“ အျမန္လမ္းတြင္ ကားတခုခုျဖစ္ေနလွ်င္ ဒီဖုန္းနံံပတ္ေတြကိုဆက္ပါ ”

“ အျမန္လမ္းတြင္ ကားတခုခုျဖစ္ေနလွ်င္ ဒီဖုန္းနံံပတ္ေတြကိုဆက္ပါ ”

“ အျမန္လမ္းတြင္ ကားတခုခုျဖစ္ေနလွ်င္ ဒီဖုန္းနံံပတ္ေတြကိုဆက္ပါ ”

” SAVE…SAVE..SAVE ” 09 420 8888 10

အျမန္လမ္းမႀကီး ခရီးသြားရင္ ဒီဖုန္းနံပါတ္ မျဖစ္မေန ေလး Save ထားပါ ။ဘယ္လိုအခက္အခဲျဖစ္ျဖစ္ လာေရာက္ကူညီေပးတဲ့ အျမန္လမ္း ရဲတပ္ဖြဲ႕ ဖုန္းပါ။ မေန႔က (၁၀-၁၀-၂၀၁၉) မႏၲေလးဘက္မွ ရန္ကုန္ဘက္သို႔ ကားေမာင္းလာရင္း ၊ မိုင္တိုင္ ၅၅ မိုင္ ၁ ဖာလုံမွာ စက္ထိုးရပ္ သြား ပါတယ္။

ဘာမွလည္းမလုပ္တတ္ေတာ့ဘူး ၊ စက္ႏိုွးလို႔လည္းမရေတာ့ လမ္းေဘးခ်ရပ္ရင္း ခ်ိတ္ဆက္ဖို႔စဥ္စားရပါတယ္။ ဟိုရွာ ၊ ဒီ ခ်ိတ္နဲ႔ အျမန္လမ္းရဲ႕ Hot Line ဖုန္းနံပါတ္ ရလာပါတယ္။

ဆက္ၾကည့္လိုက္ၿပီး ” ကားပ်က္ေနေၾကာင္း မိုင္တိုင္ ၅၅ မိုင္ ၁ဖာလုံမွာ အခက္အခဲျဖစ္ေနေၾကာင္း သတင္းပို႔လိုက္ပါတယ္။ ” အျမန္လမ္းရဲ တပ္ဖြဲ႕ Hot Line ဖုန္းမွ ခ်က္ခ်င္း သက္ဆိုင္နယ္ေျမပိုင္ ရဲစခန္းကို ၫႊန္းၾကားခ်က္ေပးတယ္။

ကြၽန္ေတာ့္ကိုလည္း“ရဲတပ္ဖြဲ႕က ေရာက္လာပါမယ္။ ျဖစ္ေနတဲ့ အခက္အခဲ ေျပာလိုက္ပါ ။ ေပါင္းစပ္ ကူညီပါမယ္တဲ့ ။” ၅ မီနစ္ၾကာေလာက္မွာ ရဲတပ္ၾကပ္ တစ္ေယာက္ေရာက္လာတယ္။ ကားပ်က္တာ ၾကည့္ၿပီး ” ဝပ္ေရွာ့ဆရာ ေခၚခ်င္လား ?” ” ကားကို ဆြဲမလား ?” အကုန္ခ်ိတ္ဆက္ေပးလို႔ရတယ္ ေျပာတယ္။ (ကားျပင္ဆင္စရိတ္ ကိုယ့္ပါသာ တိုက္႐ိုက္ေျပာပါ )

ၿပီးေတာ့ ကားျပင္ေနစဥ္အတြင္း သူရွိေနမဲ့အေၾကာင္းနဲ႔ ဒီနားမွာ လုံၿခဳံတဲ့အေၾကာင္း ေျပာပါတယ္။္ သူ ကိုယ္တိုင္ ရွိေနမွာပါ တဲ့။ ကားဝပ္ေရွာ့ဆရာ ေခၚေပးပါေျပာေတာ့ ခ်က္ခ်င္း ဘုရာႀကီး ကကိုဝတုတ္ ဆိုတဲ့ ကြၽမ္းက်င္ဆရာ တစ္ေယာက္ကို ဖုန္းဆက္ေခၚပါတယ္။ လာေရာက္ျပင္တဲ့ ကိုဝတုတ္ဟာ ပညာပိုင္း ကြၽမ္းက်င္တဲ့အျပင္ ေစတနာပါတာေတြ႕ရတယ္။

