သားသားမီးမီးမ်ား အတြက္ လက္ေတြ႕တိုင္းရင္း ေဆးနည္းမ်ား
ယခုလို ရာသီးဥတုအကူးအေျပာင္းမွာကေလးငယ္
မ်ားကို ဂရုစိုက္ၿကပါ ။ ။
#ကေလးနွာစီး
ကြမ္းရြက္အေပါက္ေဖါက္ မီးနည္းျပျပီး အုန္းဆီးလူးျပီး ခေလးငယ္ထိပ္ကပ္ေပးပါ ။
မုန္႔ညႇင္းဆီကို ေျခဖုဝါးမွာလူးေပးပါ မုန္ညႇင္းဆီမရွိရင္ ေရနံဆီလူးေပးပါ ။
နံသာျဖဴေသြးၿပီးႏွာေခါင္းၾကာင္းေပးငယ္ထိပ္လိမ္းေပး သက္သာပါတယ္ ။
မွတ္ခ်က္ –
ကြမ္းရြက္ကိုေရစင္ျကယ္စြာေဆးပါ
#ကေလးေခ်ာင္းဆိုး
-ခေရပြင့္အစိုတက်ပ္ရွစ္ပဲသား။ေရသံုးမတ္သားနွင့္တညလံုးစိမ္၍မနက္မိုးလင္းလ်ွင္ထိုစိမ္ရည္ကိုစစ္၍ကေလးအားတိုက္ပါဤနည္းျဖင့္ခုနွစ္ရက္ခန္႔ဆက္၍တိုက္ေသာ္ကေလးမ်ားေခ်ာင္းဆိုးေပ်ာက္၏ ။
#မကၡရုနာ
– ခေရေခါက္။ဆီးျဖဴေခါက္ရွားေခါက္တို႔ကိုျပဳတ္၍ေန႕အခါတြင္ေလးငါးခါမ်ွငံု၍ေထြးပစ္ျခင္းျဖင့္မကၡရုနာ ေပ်ာက္၏ ။ ။
#ကေလးခြ်ဲက်ေဆး
– ရက္သား/လသားအရြယ္ ကေလး ခြ်ဲၾကပ္ပါက ကြမ္းရြက္ မ်က္နွာျပင္ အေခ်ာဘက္ကို ဆားအနည္းငယ္ သုတ္ လိမ္းပါ။ ေလးညႇင္းပြင့္ တစ္ပြင့္ ထည့္ျပီး မိခင္စားပါ နို႔စို႔ကေလး ခြ်ဲက်သည္။
(တစ္နည္း)
– ျမင္းခါြရြက္ သတၱဳရည္ကို လက္ဖက္ရည္ဇြန္းငယ္ တစ္ဇြန္း တိုက္ပါက သလိပ္က်၏။ သလိပ္နွင့္ ပတ္သက္ သမ်ွ ေကာင္း၏။
(တစ္နည္း)
– ေက်ာပူ/ ေခါင္းပူျဖစ္ျခင္း (သို႔) ခြ်ဲထျခင္း အတြက္ ႀကိတ္မွန္ရြက္၊ ေခြးေသးပန္းတြင္ ရွိန္းခို အနည္းငယ္ ထည့္ျပီး ႀကိတ္။ ၎အရည္ကို ငယ္ထိပ္မွ ေန၍ လိမ္းေပးပါ။ ။
#ေက်ာက္/ဝက္သက္/ေရေက်ာက္/ပဲသီတာေပါက္ျခင္း/ေညွာ္န႔ံဝင္ျခင္း
-အထက္ပါ ႀကိတ္မွန္ရြက္၊ ေခြးေသးပန္းရြက္၊ ရွိန္းခို အနည္းငယ္ ထည့္ႀကိတ္ျပီး အရည္အနွစ္ကို မိခင္ နို႔ရည္ နွင့္ ေဖ်ာ္ျပီး ကေလးကို အနည္းငယ္စီ တိုက္ေပးပါ။
( တစ္နည္း )
(သို႔) မိခင္နို႔အုံကို သုတ္လိမ္း၍ ကေလးကို နို႔တိုက္ပါ။ ေပ်ာက္ကင္း၏။ တစ္ပတ္ခန္႔ ျပဳလုပ္ပါ။ ။
#ကေလးတက္ျခင္း
– ရက္/လသားအရြယ္ ကေလးတက္ေသာ္ ၾကက္သြန္နီ တစ္ဥအား အထက္ေအာက္ျဖတ္၍ ကေလးငယ္၏ ငယ္ထိပ္ေပၚ တင္။ မီးေျပာင္းနွင့္ မႈတ္ခ်လိုက္သလိုတစ္အား မႈတ္ခ်လိုက္ပါ။ အတက္က်သြား ပါမည္။
(တစ္နည္း)
