“ဝူဟန္ကို႐ိုနာဗိုင္းရပ္စ္ေရာဂါ ႏွင့္ပတ္သက္ၿပီး ျမန္မာႏိုင္ငံ ျပည္သူလူထုအေနျဖင့္ ေရာဂါကူးစက္ျခင္း မျဖစ္ေစရန္ လိုက္နာရမည့္ အဓိကအသိေပးခ်က္မ်ား”

“ဝူဟန္ကို႐ိုနာဗိုင္းရပ္စ္ေရာဂါ ႏွင့္ပတ္သက္ၿပီး ျမန္မာႏိုင္ငံ ျပည္သူလူထုအေနျဖင့္ ေရာဂါကူးစက္ျခင္း မျဖစ္ေစရန္ လိုက္နာရမည့္ အဓိကအသိေပးခ်က္မ်ား”

“ဝူဟန္ကို႐ိုနာဗိုင္းရပ္စ္ေရာဂါ ႏွင့္ပတ္သက္ၿပီး ျမန္မာႏိုင္ငံ ျပည္သူလူထုအေနျဖင့္ ေရာဂါကူးစက္ျခင္း မျဖစ္ေစရန္ လိုက္နာရမည့္ အဓိကအသိေပးခ်က္မ်ား”

“ဝူဟန္ကို႐ိုနာဗိုင္းရပ္စ္ေရာဂါ ႏွင့္ ပတ္သက္ၿပီး ျမန္မာႏိုင္ငံ ျပည္သူလူထု သို႔ အသိေပးခ်က္မ်ား”

ေလယာဥ္ကို ဝင္ခြင့္ျပဳရျခင္းနဲ႔ အျခားသိသင့္တဲ့အေၾကာင္းရင္းေတြကေတာ့…

၁/ WHO က အျပည္ျပည္ဆိုင္ရာ ကူးသန္းသြားလာမႈ travel & trade ကို ကန႔္သတ္ထားျခင္းမရွိပါဘူး။

၂/ ေလဆိပ္ေရာက္ရွိ exit မွာ screening လုပ္ဖို႔ recommend လုပ္ထားပါတယ္။

၃/ China Eastern ေလေၾကာင္းလိုင္းနဲ႔ လိုက္ပါလာတဲ့ ခရီးသည္ ၈၅ ဦးနဲ႔ ေလယာဥ္အမႈထမ္း ၉ ဦးလုံးဟာ thermal scanning မွာ အဖ်ားမရွိေနပါဘူး ၈၅ ေယာက္လုံးကို တခုခုျဖစ္ရင္နီးစပ္ရာက်န္းမာေရးဌာနကိုသတင္းပို႔ဖို႔ Health advice ေပးထားပါတယ္။

၄/ quarantine လုပ္ဖို႔မလိုအပ္တဲ့အတြက္ေၾကာင့္ မလုပ္ပါ သံသယလူနာေတြ႕ရင္ေတာ့ လုပ္ပါမည္။

၅/ ေရာဂါရဲ႕ Incubation Period က ၁၄ ရက္ျဖစ္တဲ့အတြက္ thermal scanner မွာ အဖ်ားမရွိေနေပမဲ့ ေနာက္ ၃-၄ ရက္မွလဲ အဖ်ားေပၚလာႏိုင္ပါတယ္ ဒါေပမဲ့ advisor for Travellers အတြက္ သတိေပးခ်က္မွာ အဖ်ားရွိလွ်င္ ေခ်ာင္းဆိုးလွ်င္ ဝူဟန္ကျပန္လာလွ်င္ အေၾကာင္းၾကားရန္လို႔ အသိေပးထားပါတယ္။

၆/ ေနာက္ၿပီးေလယာဥ္က ဝူဟန္ကတိုက္႐ိုက္လာတဲ့ေလယာဥ္ျဖစ္ၿပီး Public transportation မပိတ္ခင္ထြက္လာၿပီး မပိတ္ခင္ ဆိုက္ေရာက္လာတာျဖစ္ပါတယ္။ အခုေတာ့ China Eastern ေလေၾကာင္းလိုင္းက ၂၄-၁-၂၀၂၀ ကေန ၂၉-၂-၂၀၂၀ အထိ ပိတ္လိုက္ပါၿပီ။

