












မောင်ယဿ REF :DAILY mail

Unicode

ကိုယ့်အဖော်က ဟောက်တတ်တယ် ဆိုရင် မဟောက်အောင် လုပ်ဖို့ အလွယ်ဆုံးနည်း

အမေရိကန်က နာဆာအဖွဲ့ရဲ့ လေ့လာစမ်းသက်မှု အသစ်တစ်ခု အရ အိပ်ခန်းထဲမှာ နာနတ်ပင် တစ်ပင်ကို စိုက်ထားလိုက်ခြင်းက ကိုယ့် အဖော် အိပ် နေစဉ်မှာ ဟောက်ခြင်းကို တားဆီးပေး နိုင်ပါတယ်လို့ သိရတယ် ။

အခန်းတွင်း အောက်ဆီဂျင် ပါဝင်မှုကို တိုးတက် စေတဲ့ အတွက်ကြောင့် ဆူညံစွာဟောက်နေတာ ရပ်တန့် စေပါတယ် ။

အခန်းထဲမှာ နာနတ်ပင် စိုက်ခြင်းက အဟောက် သက်သာ တယ် ဆိုတာကို ၂၀၁၇ ခုနှစ် ကတည်းက မော်ရစ်ဆင် စူပါမာကတ်က စခဲ့တာပါ ။ သူတို့က ပန်းအိုးပါ နာနတ်ပင် တစ်ပင်ကို ၁၀ ပေါင် နဲ့ ရောင်းစားခဲ့ ပါတယ် ။ အပင် ၂ နှစ် သက်တမ်း ရှိတယ်ဆိုရင် အခန်းထဲမှာ ထည့်ထားလို့ ရပါပြီ ။

လေ့လာစမ်းသက်မှု အရ နာနတ်ပင်က ညဖက်မှာ အောက်ဆီဂျင် ကောင်းစွာ ထုတ်ပေးနိုင် ပါတယ် လို့ ဆိုတယ် ။

ပုံမှန်အားဖြင့် သစ်ပင် တွေက နေ့ဖက်မှာ အစာ ချက်ရင်း အောက်ဆီဂျင်ကို ထုတ်ပေးပြီး ညဖက်ရောက်လျင် နိုက်ထရိုဂျင် နဲ့ အခြားဓ ာတ်ငွေ့တွေကို အရွက်တွေကနေ ထုတ်ပေးပါတယ် ။

ဒါပေမဲ့ နာနတ်ပင် ကတော့ ညဖက် မှာလည်း အောက်စီဂျင် ထုတ်ပေးလို့ ညအိပ်စဉ် အောက်ဆီဂျင် ကောင်းစွာ ရအောင် အခန်းထဲမှာ နာနတ်ပင် တွေကို စိုက်ထား ခြင်းက အသက်ရှု ဝပြီး အဟောက် သက်သာစေပါတယ် ။

အိပ်ပျော် နေစဉ်မှာ ခေါင်းလည်ပြီး လည်ချောင်း လိမ်သွားလို့ ဖြစ်ဖြစ် လည်ချောင်း ကြွက်သားတွေ ပြေလျော့ သွားလို့ ဖြစ်ဖြစ် အောက်ဆီဂျင် ကောင်းစွာ မရလို့ ဖြစ်ဖြစ် ဟောက်တတ် ပါတယ် ။

ဘယ်လို အနေအထား ဖြစ်ဖြစ် အောက်ဆီဂျင် ကောင်းစွာ မရလို့ ဖြစ်တာပါ ။ ဗြိတိသျှ လူမျိုးတွေက လေးယောက်မှာ တစ်ယောက် ဟောက်တတ် ပါတယ် ။ ဒါကြောင့် သူတို့က အခန်းခွဲပြီး အိပ်ကြတာပါ ။

နာနတ်ပင်က အပူပိုင်း ဒေသ ပေါက်ပင ်ဖြစ်တဲ့ အပြင် အကြမ်းခံတဲ့ အတွက် အိပ်ခန်း ထဲကို ထည့်စိုက်ထား နိုင်ပါတယ် ။

ကဲဒါဆိုရင် နာနတ်ပင်တွေကို အိမ်မှာ ပျိုးထားပြီး ၂ နှစ်သားလောက် ရပြီဆိုရင် အိုးထဲကို ခွဲထည့်ပြီး ဟောက်တတ်တဲ့ သူငယ်ချင်းတွေ မိတ်ဆွေတွေကို လက်ဆောင် ပေးလိုက်ပါက ကျန်းမာရေး အရရော မိသားစု စိတ်ချမ်းမြေ့ စရာရော ဖြစ်လာမှာပါ ။

မောင်ယဿ REF :DAILY mail

Be the first to comment

Leave a Reply

Your email address will not be published.


*