တစ္ဘဝလုံးစာအတြက္ ရည္ရြယ္ထားတဲ့ ခ်စ္သူစုုံတြဲေတြ ျဖတ္ေက်ာ္ရမယ့္ အဆင့္( ၅ )ဆင့္

တစ္ဘဝလုံးစာအတြက္ ရည္ရြယ္ထားတဲ့ ခ်စ္သူစုုံတြဲေတြ ျဖတ္ေက်ာ္ရမယ့္ အဆင့္( ၅ )ဆင့္

တစ္ဘဝလုံးစာအတြက္ ရည္ရြယ္ထားတဲ့ ခ်စ္သူစုုံတြဲေတြ ျဖတ္ေက်ာ္ရမယ့္ အဆင့္( ၅ )ဆင့္

ႀကိဳတင္ျပင္ဆင္ျခင္းဟာ ကုသျခင္းထက္ေကာင္းတယ္ဆိုတာ ၾကားဖူးပါလိမ့္မယ္။ စုံတြဲေတြမွာ မ်ားေသာ အားျဖင့္ တစ္ေယာက္ကထိခိုက္လြယ္တတ္ၿပီး အဲ့ဒီအတြက္သင္ျပင္ဆင္ထားသင့္တဲ့အရာေတြကို ျမင္နိုင္ေအာင္ ေဖာ္ျပလိုက္ပါတယ္ေနာ္ …..

အဆင့္ ၁ း လတ္လတ္ဆတ္ဆတ္အခ်စ္

သင့္ရဲ့နံရိုးေလးကို ရရွိလိုက္တဲ့ခဏေလးအတြင္းမွာ အားလုံးဟာ ပ်ားရည္လိုခ်ိဳျမေနတယ္။ ခ်စ္သူေလးကိုေတြ႕လိုက္တဲ့အခ်ိန္တိုင္းမွာ လိပ္ျပာေလးေတြဝဲေနၿပီး အနမ္းေလးေတြ၊ အထိအေတြ႕ေလးေတြအကုန္လုံးဟာ အ႐ူးအမူးျဖစ္ေစတယ္။ မိနစ္တိုင္းသူ႔ဆီကမက္ေဆ့ေလးေတြေမၽွာ္ေနမိတယ္။ နဲနဲ႐ူးေၾကာင္ေၾကာင္နိုင္ေပမဲ့ ဘယ္သူ႔ဂ႐ုစိုက္ရမွာလဲ.. အခ်စ္မွာလူတိုင္း႐ူးၾကတာပဲ။

အဲ့လိုေတြခံစားေနရတယ္ဆိုရင္ သင္ဟာ လတ္လတ္ဆတ္ဆတ္ အခ်စ္တစ္ခုရွိေနတာ ေသခ်ာပါတယ္ …။ အခုခံစားေနရတာေလးကို မွတ္ထားလိုက္ပါ။ ေနာက္က်ရင္ ဒီအမွတ္တရေလးေတြနဲ႔ အခ်စ္ကိုျပန္လည္လန္းဆန္းေအာင္လုပ္နိုင္ေအာင္လို႔ပါ …။

အဆင့္ ၂ း အေျခက်သြားၿပီ

တကယ့္ကို အတည္ဆိုတာေသခ်ာသြားၿပီဆိုရင္ အဆင့္ ၂ေရာက္သြားပါၿပီ။ လက္တြဲေဖာ္ေတြျဖစ္သြားၿပီလို႔လဲေျပာလို႔ရပါတယ္။ အဲ့ဒီအခ်ိန္ဟာ ဘဝဟာ အျမဲတမ္း ေပ်ာ္စရာေတြပဲရွိေနတာမဟုတ္ဘူးဆိုတာသိလာမဲ့အခ်ိန္ပါ။ အခ်ိန္ေတြကို တက္နိုင္သမၽွအတူတူကုန္မယ္။ အေတြးေလးေတြကိုေျပာျပၾကမယ္။ ခ်စ္သူေလးရဲ့ ေန႔ဟာ အဆင္ေျပရဲ့လားေမးမယ္။ သူရဲ့အေျဖေတြကိုလည္း စိတ္ဝင္တစားနားေထာင္မယ္။ ဒါေပမဲ့ လုပ္ရိုးလုပ္စဥ္ေတြျဖစ္သြားျခင္းဟာ စိတ္လႈပ္ရွားစရာေတြရဲ့ ဖ်ားနာျခင္းပါ။ ခရီးသြားတာနဲ႔ အေျခခ်ေနထိုင္ဖို႔သြားတာ ကြာသလိုပါပဲ။ ပန္းတိုင္ျခင္းတူေပမဲ့ တာဝန္ေတြကေတာ့ လုံးဝကြဲျပားသြားပါၿပီ …။