၇/ သံသယလူနာေတြ႕ရွိရင္လဲ sample ကို WHO ရဲ႕ reference lab ၅ ခုမွာေပးပို႔ဖို႔ ညႇိႏႈိင္းၿပီးသားပါ ဒါေပမဲ့ အာဆီယံႏိုင္ငံ အိမ္နီးခ်င္းျဖစ္တဲ့ထိုင္းမွာစစ္ဖို႔ စီစဥ္ထားပါတယ္ ထိုင္းကိုယ္တိုင္လည္း တ႐ုတ္ရဲ႕ကူညီမႈနဲ႔ စစ္ႏိုင္တာပါ။

၈/ NHL မွာလဲ လိုအပ္တဲ့ primer & reagent ရရင္ စစ္ႏိုင္တဲ့ capacity ရွိပါတယ္။ သို႔ေသာ္ ရရွိဖို႔က အဆင့္ဆင့္ျဖတ္ရမွာျဖစ္တဲ့အတြက္ ၾကာမွာစိုးလို႔ ျဖစ္ပါတယ္။ ဒါေပမဲ့ လုပ္ေဆာင္ေနပါတယ္။

၉/ ေရာဂါရဲ႕ ကူးစက္ႏိုင္စြမ္းအား infectivity ကလဲ ၁.၅ ကေန ၂.၅ ပဲရွိပါတယ္။ ဝက္သက္ေရာဂါဆိုရင္ေတာင္ ကူးစက္ႏိုင္စြမ္းက ဆယ္ဆပိုပါတယ္ ၁၂-၁၅ ရွိပါတယ္။

၁၀/ ေသဆုံးမႈႏႈန္းအေနနဲ႔ SARS က ၁၀ ရာႏႈန္း Ebola က ၄၀ ရာႏႈန္း ရာသီတုပ္ေကြးက ၄ ရာႏႈန္းနဲ႔ ခုလက္ရွိျဖစ္ေနတဲ့ ဝူဟန္နမိုးနီးယား ၂၀၁၉ – nCoV က ၄ ရာႏႈန္း ျဖစ္တဲ့အတြက္ ေလာေလာဆယ္ သူ႔ရဲ႕ ေသဆုံးမႈႏႈန္း CFR က ရာသီတုပ္ေကြးနဲ႔ အတူတူေလာက္ပဲ ရွိေနတာကို ေတြ႕ရမွာျဖစ္ပါတယ္။

၁၁/ ျမန္မာႏိုင္ငံအေနနဲ႔ WHO, US CDC, ASEAN SOMHD, FETN နဲ႔ စဥ္ဆက္မျပတ္သတင္းရယူျခင္းနဲ႔ လိုအပ္တဲ့ အစီအမံမ်ားကို ေပါင္းစပ္ညႇိႏႈိင္းေဆာင္႐ြက္လ်က္ရွိပါတယ္။

၁၂/ ရန္ကုန္ေလဆိပ္ မႏၲေလးေလဆိပ္ ေနျပည္ေတာ္ေလဆိပ္ေတြမွာ တပ္ဆင္ထားတဲ့ infrared thermal scanner ဟာ WHO အသိအမွတ္ျပဳစက္ျဖစ္ၿပီး အျခားေသာတိုင္းျပည္မ်ားမွာလည္း လက္ရွိအသုံးျပဳလ်က္ရွိတဲ့စက္ျဖစ္ပါတယ္။ စက္ရဲ႕ maintenance ကိုလည္း သက္ဆိုင္ရာကုမၸဏီေတြနဲ႔ အၿမဲမျပတ္ စစ္ေဆးေနပါတယ္ ။

ရန္ကုန္ေလဆိပ္အေနနဲ႔ ဖ်ားေနသူ ၄ ဦး မႏၲေလးေလဆိပ္အေနနဲ႔ ၂ ဦးရွိေၾကာင္း စစ္ေဆးေတြ႕ရွိရေပမဲ့ သံသယလူနာနဲ႔ ကိုက္ညီျခင္းမရွိပါဘူး ။လိုအပ္တဲ့စစ္ေဆးမႈမ်ားကို ေသခ်ာေဆာင္႐ြက္ၿပီး လိပ္စာမ်ားကိုရယူထားၿပီး surveillance လုပ္ငန္းကို ပီျပင္ေအာင္ေဆာင္႐ြက္လ်က္ရွိပါတယ္။