ရဲတပ္ၾကပ္ဟာ သူ႔ရဲကင္း မွ ေနာက္တစ္ေယာက္ကို စက္နဲ႔လွမ္းေခၚၿပီး … အတူလာေရာက္ ပူေပါင္းၿပီးေတာ့ ဝိုင္းကူေနၾကတယ္။ သူ႔တပည့္ ရဲ ဒုတပ္ၾကပ္ကို ေရသန႔္သြားဝယ္လိုက္ ခရီးသြား ေတြ ေရပ်က္ေနမွာတဲ့။ စိတ္ထဲမွာ ရဲတပ္ၾကပ္ကို ေလးစားသြားသလို ခ်က္ခ်င္း သြားဝယ္ရွာတဲ့ ရဲတပ္သားကိုလည္း ေလးစားမိပါတယ္။

ကားျပင္ဆင္ၿပီးလို႔ ႏႈတ္ဆက္ခဲ့ခ်ိန္မွာ ေတာ့ ” သူတို႔ ေတြရဲ႕တာဝန္အရ တာဝန္ထမ္းေဆာင္မႈနဲ႔ အတူ ေႏြးေထြးစြာ ကူညီေပးခ်င္တဲ့ ေစတနာေတြကိုပါ မွတ္တမ္းတင္မိလိုက္ပါတယ္ ။” ရဲတပ္ၾကပ္ေမာင္ေစာက အခုလို ေျပာရွာေသး – ” 09420888801 ကေန 09420888870 အထိ ႀကိဳက္တဲ့နံပါတ္ဆက္ ကြၽန္ေတာ္တို႔တေတြ ၂၄ နာရီ တာဝန္ထမ္းေဆာင္လွ်က္ပါတဲ့ ။ ”

ေလးစားၿပီေလ … ရဲတပ္ဖြဲ႕ဝင္မ်ား မိတ္ေဆြ ၊ သူငယ္ခ်င္း ၊ ေရာင္းရင္း မ်ား မိမိ ဖုန္းထဲ မွာ ဒီဖုန္းနံပါတ္ေတြ Save ထားလိုက္ပါဗ်ာ ။ အျမန္လမ္းမႀကီး ရဲတပ္ဖြဲ႕ ၊ မအူတန္း ရဲကင္းမွ တပ္ၾကပ္ေမာင္ေစာ နဲ႔ ရဲတပ္ဖြဲ႕ဝင္တို႔အား ေက်းဇူးတင္ရွိရင္း မွတ္တမ္းတင္အပ္ပါသည္။

Aung Aung

Unicode

“ အမြန်လမ်းတွင် ကားတခုခုဖြစ်နေလျှင် ဒီဖုန်းနံံပတ်တွေကိုဆက်ပါ ”

” SAVE…SAVE..SAVE ” 09 420 8888 10

အမြန်လမ်းမကြီး ခရီးသွားရင် ဒီဖုန်းနံပါတ် မဖြစ်မနေ လေး Save ထားပါ ။ဘယ်လိုအခက်အခဲဖြစ်ဖြစ် လာရောက်ကူညီပေးတဲ့ အမြန်လမ်း ရဲတပ်ဖွဲ့ ဖုန်းပါ။ မနေ့က (၁၀-၁၀-၂၀၁၉) မန္တလေးဘက်မှ ရန်ကုန်ဘက်သို့ ကားမောင်းလာရင်း ၊ မိုင်တိုင် ၅၅ မိုင် ၁ ဖာလုံမှာ စက်ထိုးရပ် သွား ပါတယ်။

ဘာမှလည်းမလုပ်တတ်တော့ဘူး ၊ စက်နိုှးလို့လည်းမရတော့ လမ်းဘေးချရပ်ရင်း ချိတ်ဆက်ဖို့စဉ်စားရပါတယ်။ ဟိုရှာ ၊ ဒီ ချိတ်နဲ့ အမြန်လမ်းရဲ့ Hot Line ဖုန်းနံပါတ် ရလာပါတယ်။

ဆက်ကြည့်လိုက်ပြီး ” ကားပျက်နေကြောင်း မိုင်တိုင် ၅၅ မိုင် ၁ဖာလုံမှာ အခက်အခဲဖြစ်နေကြောင်း သတင်းပို့လိုက်ပါတယ်။ ” အမြန်လမ်းရဲ တပ်ဖွဲ့ Hot Line ဖုန်းမှ ချက်ချင်း သက်ဆိုင်နယ်မြေပိုင် ရဲစခန်းကို ညွှန်းကြားချက်ပေးတယ်။