ႏွစ္ေယာက္ၾကားထဲက အလင္းေရာင္ေလးေတြမွိန္မသြားပါေစနဲ႔။ ႏွစ္ေယာက္တည္းလုပ္စရာေလးေတြ စဥ္းစားထားပါ။ လမ္းအတူတူေလ်ာက္တာေလးေတြ၊ ႐ုပ္ရွင္အတူတူၾကည့္တာေလးေတြ လုပ္ေပးပါ။ ႏွစ္ေယာက္ၾကားကႀကိဳးေလးကို ထိန္းသိမ္းထားပါ။အဲ့ဒါေလးေတြက အရမ္းထူးျခားၿပီး အရမ္း ႏူးညံ့သိမ္ေမြ႕ပါတယ္ …။

အဆင့္ ၃ း လုပ္ရိုးလုပ္စဥ္ေတြနဲ႔ စိတ္ပ်က္စရာေတြေတြ႕လာရျခင္း

သင့္ရဲ့ ကိုယ္တစ္ျခမ္းအေပၚမွာခံစားခ်က္ေတြေတာ့အျပည့္ရွိေသးတယ္ ဒါေပမဲ့ နဲနဲေတာ့ကြဲျပားသြားတယ္။ အခ်ိန္ေတြအတူတူကုန္ဆုံးရတာက အရင္ကေလာက္စိတ္ဝင္စားစရာမေကာင္းေတာ့ဘူး။ တာဝန္ေတြ၊ ကုန္က်စရိတ္ေတြ၊ အလုပ္ထဲမွာပဲနစ္ေနတာေတြ၊ ၾကည္ႏူးစရာေတြၾကားထဲမွာ အိမ္အလုပ္ေတြညပ္လာတာေတြဟာ တစ္ခါတစ္ေလမွာသင့္ကို ေထာင္ေခ်ာက္မိေနသလိုခံစားလာရလိမ့္မယ္။ ဒီအခ်ိန္ဟာ ကိုယ့္ေရြးခ်ယ္မႈ မွန္မွမွန္္ရဲ့လားလို႔ျပန္ေတြးမိတဲ့အခ်ိန္ပါပဲ။ Relationship တစ္ခုရဲ့ အႏၲရာယ္အႀကီးဆုံးအပိုင္းျဖစ္ပါတယ္။ ဒါေပမဲ့ ဒီအပိုင္းကိုအတူတူျဖတ္ေက်ာ္သြားနိုင္ရင္ေတာ့ ေနာက္ပို္င္းမွာ အခက္အခဲႀကီးႀကီးမားမား မရွိနိုင္ေတာ့ပါဘူး …။

မီးေတာက္ေလးၿငိမ္းမသြားေအာင္ဆက္ၿပီးႀကိဳးစားေနပါ။ သင့္ရဲ့ယခုလက္တြဲေဖာ္ဟာ အရင္အတည္းကသင္ခ်စ္ခဲ့တဲ့သူပဲဆိုတာမေမ့ပါနဲ႔။ ရည္းစားျဖစ္ကာစအခ်ိန္က ၾကည္ႏူးစရာေလးေတြကိုျပန္စဥ္းစားပါ။ ေနာက္ၿပီးသင့္ဘဝဟာ ကေလးေတြအတြက္ခ်ည္းပဲမဟုတ္ပါဘူး။ သင့္တို႔ႏွစ္ေယာက္ရဲ့ကိုယ္ပိုင္အခ်ိန္ေလးေတြလည္း ရွိသင့္ပါတယ္ …။

အဆင့္ ၄ း တည္ၿငိမ္မႈ

ဒီအဆင့္ေရာက္သြားရင္ေတာ့ တစ္ေယာက္ကိုတစ္ေယာက္ အမွန္အတိုင္းျမင္နိုင္လာၿပီး သင့္တို႔ရဲ့ဆက္ဆံေရးအေပၚမွာယုံၾကည္မႈအျပည့္အဝရွိလာပါၿပီ။ ပထမအဆင့္တုန္းကလို တိမ္ေတြေပၚမွာ ကစားေနရသလိုမ်ိဳးခံစားမႈေတြ ရွိေတာ့မွာမဟုတ္ေပမဲ့ တတိယအဆင့္ရဲ့ ကံဆိုးမႈေတြဟာလည္း ၿပီးဆုံးသြားပါၿပီ။ တစ္ေယာက္ကိုတစ္ေယာက္ လြတ္လပ္မႈေလးေတြေပးဖို႔ လိုတာကိုလည္းနားလည္လာပါၿပီ …။