၁၃/ မၾကာမီ တ႐ုတ္ကျပန္လာတဲ့ ခရီးသည္ေတြကို health declaration card ျဖည့္ဖို႔ ပို႔ေဆာင္ေရးဝန္ႀကီးဌာနနဲ႔ ေပါင္းစပ္ညႇိႏႈိင္းေဆာင္႐ြက္ေနပါတယ္။

၁၄/ PPE & N95 mask ႏွင့္ လိုအပ္ေသာ အေထာက္အပံ့ပစၥည္းမ်ားလည္း အဆင္သင့္ရွိေနၿပီး ထပ္မံလိုအပ္သည္မ်ားကိုလည္း WHO မွေထာက္ပံ့ေပးမည္ျဖစ္ပါတယ္။

၁၅/ လက္ရွိအေနနဲ႔ WHO မွ ျပည္သူ႔က်န္းမာေရး အေရးေပၚအေျခအေန (PHEIC) မသတ္မွတ္ေသးပါ သို႔ေသာ္လည္း စဥ္ဆက္မျပတ္ ေစာင့္ၾကပ္ၾကည့္ရႈလ်က္ရွိပါသည္ ကြင္းဆက္ျပတ္ေနေသာ အခ်က္မ်ားျဖစ္သည့္ ေရာဂါပိုးမည္သည္က ကူးစက္သည္ ဘယ္ေလာက္ထိလြယ္ကူစြာကူးစက္ႏိုင္သည္ ။

၎ေရာဂါ၏ ေရာဂါလကၡဏာ ႏွင့္ ဘယ္အတိုင္းအတာထိ ျပင္းထန္ႏိုင္သည္ကိုလည္း အျမန္ဆုံး ရွာေဖြႏိုင္ရန္ႀကိဳးပမ္းလ်က္ရွိပါသည္။

၁၆/ PHEIC လို႔ေၾကျငာႏိုင္ရန္ Emergency Committee Meeting ေခၚရပါတယ္ အဲဒီအစည္းအေဝးမွာ လက္ရွိျဖစ္ေနတဲ့ outbreak က သတ္မွတ္ထားတဲ့ definition နဲ႔ ကိုက္ညီမႈရွိလား extraordinary & high risk to other countries ရွိေနလား immediate & coordinated global response လိုအပ္လားအေပၚမူတည္ၿပီး ဆုံးျဖတ္ရတာ ျဖစ္ပါတယ္။

၁၇/ ကမာၻေပၚတြင္ IHR 2005 ခ်မွတ္ၿပီးေနာက္ပိုင္း PHEIC အျဖစ္ declared လုပ္ခဲ့တဲ့ ေရာဂါ အႀကိမ္ (၅) ႀကိမ္ရွိခဲ့ပါတယ္။

၁၈/ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနအေနနဲ႔ လိုအပ္တဲ့ ျပင္ဆင္ထားရွိမႈမ်ားကို ဘက္စုံေထာင့္စုံမွ စီစဥ္ေဆာင္႐ြက္ထားရွိၿပီးျဖစ္ပါတယ္ ေရာဂါေထာက္လွမ္းၾကည့္ရႈျခင္းကိုလည္း အထူးအားျဖည့္ ေဆာင္႐ြက္လ်က္ရွိပါတယ္ သံသယလူနာေတြ႕ရွိလွ်င္လည္း အခ်ိန္နဲ႔တေျပးညီ ေဆာင္႐ြက္မဲ့ အစီအမံမ်ားလည္း ထားရွိၿပီးျဖစ္ပါတယ္။

၁၉/ ဒီ ဝူဟန္ နမိုးနီးယား 2019 nCoV ဟာ virus ပိုးအသစ္ျဖစ္တဲ့အတြက္ ကာကြယ္ေဆးမရွိေသးပါ specific treatment လဲ မရွိေသးပါ သို႔ေသာ္လည္း ေရာဂါျဖစ္လာလွ်င္ ထိေရာက္စြာ ကုသႏိုင္ပါသည္။

၂၀/ Coronavirus မိသားစုဝင္အမ်ားစုသည္ လူကိုမကူးစက္ႏိုင္ေသာ္လည္း အခ်ိဳ႕ေသာပိုးမ်ားမွာ လူကိုကူးစက္ႏိုင္ပါသည္ ယေန႔အထိ လူကိုကူးစက္ႏိုင္ေသာပိုး ၆ မ်ိဳးရွိၿပီး ယခုပိုးအသစ္ႏွင့္ေပါင္းလွ်င္ ၇ မ်ိဳးရွိပါသည္။