– ဗုဒၶံ သရဏံပင္ ရိုးနီ/ ရြက္နီ (ပင္ရိုင္း) အပြင့္နီ၏ ဥကို ေက်ာက္ပ်ဥ္မွာ ေသြးပါ။ လူႀကီး လက္ဖဝါး နွစ္ဘက္မွာ ပြတ္၍ ကေလး ဦးေခါင္းမွစျပီး အနံ႔ရေအာင္ အုပ္ေပးပါ။ လိမ္းရန္မလို။ အတက္ ခ်က္ျခင္း က်မည္။
( တနည္း)
– ရွဥ့္မတက္ဥကို အိမ္သုံးဆား အနည္းငယ္နွင့္ ေက်ာက္ပ်ဥ္မွာ ခပ္ပ်စ္ပ်စ္ေသြးျပီး တက္ေနေသာ ကေလးငယ္ကို ေကာ္ဖီဇြန္း တဇြန္းတိုက္ေပးပါ။
( ၃ ) ( ၄ ) ႀကိမ္တိုက္ေပးပါက ကေလးငယ္ အတက္ေရာဂါ တစ္သက္လုံးေပ်ာက္ကင္း သြားမည္ ။ ။
#ကေလးငယ္အူက် ( ေဘာေရာင္ )
– ခရမ္းသီးအေနေတာ္တစ္လုံးကို လူႀကီးမွကိုင္၍ အသက္ေအာင့္ျပီး ၇ ခ်က္ ကေလးငယ္ ေရာင္ေနေသာ ေဘာကိုတို႔ျပီး မီးဖိုအေပၚ ျကိုးျဖင့္ခ်ီျပီးခ်ိပ္ဆြဲထားေပးပါ ။
ခရမ္းသီးရွံဳ႕လ်ွင္ ေရာင္ေနေသာ ေဘာမွာ မိေမြးတိုင္းျပန္ေကာင္းသြားပါမည္ ။ ။
#ကေလးထိတ္လန္႔ျခင္း
– ကေလးငယ္ေလးမ်ား ထိတ္လန္႔ တတ္ပါက က်ားရိုး အစစ္အား ေသြး၍ လ်ွာ၌ ပြတ္ေပးပါက ထိတ္လန္႔ျခင္း ကင္းေဝးေစပါ၏။ ။
#ဆီးခ်ဳပ္ျခင္း
– ကေလးငယ္ ဆီးခ်ဳပ္ေသာ္ မီးဖုတ္ထားေသာ ၾကက္သြန္နီကို ခဲြ၍ ဆီးအိမ္ေပၚ၌ ပူပူေႏြးေႏြး ကပ္ေပး ခ့ဲေသာ္ ကေလး ဆီးခ်ဳပ္ျခင္း ေပ်ာက္ကင္းပါ၏။ ။
#သူငယ္နာကင္းရန္/ ေလဆန္နာ
– ဖီးၾကမ္း ငွက္ေပ်ာသီးကို အခြံပါ မီးဖုတ္၍ အသားကို ေကြ်းေပးပါ။ (သို႔) မိခင္က ႀကိတ္မွန္ရြက္ကို ငါးၾကင္းသား နွင့္ ဟင္းခ်က္စားပါ။ ။
#ကေလးငယ္မ်ား ဇက္ေစာင္း/ေခါင္းယိုင္ျခင္း
– လသား/ နွစ္သားအရြယ္ ကေလးမ်ား ဇက္ေစာင္း/ေခါင္းယိုင္ျခင္း ျဖစ္ပါက အေရွ႕ေတာင္ဘက္သို႔ ထြက္ ေသာ ဇီးကိုင္းကို ခုတ္၍ အပင္ေအာက္၌ ထမင္းခ်က္ ေယာင္းမ ပုံစံတစ္ခု ခုတ္ပိုင္း ယူေဆာင္ပါ။
ယာဘက္သို႔ လည္ပင္းနွင့္ ေခါင္းယိုင္ပါက ဘယ္ဘက္ ပခုံးေပၚသို႔ ေယာင္းမဖ်ားတင္ကာ နာရီဝက္ခန္႔ အသင့္အတင့္ ဖိနွိပ္ ေပးပါ။
ဘယ္ဘက္သို႔ လည္ပင္း ေခါင္းယိုင္ပါက အထက္ပါ အတိုင္း ယာ ပခုံးေပၚတင္၍ ျပဳလုပ္ေပးပါ။
– ေန႔လည္ (၁၂) နာရီတိတိတြင္ ေဆာင္ရြက္ေပးပါက ပိုမို အက်ိဳး သက္ေရာက္ပါသည္။
တစ္ပတ္ခန္႔ ျပဳလုပ္ေပးပါ က ဇက္ေစာင္းျခင္း/ ေခါင္းယိုင္ျခင္း မျဖစ္ေတာ့ပါ ။
#ကေလးခြ်ဲထေပ်ာက္ ေဆးနည္း
– ျမင္းခြာရြက္သတၱဳရည္ကို လက္ဖက္ရည္ဇြန္းငယ္ တစ္ဇြန္းခန္႕ တုိက္ပါ။ ခြ်ဲ သလိပ္မ်ား က်ဆင္းပါသည္။