သင့္လက္တြဲေဖာ္မွာလည္း သူႀကိဳက္တာမႀကိဳက္တာေလးေတြ၊ ဝါသနာပါတာေလးေတြ၊ အက်င့္ေလးေတြရွိမွာပဲ။ ႏွစ္ေယာက္က ေနရာတိုင္းမွာစိတ္တူကိုယ္တူျဖစ္ေနဖို႔မလိုပါဘူး။ ကိုယ့္ကိုယ္ပို္င္ပုံစံေလးနဲ႔ေနထိုင္ၿပီး ႀကိဳးေလးကိုသာထိန္းသိမ္းထားပါ …။

အဆင့္ ၅ း ကတိကဝတ္ျပဳျခင္း

ဒီအဆင့္အထိကိုေရာက္လာၿပီဆိုရင္ေတာ့ ဂုဏ္ယူပါတယ္။ ႏွစ္ေယာက္ဟာ တကယ့္ တစ္သက္တာအဖြဲ႕ေလးသြားပါၿပီ။ အရင္တုန္းကလို ႐ူး႐ူးမိုက္မိုက္ခ်စ္တာေလးေတြကိုျပန္လိုခ်င္တာမ်ိဳးေတြရွိေတာ့မွာမဟုတ္ပဲ လက္ရွိဆက္ဆံေရးနဲ႔ အရမ္းကိုသက္ေတာင့္သက္သာရွိေနမွာပါ။ နဲနဲေလးေျပာင္းလဲဖို႔ကိုေတာင္ စဥ္းစားခ်င္မွာမဟုတ္ေတာ့ပါဘူး။ တစ္ေယာက္ခ်င္းစီရဲ့ အားနည္းခ်က္ေလးေတြနဲ႔ ႏွစ္ေယာက္စလုံးဟာျပည့္စုံေနၾကတာကို လက္ခံသြားႏိုင္ၾကတယ္ …။

ခ်စ္ျခင္းေတြကို တစ္ဘဝလုံးဘယ္လိုထိန္းသိမ္းခဲ့လဲဆိုတာ သားသမီးေတြကို သင္ေပးပါ။ အခက္အခဲဆိုတာေသခ်ာေပါက္ရွိမွာပဲ ဒါေပမဲ့ အခ်စ္စစ္ဆိုရင္ ျဖတ္ေက်ာ္နိုင္မွာပါ …။ ။

သင့္မွာေကာ ကိုယ္တိုင္ျဖတ္သန္းခဲ့တဲ့ အေတြအၾကဳံေတြရွိလား? အေတြ႕အႀကံဳေတြမၽွေဝခဲ့ပါအံုးေနာ္ …..

credit to original

Unicode

တစ်ဘဝလုံးစာအတွက် ရည်ရွယ်ထားတဲ့ ချစ်သူစုံတွဲတွေ ဖြတ်ကျော်ရမယ့် အဆင့်( ၅ )ဆင့်

ကြိုတင်ပြင်ဆင်ခြင်ဟာ ကုသခြင်းထက်ကောင်းတယ်ဆိုတာကြားဖူးပါလိမ့်မယ်။ စုံတွဲတွေမှာ များသော အားဖြင့် တစ်ယောက်ကထိခိုက်လွယ်တတ်ပြီး အဲ့ဒီအတွက်သင်ပြင်ဆင်ထားသင့်တဲ့အရာတွေကို မြင်နိုင်အောင် ဖော်ပြလိုက်ပါတယ်နော် …..

အဆင့် ၁ း လတ်လတ်ဆတ်ဆတ်အချစ်

သင့်ရဲ့နံရိုးလေးကို ရရှိလိုက်တဲ့ခဏလေးအတွင်းမှာ အားလုံးဟာ ပျားရည်လိုချိုမြနေတယ်။ ချစ်သူလေးကိုတွေ့လိုက်တဲ့အချိန်တိုင်းမှာ လိပ်ပြာလေးတွေဝဲနေပြီး အနမ်းလေးတွေ၊ အထိအတွေ့လေးတွေအကုန်လုံးဟာ အရူးအမူးဖြစ်စေတယ်။ မိနစ်တိုင်းသူ့ဆီကမက်ဆေ့လေးတွေမျှော်နေမိတယ်။ နဲနဲရူးကြောင်ကြောင်နိုင်ပေမဲ့ ဘယ်သူ့ဂရုစိုက်ရမှာလဲ.. အချစ်မှာလူတိုင်းရူးကြတာပဲ။