၂၁/ ယခုလို ေရာဂါအသစ္အဆန္း ေပၚေပါက္လာခ်ိန္တြင္ ကိုယ့္ျမန္မာႏိုင္ငံကို ေရာဂါပိုးမဝင္ေရာက္လာႏိုင္ေရးအတြက္ သက္ဆိုင္ရာဌာနအသီးသီးက ေပါင္းစပ္ညႇိႏႈိင္းေဆာင္႐ြက္ေနသလို ျပည္သူလူထု တဦးတစ္ေယာက္ခ်င္း အေနျဖင့္လည္း ပူးေပါင္းပါဝင္ ေဆာင္႐ြက္ရန္လိုအပ္ပါသည္ ။

အျပစ္တင္ ညည္းညဴေနျခင္းျဖင့္ ေက်ာ္လႊားႏိုင္မည္မဟုတ္ပါ ။အားလုံး၏ ဘုံေမွ်ာ္လင့္ခ်က္မွာ ဤေရာဂါဆိုး မိမိႏိုင္ငံတြင္းသို႔ မဝင္ေရာက္ေစေရးသာျဖစ္သည့္အတြက္ ထိုရည္မွန္းခ်က္ ျပည့္မီေစရန္ ျပည္သူလူထု၏ ပူးေပါင္းပါဝင္ အားျဖည့္ေဆာင္႐ြက္မႈသည္ အထူးအေရးပါပါသည္ အမ်ားစုမွာ စိုးရိမ္စိတ္ေၾကာင့္သာ ေျပာဆိုသည္ကို နားလည္ပါသည္ ။

မိမိႏိုင္ငံကို ေရာဂါဆိုးဝင္ေရာက္လာမွာ စိုးရိမ္သည္ကို သိပါသည္ သို႔ေသာ္စိုးရိမ္႐ုံႏွင့္မၿပီးပဲ တဦးတေယာက္ခ်င္းစီက ေမတၱာျဖင့္ ေပါင္းစပ္ပါဝင္ရန္ အေရးႀကီးေၾကာင္း ေမတၱာရပ္ခံလိုပါသည္။

၂၂/ ျပည္သူလူထုအေနျဖင့္ ေရာဂါကူးစက္ျခင္း မျဖစ္ေစရန္ လိုက္နာရမည့္ အဓိကအခ်က္မ်ားမွာ…

– ေခ်ာင္းဆိုးႏွာေခ်လွ်င္ အုပ္ဆိုးျခင္း

– လက္ကို စနစ္တက် မၾကာခဏ ေဆးျခင္း

– လူထူထပ္ရာေနရာ မသြားပဲ ေရွာင္ၾကဥ္ျခင္း

– ေရာဂါရွိသူႏွင့္ ေဝးေဝးေနျခင္း

– တိရစာၦန္မ်ားကို အကာအကြယ္မရွိပဲ ကိုင္တြယ္ျခင္း

– အသားမ်ားကို က်က္ေအာင္ခ်က္ျပဳတ္စားျခင္း

– မိမိကိုယ္ခံအားတက္ေအာင္ တည္ေဆာက္ျခင္း

– နဂိုေရာဂါအခံရွိသူမ်ားအေနျဖင့္ထိေရာက္စြာ ကုသမႈ ခံယူထားျခင္း တို႔ကို ေဆာင္႐ြက္ရန္ လိုအပ္ပါသည္။

၂၃/ ယခုေရာဂါျဖင့္ ေသဆုံးသူအမ်ားစုမွာ အသက္ ၆၅ ႏွစ္အထက္ႏွင့္ နဂိုေရာဂါအခံရွိသူမ်ား အမ်ိဳးသားမ်ား ျဖစ္ၾကသျဖင့္ အသက္ႀကီးသူမ်ားကို အထူးဂ႐ုစိုက္ၾကရန္သတိေပးလိုပါသည္။

၂၄/ ယခုအခ်ိန္အထိ တ႐ုတ္ႏိုင္ငံျပင္ပတြင္ လူမွလူသို႔ ကူးစက္သည့္ သိသာထင္ရွားေသာ အေထာက္အထား မေတြ႕ရွိရေသးေသာ္လည္း တ႐ုတ္ႏိုင္ငံအတြင္းတြင္မူ လူနာ၏မိသားစုဝင္မ်ား က်န္းမာေရးဝန္ထမ္းမ်ားသို႔ ကူးစက္သည္ကို ေတြ႕ေနရသျဖင့္ အထူးသတိထားရန္လိုအပ္ပါသည္။