(တစ္နည္း)
– ၾကိတ္မွတ္ရြက္၊ ေခြးေသးပန္းရြက္တုိ႔တြင္ ရွိန္းခိုးအနည္းငယ္ထည့္၍ ၾကိတ္ျပီးအရည္ကို ငယ္ထိမ္မွေန၍ ရင္ဘတ္အထိ လူးေပးပါ။ ။
#ကေလးဆီးေရာဂါေပ်ာက္ ေဆးနည္း
– ၾကက္သြန္နီကို မီးဖုတ္၍ ခြဲျပီး ဆီးအိမ္ေပၚ၌ ပူပူေႏြးေႏြးကပ္ေပးပါ။ ကေလး ဆီးခ်ဳပ္ေပ်ာက္၏။
(တစ္နည္း)
– ကေလးဆီးေအာင့္လွ်င္ ဒန္႕ကြ်ဲပင္အျမစ္ကို ဆန္ေဆးရည္ႏွင့္ ေသြး၍ ရင္ညႊန္႕ကစျပီး ဆီးစပ္အထိ လိမ္းေပးပါ။
(တစ္နည္း)
– လိပ္ေက်ာက္ျမီးကို ေရႏွင့္ေသြး၍ ခ်က္ေအာက္မွ ဆီးစပ္အထိ လိမ္းေပးပါ။ ။
#ကေလးထိပ္အံု ေဆးနည္း
– ပန္းညိဳရြက္၊ လင္းေလးရြက္၊ ကြမ္းရြက္၊ ကုလားပင္စိမ္းရြက္၊ ပင့္ကူေျမွးထည့္၍ၾကိတ္ျပီး ႏွမ္း္ဆီႏွင့္ေဖ်ာ္၍ ထိပ္မွာအံုေပးပါ။ ႏွာေစး ေခ်ာင္းဆုိ ေပ်ာက္ကင္း၏။ ။
#ကေလးႏုိ႕မ်က္ေပ်ာက္ ေဆးနည္း
– ဖီးၾကမ္းငွက္ေပ်ာ္သီးအလံုးကို မီးဖုတ္၍ အခြံခြာျပီး အသားကို ေကြ်းပါ၊ အားလည္းရွိ ေစသည္။ ။
#ကေလးသူငယ္နာကင္းရန္ ေဆးနည္း
– ငွက္ေပ်ာသီးကို မီးဖုန္၍ မၾကာခဏ ေကြ်းေပးပါ။ ။
#ကေလးသန္က် ေဆးနည္း
– ေဆးရြက္ၾကီးကို ေရဆြတ္၍ ကေလးဗုိက္ေပၚမွာ စည္းထားေပးပါ။ ။
#ႀကက္ညွာေခ်ာင္းဆုိးေပ်ာက္ ေဆးနည္း
– ၾကက္သြန္ျဖဴကို ေထာင္းထု၍ ႏွမ္းဆီႏွင့္ သမေအာင္နယ္ျပီး ရင္ဘတ္ႏွင့္ေက်ာကို လိမ္းက်ံေပးပါ။
ေျခဖ၀ါးကို ၾကိတ္နယ္ထားေသာ အဖတ္မ်ားျဖင့္ ကပ္ျပီး ပတ္တီးစည္းထားေပးပါ။ ။
#ႀကက္ညွာ ေဆးနည္း
– ဟင္းႏုနယ္ျပာ၊ ထန္းႏို႕ျပာ၊ ၎ႏွစ္မ်ိဳးကို ဆီးကင္းခန္႕ တုိက္ေကြ်းပါ။ ။
#ကင္းကိုက္ ကင္းဆိပ္ႏုိင္ ေဆးနည္း
– ကေဆာ့ျမစ္ကိုျဖစ္ေစ၊ ေၾကာင္ပန္းျမစ္ကိုျဖစ္ေစ၊ သမန္းျမက္ကိုျဖစ္ေစ၊ ေပါင္းျမက္ကိုျဖစ္ေစ ရရာကို ညက္စြာ၀ါး၍ နား၌ သုတ္လိမ္းေပးပါ ။
ကင္းဆိပ္မ်ိဳးႏုိင္၏။ ကင္းကိုက္ေပ်ာက္ကင္း၏။
(တစ္နည္း)
– သေျပရြက္ကိုၾကိတ္၍ အရည္ကို ကင္းကိုက္ခံရေသာေနရာတြင္ လူးေပးပါ။
(တစ္နည္း)
– မန္က်ည္းေစ့ကို ေသြး၍ လိမ္းေပးပါက ေပ်ာက္၏။
(တစ္နည္း)
– ျမင္းခြာရြက္သတၱဳရည္ႏွင့္ကင္းကိုက္ေသာ ေနရာအား လိမ္းေပးပါ။
(တစ္နည္း)
– ေခြးေလွးယားသီး အေစ့ကို ၾကီတ္၍ ကင္းကိုက္ခံရေသာ ေနရာအား လိမ္းေပးပါ။