အဲ့လိုတွေခံစားနေရတယ်ဆိုရင် သင်ဟာ လတ်လတ်ဆတ်ဆတ် အချစ်တစ်ခုရှိနေတာ သေချာပါတယ် …။ အခုခံစားနေရတာလေးကို မှတ်ထားလိုက်ပါ။ နောက်ကျရင် ဒီအမှတ်တရလေးတွေနဲ့ အချစ်ကိုပြန်လည်လန်းဆန်းအောင်လုပ်နိုင်အောင်လို့ပါ …။

အဆင့် ၂ း အခြေကျသွားပြီ

တကယ့်ကို အတည်ဆိုတာသေချာသွားပြီဆိုရင် အဆင့် ၂ရောက်သွားပါပြီ။ လက်တွဲဖော်တွေဖြစ်သွားပြီလို့လဲပြောလို့ရပါတယ်။ အဲ့ဒီအချိန်ဟာ ဘဝဟာ အမြဲတမ်း ပျော်စရာတွေပဲရှိနေတာမဟုတ်ဘူးဆိုတာသိလာမဲ့အချိန်ပါ။ အချိန်တွေကို တက်နိုင်သမျှအတူတူကုန်မယ်။ အတွေးလေးတွေကိုပြောပြကြမယ်။ ချစ်သူလေးရဲ့ နေ့ဟာ အဆင်ပြေရဲ့လားမေးမယ်။ သူရဲ့အဖြေတွေကိုလည်း စိတ်ဝင်တစားနားထောင်မယ်။ ဒါပေမဲ့ လုပ်ရိုးလုပ်စဉ်တွေဖြစ်သွားခြင်းဟာ စိတ်လှုပ်ရှားစရာတွေရဲ့ ဖျားနာခြင်းပါ။ ခရီးသွားတာနဲ့ အခြေချနေထိုင်ဖို့သွားတာ ကွာသလိုပါပဲ။ ပန်းတိုင်ခြင်းတူပေမဲ့ တာဝန်တွေကတော့ လုံးဝကွဲပြားသွားပါပြီ …။

နှစ်ယောက်ကြားထဲက အလင်းရောင်လေးတွေမှိန်မသွားပါစေနဲ့။ နှစ်ယောက်တည်းလုပ်စရာလေးတွေ စဉ်းစားထားပါ။ လမ်းအတူတူလျောက်တာလေးတွေ၊ ရုပ်ရှင်အတူတူကြည့်တာလေးတွေ လုပ်ပေးပါ။ နှစ်ယောက်ကြားကကြိုးလေးကို ထိန်းသိမ်းထားပါ။အဲ့ဒါလေးတွေက အရမ်းထူးခြားပြီး အရမ်း နူးညံ့သိမ်မွေ့ပါတယ် …။

အဆင့် ၃ း လုပ်ရိုးလုပ်စဉ်တွေနဲ့ စိတ်ပျက်စရာတွေတွေ့လာရခြင်း

သင့်ရဲ့ ကိုယ်တစ်ခြမ်းအပေါ်မှာခံစားချက်တွေတော့အပြည့်ရှိသေးတယ် ဒါပေမဲ့ နဲနဲတော့ကွဲပြားသွားတယ်။ အချိန်တွေအတူတူကုန်ဆုံးရတာက အရင်ကလောက်စိတ်ဝင်စားစရာမကောင်းတော့ဘူး။ တာဝန်တွေ၊ ကုန်ကျစရိတ်တွေ၊ အလုပ်ထဲမှာပဲနစ်နေတာတွေ၊ ကြည်နူးစရာတွေကြားထဲမှာ အိမ်အလုပ်တွေညပ်လာတာတွေဟာ တစ်ခါတစ်လေမှာသင့်ကို ထောင်ချောက်မိနေသလိုခံစားလာရလိမ့်မယ်။ ဒီအချိန်ဟာ ကိုယ့်ရွေးချယ်မှု မှန်မှမှန်ရဲ့လားလို့ပြန်တွေးမိတဲ့အချိန်ပါပဲ။ Relationship တစ်ခုရဲ့ အန္တရာယ်အကြီးဆုံးအပိုင်းဖြစ်ပါတယ်။ ဒါပေမဲ့ ဒီအပိုင်းကိုအတူတူဖြတ်ကျော်သွားနိုင်ရင်တော့ နောက်ပိုင်းမှာ အခက်အခဲကြီးကြီးမားမား မရှိနိုင်တော့ပါဘူး …။