၂၅/ ရန္ကုန္ေဆး႐ုံႀကီးတြင္ ယခုလ ဇန္နဝါရီ ၂၃ ရက္ေန႔တြင္ တက္ေရာက္ကုသမႈခံယူခဲ့ေသာ အသက္ ၃၀ ဝန္းက်င္တ႐ုတ္အမ်ိဳးသမီးမွာလည္း ဖ်ား အန္ ဗိုက္နာ လကၡဏာျဖင့္ေဆး႐ုံတက္ျခင္းသာျဖစ္ၿပီး ဝူဟန္ၿမိဳ႕ႏွင့္သက္ဆိုင္ျခင္းမရွိပါ ေဆး႐ုံတက္ၿပီး ေနာက္တေန႔ ၂၄ ရက္ေန႔တြင္ ေဆး႐ုံဆင္းၿပီးျဖစ္ပါသည္။

၂၆/ သတင္းအခ်က္အလက္မ်ားကို က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာန website ႏွင့္ Myanmar CDC FB page တို႔တြင္ ဝင္ေရာက္ၾကည့္ရႈႏိုင္ပါသည္။

၂၇/ ထပ္မံသိရွိသည္မ်ားရွိပါကလည္း ဆက္လက္ေဖာ္ျပေပးပါမည္။

Crdit # Khin Khin Gyi

Unicode

“ဝူဟန်ကိုရိုနာဗိုင်းရပ်စ်ရောဂါ နှင့်ပတ်သက်ပြီး မြန်မာနိုင်ငံ ပြည်သူလူထုအနေဖြင့် ရောဂါကူးစက်ခြင်း မဖြစ်စေရန် လိုက်နာရမည့် အဓိကအသိပေးချက်များ”

“ဝူဟန်ကိုရိုနာဗိုင်းရပ်စ်ရောဂါ နှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ ပြည်သူလူထုသို့ အသိပေးချက်များ”

လေယာဉ်ကို ဝင်ခွင့်ပြုရခြင်းနဲ့ အခြားသိသင့်တဲ့အကြောင်းရင်းတွေကတော့…

၁/ WHO က အပြည်ပြည်ဆိုင်ရာ ကူးသန်းသွားလာမှု travel & trade ကို ကန့်သတ်ထားခြင်းမရှိပါဘူး။

၂/ လေဆိပ်ရောက်ရှိ exit မှာ screening လုပ်ဖို့ recommend လုပ်ထားပါတယ်။

၃/ China Eastern လေကြောင်းလိုင်းနဲ့ လိုက်ပါလာတဲ့ ခရီးသည် ၈၅ ဦးနဲ့ လေယာဉ်အမှုထမ်း ၉ ဦးလုံးဟာ thermal scanning မှာ အဖျားမရှိနေပါဘူး ၈၅ ယောက်လုံးကို တခုခုဖြစ်ရင်နီးစပ်ရာကျန်းမာရေးဌာနကိုသတင်းပို့ဖို့ Health advice ပေးထားပါတယ်။

၄/ quarantine လုပ်ဖို့မလိုအပ်တဲ့အတွက်ကြောင့် မလုပ်ပါ သံသယလူနာတွေ့ရင်တော့ လုပ်ပါမည်။

၅/ ရောဂါရဲ့ Incubation Period က ၁၄ ရက်ဖြစ်တဲ့အတွက် thermal scanner မှာ အဖျားမရှိနေပေမဲ့ နောက် ၃-၄ ရက်မှလဲ အဖျားပေါ်လာနိုင်ပါတယ် ဒါပေမဲ့ advisor for Travellers အတွက် သတိပေးချက်မှာ အဖျားရှိလျှင် ချောင်းဆိုးလျှင် ဝူဟန်ကပြန်လာလျှင် အကြောင်းကြားရန်လို့ အသိပေးထားပါတယ်။

၆/ နောက်ပြီးလေယာဉ်က ဝူဟန်ကတိုက်ရိုက်လာတဲ့လေယာဉ်ဖြစ်ပြီး Public transportation မပိတ်ခင်ထွက်လာပြီး မပိတ်ခင် ဆိုက်ရောက်လာတာဖြစ်ပါတယ်။ အခုတော့ China Eastern လေကြောင်းလိုင်းက ၂၄-၁-၂၀၂၀ ကနေ ၂၉-၂-၂၀၂၀ အထိ ပိတ်လိုက်ပါပြီ။