(တစ္နည္း)
– မန္က်ည္းရြက္ကို ၾကိတ္၍ အံုေပးပါ။
(တစ္နည္း)
– ငျဖဴၾကီးျမစ္ကို ေသြး၍ ကင္းကိုက္ခံရေသာေနရာအား လိမ္းေပးပါ။
(တစ္နည္း)
– တမာရြက္ကို ၾကိတ္၍ အံုေပးပါ။
(တစ္နည္း)
– ကင္းျမီးေကာက္ကိုက္ပါက တမာပြင့္ကို ရူေပးပါ။
(တစ္နည္း)
– ေၾကးဖလားကို ကင္းကိုက္ခံရသူၾကားေအာင္ တီးေပးပါ။ (တစ္နည္း)
#က်ပ္တီးနာေပ်ာက္ ေဆးနည္း
– လည္ပင္းတြင္ အဖုအေစ့ ကေလးမ်ားအျဖစ္ ေပါက္ေသာ က်ပ္တီးနာကို ျမန္မာကုကၠိဳေစ့ ၾကိတ္၍ လိမ္းေပးပါ။ ။
#ၾကြက္ႏုိ႕ေပ်ာက္ ေဆးနည္း
– ခ်င္းတက္ကို ထိပ္ဘက္မွ ဓားျဖင့္လွီးပါ။
ထိပ္ကို ထံုးအနည္းငယ္ျဖင့္တုိ႔ျပီး ၾကြက္ႏုိ႕ေပၚမွာတျဖည္းျဖည္းခ်င္း ခ်င္းတက္ျဖင့္ ပြတ္ေပးပါ။
ၾကြက္ႏုိ္႕ ပါသြားပါလိမ့္မည္။ ။
#ကိုယ္ေရာင္ေရာဂါေပ်ာက္ ေဆးနည္း
– ခံတက္ေခါက္၊ ေဖ်ာက္ဆိတ္ျမစ္၊ နႏြင္းစိမ္း ၎ေဆးသံုးပါးကို အညီအမွ် ေသြး၍ လိမ္းေပးပါ။ (တစ္နည္း)
– နန္းလံုးၾကိဳင္ျမစ္၊ ငရံ႕ပတူျမစ္၊ ဘုမၼရာဇာျမစ္၊ ပဲစင္းငံုျမစ္၊ ၎ေဆးေလးပါးကို ေတာအရက္ျဖင့္ ေသြးလိမ္းေပးပါ။
#ေက်ာပူေခါင္းပူထ ေဆးနည္း
– ၾကိတ္မွန္ရြက္၊ ေခြးေသးပနး္ရြက္ ရွိန္းခိုအနည္းငယ္ထည့္၍ ၾကိတ္၍ အရည္ကို ငယ္ထိပ္မွေန၍ ေအာက္သို႔ လူးေပးပါ။ ။
#ႀကက္မ်က္သင့္ေရာဂါေပ်ာက္ ေဆးနည္း
– ၾကက္သြန္နီအရည္တြင္ ဆားအနည္းငယ္ထည့္၍ မ်က္စဥ္းခတ္ေပးပါ။
(တစ္နည္း)
– တမာရြက္ သတၱဳရည္ ႏွစ္က်ပ္ခြဲသားကို နံနက္ေစာေစာ ေန႕စဥ္ေသာက္ေပးပါ၊ ရက္မၾကာခင္ ေပ်ာက္ကင္းပါလိမ့္မည္။
(တစ္နည္း)
– ေလညွင္းကို ဆိန္က်င္ငယ္ရည္ျဖင့္ ေသြး၍ မ်က္စဥ္းခတ္ေပးပါ။ ။
#က်င္ငယ္တစ္စက္တစ္စက္က်ေရာဂါေပ်ာက္ ေဆးနည္း
– ဆီးျဖဴသီးျပဳတ္ရည္ကို ပ်ားရည္ႏွင့္ ေသာက္ပါ။ ။
#ကြ်ဲအသားမာေပ်ာက္ ေဆးနည္း
– ထမင္းႏွင့္ ဆားကိုၾကိတ္၍ မီးဖုန္ျပီး အံုထားေပးပါ။
(တစ္နည္း)
– ေျပာင္းဖူးေစ့ကို ၾကိတ္ျပီး အမူန္႕လုပ္ပါ။ ၎အမူန္႕ကို ဆားအနညး္ငယ္ထည့္၍ ေဖ်ာ္ျပီး လိမ္းေပးပါ။ အနာေပၚတြင္ ပိန္းရြက္အံုးေပးပါ။
👶သားသားမီးမီးမ်ားအားလုံး က်န္းမာႀကပါေစ📲📲
တိုင္းရင္းေဆးက်မ္းမွထုတ္နုတ္ေဖၚျပပါသည္။ ။
ျပန္လည္မွ်ေဝပါသည္ ။ ။
Credit # Sai Min Thant
Unicode
