ေ႐ႊၿမိဳ႕သားေတြစားၾကတဲ့ ဆက္သားေျခာက္အစစ္ဆိုတာ…

ေ႐ႊၿမိဳ႕သားေတြစားၾကတဲ့ ဆက္သားေျခာက္အစစ္ဆိုတာ...
ေ႐ႊၿမိဳ႕သားေတြစားၾကတဲ့ ဆက္သားေျခာက္အစစ္ဆိုတာ...

ေ႐ႊၿမိဳ႕သားေတြစားၾကတဲ့ ဆက္သားေျခာက္အစစ္ဆိုတာ…

ေတာင္ေပၚမွာ ကြၽဲ ေသရင္ ေတာင္ေျခ က ေဈးမွာ ဆတ္သား ေပါတယ္။ ၿမိဳ႕က လူေတြကဆတ္သားေျခာက္ ဆိုရင္ လမ္းေဘး ေခြးသားေျခာက္ေလာက္ပဲ စားဖူးတာ။

အခုေတာ့ သိလာၾကပါၿပီ… သိပ္မစားၾကေတာ့ဘူး။ ေတာက ဆတ္သားေျခာက္ပဲ ၀ယ္စားၾကေတာ့တာ။ ေတာက ဆတ္သားမွ စစ္တာကိုး။ ဆတ္သား အစစ္ရဖို႔ကလည္း မလြယ္။ နာမက်န္းတဲ့ ကြၽဲ ႏြား ရွိဦးမွ ဆတ္သားေျခာက္အစစ္ရတာ။

ကဲ နာမက်န္းေျခက်ိဳးတဲ့ ကြၽဲ ႏြား။ေတာင္႐ိုးေပၚမွာ အခိုင္းလြန္လို႔ေျခခ်ၿပီး လုံးဝျပန္မထေတာ့တဲ့ ကြၽဲ ႏြား၊အေမာဆို႔ၿပီးေသတဲ့ ကြၽဲႏြား ရွိမွ ဆတ္သားေျခာက္ျဖစ္တာ။

ကိုင္း… ေ သၿပီ ဆိုရင္ အသားထုတ္ယူ။ ႐ြာျပန္ၿပီး အရက္ဆီဝယ္။ အသားေျမာင္းေတြေပၚ ျဖန္းသင့္တာ ျဖန္း၊၊ စိမ္သင့္တာ စိမ္။ ကြၽဲ အသားဟာ အညိဳဘက္ေျပးတယ္၊၊ အသားမာတယ္။

ဆတ္သားဟာ အမည္နဲ႔ လိုက္ေအာင္ဆတ္လြန္းတယ္။ အသားစိမ္းမွာေတာင္သူ႔အေျမာင္းလိုက္ကို
ဆြဲခြာလို႔ရတယ္။ ကြၽဲ အသားမာမာကို အရက္ဆီ နဲ႔ ထိတဲ့ အခါ ဆတ္သားလို ဆြဲခါလို႔ ရေအာင္ အသားဆတ္လာတယ္။

ေဟာ ၿပီးရင္ ေရျပန္ေဆး၊ ဓားနဲ႔ ခပ္ဆတ္ဆတ္ ႐ိုက္။ သၾကား (ဒါမွ မဟုတ္) အခ်ိဳမႈန႔္ကို ေရေလးေဖ်ာ္… ျပန္စိမ္။ သၾကားက မီးနဲ႔ လွန္းရင္ပိုၿပီး နီေရာင္ေတာက္တယ္။ အခ်ိဳဓာတ္လည္း ရွိတယ္။

ကဲ… ရပါၿပီ ဆတ္သားစစ္စစ္ ရဲရဲ ခ်ိဳခ်ိဳေလး။ ေတာသားအခ်ိဳ႕က လြဲရင္ အျခားသူေတြ ခြဲ ျခားလို႔ မတတ္တဲ့ ဆတ္သားေျခာက္ အစစ္ ရပါၿပီ။ ေတာင္႐ိုးေပၚ ကေန ယူလာပါၿပီ ဆတ္သားေျခာက္ အစစ္။

