MASK ပြောင်းပြန်ကြီး မတပ်ကြပါနဲ့နော်(မသိသေးသူများအတွက်မျှဝေပါ)

MASK ပြောင်းပြန်ကြီး မတပ်ကြပါနဲ့နော်(မသိသေးသူများအတွက်မျှဝေပါ)







Dr. Si Thu Tun #SiThuTun

Unicode

mask ပြောင်းပြန်ကြီး မတပ်ကြပါနဲ့နော်(မသိသေးသူများအတွက်မျှဝေပါ)

ဒီတလော Facebook မှာ mask ပြောင်းပြန်တပ်မှ သူများဆီကရောဂါတွေ ကိုယ့်ဆီမဝင်မှာဆိုတာကြီး ခဏခဏတွေ့နေရတယ် , ရှယ် တဲ့သူတွေလဲတော်တော် share ကြတယ် , တကယ်တော့ အဲ့ဒါဟာဘာresearch မှလုပ်မထားပဲရမ်းတုပ်နေတာသာဖြစ်ပါတယ် ,

ဒီ surgical mask တွေရဲ့ အစိမ်းရောင်ဘက်က filter အလွှာဖြစ်ပြီး အတွင်းဘက်က အဖြူက cotton အလွှာပါ ( နှာချေချောင်းဆိုးတဲ့အခါ ထွက်တဲ့ secretions တွေကိုစုပ်ယူဖို့ပေါ့ )

အဲဒါကို ပြောင်းပြန်ကြီးတပ်တာက သူများရောဂါကိုယ့်ဆီမကူးအောင်တပ်တာဆိုတော့ တကယ်ကိုမျက်စိလည်ရပါတယ် ကိုယ် house ဆင်းထဲကနေ ဆရာဝန်ဖြစ်တဲ့ထိ ကိုယ့်ဆရာသမားတွေပြောတာလဲ တခါမှမကြားခဲ့ဖူးပါဘူး

နောက်ပြီး ဒီ surgical mask တွေဟာ Coronavirus ကိုကာကွယ်နိုင်စွမ်းမရှိဘူးဆိုတာလဲသိစေချင်ပါတယ် , Coronavirus ကိုကာကွယ်ဖို့ဆိုအနဲဆုံး N 95 mask လောက်သုံးရမှာပါ

အဲလိုပြောလို့ surgical mask မတပ်ရဘူးလားဆိုတော့လဲမဟုတ်ပါဘူး , အနဲဆုံးတော့ ကောက်ရိုးတမျှင်အနေနဲ့တော့ ကာကွယ်နိုင်သလောက်ကာကွယ်ထားရမှာပါပဲအနှစ်ချုပ်ပြောရရင် mask ပြောင်းပြန်ကြီးမတပ်ကြပါနဲ့နော်

Dr. Si Thu Tun #SiThuTun

Be the first to comment

Leave a Reply

Your email address will not be published.


*