သားသားမီးမီးများအတွက် လက်တွေ့တိုင်းရင်း ဆေးနည်းများ
ယခုလိုရာသီးဥတုအကူးအပြောင်းမှာကလေးငယ်
များကိုဂရုစိုက်ကြပါ ။ ။
#ကလေးနှာစီး
ကွမ်းရွက်အပေါက်ဖေါက် မီးနည်းပြပြီး အုန်းဆီးလူးပြီး ခလေးငယ်ထိပ်ကပ်ပေးပါ ။
မုန့်ညှင်းဆီကို ခြေဖုဝါးမှာလူးပေးပါ မုန်ညှင်းဆီမရှိရင် ရေနံဆီလူးပေးပါ ။
နံသာဖြူသွေးပြီးနှာခေါင်းကြာင်းပေးငယ်ထိပ်လိမ်းပေး သက်သာပါတယ် ။
မှတ်ချက် –
ကွမ်းရွက်ကိုရေစင်ကြယ်စွာဆေးပါ
#ကလေးချောင်းဆိုး
-ခရေပွင့်အစိုတကျပ်ရှစ်ပဲသား။ရေသုံးမတ်သားနှင့်တညလုံးစိမ်၍မနက်မိုးလင်းလျှင်ထိုစိမ်ရည်ကိုစစ်၍ကလေးအားတိုက်ပါဤနည်းဖြင့်ခုနှစ်ရက်ခန့်ဆက်၍တိုက်သော်ကလေးများချောင်းဆိုးပျောက်၏ ။
#မက္ခရုနာ
– ခရေခေါက်။ဆီးဖြူခေါက်ရှားခေါက်တို့ကိုပြုတ်၍နေ့အခါတွင်လေးငါးခါမျှငုံ၍ထွေးပစ်ခြင်းဖြင့်မက္ခရုနာ ပျောက်၏ ။ ။
#ကလေးချွဲကျဆေး
– ရက်သား/လသားအရွယ် ကလေး ချွဲကြပ်ပါက ကွမ်းရွက် မျက်နှာပြင် အချောဘက်ကို ဆားအနည်းငယ် သုတ် လိမ်းပါ။ လေးညှင်းပွင့် တစ်ပွင့် ထည့်ပြီး မိခင်စားပါ နို့စို့ကလေး ချွဲကျသည်။
(တစ်နည်း)
– မြင်းခါွရွက် သတ္တုရည်ကို လက်ဖက်ရည်ဇွန်းငယ် တစ်ဇွန်း တိုက်ပါက သလိပ်ကျ၏။ သလိပ်နှင့် ပတ်သက် သမျှ ကောင်း၏။
(တစ်နည်း)
– ကျောပူ/ ခေါင်းပူဖြစ်ခြင်း (သို့) ချွဲထခြင်း အတွက် ကြိတ်မှန်ရွက်၊ ခွေးသေးပန်းတွင် ရှိန်းခို အနည်းငယ် ထည့်ပြီး ကြိတ်။ ၎င်းအရည်ကို ငယ်ထိပ်မှ နေ၍ လိမ်းပေးပါ။ ။
#ကျောက်/ဝက်သက်/ရေကျောက်/ပဲသီတာပေါက်ခြင်း/ညှော်နံ့ဝင်ခြင်း
-အထက်ပါ ကြိတ်မှန်ရွက်၊ ခွေးသေးပန်းရွက်၊ ရှိန်းခို အနည်းငယ် ထည့်ကြိတ်ပြီး အရည်အနှစ်ကို မိခင် နို့ရည် နှင့် ဖျော်ပြီး ကလေးကို အနည်းငယ်စီ တိုက်ပေးပါ။
( တစ်နည်း )
(သို့) မိခင်နို့အုံကို သုတ်လိမ်း၍ ကလေးကို နို့တိုက်ပါ။ ပျောက်ကင်း၏။ တစ်ပတ်ခန့် ပြုလုပ်ပါ။ ။
#ကလေးတက်ခြင်း
– ရက်/လသားအရွယ် ကလေးတက်သော် ကြက်သွန်နီ တစ်ဥအား အထက်အောက်ဖြတ်၍ ကလေးငယ်၏ ငယ်ထိပ်ပေါ် တင်။ မီးပြောင်းနှင့် မှုတ်ချလိုက်သလိုတစ်အား မှုတ်ချလိုက်ပါ။ အတက်ကျသွား ပါမည်။
(တစ်နည်း)