၇/ သံသယလူနာတွေ့ရှိရင်လဲ sample ကို WHO ရဲ့ reference lab ၅ ခုမှာပေးပို့ဖို့ ညှိနှိုင်းပြီးသားပါ ဒါပေမဲ့ အာဆီယံနိုင်ငံ အိမ်နီးချင်းဖြစ်တဲ့ထိုင်းမှာစစ်ဖို့ စီစဉ်ထားပါတယ် ထိုင်းကိုယ်တိုင်လည်း တရုတ်ရဲ့ကူညီမှုနဲ့ စစ်နိုင်တာပါ။

၈/ NHL မှာလဲ လိုအပ်တဲ့ primer & reagent ရရင် စစ်နိုင်တဲ့ capacity ရှိပါတယ်။ သို့သော် ရရှိဖို့က အဆင့်ဆင့်ဖြတ်ရမှာဖြစ်တဲ့အတွက် ကြာမှာစိုးလို့ ဖြစ်ပါတယ်။ ဒါပေမဲ့ လုပ်ဆောင်နေပါတယ်။

၉/ ရောဂါရဲ့ ကူးစက်နိုင်စွမ်းအား infectivity ကလဲ ၁.၅ ကနေ ၂.၅ ပဲရှိပါတယ်။ ဝက်သက်ရောဂါဆိုရင်တောင် ကူးစက်နိုင်စွမ်းက ဆယ်ဆပိုပါတယ် ၁၂-၁၅ ရှိပါတယ်။

၁၀/ သေဆုံးမှုနှုန်းအနေနဲ့ SARS က ၁၀ ရာနှုန်း Ebola က ၄၀ ရာနှုန်း ရာသီတုပ်ကွေးက ၄ ရာနှုန်းနဲ့ ခုလက်ရှိဖြစ်နေတဲ့ ဝူဟန်နမိုးနီးယား ၂၀၁၉ – nCoV က ၄ ရာနှုန်း ဖြစ်တဲ့အတွက် လောလောဆယ် သူ့ရဲ့ သေဆုံးမှုနှုန်း CFR က ရာသီတုပ်ကွေးနဲ့ အတူတူလောက်ပဲ ရှိနေတာကို တွေ့ရမှာဖြစ်ပါတယ်။

၁၁/ မြန်မာနိုင်ငံအနေနဲ့ WHO, US CDC, ASEAN SOMHD, FETN နဲ့ စဉ်ဆက်မပြတ်သတင်းရယူခြင်းနဲ့ လိုအပ်တဲ့ အစီအမံများကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်လျက်ရှိပါတယ်။

၁၂/ ရန်ကုန်လေဆိပ် မန္တလေးလေဆိပ် နေပြည်တော်လေဆိပ်တွေမှာ တပ်ဆင်ထားတဲ့ infrared thermal scanner ဟာ WHO အသိအမှတ်ပြုစက်ဖြစ်ပြီး အခြားသောတိုင်းပြည်များမှာလည်း လက်ရှိအသုံးပြုလျက်ရှိတဲ့စက်ဖြစ်ပါတယ်။ စက်ရဲ့ maintenance ကိုလည်း သက်ဆိုင်ရာကုမ္ပဏီတွေနဲ့ အမြဲမပြတ် စစ်ဆေးနေပါတယ် ။

ရန်ကုန်လေဆိပ်အနေနဲ့ ဖျားနေသူ ၄ ဦး မန္တလေးလေဆိပ်အနေနဲ့ ၂ ဦးရှိကြောင်း စစ်ဆေးတွေ့ရှိရပေမဲ့ သံသယလူနာနဲ့ ကိုက်ညီခြင်းမရှိပါဘူး ။လိုအပ်တဲ့စစ်ဆေးမှုများကို သေချာဆောင်ရွက်ပြီး လိပ်စာများကိုရယူထားပြီး surveillance လုပ်ငန်းကို ပီပြင်အောင်ဆောင်ရွက်လျက်ရှိပါတယ်။

၁၃/ မကြာမီ တရုတ်ကပြန်လာတဲ့ ခရီးသည်တွေကို health declaration card ဖြည့်ဖို့ ပို့ဆောင်ရေးဝန်ကြီးဌာနနဲ့ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နေပါတယ်။