ၿမိဳ႕က ကိုယ္စားလွယ္ေတြ လက္ထဲေရာက္။ ၿပီးရင္… ေ႐ႊၿမိဳ႕သားေတြ လက္ထဲေရာက္။ မီးဖုတ္… အသား တစ္မွ်င္ခ်င္ းခြာ။ အံမယ္ ဆတ္သားေျခာက္ အစစ္ ဟ။ ေတာက… ဟိုး ႐ိုးမေပၚက ။ အယ္… အနံ႔ေလးေတာင္သင္းလို႔… ။

မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။ ျပန္လည္ မွ်ေ၀ျခင္း ျဖစ္ပါသည္။

Unicode

ရွှေမြို့သားတွေစားကြတဲ့ ဆက်သားခြောက်အစစ်ဆိုတာ…

တောင်ပေါ်မှာ ကျွဲ သေရင် တောင်ခြေ က ဈေးမှာ ဆတ်သား ပေါတယ်။ မြို့က လူတွေကဆတ်သားခြောက် ဆိုရင် လမ်းဘေး ခွေးသားခြောက်လောက်ပဲ စားဖူးတာ။

အခုတော့ သိလာကြပါပြီ… သိပ်မစားကြတော့ဘူး။ တောက ဆတ်သားခြောက်ပဲ ဝယ်စားကြတော့တာ။ တောက ဆတ်သားမှ စစ်တာကိုး။ ဆတ်သား အစစ်ရဖို့ကလည်း မလွယ်။ နာမကျန်းတဲ့ ကျွဲ နွား ရှိဦးမှ ဆတ်သားခြောက်အစစ်ရတာ။

ကဲ နာမကျန်းခြေကျိုးတဲ့ ကျွဲ နွား။တောင်ရိုးပေါ်မှာ အခိုင်းလွန်လို့ခြေချပြီး လုံးဝပြန်မထတော့တဲ့ ကျွဲ နွား၊အမောဆို့ပြီးသေတဲ့ ကျွဲနွား ရှိမှ ဆတ်သားခြောက်ဖြစ်တာ။

ကိုင်း… ေ သပြီ ဆိုရင် အသားထုတ်ယူ။ ရွာပြန်ပြီး အရက်ဆီဝယ်။ အသားမြောင်းတွေပေါ် ဖြန်းသင့်တာ ဖြန်း၊၊ စိမ်သင့်တာ စိမ်။ ကျွဲ အသားဟာ အညိုဘက်ပြေးတယ်၊၊ အသားမာတယ်။

ဆတ်သားဟာ အမည်နဲ့ လိုက်အောင်ဆတ်လွန်းတယ်။ အသားစိမ်းမှာတောင်သူ့အမြောင်းလိုက်ကို
ဆွဲခွာလို့ရတယ်။ ကျွဲ အသားမာမာကို အရက်ဆီ နဲ့ ထိတဲ့ အခါ ဆတ်သားလို ဆွဲခါလို့ ရအောင် အသားဆတ်လာတယ်။

ဟော ပြီးရင် ရေပြန်ဆေး၊ ဓားနဲ့ ခပ်ဆတ်ဆတ် ရိုက်။ သကြား (ဒါမှ မဟုတ်) အချိုမှုန့်ကို ရေလေးဖျော်… ပြန်စိမ်။ သကြားက မီးနဲ့ လှန်းရင်ပိုပြီး နီရောင်တောက်တယ်။ အချိုဓာတ်လည်း ရှိတယ်။

ကဲ… ရပါပြီ ဆတ်သားစစ်စစ် ရဲရဲ ချိုချိုလေး။ တောသားအချို့က လွဲရင် အခြားသူတွေ ခွဲ ခြားလို့ မတတ်တဲ့ ဆတ်သားခြောက် အစစ် ရပါပြီ။ တောင်ရိုးပေါ် ကနေ ယူလာပါပြီ ဆတ်သားခြောက် အစစ်။

မြို့က ကိုယ်စားလှယ်တွေ လက်ထဲရောက်။ ပြီးရင်… ရွှေမြို့သားတွေ လက်ထဲရောက်။ မီးဖုတ်… အသား တစ်မျှင်ချင် းခွာ။ အံမယ် ဆတ်သားခြောက် အစစ် ဟ။ တောက… ဟိုး ရိုးမပေါ်က ။ အယ်… အနံ့လေးတောင်သင်းလို့… ။

မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*