ဆရာႀကီး ဦးေအာင္သင္းရဲ႕ မွတ္သားဖြယ္ရာ စကားမ်ား

ဆရာႀကီး ဦးေအာင္သင္းရဲ႕ မွတ္သားဖြယ္ရာ စကားမ်ား
ဆရာႀကီး ဦးေအာင္သင္းရဲ႕ မွတ္သားဖြယ္ရာ စကားမ်ား

ဆရာႀကီး ဦးေအာင္သင္းရဲ႕ မွတ္သားဖြယ္ရာ စကားမ်ား

မင္းတို႔ကို ငါက ႐ႊံ႕တုံး တစ္တုံးစီေပးမယ္.. မင္းတို႔ဘာလုပ္မလဲ… “ဆရာႀကီးကလည္းကြာ ေပးစရာရွားလို႔” လို႔ မေတြးနဲ႔ မင္းတို႔ကို ႐ႊံ႕တုံးပညာ ေပးမလို႔။

တစ္ေယာက္က… ဟာကြာ ႐ႊံ႕တုံးႀကီးဘာလုပ္ဖို႔လဲဆိုၿပီး ဒီအတိုင္းထားမယ္။ ႐ႊံ႕တုံးကို ဒီအတိုင္းထားေတာ့ ႐ႊံ႕တုံးပဲေပါ့။ တစ္ေယာက္က… ေလာက္စာလုံးမယ္ ႐ႊံ႕တုံးထက္ေတာ့ ေလာက္စာလုံးက ပိုတန္ဖိုးရွိမသြားဘူးလား။

ေကာင္းၿပီ ေနာက္တစ္ေယာက္က… အဲ့ဒီ႐ႊံ႕ကို ေျမအိုး လုပ္လိုက္မယ္ကြ…ာ တန္ဖိုး ပိုႀကီးသြားၿပီေနာ္။ ကံျခင္းတူရင္ ဉာဏ္ရွိသူက သာတယ္။ ဉာဏ္ရွိတာျခင္းတူရင္ ေလ့လာလိုက္စား ႀကိဳးစားအားထုတ္သူက သာတယ္။

ပညာဆိုတာ ပိုတယ္ မရွိဘူး။ ပညာကို ရတဲ့ေနရာမွာယူ လိုတဲ့ေနရာသုံး ေလ့လာပါ ဆည္းပူးပါ သင္ယူပါ… မင္းတို႔ တတ္ေျမာက္သြားတဲ့ပညာ ဘယ္သူမွ လာခိုးလို႔ မရဘူး။ ဘယ္မွလည္း ေပ်ာက္မသြားႏိုင္ဘူး… အခ်ိန္မေ႐ြး ထုတ္သုံးလို႔ ရတယ္။

လူေတာ္ေတာ္မ်ားမ်ား ေျပာတတ္ၾကတယ္… လူတစ္ေယာက္ ေအာင္ျမင္ၿပီဆို.. “ေၾသာ္… သူကေတာ့ ကံေကာင္းလိုက္တာေနာ္” သြားၿပီ အဲ့စကားထဲမွာ အကုန္ ပါသြားၿပီ။ ကံေကာင္းလိုက္တာေနာ္လို႔ ေျပာတဲ့သူမွန္သမွ်ဟာ

သူ ဘာလို႔ ေအာင္ျမင္ရသလဲဆိုတဲ့ အဓိကအခ်က္ကို မၾကည့္ေတာ့ဘူး။ သူ ဘယ္လို ႀကိဳးစားခဲ့သလဲဆိုတာ စိတ္မဝင္စားေတာ့ဘူး။ အဲ့ဒီေတာ့… ဘာေတြ အတုခိုးမလဲ ဘာပညာ ဘာနည္းလမ္းမွ မရေတာ့ဘူး။

တို႔ ေဂါတမဘုရား ကံေကာင္းလို႔ ဘုရားျဖစ္တာ မဟုတ္ဘူး။ ေလးသေခ်ၤနဲ႔ ကမာၻတစ္သိန္း ပါရမီျဖည့္ခဲ့ရတာ ႀကိဳးစားခဲ့ရတာ။ ဗိုလ္ခ်ဴပ္ေအာင္ဆန္း တစ္ကမာၻလုံးက ေလးစားရတဲ့သူ ကံေကာင္းလို႔္ျဖစ္လာတာ မဟုတ္ဘူး… သူႀကိဳးစားခဲ့ရတာ အလုပ္ေတြနဲ႔ တစ္ခ်ိန္လုံး နပမ္းလုံး လာခဲ့ရတာ။