ကျွန်တော့်ကိုလည်း“ရဲတပ်ဖွဲ့က ရောက်လာပါမယ်။ ဖြစ်နေတဲ့ အခက်အခဲ ပြောလိုက်ပါ ။ ပေါင်းစပ် ကူညီပါမယ်တဲ့ ။” ၅ မီနစ်ကြာလောက်မှာ ရဲတပ်ကြပ် တစ်ယောက်ရောက်လာတယ်။ ကားပျက်တာ ကြည့်ပြီး ” ဝပ်ရှော့ဆရာ ခေါ်ချင်လား ?” ” ကားကို ဆွဲမလား ?” အကုန်ချိတ်ဆက်ပေးလို့ရတယ် ပြောတယ်။ (ကားပြင်ဆင်စရိတ် ကိုယ့်ပါသာ တိုက်ရိုက်ပြောပါ )

ပြီးတော့ ကားပြင်နေစဉ်အတွင်း သူရှိနေမဲ့အကြောင်းနဲ့ ဒီနားမှာ လုံခြုံတဲ့အကြောင်း ပြောပါတယ်။် သူ ကိုယ်တိုင် ရှိနေမှာပါ တဲ့။ ကားဝပ်ရှော့ဆရာ ခေါ်ပေးပါပြောတော့ ချက်ချင်း ဘုရာကြီး ကကိုဝတုတ် ဆိုတဲ့ ကျွမ်းကျင်ဆရာ တစ်ယောက်ကို ဖုန်းဆက်ခေါ်ပါတယ်။ လာရောက်ပြင်တဲ့ ကိုဝတုတ်ဟာ ပညာပိုင်း ကျွမ်းကျင်တဲ့အပြင် စေတနာပါတာတွေ့ရတယ်။

ရဲတပ်ကြပ်ဟာ သူ့ရဲကင်း မှ နောက်တစ်ယောက်ကို စက်နဲ့လှမ်းခေါ်ပြီး … အတူလာရောက် ပူပေါင်းပြီးတော့ ဝိုင်းကူနေကြတယ်။ သူ့တပည့် ရဲ ဒုတပ်ကြပ်ကို ရေသန့်သွားဝယ်လိုက် ခရီးသွား တွေ ရေပျက်နေမှာတဲ့။ စိတ်ထဲမှာ ရဲတပ်ကြပ်ကို လေးစားသွားသလို ချက်ချင်း သွားဝယ်ရှာတဲ့ ရဲတပ်သားကိုလည်း လေးစားမိပါတယ်။

ကားပြင်ဆင်ပြီးလို့ နှုတ်ဆက်ခဲ့ချိန်မှာ တော့ ” သူတို့ တွေရဲ့တာဝန်အရ တာဝန်ထမ်းဆောင်မှုနဲ့ အတူ နွေးထွေးစွာ ကူညီပေးချင်တဲ့ စေတနာတွေကိုပါ မှတ်တမ်းတင်မိလိုက်ပါတယ် ။” ရဲတပ်ကြပ်မောင်စောက အခုလို ပြောရှာသေး – ” 09420888801 ကနေ 09420888870 အထိ ကြိုက်တဲ့နံပါတ်ဆက် ကျွန်တော်တို့တတွေ ၂၄ နာရီ တာဝန်ထမ်းဆောင်လျှက်ပါတဲ့ ။ ”

လေးစားပြီလေ … ရဲတပ်ဖွဲ့ဝင်များ မိတ်ဆွေ ၊ သူငယ်ချင်း ၊ ရောင်းရင်း များ မိမိ ဖုန်းထဲ မှာ ဒီဖုန်းနံပါတ်တွေ Save ထားလိုက်ပါဗျာ ။ အမြန်လမ်းမကြီး ရဲတပ်ဖွဲ့ ၊ မအူတန်း ရဲကင်းမှ တပ်ကြပ်မောင်စော နဲ့ ရဲတပ်ဖွဲ့ဝင်တို့အား ကျေးဇူးတင်ရှိရင်း မှတ်တမ်းတင်အပ်ပါသည်။

Aung Aung

Be the first to comment

Leave a Reply

Your email address will not be published.


*