– ဗုဒ္ဓံ သရဏံပင် ရိုးနီ/ ရွက်နီ (ပင်ရိုင်း) အပွင့်နီ၏ ဥကို ကျောက်ပျဉ်မှာ သွေးပါ။ လူကြီး လက်ဖဝါး နှစ်ဘက်မှာ ပွတ်၍ ကလေး ဦးခေါင်းမှစပြီး အနံ့ရအောင် အုပ်ပေးပါ။ လိမ်းရန်မလို။ အတက် ချက်ခြင်း ကျမည်။
( တနည်း)
– ရှဉ့်မတက်ဥကို အိမ်သုံးဆား အနည်းငယ်နှင့် ကျောက်ပျဉ်မှာ ခပ်ပျစ်ပျစ်သွေးပြီး တက်နေသော ကလေးငယ်ကို ကော်ဖီဇွန်း တဇွန်းတိုက်ပေးပါ။
( ၃ ) ( ၄ ) ကြိမ်တိုက်ပေးပါက ကလေးငယ် အတက်ရောဂါ တစ်သက်လုံးပျောက်ကင်း သွားမည် ။ ။
#ကလေးငယ်အူကျ ( ဘောရောင် )
– ခရမ်းသီးအနေတော်တစ်လုံးကို လူကြီးမှကိုင်၍ အသက်အောင့်ပြီး ၇ ချက် ကလေးငယ် ရောင်နေသော ဘောကိုတို့ပြီး မီးဖိုအပေါ် ကြိုးဖြင့်ချီပြီးချိပ်ဆွဲထားပေးပါ ။
ခရမ်းသီးရှုံ့လျှင် ရောင်နေသော ဘောမှာ မိမွေးတိုင်းပြန်ကောင်းသွားပါမည် ။ ။
#ကလေးထိတ်လန့်ခြင်း
– ကလေးငယ်လေးများ ထိတ်လန့် တတ်ပါက ကျားရိုး အစစ်အား သွေး၍ လျှာ၌ ပွတ်ပေးပါက ထိတ်လန့်ခြင်း ကင်းဝေးစေပါ၏။ ။
#ဆီးချုပ်ခြင်း
– ကလေးငယ် ဆီးချုပ်သော် မီးဖုတ်ထားသော ကြက်သွန်နီကို ခွဲ၍ ဆီးအိမ်ပေါ်၌ ပူပူနွေးနွေး ကပ်ပေး ခဲ့သော် ကလေး ဆီးချုပ်ခြင်း ပျောက်ကင်းပါ၏။ ။
#သူငယ်နာကင်းရန်/ လေဆန်နာ
– ဖီးကြမ်း ငှက်ပျောသီးကို အခွံပါ မီးဖုတ်၍ အသားကို ကျွေးပေးပါ။ (သို့) မိခင်က ကြိတ်မှန်ရွက်ကို ငါးကြင်းသား နှင့် ဟင်းချက်စားပါ။ ။
#ကလေးငယ်များ ဇက်စောင်း/ခေါင်းယိုင်ခြင်း
– လသား/ နှစ်သားအရွယ် ကလေးများ ဇက်စောင်း/ခေါင်းယိုင်ခြင်း ဖြစ်ပါက အရှေ့တောင်ဘက်သို့ ထွက် သော ဇီးကိုင်းကို ခုတ်၍ အပင်အောက်၌ ထမင်းချက် ယောင်းမ ပုံစံတစ်ခု ခုတ်ပိုင်း ယူဆောင်ပါ။
ယာဘက်သို့ လည်ပင်းနှင့် ခေါင်းယိုင်ပါက ဘယ်ဘက် ပခုံးပေါ်သို့ ယောင်းမဖျားတင်ကာ နာရီဝက်ခန့် အသင့်အတင့် ဖိနှိပ် ပေးပါ။
ဘယ်ဘက်သို့ လည်ပင်း ခေါင်းယိုင်ပါက အထက်ပါ အတိုင်း ယာ ပခုံးပေါ်တင်၍ ပြုလုပ်ပေးပါ။
– နေ့လည် (၁၂) နာရီတိတိတွင် ဆောင်ရွက်ပေးပါက ပိုမို အကျိုး သက်ရောက်ပါသည်။
တစ်ပတ်ခန့် ပြုလုပ်ပေးပါ က ဇက်စောင်းခြင်း/ ခေါင်းယိုင်ခြင်း မဖြစ်တော့ပါ ။
#ကလေးချွဲထပျောက် ဆေးနည်း
– မြင်းခွာရွက်သတ္တုရည်ကို လက်ဖက်ရည်ဇွန်းငယ် တစ်ဇွန်းခန့် တိုက်ပါ။ ချွဲ သလိပ်များ ကျဆင်းပါသည်။