ေအာင္ျမင္သူေတြကို အားက်ရင္ ေနာက္ေၾကာင္းကို ၾကည့္ပါ… သူ ဘာေတြလုပ္ခဲ့လဲ၊ သူ ဘယ္ေလာက္ ႀကိဳးစားခဲ့လဲ ၾကည့္ပါ။ ဒါမွ ကိုယ့္အတြက္ ပညာ ဗဟုသုတ ရမွာေပါ့။ ကံေကာင္းလိုက္တာေနာ္ဆိုေတာ့ လမ္းကဆုံးၿပီ။

ကမာၻ႔အခ်မ္းသာဆုံး ပုဂၢိဳလ္ေတြၾကည့္… ကံေကာင္းလို႔ ခ်မ္းသာလာတာ ငါမေတြ႕ဖူးဘူး… ေဗဒင္ေတြ ယၾတာေတြနဲ႔ ခ်မ္းသာလာတာလည္း ငါမေတြ႕ဖူးဘူး ဘယ္တန္ခိုးရွင္ကမွ မ.စ တာမဟုတ္ဘူ။း ႀကိဳးစားပါ ကိုယ့္ကိုကိုယ္ ယုံၾကည္ပါ အဲ့ဒါ… တန္ခိုးပဲ။

ငါေတာ့ ကံဆိုးလိုက္တာဆိုရင္ အဲ့ဒီေကာင္ ကံဆိုးၿပီသာ မွတ္ေတာ့…။ ငါ… မျဖစ္ႏိုင္ပါဘူးဆိုရင္ အဲ့ဒီေကာင္ ျဖစ္ကို မျဖစ္ေတာ့ဘူး… လုပ္ၾကည့္ခ်င္စိတ္မွ မရွိတာ။

ငါ… ျဖစ္ေလာက္ပါတယ္ဆိုရင္ အဲ့ဒီေကာင္ တစ္ခါေတာ့ ႀကိဳးစားၾကည့္လိမ့္မယ္။ ျဖစ္ဖို႔ အလားအလာရွိတယ္။ ငါ… မျဖစ္ေသးတာပါဆိုရင္ အဲ့ဒီေကာင္ ႏွစ္ႀကိမ္ သုံးႀကိမ္ ႀကိဳးစားၾကည့္လိမ့္မယ္… ျဖစ္ဖို႔ နီးစပ္တယ္။

ငါ.. ျဖစ္ကို ျဖစ္ရမယ္ဆိုရင္ အဲ့ဒီေကာင္ ျဖစ္ကိုျဖစ္မွာ… သူ႔မွာ ထပ္တလဲလဲ ႀကိဳးစားလိုစိတ္ ရွိတယ္။ သူ႔မွာ ေအာင္ျမင္လိုစိတ္ ျပင္းထန္တယ္။ ေအာင္ျမင္ခ်င္ရင္ ဇြဲရွိရမယ္။ ဇြဲဆိုတာ ၾကာရွည္ခံႏိုင္တဲ့ သတၱိ။

လဲက်တိုင္းသာ ေၾကာက္စိတ္ ဝင္ရမယ္ဆို ဘယ္ကေလးမွ လမ္းေလွ်ာက္တတ္မွာ မဟုတ္ဘူး။ စိတ္ဓာတ္ ယိမ္းယိုင္သြားတဲ့ အခါတိုင္း “ငါ… ငယ္ငယ္က လဲဖူးပါလား… ငါျပန္ထလို႔ အခုလို လမ္းေလွ်ာက္တတ္လာတာပါလား” ဆိုၿပီး ကိုယ့္ခြန္အား ကိုယ္ျပန္ေမြး။

ထိုင္ေနရင္းနဲ႔ေတာ့ ေမွ်ာ္လင့္ခ်က္ မထားနဲ႔… ဘာမွ မလုပ္ရင္ ဘာမွမရႏိုင္ဘူး လႈိင္းေၾကာက္ရင္ ေလွမစီးနဲ႔ ကမ္းစပ္ပဲ ထိုင္ေန။ လုပ္ခ်င္စိတ္ရွိရင္ အလုပ္ေပါတယ္… အလုပ္မရွိရင္ စာဖတ္ ဘဝအတြက္ အေထာက္အကူ အမ်ားႀကီးရတယ္။

