှာခေါင်းထိပ်ထဲ ထည့်ပေးပြီး ၁၀မိနစ်လောက်နေရင် နှာဆက်တိုက်ချေပြီး နှပ်ပုတ်များ ထွက်လာကာ သက်သာ ပျောက်ကင်းပါသည်။

ထိတ်ခတ်နာကို အရွက်ကိုနေလှန်း ဆေးလိပ်လိုလိပ်၍ မီးရှို့ပြီး ရှူပါ။ ပြီးတော့ နှာခေါင်းမှ ပြန်ထုတ်ပါ။ ပျောက်ကင်းပါသည်။ထိပ်ခတ်နာ နားခေါင်းယားလျှင် အရွက်ကို ချေပြီး ရှူ ပေးပါ။

မရိုးရွက်ကို အခြောက်လှမ်း ဆေးလိပ်တွင် ထည့်ကာ မီးခိုးကို ရှူပါက နှာရည်များကျကာ ပွင့်သွားပါသည်။တစ်သက်လုံး မယားတော့ပါ။

နှာခေါင်းပိတ်(ထိပ်ကပ်နာ) အသက်ရှူကြပ်ရောဂါရှိသူများ မရိုးရွက်မီးကင်ကို နှာခေါင်းအတွင်းမော့၍ ညှစ်ထည့်ပါ။ ခဏအကြာတွင် နှာချေ၍ နှာခေါင်းအတွင်းမှ အဝါရောင် အညစ်ကြေးများ ထွက်လာပြီး လုံးဝကောင်းသွားပါမည်။

ဆေးလိပ် အသောက်များသူများ မရိုးအရိုးအခြောက်ကို ဆေးလိပ်သောက်သကဲ့သို့ တစ်ဖက်မှမီးရှို့၍ တစ်ဖက်မှရှူပေးလျှင် ဆေးလိပ်ချိုး ချေးများ ပြန်အန်ထွက်လာပါလိမ့်မည်။

နှာခေါင်း ခဏခဏ ပိတ်ရင် မုရိုးရွက် အခြောက်ကို မီးခဲပေါ်တင် ရှူပါက သက်သာတယ်။မုရိုးခေါ် မရွေး တစ်နည်း ဖြူကြီးရွက် ၇ – ရွက် ဖင်ပြန် ခေါင်းပြန် ထပ်ပါ။

ထပ်ပြီးရင် ကတော့ထိုးပါ။ ကတော့ထဲမှာ ဆားထည့်ပြီး မီးဖြင့်ဖုတ်ပါ။ ရလာသော ဆားမီးဖုတ်ကို တစ်နေ့ သုံးကြိမ် ရွေးစေ့ငယ်ခန့် လျှက်ပေးပါက ပန်းနာရင်ကြပ် လုံးဝ အမြစ်ပြတ် ပျောက်ပါတယ်။ တစ်လလောက် သီးခံလျှက်ပေးပါ။

အစာအိမ်ရောဂါ ဖြစ်ပါက မုရိုးရွက်…တစ်ရွက်ကို အရင်းအဖျား စတိပယ်ပါ။ရှောက်ရွက် ခုနစ်ရွက်၊ အိမ်သုံးဆား ခုနစ်ကျပ်သား ရောပြီးအိုးထဲထည့် အလုံပိတ် မီးဖုတ်။ပြာကျ သွားပါက အစာစားပြီးတိုင်း လျှက်ပေးပါ။ ပျောက်ကင်း၏။

သွားကိုက်ရင် ….သွားအခေါင်းထဲကို ဂွမ်းစလေးနဲ့ သူ့အစေးကိုတို့ပြီး သိပ်ထားပါ။ ခဏနဲ့ ပျောက်ပါတယ်။

သွားအခြေကို အစေးတို့ပြီး ငါးမိနစ်ခန့်အကြာမှာ အဲဒီသွားကိုနှုတ်ရင် အလွယ်တကူ ကျွတ်ပါတယ်။အသံမထွက်တဲ့ လူများ အသံ ထွက်လာပါလိမ့်မယ်။

ဆေးနည်းကတော့ အရွက်ကို ခြောက်အောင်နေလှမ်းပါ။ ခြောက်တဲ့အရွက်ကို မီးကင်ပါ။ ပြာဖြစ်အောင် ကင်ရမှာပါ။ အဲဒီကင်ပြီးသား အရွက်ကို အမှုန့်ကြိတ်ပြီး ပျားရေနဲ့ နယ်ကာ လက်ဖက်စားဇွန်းနဲ့ တစ်နေ့ သုံးကြိမ် နံနက် နေ့ ညနေ စားပေးပါ။

၃လကြာရင် အသံထွက်လာပါမယ်…(မွေးရာပါ စကားမပြောနိုင်တဲ့ လူများ မပါပါ။)မြင်းစဂုံနီမြစ် မရိုးမြစ် မိုးနံမြစ်တို့ကို သွေးပြီး လိမ်းပါက အနာမျိုးစုံပျောက်ပါသည်။