(တစ်နည်း)
– ကြိတ်မှတ်ရွက်၊ ခွေးသေးပန်းရွက်တို့တွင် ရှိန်းခိုးအနည်းငယ်ထည့်၍ ကြိတ်ပြီးအရည်ကို ငယ်ထိမ်မှနေ၍ ရင်ဘတ်အထိ လူးပေးပါ။ ။
#ကလေးဆီးရောဂါပျောက် ဆေးနည်း
– ကြက်သွန်နီကို မီးဖုတ်၍ ခွဲပြီး ဆီးအိမ်ပေါ်၌ ပူပူနွေးနွေးကပ်ပေးပါ။ ကလေး ဆီးချုပ်ပျောက်၏။
(တစ်နည်း)
– ကလေးဆီးအောင့်လျှင် ဒန့်ကျွဲပင်အမြစ်ကို ဆန်ဆေးရည်နှင့် သွေး၍ ရင်ညွှန့်ကစပြီး ဆီးစပ်အထိ လိမ်းပေးပါ။
(တစ်နည်း)
– လိပ်ကျောက်မြီးကို ရေနှင့်သွေး၍ ချက်အောက်မှ ဆီးစပ်အထိ လိမ်းပေးပါ။ ။
#ကလေးထိပ်အုံ ဆေးနည်း
– ပန်းညိုရွက်၊ လင်းလေးရွက်၊ ကွမ်းရွက်၊ ကုလားပင်စိမ်းရွက်၊ ပင့်ကူမြှေးထည့်၍ကြိတ်ပြီး နှမ်းဆီနှင့်ဖျော်၍ ထိပ်မှာအုံပေးပါ။ နှာစေး ချောင်းဆို ပျောက်ကင်း၏။ ။
#ကလေးနို့မျက်ပျောက် ဆေးနည်း
– ဖီးကြမ်းငှက်ပျော်သီးအလုံးကို မီးဖုတ်၍ အခွံခွာပြီး အသားကို ကျွေးပါ၊ အားလည်းရှိ စေသည်။ ။
#ကလေးသူငယ်နာကင်းရန် ဆေးနည်း
– ငှက်ပျောသီးကို မီးဖုန်၍ မကြာခဏ ကျွေးပေးပါ။ ။
#ကလေးသန်ကျ ဆေးနည်း
– ဆေးရွက်ကြီးကို ရေဆွတ်၍ ကလေးဗိုက်ပေါ်မှာ စည်းထားပေးပါ။ ။
#ကြက်ညှာချောင်းဆိုးပျောက် ဆေးနည်း
– ကြက်သွန်ဖြူကို ထောင်းထု၍ နှမ်းဆီနှင့် သမအောင်နယ်ပြီး ရင်ဘတ်နှင့်ကျောကို လိမ်းကျံပေးပါ။
ခြေဖဝါးကို ကြိတ်နယ်ထားသော အဖတ်များဖြင့် ကပ်ပြီး ပတ်တီးစည်းထားပေးပါ။ ။
#ကြက်ညှာ ဆေးနည်း
– ဟင်းနုနယ်ပြာ၊ ထန်းနို့ပြာ၊ ၎င်းနှစ်မျိုးကို ဆီးကင်းခန့် တိုက်ကျွေးပါ။ ။
#ကင်းကိုက် ကင်းဆိပ်နိုင် ဆေးနည်း
– ကဆော့မြစ်ကိုဖြစ်စေ၊ ကြောင်ပန်းမြစ်ကိုဖြစ်စေ၊ သမန်းမြက်ကိုဖြစ်စေ၊ ပေါင်းမြက်ကိုဖြစ်စေ ရရာကို ညက်စွာဝါး၍ နား၌ သုတ်လိမ်းပေးပါ ။
ကင်းဆိပ်မျိုးနိုင်၏။ ကင်းကိုက်ပျောက်ကင်း၏။
(တစ်နည်း)
– သပြေရွက်ကိုကြိတ်၍ အရည်ကို ကင်းကိုက်ခံရသောနေရာတွင် လူးပေးပါ။
(တစ်နည်း)
– မန်ကျည်းစေ့ကို သွေး၍ လိမ်းပေးပါက ပျောက်၏။
(တစ်နည်း)
– မြင်းခွာရွက်သတ္တုရည်နှင့်ကင်းကိုက်သော နေရာအား လိမ်းပေးပါ။
(တစ်နည်း)
– ခွေးလှေးယားသီး အစေ့ကို ကြီတ်၍ ကင်းကိုက်ခံရသော နေရာအား လိမ်းပေးပါ။
