ကပ္ေဆးျခင္းေဘးမွ လြတ္ကင္းၾကေစရန္ “အ႒ာနေမတံ” ဂါထာေတာ္ ရြတ္ပါ ….

ကပ္ေဆးျခင္းေဘးမွ လြတ္ကင္းၾကေစရန္ “အ႒ာနေမတံ” ဂါထာေတာ္ ရြတ္ပါ ….

ကပ္ေဆးျခင္းေဘးမွ လြတ္ကင္းၾကေစရန္ “အ႒ာနေမတံ” ဂါထာေတာ္ ရြတ္ပါ ….

ဤဂါထာေတာ္သည္ကား

ဗုဒၶျမတ္စြာဘုရား႐ွင္ကုိ အ႐ွင္ေဒဝဒတ္ ေက်ာက္ေမာင္းဆင္၍လုပ္ၾကံၿပီးကာစ ပုထုဇဥ္ရဟန္းေတာ္တုိ႔က ဗုဒၶျမတ္စြာဘုရား႐ွင္အတြက္စုိးရိမ္ၾကသျဖင့္ တုတ္ ေတာင္ေဝွး စသည္တုိ႔ျဖင့္ ဗုဒၶဘုရား႐ွင္ကုိအကာအကြယ္ေပးရန္စုေဝးေရာက္႐ွိလာၾကရာ ဗုဒၶျမတ္စြာဘုရား႐ွင္က ကာကြယ္ေပးရန္မလုိေၾကာင္း ႐ွင္းလင္းမိန္႔ၾကားေတာ္မူရာတြင္တစ္ႀကိမ္။

ေနာက္ေန႔ၿမိဳ႕တြင္းသုိ႔ဆြမ္းခံႂကြမည့္အခ်ိန္ နာဠာဂီရိ ဆင္ဆုိးႀကီးကုိ အရက္တိုက္ၿပီး ဗုဒၶဘုရား႐ွင္ကုိ လုပ္ၾကံမည္ျဖစ္ေၾကာင္း သိ႐ွိေတာ္မူသျဖင့္ ညီေတာ္အ႐ွင္အာနႏၵာက ဗုဒၶဘုရား႐ွင္၏ေ႐ွ႕မွ ႂကြသြားၿပီး ဘုရား႐ွင္ကုိအကာအကြယ္ျပဳမည္ကုိ မလုိအပ္ေၾကာင္း အ႐ွင္အာနႏၵာအား မိန္႔ၾကားေတာ္မူရာတြင္ တစ္ႀကိမ္။

ႏွစ္ႀကိမ္တုိင္

“ဗုဒၶျမတ္စြာဘုရား႐ွင္တုိ႔၏ သဘာဝ မည္သူကမ်ွ မည္သုိ႔မ်ွ ဘုရား႐ွင္တုိ႔၏ အသက္ကုိလုပ္ၾကံသတ္ျဖတ္၍ မရေၾကာင္း ဘုရား႐ွင္တုိ႔သည္ အခ်ိန္တန္မွသာ မိမိတုိ႔အလုိလုိသာ ပရိနိဗၺာန္ျပဳၾကရျမဲျဖစ္ေၾကာင္း”

မိန္႔ၾကားေတာ္မူေသာ ဂါထာေတာ္ျဖစ္၏။

“အ႒ာန ေမတံ ဘိကၡေဝ အနဝကာေသာ၊

ယံ ပ႐ူပကၠေမန တထာဂတံ ဇီဝိတာ ေဝါေရာေပယ်၊

အႏုပကၠေမန ဘိကၡေဝ တထာဂတာ ပရိနိဗၺာယႏၲိ။”

(ဧေတန သစၥဝေဇၨန ေသာတၳိေမ ေဟာတုသဗၺဒါ။)