အခြင့္အလမ္းမရွိခင္မွာ အသိပညာပိုင္းဆိုင္ရာ၊ အတတ္ပညာပိုင္းဆိုင္ရာ ကိုယ့္ဘက္က အသင့္ျပင္ထား.. Readyလုပ္ထား ေမာင္းတင္ထား ဒါအလုပ္ပဲ။ “ေအာင္သင္း”

မူရင္းတင္ဆက္သူအား ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။ ျပန္လည္ မွ်ေ၀ျခင္း ျဖစ္ပါသည္။

Unicode

ဆရာကြီး ဦးအောင်သင်းရဲ့ မှတ်သားဖွယ်ရာ စကားများ

မင်းတို့ကို ငါက ရွှံ့တုံး တစ်တုံးစီပေးမယ်.. မင်းတို့ဘာလုပ်မလဲ… “ဆရာကြီးကလည်းကွာ ပေးစရာရှားလို့” လို့ မတွေးနဲ့ မင်းတို့ကို ရွှံ့တုံးပညာ ပေးမလို့။

တစ်ယောက်က… ဟာကွာ ရွှံ့တုံးကြီးဘာလုပ်ဖို့လဲဆိုပြီး ဒီအတိုင်းထားမယ်။ ရွှံ့တုံးကို ဒီအတိုင်းထားတော့ ရွှံ့တုံးပဲပေါ့။ တစ်ယောက်က… လောက်စာလုံးမယ် ရွှံ့တုံးထက်တော့ လောက်စာလုံးက ပိုတန်ဖိုးရှိမသွားဘူးလား။

ကောင်းပြီ နောက်တစ်ယောက်က… အဲ့ဒီရွှံ့ကို မြေအိုး လုပ်လိုက်မယ်ကွ…ာ တန်ဖိုး ပိုကြီးသွားပြီနော်။ ကံခြင်းတူရင် ဉာဏ်ရှိသူက သာတယ်။ ဉာဏ်ရှိတာခြင်းတူရင် လေ့လာလိုက်စား ကြိုးစားအားထုတ်သူက သာတယ်။

ပညာဆိုတာ ပိုတယ် မရှိဘူး။ ပညာကို ရတဲ့နေရာမှာယူ လိုတဲ့နေရာသုံး လေ့လာပါ ဆည်းပူးပါ သင်ယူပါ… မင်းတို့ တတ်မြောက်သွားတဲ့ပညာ ဘယ်သူမှ လာခိုးလို့ မရဘူး။ ဘယ်မှလည်း ပျောက်မသွားနိုင်ဘူး… အချိန်မရွေး ထုတ်သုံးလို့ ရတယ်။

လူတော်တော်များများ ပြောတတ်ကြတယ်… လူတစ်ယောက် အောင်မြင်ပြီဆို.. “သြော်… သူကတော့ ကံကောင်းလိုက်တာနော်” သွားပြီ အဲ့စကားထဲမှာ အကုန် ပါသွားပြီ။ ကံကောင်းလိုက်တာနော်လို့ ပြောတဲ့သူမှန်သမျှဟာ

သူ ဘာလို့ အောင်မြင်ရသလဲဆိုတဲ့ အဓိကအချက်ကို မကြည့်တော့ဘူး။ သူ ဘယ်လို ကြိုးစားခဲ့သလဲဆိုတာ စိတ်မဝင်စားတော့ဘူး။ အဲ့ဒီတော့… ဘာတွေ အတုခိုးမလဲ ဘာပညာ ဘာနည်းလမ်းမှ မရတော့ဘူး။

တို့ ဂေါတမဘုရား ကံကောင်းလို့ ဘုရားဖြစ်တာ မဟုတ်ဘူး။ လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ပါရမီဖြည့်ခဲ့ရတာ ကြိုးစားခဲ့ရတာ။ ဗိုလ်ချူပ်အောင်ဆန်း တစ်ကမ္ဘာလုံးက လေးစားရတဲ့သူ ကံကောင်းလို့်ဖြစ်လာတာ မဟုတ်ဘူး… သူကြိုးစားခဲ့ရတာ အလုပ်တွေနဲ့ တစ်ချိန်လုံး နပမ်းလုံး လာခဲ့ရတာ။

