မအူပင္တကၠသိုလ္မွာ ေက်ာင္းသူတစ္ဦး ႏြားလွည္းယာဥ္ျဖင့္ ဘြဲ႕လာယူ

မအူပင္တကၠသိုလ္မွာ ေက်ာင္းသူတစ္ဦး ႏြားလွည္းယာဥ္ျဖင့္ ဘြဲ႕လာယူ

မအူပင္တကၠသိုလ္မွာ ေက်ာင္းသူတစ္ဦး ႏြားလွည္းယာဥ္ျဖင့္ ဘြဲ႕လာယူ

ဧရာဝတီတိုင္းေဒသႀကီး အတြင္းရွိ မအူပင္တကၠသိုလ္ ရဲ႕ ဇန္နဝါရီ (၂၆) ရက္က ျပဳလုပ္ခဲ့တဲ့ (၁၄) ႀကိမ္ေျမာက္ ဘြဲ႕ႏွင္းသဘင္ အခမ္းအနားမွာ တကၠသိုလ္ေက်ာင္းသူ တစ္ဦးဟာ ႏြားလွည္းယာဥ္ နဲ႔ ဘြဲ႕လာယူခဲ့ပါတယ္။

ႏြားလွည္းယာဥ္နဲ႔ ဘြဲ႕လာယူခဲ့သူ ေက်ာင္းသူဟာ မအူပင္ၿမိဳ႕နယ္ ၊ တလုပ္လတ္အေနာက္ေက်း႐ြာကျဖစ္ၿပီး သမိုင္းေမဂ်ာ ဝိဇၨာဘြဲ႕ လာယူတာပဲ ျဖစ္ပါတယ္။
ေတာင္သူလယ္သမား မိသားစုျဖစ္တာေၾကာင့္ အခုလို ႏြားလွည္းယာဥ္နဲ႔ ဘြဲ႕လာယူတာလို႔ အဲဒီ သမိုင္းေမဂ်ာ ဝိဇၨာဘြဲ႕ ရရွိသူ မမင္းမင္းခိုင္က အခုလိုေျပာပါတယ္။

“အဘိုး၊ အဘြားေတြကလည္း ေတာင္ယာလုပ္တဲ့ အတြက္ ျမန္မာေတာင္သူလယ္သမား သား၊ သမီး ပီပီ လွည္းယာဥ္ နဲ႔ တက္ခ်င္လို႔ လာေရာက္တက္ျဖစ္တာပါ။ စိတ္ထဲမွာေပ်ာ္ပါတယ္” လို႔ မမင္းမင္းခိုင္က ေျပာပါတယ္။

အခု လို ႏြားလွည္းယာဥ္ နဲ႔ ဘြဲ႕ႏွင္းသဘင္အခမ္းအနားကို တက္ေရာက္တာမ်ိဳးဟာ မအူပင္တကၠသိုလ္အတြက္ ပထမဆုံးအႀကိမ္ ျဖစ္ၿပီး တကၠသိုလ္ ပါေမာကၡခ်ဳပ္အပါအဝင္ တကၠသိုလ္ ဆရာ၊ ဆရာမေတြကလည္း အမွတ္တရ ဓာတ္ပုံေတြ အတူ႐ိုက္ခဲ့ၾကပါတယ္။

ယခုလို ႏြားလွည္းယာဥ္နဲ႔ ဘြဲ႕ႏွင္းသဘင္အခမ္းအနား တက္ေရာက္တာ နဲ႔ ပတ္သက္ၿပီး မအူပင္တကၠသိုလ္ရဲ႕ သမိုင္းဌာန ဌာနမႉး ပါေမာကၡေဒၚတင္တင္လွ အခုလိုေျပာပါတယ္။

“အ ခု လို ျမန္မာ့႐ိုးရာယာဥ္ေက်းမႈနဲ႔အညီ သမိုင္းဘာသာရပ္လည္း ျဖစ္တဲ့ အတြက္ ဒီဟာမ်ိဳးလုပ္ျခင္းဟာ အရမ္းကို ဂုဏ္ယူပါတယ္။ ပထမဆုံး အႀကိမ္လည္း ျဖစ္တယ္။ သမိုင္းဌာနကလည္း ျဖစ္တယ္။ သမိုင္းတြင္က်န္ရစ္မွာလည္း ျဖစ္တဲ့အတြက္ ဂုဏ္ယူပါတယ္” လို႔ ပါေမာကၡ ေဒၚတင္တင္လွ က ေျပာပါတယ္။