ဤဂါထာေတာ္၏ တန္ခုိးေတာ္သည္ သက္ေတာ္႐ွည္စံကင္းဆရာေတာ္ဘုရားႀကီး အိမ္ေျခတစ္ေထာင္ေက်ာ္႐ွိသည့္ စံကင္းရြာႀကီး ပလိပ္ေရာဂါက်ေရာက္ေန ရာ အက်ဥ္းအၾကပ္ထဲမွ ရြာသူရြာသားတုိ႔၏ အသက္ေဘးအႏၲရာယ္မွ ကယ္ဆယ္ေတာ္မူခဲ့ရာတြင္ ထင္႐ွားေတာ္မူခဲ့၏။

(ယၡဳ မ ဟ န ဥကၠ႒ ဆရာေတာ္ဘုရားႀကီးဘဒၵႏၲကုမာရ အရြယ္ေကာင္းစဥ္ ္ကလည္း စံကင္းဆရာေတာ္ဘုရားႀကီးက ထုိအေၾကာင္းမိန္႔ၾကား၍ အ႒ာနေမတံ ဂါ ထာေတာ္ႏွင့္ လူသားတုိ႔၏အသက္ကုိကယ္ခါ သာသနာျပဳရာ ျပဳေၾကာင္း မိန္႔ၾကားေတာ္မူခဲ့ဖူး၏။)

UBA ေခတ္က ႐ွမ္းျပည္တစ္ေနရာတြင္ ေတာင္ေစာင္းႏွင့္တုိက္မိၿပီးေလယာဥ္ပ်က္က်ရာ အပြန္းအပဲ့ရာပင္မ႐ွိ အသက္႐ွင္ က်န္ခဲ့သူ၏ အက်ၤ ီအိတ္အတြင္း၌လည္း အ႒ာနေမတံဂါထာေတာ္ ေရးထားသည့္ စာရြက္ကုိေတြ႔ရသည္ဟုဆုိ၏ ထုိသူတစ္ ဦးထည္းသာ ထူျုခားစြာ အသက္႐ွင္က်န္ခဲ့၏။

“အ႒ာန ေမတံ” ဂါထာေတာ္ကုိ အခ်ိဳ႕ကလည္း “သဗၺသိဒၶိ “ဂါထာေတာ္ဟု အမည္ေခၚေဝၚၾက၏။

မည္သုိ႔ဆုိေစ “အ႒ာန ေမတံ”ဂါထာေတာ္ ကုိေန႔စဥ္ရြတ္ဖတ္သရဇၩာယ္ျခင္း၊ ပုဒ္ ပါဒ္အကၡရာ မွန္ကန္စြာေရးသား၍အိမ္၏ ဘုရားေက်ာင္းေဆာင္ အိမ္၏ ေလးဘက္ေလးတန္ အိမ္ဝင္ေပါက္ အေပၚ စသည္တု႔ိ၌႐ုိေသစြာ ကပ္ထားျခင္း။

မိမိ၏အိတ္ ဦးထုပ္ စသည္တုိ႔၌ ႐ုိေသစြာ(႐ုိေသစြာ) ေဆာင္ထားျခင္း စသျဖင့္ မိမိတုိ႔ဉာဏ္ ႐ွိသလုိ အကာအကြယ္ယူ ထားႏုိင္ပါေၾကာင္း။

ထုိသုိ႔ဂါထာေတာ္၏ အကာအကြယ္ကုိ ႐ုိေသ ယုံၾကည္စြာယူထားျခင္းျဖင့္ (ဝဋ္ေႂကြးမွ မ႐ွိလ်ွင္)လုံးဝ အႏၲရာယ္ကင္းပါေၾကာင္း သူေတာ္ေကာင္းတုိ႔ခင္ဗ်ား။

(ကြၽန္ပ္္ကုိယ္တုိင္-“အ႒ာန ေမတံ”ဂါထာ ေတာ္၏ တန္ခးုိ႔ေတာ္ေၾကာင့္ အသက္အႏၲရာယ္မွ လြတ္ေျမာက္ခဲ့ရပုံကုိ သူရဇၨမဂၢဇင္းတြင္ ၂၀၀၅ ခုႏွစ္က တစ္ႀကိမ္ ၂၀၀၈ ခုႏွစ္က တစ္ႀကိမ္ ႏွစ္ႀကိမ္တုိင္ ကုိယ္ေတြ႔အျဖစ္မွန္ဝတၳဳတုိမ်ားအျဖစ္ေရးသားခဲ့ပါ၏။)