၁၄/ PPE & N95 mask နှင့် လိုအပ်သော အထောက်အပံ့ပစ္စည်းများလည်း အဆင်သင့်ရှိနေပြီး ထပ်မံလိုအပ်သည်များကိုလည်း WHO မှထောက်ပံ့ပေးမည်ဖြစ်ပါတယ်။

၁၅/ လက်ရှိအနေနဲ့ WHO မှ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေ (PHEIC) မသတ်မှတ်သေးပါ သို့သော်လည်း စဉ်ဆက်မပြတ် စောင့်ကြပ်ကြည့်ရှုလျက်ရှိပါသည် ကွင်းဆက်ပြတ်နေသော အချက်များဖြစ်သည့် ရောဂါပိုးမည်သည်က ကူးစက်သည် ဘယ်လောက်ထိလွယ်ကူစွာကူးစက်နိုင်သည် ။

၎င်းရောဂါ၏ ရောဂါလက္ခဏာ နှင့် ဘယ်အတိုင်းအတာထိ ပြင်းထန်နိုင်သည်ကိုလည်း အမြန်ဆုံး ရှာဖွေနိုင်ရန်ကြိုးပမ်းလျက်ရှိပါသည်။

၁၆/ PHEIC လို့ကြေငြာနိုင်ရန် Emergency Committee Meeting ခေါ်ရပါတယ် အဲဒီအစည်းအဝေးမှာ လက်ရှိဖြစ်နေတဲ့ outbreak က သတ်မှတ်ထားတဲ့ definition နဲ့ ကိုက်ညီမှုရှိလား extraordinary & high risk to other countries ရှိနေလား immediate & coordinated global response လိုအပ်လားအပေါ်မူတည်ပြီး ဆုံးဖြတ်ရတာ ဖြစ်ပါတယ်။

၁၇/ ကမ္ဘာပေါ်တွင် IHR 2005 ချမှတ်ပြီးနောက်ပိုင်း PHEIC အဖြစ် declared လုပ်ခဲ့တဲ့ ရောဂါ အကြိမ် (၅) ကြိမ်ရှိခဲ့ပါတယ်။

၁၈/ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနအနေနဲ့ လိုအပ်တဲ့ ပြင်ဆင်ထားရှိမှုများကို ဘက်စုံထောင့်စုံမှ စီစဉ်ဆောင်ရွက်ထားရှိပြီးဖြစ်ပါတယ် ရောဂါထောက်လှမ်းကြည့်ရှုခြင်းကိုလည်း အထူးအားဖြည့် ဆောင်ရွက်လျက်ရှိပါတယ် သံသယလူနာတွေ့ရှိလျှင်လည်း အချိန်နဲ့တပြေးညီ ဆောင်ရွက်မဲ့ အစီအမံများလည်း ထားရှိပြီးဖြစ်ပါတယ်။

၁၉/ ဒီ ဝူဟန် နမိုးနီးယား 2019 nCoV ဟာ virus ပိုးအသစ်ဖြစ်တဲ့အတွက် ကာကွယ်ဆေးမရှိသေးပါ specific treatment လဲ မရှိသေးပါ သို့သော်လည်း ရောဂါဖြစ်လာလျှင် ထိရောက်စွာ ကုသနိုင်ပါသည်။

၂၀/ Coronavirus မိသားစုဝင်အများစုသည် လူကိုမကူးစက်နိုင်သော်လည်း အချို့သောပိုးများမှာ လူကိုကူးစက်နိုင်ပါသည် ယနေ့အထိ လူကိုကူးစက်နိုင်သောပိုး ၆ မျိုးရှိပြီး ယခုပိုးအသစ်နှင့်ပေါင်းလျှင် ၇ မျိုးရှိပါသည်။

၂၁/ ယခုလို ရောဂါအသစ်အဆန်း ပေါ်ပေါက်လာချိန်တွင် ကိုယ့်မြန်မာနိုင်ငံကို ရောဂါပိုးမဝင်ရောက်လာနိုင်ရေးအတွက် သက်ဆိုင်ရာဌာနအသီးသီးက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နေသလို ပြည်သူလူထု တဦးတစ်ယောက်ချင်း အနေဖြင့်လည်း ပူးပေါင်းပါဝင် ဆောင်ရွက်ရန်လိုအပ်ပါသည် ။