အောင်မြင်သူတွေကို အားကျရင် နောက်ကြောင်းကို ကြည့်ပါ… သူ ဘာတွေလုပ်ခဲ့လဲ၊ သူ ဘယ်လောက် ကြိုးစားခဲ့လဲ ကြည့်ပါ။ ဒါမှ ကိုယ့်အတွက် ပညာ ဗဟုသုတ ရမှာပေါ့။ ကံကောင်းလိုက်တာနော်ဆိုတော့ လမ်းကဆုံးပြီ။

ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်တွေကြည့်… ကံကောင်းလို့ ချမ်းသာလာတာ ငါမတွေ့ဖူးဘူး… ဗေဒင်တွေ ယတြာတွေနဲ့ ချမ်းသာလာတာလည်း ငါမတွေ့ဖူးဘူး ဘယ်တန်ခိုးရှင်ကမှ မ.စ တာမဟုတ်ဘူ။း ကြိုးစားပါ ကိုယ့်ကိုကိုယ် ယုံကြည်ပါ အဲ့ဒါ… တန်ခိုးပဲ။

ငါတော့ ကံဆိုးလိုက်တာဆိုရင် အဲ့ဒီကောင် ကံဆိုးပြီသာ မှတ်တော့…။ ငါ… မဖြစ်နိုင်ပါဘူးဆိုရင် အဲ့ဒီကောင် ဖြစ်ကို မဖြစ်တော့ဘူး… လုပ်ကြည့်ချင်စိတ်မှ မရှိတာ။

ငါ… ဖြစ်လောက်ပါတယ်ဆိုရင် အဲ့ဒီကောင် တစ်ခါတော့ ကြိုးစားကြည့်လိမ့်မယ်။ ဖြစ်ဖို့ အလားအလာရှိတယ်။ ငါ… မဖြစ်သေးတာပါဆိုရင် အဲ့ဒီကောင် နှစ်ကြိမ် သုံးကြိမ် ကြိုးစားကြည့်လိမ့်မယ်… ဖြစ်ဖို့ နီးစပ်တယ်။

ငါ.. ဖြစ်ကို ဖြစ်ရမယ်ဆိုရင် အဲ့ဒီကောင် ဖြစ်ကိုဖြစ်မှာ… သူ့မှာ ထပ်တလဲလဲ ကြိုးစားလိုစိတ် ရှိတယ်။ သူ့မှာ အောင်မြင်လိုစိတ် ပြင်းထန်တယ်။ အောင်မြင်ချင်ရင် ဇွဲရှိရမယ်။ ဇွဲဆိုတာ ကြာရှည်ခံနိုင်တဲ့ သတ္တိ။

လဲကျတိုင်းသာ ကြောက်စိတ် ဝင်ရမယ်ဆို ဘယ်ကလေးမှ လမ်းလျှောက်တတ်မှာ မဟုတ်ဘူး။ စိတ်ဓာတ် ယိမ်းယိုင်သွားတဲ့ အခါတိုင်း “ငါ… ငယ်ငယ်က လဲဖူးပါလား… ငါပြန်ထလို့ အခုလို လမ်းလျှောက်တတ်လာတာပါလား” ဆိုပြီး ကိုယ့်ခွန်အား ကိုယ်ပြန်မွေး။

ထိုင်နေရင်းနဲ့တော့ မျှော်လင့်ချက် မထားနဲ့… ဘာမှ မလုပ်ရင် ဘာမှမရနိုင်ဘူး လှိုင်းကြောက်ရင် လှေမစီးနဲ့ ကမ်းစပ်ပဲ ထိုင်နေ။ လုပ်ချင်စိတ်ရှိရင် အလုပ်ပေါတယ်… အလုပ်မရှိရင် စာဖတ် ဘဝအတွက် အထောက်အကူ အများကြီးရတယ်။

အခွင့်အလမ်းမရှိခင်မှာ အသိပညာပိုင်းဆိုင်ရာ၊ အတတ်ပညာပိုင်းဆိုင်ရာ ကိုယ့်ဘက်က အသင့်ပြင်ထား.. Readyလုပ်ထား မောင်းတင်ထား ဒါအလုပ်ပဲ။ “အောင်သင်း”

မူရင်းတင်ဆက်သူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*