ေန႔စဥ္မျပတ္ ရြတ္ဖတ္သရဇၩာယ္ေတာ္ မူၾကပါ သူေတာ္ေကာင္းတုိ႔။

ဦးေက်ာ္စိန္ဝင္း

ဉာဏိႏၵ-ေရနံေခ်ာင္း။

Unicode

ကပ်ဆေးခြင်းဘေးမှ လွတ်ကင်းကြစေရန် “အဋ္ဌာနမေတံ” ဂါထာတော် ရွတ်ပါ ….

ဤဂါထာတော်သည်ကား

ဗုဒ္ဓမြတ်စွာဘုရားရှင်ကို အရှင်ဒေဝဒတ် ကျောက်မောင်းဆင်၍လုပ်ကြံပြီးကာစ ပုထုဇဉ်ရဟန်းတော်တို့က ဗုဒ္ဓမြတ်စွာဘုရားရှင်အတွက်စိုးရိမ်ကြသဖြင့် တုတ် တောင်ဝှေး စသည်တို့ဖြင့် ဗုဒ္ဓဘုရားရှင်ကိုအကာအကွယ်ပေးရန်စုဝေးရောက်ရှိလာကြရာ ဗုဒ္ဓမြတ်စွာဘုရားရှင်က ကာကွယ်ပေးရန်မလိုကြောင်း ရှင်းလင်းမိန့်ကြားတော်မူရာတွင်တစ်ကြိမ်။

နောက်နေ့မြို့တွင်းသို့ဆွမ်းခံကြွမည့်အချိန် နာဠာဂီရိ ဆင်ဆိုးကြီးကို အရက်တိုက်ပြီး ဗုဒ္ဓဘုရားရှင်ကို လုပ်ကြံမည်ဖြစ်ကြောင်း သိရှိတော်မူသဖြင့် ညီတော်အရှင်အာနန္ဒာက ဗုဒ္ဓဘုရားရှင်၏ရှေ့မှ ကြွသွားပြီး ဘုရားရှင်ကိုအကာအကွယ်ပြုမည်ကို မလိုအပ်ကြောင်း အရှင်အာနန္ဒာအား မိန့်ကြားတော်မူရာတွင် တစ်ကြိမ်။

နှစ်ကြိမ်တိုင်

“ဗုဒ္ဓမြတ်စွာဘုရားရှင်တို့၏ သဘာဝ မည်သူကမျှ မည်သို့မျှ ဘုရားရှင်တို့၏ အသက်ကိုလုပ်ကြံသတ်ဖြတ်၍ မရကြောင်း ဘုရားရှင်တို့သည် အချိန်တန်မှသာ မိမိတို့အလိုလိုသာ ပရိနိဗ္ဗာန်ပြုကြရမြဲဖြစ်ကြောင်း”

မိန့်ကြားတော်မူသော ဂါထာတော်ဖြစ်၏။

“အဋ္ဌာန မေတံ ဘိက္ခဝေ အနဝကာသော၊

ယံ ပရူပက္ကမေန တထာဂတံ ဇီဝိတာ ဝေါရောပေယျ၊

အနုပက္ကမေန ဘိက္ခဝေ တထာဂတာ ပရိနိဗ္ဗာယန္တိ။”

(ဧတေန သစ္စဝဇ္ဇေန သောတ္ထိမေ ဟောတုသဗ္ဗဒါ။)

ဤဂါထာတော်၏ တန်ခိုးတော်သည် သက်တော်ရှည်စံကင်းဆရာတော်ဘုရားကြီး အိမ်ခြေတစ်ထောင်ကျော်ရှိသည့် စံကင်းရွာကြီး ပလိပ်ရောဂါကျရောက်နေ ရာ အကျဉ်းအကြပ်ထဲမှ ရွာသူရွာသားတို့၏ အသက်ဘေးအန္တရာယ်မှ ကယ်ဆယ်တော်မူခဲ့ရာတွင် ထင်ရှားတော်မူခဲ့၏။