မီးတောက်လေးငြိမ်းမသွားအောင်ဆက်ပြီးကြိုးစားနေပါ။ သင့်ရဲ့ယခုလက်တွဲဖော်ဟာ အရင်အတည်းကသင်ချစ်ခဲ့တဲ့သူပဲဆိုတာမမေ့ပါနဲ့။ ရည်းစားဖြစ်ကာစအချိန်က ကြည်နူးစရာလေးတွေကိုပြန်စဉ်းစားပါ။ နောက်ပြီးသင့်ဘဝဟာ ကလေးတွေအတွက်ချည်းပဲမဟုတ်ပါဘူး။ သင့်တို့နှစ်ယောက်ရဲ့ကိုယ်ပိုင်အချိန်လေးတွေလည်း ရှိသင့်ပါတယ် …။

အဆင့် ၄ း တည်ငြိမ်မှု

ဒီအဆင့်ရောက်သွားရင်တော့ တစ်ယောက်ကိုတစ်ယောက် အမှန်အတိုင်းမြင်နိုင်လာပြီး သင့်တို့ရဲ့ဆက်ဆံရေးအပေါ်မှာယုံကြည်မှုအပြည့်အဝရှိလာပါပြီ။ ပထမအဆင့်တုန်းကလို တိမ်တွေပေါ်မှာ ကစားနေရသလိုမျိုးခံစားမှုတွေ ရှိတော့မှာမဟုတ်ပေမဲ့ တတိယအဆင့်ရဲ့ ကံဆိုးမှုတွေဟာလည်း ပြီးဆုံးသွားပါပြီ။ တစ်ယောက်ကိုတစ်ယောက် လွတ်လပ်မှုလေးတွေပေးဖို့ လိုတာကိုလည်းနားလည်လာပါပြီ …။

သင့်လက်တွဲဖော်မှာလည်း သူကြိုက်တာမကြိုက်တာလေးတွေ၊ ဝါသနာပါတာလေးတွေ၊ အကျင့်လေးတွေရှိမှာပဲ။ နှစ်ယောက်က နေရာတိုင်းမှာစိတ်တူကိုယ်တူဖြစ်နေဖို့မလိုပါဘူး။ ကိုယ့်ကိုယ်ပိုင်ပုံစံလေးနဲ့နေထိုင်ပြီး ကြိုးလေးကိုသာထိန်းသိမ်းထားပါ …။

အဆင့် ၅ း ကတိကဝတ်ပြုခြင်း

ဒီအဆင့်အထိကိုရောက်လာပြီဆိုရင်တော့ ဂုဏ်ယူပါတယ်။ နှစ်ယောက်ဟာ တကယ့် တစ်သက်တာအဖွဲ့လေးသွားပါပြီ။ အရင်တုန်းကလို ရူးရူးမိုက်မိုက်ချစ်တာလေးတွေကိုပြန်လိုချင်တာမျိုးတွေရှိတော့မှာမဟုတ်ပဲ လက်ရှိဆက်ဆံရေးနဲ့ အရမ်းကိုသက်တောင့်သက်သာရှိနေမှာပါ။ နဲနဲလေးပြောင်းလဲဖို့ကိုတောင် စဉ်းစားချင်မှာမဟုတ်တော့ပါဘူး။ တစ်ယောက်ချင်းစီရဲ့ အားနည်းချက်လေးတွေနဲ့ နှစ်ယောက်စလုံးဟာပြည့်စုံနေကြတာကို လက်ခံသွားနိုင်ကြတယ် …။

ချစ်ခြင်းတွေကို တစ်ဘဝလုံးဘယ်လိုထိန်းသိမ်းခဲ့လဲဆိုတာ သားသမီးတွေကို သင်ပေးပါ။ အခက်အခဲဆိုတာသေချာပေါက်ရှိမှာပဲ ဒါပေမဲ့ အချစ်စစ်ဆိုရင် ဖြတ်ကျော်နိုင်မှာပါ …။ ။

သင့်မှာကော ကိုယ်တိုင်ဖြတ်သန်းခဲ့တဲ့ အတွေအကြုံတွေရှိလား? အတွေ့အကြုံတွေမျှဝေခဲ့ပါအုံးနော် …..

credit to original

Unicode

Be the first to comment

Leave a Reply

Your email address will not be published.


*