မအူပင္တကၠသိုလ္ကို (၂၀၀၃) ခုႏွစ္ မွာ စတင္ဖြင့္လွစ္တာျဖစ္ၿပီး အခု (၁၄) ႀကိမ္ေျမာက္ ဘြဲ႕ႏွင္းသဘင္အခမ္းအနားမွာ ဘြဲ႕ရရွိသူ ေက်ာင္းသား၊ ေက်ာင္းသူ (၂၈၂) ဦး ရွိပါတယ္။

သတင္း – ေမာင္ခ်စ္ဦး (ပန္းတေနာ္)

Unicode

မအူပင်တက္ကသိုလ်မှာ ကျောင်းသူတစ်ဦး နွားလှည်းယာဉ်ဖြင့် ဘွဲ့လာယူ

ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ မအူပင်တက္ကသိုလ် ရဲ့ ဇန်နဝါရီ (၂၆) ရက်က ပြုလုပ်ခဲ့တဲ့ (၁၄) ကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားမှာ တက္ကသိုလ်ကျောင်းသူ တစ်ဦးဟာ နွားလှည်းယာဉ် နဲ့ ဘွဲ့လာယူခဲ့ပါတယ်။

နွားလှည်းယာဉ်နဲ့ ဘွဲ့လာယူခဲ့သူ ကျောင်းသူဟာ မအူပင်မြို့နယ် ၊ တလုပ်လတ်အနောက်ကျေးရွာကဖြစ်ပြီး သမိုင်းမေဂျာ ဝိဇ္ဇာဘွဲ့ လာယူတာပဲ ဖြစ်ပါတယ်။
တောင်သူလယ်သမား မိသားစုဖြစ်တာကြောင့် အခုလို နွားလှည်းယာဉ်နဲ့ ဘွဲ့လာယူတာလို့ အဲဒီ သမိုင်းမေဂျာ ဝိဇ္ဇာဘွဲ့ ရရှိသူ မမင်းမင်းခိုင်က အခုလိုပြောပါတယ်။

“အဘိုး၊ အဘွားတွေကလည်း တောင်ယာလုပ်တဲ့ အတွက် မြန်မာတောင်သူလယ်သမား သား၊ သမီး ပီပီ လှည်းယာဉ် နဲ့ တက်ချင်လို့ လာရောက်တက်ဖြစ်တာပါ။ စိတ်ထဲမှာပျော်ပါတယ်” လို့ မမင်းမင်းခိုင်က ပြောပါတယ်။

အခု လို နွားလှည်းယာဉ် နဲ့ ဘွဲ့နှင်းသဘင်အခမ်းအနားကို တက်ရောက်တာမျိုးဟာ မအူပင်တက္ကသိုလ်အတွက် ပထမဆုံးအကြိမ် ဖြစ်ပြီး တက္ကသိုလ် ပါမောက္ခချုပ်အပါအဝင် တက္ကသိုလ် ဆရာ၊ ဆရာမတွေကလည်း အမှတ်တရ ဓာတ်ပုံတွေ အတူရိုက်ခဲ့ကြပါတယ်။

ယခုလို နွားလှည်းယာဉ်နဲ့ ဘွဲ့နှင်းသဘင်အခမ်းအနား တက်ရောက်တာ နဲ့ ပတ်သက်ပြီး မအူပင်တက္ကသိုလ်ရဲ့ သမိုင်းဌာန ဌာနမှူး ပါမောက္ခဒေါ်တင်တင်လှ အခုလိုပြောပါတယ်။

“အ ခု လို မြန်မာ့ရိုးရာယာဉ်ကျေးမှုနဲ့အညီ သမိုင်းဘာသာရပ်လည်း ဖြစ်တဲ့ အတွက် ဒီဟာမျိုးလုပ်ခြင်းဟာ အရမ်းကို ဂုဏ်ယူပါတယ်။ ပထမဆုံး အကြိမ်လည်း ဖြစ်တယ်။ သမိုင်းဌာနကလည်း ဖြစ်တယ်။ သမိုင်းတွင်ကျန်ရစ်မှာလည်း ဖြစ်တဲ့အတွက် ဂုဏ်ယူပါတယ်” လို့ ပါမောက္ခ ဒေါ်တင်တင်လှ က ပြောပါတယ်။

မအူပင်တက္ကသိုလ်ကို (၂၀၀၃) ခုနှစ် မှာ စတင်ဖွင့်လှစ်တာဖြစ်ပြီး အခု (၁၄) ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားမှာ ဘွဲ့ရရှိသူ ကျောင်းသား၊ ကျောင်းသူ (၂၈၂) ဦး ရှိပါတယ်။

သတင်း – မောင်ချစ်ဦး (ပန်းတနော်)

Be the first to comment

Leave a Reply

Your email address will not be published.


*