(ယ္ခု မ ဟ န ဥက္ကဋ္ဌ ဆရာတော်ဘုရားကြီးဘဒ္ဒန္တကုမာရ အရွယ်ကောင်းစဉ် ်ကလည်း စံကင်းဆရာတော်ဘုရားကြီးက ထိုအကြောင်းမိန့်ကြား၍ အဋ္ဌာနမေတံ ဂါ ထာတော်နှင့် လူသားတို့၏အသက်ကိုကယ်ခါ သာသနာပြုရာ ပြုကြောင်း မိန့်ကြားတော်မူခဲ့ဖူး၏။)

UBA ခေတ်က ရှမ်းပြည်တစ်နေရာတွင် တောင်စောင်းနှင့်တိုက်မိပြီးလေယာဉ်ပျက်ကျရာ အပွန်းအပဲ့ရာပင်မရှိ အသက်ရှင် ကျန်ခဲ့သူ၏ အင်္ကျ ီအိတ်အတွင်း၌လည်း အဋ္ဌာနမေတံဂါထာတော် ရေးထားသည့် စာရွက်ကိုတွေ့ရသည်ဟုဆို၏ ထိုသူတစ် ဦးထည်းသာ ထူြုခားစွာ အသက်ရှင်ကျန်ခဲ့၏။

“အဋ္ဌာန မေတံ” ဂါထာတော်ကို အချို့ကလည်း “သဗ္ဗသိဒ္ဓိ “ဂါထာတော်ဟု အမည်ခေါ်ဝေါ်ကြ၏။

မည်သို့ဆိုစေ “အဋ္ဌာန မေတံ”ဂါထာတော် ကိုနေ့စဉ်ရွတ်ဖတ်သရဇ္ဈာယ်ခြင်း၊ ပုဒ် ပါဒ်အက္ခရာ မှန်ကန်စွာရေးသား၍အိမ်၏ ဘုရားကျောင်းဆောင် အိမ်၏ လေးဘက်လေးတန် အိမ်ဝင်ပေါက် အပေါ် စသည်တု့ိ၌ရိုသေစွာ ကပ်ထားခြင်း။

မိမိ၏အိတ် ဦးထုပ် စသည်တို့၌ ရိုသေစွာ(ရိုသေစွာ) ဆောင်ထားခြင်း စသဖြင့် မိမိတို့ဉာဏ် ရှိသလို အကာအကွယ်ယူ ထားနိုင်ပါကြောင်း။

ထိုသို့ဂါထာတော်၏ အကာအကွယ်ကို ရိုသေ ယုံကြည်စွာယူထားခြင်းဖြင့် (ဝဋ်ကြွေးမှ မရှိလျှင်)လုံးဝ အန္တရာယ်ကင်းပါကြောင်း သူတော်ကောင်းတို့ခင်ဗျား။

(ကျွန်ပ်ကိုယ်တိုင်-“အဋ္ဌာန မေတံ”ဂါထာ တော်၏ တန်ခးို့တော်ကြောင့် အသက်အန္တရာယ်မှ လွတ်မြောက်ခဲ့ရပုံကို သူရဇ္ဇမဂ္ဂဇင်းတွင် ၂၀၀၅ ခုနှစ်က တစ်ကြိမ် ၂၀၀၈ ခုနှစ်က တစ်ကြိမ် နှစ်ကြိမ်တိုင် ကိုယ်တွေ့အဖြစ်မှန်ဝတ္ထုတိုများအဖြစ်ရေးသားခဲ့ပါ၏။)

နေ့စဉ်မပြတ် ရွတ်ဖတ်သရဇ္ဈာယ်တော် မူကြပါ သူတော်ကောင်းတို့။

ဦးကျော်စိန်ဝင်း

ဉာဏိန္ဒ-ရေနံချောင်း။

Be the first to comment

Leave a Reply

Your email address will not be published.


*