အပြစ်တင် ညည်းညူနေခြင်းဖြင့် ကျော်လွှားနိုင်မည်မဟုတ်ပါ ။အားလုံး၏ ဘုံမျှော်လင့်ချက်မှာ ဤရောဂါဆိုး မိမိနိုင်ငံတွင်းသို့ မဝင်ရောက်စေရေးသာဖြစ်သည့်အတွက် ထိုရည်မှန်းချက် ပြည့်မီစေရန် ပြည်သူလူထု၏ ပူးပေါင်းပါဝင် အားဖြည့်ဆောင်ရွက်မှုသည် အထူးအရေးပါပါသည် အများစုမှာ စိုးရိမ်စိတ်ကြောင့်သာ ပြောဆိုသည်ကို နားလည်ပါသည် ။

မိမိနိုင်ငံကို ရောဂါဆိုးဝင်ရောက်လာမှာ စိုးရိမ်သည်ကို သိပါသည် သို့သော်စိုးရိမ်ရုံနှင့်မပြီးပဲ တဦးတယောက်ချင်းစီက မေတ္တာဖြင့် ပေါင်းစပ်ပါဝင်ရန် အရေးကြီးကြောင်း မေတ္တာရပ်ခံလိုပါသည်။

၂၂/ ပြည်သူလူထုအနေဖြင့် ရောဂါကူးစက်ခြင်း မဖြစ်စေရန် လိုက်နာရမည့် အဓိကအချက်များမှာ…

– ချောင်းဆိုးနှာချေလျှင် အုပ်ဆိုးခြင်း

– လက်ကို စနစ်တကျ မကြာခဏ ဆေးခြင်း

– လူထူထပ်ရာနေရာ မသွားပဲ ရှောင်ကြဉ်ခြင်း

– ရောဂါရှိသူနှင့် ဝေးဝေးနေခြင်း

– တိရစ္ဆာန်များကို အကာအကွယ်မရှိပဲ ကိုင်တွယ်ခြင်း

– အသားများကို ကျက်အောင်ချက်ပြုတ်စားခြင်း

– မိမိကိုယ်ခံအားတက်အောင် တည်ဆောက်ခြင်း

– နဂိုရောဂါအခံရှိသူများအနေဖြင့်ထိရောက်စွာ ကုသမှု ခံယူထားခြင်း တို့ကို ဆောင်ရွက်ရန် လိုအပ်ပါသည်။

၂၃/ ယခုရောဂါဖြင့် သေဆုံးသူအများစုမှာ အသက် ၆၅ နှစ်အထက်နှင့် နဂိုရောဂါအခံရှိသူများ အမျိုးသားများ ဖြစ်ကြသဖြင့် အသက်ကြီးသူများကို အထူးဂရုစိုက်ကြရန်သတိပေးလိုပါသည်။

၂၄/ ယခုအချိန်အထိ တရုတ်နိုင်ငံပြင်ပတွင် လူမှလူသို့ ကူးစက်သည့် သိသာထင်ရှားသော အထောက်အထား မတွေ့ရှိရသေးသော်လည်း တရုတ်နိုင်ငံအတွင်းတွင်မူ လူနာ၏မိသားစုဝင်များ ကျန်းမာရေးဝန်ထမ်းများသို့ ကူးစက်သည်ကို တွေ့နေရသဖြင့် အထူးသတိထားရန်လိုအပ်ပါသည်။

၂၅/ ရန်ကုန်ဆေးရုံကြီးတွင် ယခုလ ဇန်နဝါရီ ၂၃ ရက်နေ့တွင် တက်ရောက်ကုသမှုခံယူခဲ့သော အသက် ၃၀ ဝန်းကျင်တရုတ်အမျိုးသမီးမှာလည်း ဖျား အန် ဗိုက်နာ လက္ခဏာဖြင့်ဆေးရုံတက်ခြင်းသာဖြစ်ပြီး ဝူဟန်မြို့နှင့်သက်ဆိုင်ခြင်းမရှိပါ ဆေးရုံတက်ပြီး နောက်တနေ့ ၂၄ ရက်နေ့တွင် ဆေးရုံဆင်းပြီးဖြစ်ပါသည်။

၂၆/ သတင်းအချက်အလက်များကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန website နှင့် Myanmar CDC FB page တို့တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

၂၇/ ထပ်မံသိရှိသည်များရှိပါကလည်း ဆက်လက်ဖော်ပြပေးပါမည်။

Credit # Khin Khin Gyi

Be the first to comment

Leave a Reply

Your email address will not be published.


*