ဘယ်လိုလုပ်မလဲ
ဘယ်လိုသုံးမလဲ
CHAN (ရွှေအင်းလေး)
Unicode
ခြေဖနောင့်အက်ကွဲခြင်း နှင့် အသားမာတက်ခြင်းကို ၁၀ရက်တည်းနဲ့ နူးညံ့သွားစေမယ့် အကောင်းဆုံးနည်း
ခြေဖနောင့်အက်ကွဲခြင်းက လူအများ အဖြစ်များကြတဲ့ ပြဿနာတစ်ခုပါ ။ အထူးသဖြင့် အသားအရေခြောက်ပြီး အဆီမထွက်သူတွေ ပိုဖြစ်တတ်ပါတယ် ။
ဒီလို ခြေဖနောင့်အက်ကွဲရတဲ့ အကြောင်းအရင်းတွေကတော့ အသားအရေခြောက်ခြင်း ၊ ရဓါတ်နည်းခြင်း ၊ ခြေထောက်ဂရုစိုက်မှု မှားယွင်းခြင်း ၊ ကျန်းမာရေးနဲ့ မညီညွတ်သော ကိုယ်အလေးချိန်လျှော့ခြင်း ၊အသက်အရွယ်ရလာခြင်း ၊ မတ်တပ်ရပ်များခြင်းနှင့် ဖိနပ်ရွေးချယ်မှု မှားယွင်းခြင်း စတဲ့ အကြောင်းပြချက်တွေကြောင့်ပဲ ဖြစ်ပါတယ် ။
တစ်ခါတစ်ရံ ရာဂါတွေရဲ့ side effect ကြာင့်လည်း ဖစ်တတ်ပါတယ်။ ခြေဖနောင့်အက်ကွဲရာမှ တဖြေးဖြေးနဲ့ ဝါကျင့်ကျင့်ရောင် ၊ အညိုရောင် အသားမာများ ဖြစ်လာပါတယ် ။ ဒီလို ခြေဖနောင့် ပြဿနာကိုဖြေရှင်းဖို့ နည်းလမ်းက ရိုးရှင်းပါတယ် ။ အချိန် ၁၀ ရက်ပဲပေးပါ ။
ဘယ်လိုလုပ်မလဲ
ပထမဦးစွာ Aspirin ဆးပြား ၁၀ပြားကို ကြိတ်ချေလိုက်ပါ ။ထို့နောက် ကြိတ်ချေထားသော Aspirin မှုန့်တွေကို ခွက် (သို့) ပုလင်းထဲထည့်ပြီး အရက်ပြန်ု ၂၅၀ မီလီလီတာ ရောထည့်မွှေကာ ၁ရက် (သို့ )၂ရက်ခန့် ထားလိုက်ပါ။
ဘယ်လိုသုံးမလဲ
ဒီနည်းလမ်းကို ညအိပ်ရာဝင်တိုင်း ပုလုပ်ပေးရမှာပါ ။ ရာမွှေထားသော Aspirin နှင့် အရက်ပြန်ကို အသုံးပြုခါနီးတိုင်းမှာ ထပ်ပြီး မွှပေး၊ခလောက်ပေးပါ ။ ထို့နောက် cotton pad (သို့) ပတ်တီးပါးပါးကို အရောအနှောထဲ နှစ်လိုက်ပါ ။
နှစ်ပြီးသွားလျှင် ကွဲအက် အသားမာတက်နေသော ဖနောင့်ပေါ်မှာ အုပ်လိုက်ပါ ။ အုပ်ထားသော ဆးဖက် ကွာမကျအောင် အဲ့အပေါ်ကနေမှ ပလက်စတစ်ပါးပါးဖြင့် ထပ်ပြီး အုပ်ပေးလိုက်ပါ ။
တစ်ညလုံးထားပြီး မနက်အိပ်ရာနိုးတဲ့အခါမှာ ရေဖြင့်ဆေးကြောလိုက်ပါ ။ ထို့နောက် ခြောက်သွေ့အောင် သေချာသုတ်ပြီး အစိုဓါတ်ထိန်းသိမ်းရန် အလှဆီ (သို့ )foot cream (သို့) အဆင်ပြေရာ တစ်ခုခုလိမ်းပေးပါ။
ပိုပြီးထိရောက်ချင်ရင်တော့ ခရင်မ်မလိမ်းခင်မှာ ခြေထောက်တိုက်တဲ့ ဘရပ်ရှ်လေးနဲ့ ခဖနောင့်ကို အရင်ပွတ်တိုက်ပေးပါ ။
ဒီနည်းလမ်းလေးဟာ ခြေဖနောင့်အတွက်သာမက ခထောက်အကြောထုံးခြင်း ၊ဖောင်းခြင်းတို့ကိုလည်း ကုသနိုင်တဲ့ နည်းလမ်းပဲ ဖြစ်ပါတယ် ။ လူသားတိုင်း ကျန်းမာပျော်ရွှင်ကြပါစေ ..။
CHAN (ရွှေအင်းလေး)
Be the first to comment
Leave a Reply
Your email address will not be published.
*