(တစ်နည်း)
– မန်ကျည်းရွက်ကို ကြိတ်၍ အုံပေးပါ။
(တစ်နည်း)
– ငဖြူကြီးမြစ်ကို သွေး၍ ကင်းကိုက်ခံရသောနေရာအား လိမ်းပေးပါ။
(တစ်နည်း)
– တမာရွက်ကို ကြိတ်၍ အုံပေးပါ။
(တစ်နည်း)
– ကင်းမြီးကောက်ကိုက်ပါက တမာပွင့်ကို ရူပေးပါ။
(တစ်နည်း)
– ကြေးဖလားကို ကင်းကိုက်ခံရသူကြားအောင် တီးပေးပါ။ (တစ်နည်း)
#ကျပ်တီးနာပျောက် ဆေးနည်း
– လည်ပင်းတွင် အဖုအစေ့ ကလေးများအဖြစ် ပေါက်သော ကျပ်တီးနာကို မြန်မာကုက္ကိုစေ့ ကြိတ်၍ လိမ်းပေးပါ။ ။
#ကြွက်နို့ပျောက် ဆေးနည်း
– ချင်းတက်ကို ထိပ်ဘက်မှ ဓားဖြင့်လှီးပါ။
ထိပ်ကို ထုံးအနည်းငယ်ဖြင့်တို့ပြီး ကြွက်နို့ပေါ်မှာတဖြည်းဖြည်းချင်း ချင်းတက်ဖြင့် ပွတ်ပေးပါ။
ကြွက်နို့် ပါသွားပါလိမ့်မည်။ ။
#ကိုယ်ရောင်ရောဂါပျောက် ဆေးနည်း
– ခံတက်ခေါက်၊ ဖျောက်ဆိတ်မြစ်၊ နနွင်းစိမ်း ၎င်းဆေးသုံးပါးကို အညီအမျှ သွေး၍ လိမ်းပေးပါ။ (တစ်နည်း)
– နန်းလုံးကြိုင်မြစ်၊ ငရံ့ပတူမြစ်၊ ဘုမ္မရာဇာမြစ်၊ ပဲစင်းငုံမြစ်၊ ၎င်းဆေးလေးပါးကို တောအရက်ဖြင့် သွေးလိမ်းပေးပါ။
#ကျောပူခေါင်းပူထ ဆေးနည်း
– ကြိတ်မှန်ရွက်၊ ခွေးသေးပန်းရွက် ရှိန်းခိုအနည်းငယ်ထည့်၍ ကြိတ်၍ အရည်ကို ငယ်ထိပ်မှနေ၍ အောက်သို့ လူးပေးပါ။ ။
#ကြက်မျက်သင့်ရောဂါပျောက် ဆေးနည်း
– ကြက်သွန်နီအရည်တွင် ဆားအနည်းငယ်ထည့်၍ မျက်စဉ်းခတ်ပေးပါ။
(တစ်နည်း)
– တမာရွက် သတ္တုရည် နှစ်ကျပ်ခွဲသားကို နံနက်စောစော နေ့စဉ်သောက်ပေးပါ၊ ရက်မကြာခင် ပျောက်ကင်းပါလိမ့်မည်။
(တစ်နည်း)
– လေညှင်းကို ဆိန်ကျင်ငယ်ရည်ဖြင့် သွေး၍ မျက်စဉ်းခတ်ပေးပါ။ ။
#ကျင်ငယ်တစ်စက်တစ်စက်ကျရောဂါပျောက် ဆေးနည်း
– ဆီးဖြူသီးပြုတ်ရည်ကို ပျားရည်နှင့် သောက်ပါ။ ။
#ကျွဲအသားမာပျောက် ဆေးနည်း
– ထမင်းနှင့် ဆားကိုကြိတ်၍ မီးဖုန်ပြီး အုံထားပေးပါ။
(တစ်နည်း)
– ပြောင်းဖူးစေ့ကို ကြိတ်ပြီး အမူန့်လုပ်ပါ။ ၎င်းအမူန့်ကို ဆားအနည်းငယ်ထည့်၍ ဖျော်ပြီး လိမ်းပေးပါ။ အနာပေါ်တွင် ပိန်းရွက်အုံးပေးပါ။
👶သားသားမီးမီးများအားလုံး ကျန်းမာကြပါစေ📲📲
တိုင်းရင်းဆေးကျမ်းမှထုတ်နုတ်ဖေါ်ပြပါသည်။ ။
ပြန်လည်မျှဝေပါသည် ။ ။
Credit # Sai Min Thant
Leave a Reply