သံနဲ့ ထိခိုက်မိရင် ချက်ချင်း သူရဲ့ အစေး အဖြူရောင်ကို အနာမှာထည့်ပါ။သက်သာပါတယ်။

လေဖြတ် လေငန်းရောဂါ ဖြစ်လျှင် ၎င်းအပင်ကိုပဉ္စငါးပါး နုတ်နုတ်စင်းပါ။ ပြီးတော့ နှမ်းဆီ (သို့)မုန့်ညှင်းဆီဖြင့် ရောနယ်ပါ။ နယ်ပြီးသားကို အဝတ်စ သန့်သန့်နဲ့ ထုပ်ပါ။

အဲဒီ အထုပ်ကို မီးပူပေးထားတဲ့ အိုးအထက်မှာ ရေနွေးငွေ့ပေါင်းခံကာ ကြပ်ထုပ်ပြုလုပ်၍ လေဖြတ်သော နေရာအား ကြပ်ထုပ်ထိုးပေးပါ။

မွေးကင်းစကလေး ၁လ ၂လ ကလေးများ ချွဲကြတ်နေလျှင် မရိုးရွက်ကို နွမ်းရုံမီးကင် နှမ်းဆီ စစ်စစ်နဲ့ မရိုးရွက်ပေါ်မှာ လူးပါ။ ပြီးတော့ ရင်ဘတ်ပေါ် ကပ်ပေးပါ။ ပျောက်ပါတယ်။

ခေါင်းကိုက်ရင် ….နားထင်မှာ အပ်လေးနဲ့ သွေးစို့ရုံ ဖေါက်ပြီး မရိုးအစေးကို တို့လိုက်ပါ။ ယူပြစ်သလို ပျောက်တယ်။

္န္နနွားနို့ရည် ထဲ့ထားတဲ့ ဒန်အိုးထဲကို မရိုးအစေးလေးတွေ အစက်ချပြီး မရိုးကိုင်းနဲ့ မွှေပေးနေရင် ဟင်းချက်စားတဲ့ နွားနို့ခဲ၊ နွားနို့ကင်ရပါတယ်။

ခွေးရူးကိုက် ခံရလျှင် ငယ်ထိပ်ကို ဘလိပ်ဓါးနှင့် အနည်ငယ်ခြစ်၍ အစေးအနည်းငယ် ထည့်ပေးပါ။ အစေး အနည်းငယ်ကို ထန်းလျှက်ပျော့ထဲသို့ ထည့်လုံးကျွေးခြင်းဖြင့် ခွေးရူးရောဂါကိုလည်း ကာကွယ်ပေးနိုင်ပါသည်။

နွားတွေ ဆီးချုပ် လေချုပ် ဖြစ်ရင် အရွက် ၇ ရွက်ကို ခူးပါ။ တစ်ရွက်ချင်းစီမှာ ဆားအနည်းငယ် ထည့်ပြီး ခွံ့ပါ။ ဆီးချုပ် လေချုပ် ပျောက်ပါတယ်။

နွားတွေ ခွာနာ လျှာနာ ဖြစ်ရင် မုရိုးရွက်ကို ထောင်းထု ထွက်လာတဲ့ အရည်ကို အနာဖြစ်တဲ့ ခွာ လျှာမှာ လိမ်းပေးပါ။ ပျောက်ပါတယ်။

နွား တွေမှာဖြစ်တဲ့ ပေါင်ပုတ် လက်ပုတ်နာကို မရိုးပင်အစေးနဲ့တို့ပါ။ အစေးတွေစိမ့်ဝင်အောင် မရိုးကိုင်းနဲ့ ရိုက်ရင်ပျောက်တယ်။

နွားတွေ နေမကောင်းတာ ဆိုရင်လည်း အရွက်ကိုချိုးပြီး ထွက်လာသော အစေးနှင့် နားရွက်နှင့် တင်ပါးများသို့ တို့ပေးပါ။

နွား တွေ ဖျားနာရင် မရွေးပင်ပြုတ်ပြီး နွားတစ်ကိုယ်လုံး ပွတ်ပေးရင် ပျောက်ပါတယ်။နွားတွေမှာ ကြပ်ဖု အပူဖုတွေ ပေါက်ခဲ့ရင် မှရိုးစေးနဲ့ တို့ပေးပါက ပျောက်ကင်းပါတယ်။

နွားတွေ ဒေါင့်တန်းဆွဲရင် ဒီအပင်ရဲ့ ကိုင်းနဲ့ ရိုက်မောင်းပေးရင် ပျောက်ပါတယ်။ကျွဲ နွားများ လေးဘက်နာ ဖြစ်ပါကမုရိုးကြီးအပင်နဲ့ ရိုက်ပေးရင်လုံးဝ ပျောက်ကင်းပါသည်။

သတိပြုစရာများ….

သူ့အစေး မျက်လုံးထဲဝင်ရင် မျက်လုံး ကန်းတတ်တယ်။မရိုးပင်အစေးကို သားအိမ်ထဲ ထည့်ပြီး ကလေးဖျက်ချတဲ့ အမျိုးသမီး တစ်ယောက် သားအိမ်ကင်ဆာနဲ့ ဆုံးသွားတာ တွေ့ဖူးပါတယ်။

နေပြည်တော်ကျော်တာနဲ့ မရိုးပင်များအား လမ်းဘေးဝဲယာ များတွင် ပေါများစွာတွေ့နိုင်ပါတယ်။

မူရင်းရေးသားသူအား CRD ပေးပါတယ်…

Be the first to comment

Leave a Reply

Your email address will not be published.


*