











Unicode

အိမ်ထောင်ရှင် မိန်းကလေးများ ဒီအချက်တွေနဲ့ ကြုံရင် ယောက္ခမကို ကျေးဇူးတင်ပါ…

ကိုယ်ရဲ့ အမျိုးသားနဲ့ ရန်ဖြစ်တိုင်း ကိုယ့်ကို လက် မပါရင် ၊ မရိုက်နှက်ရင်၊ အကြမ်း မဖက်ရင် ယောက္ခမကို ကျေးဇူးတင်ပါ .. ။ (me.ကိုယ်လည်း သားကို သေချာ သွန်သင် ရတော့မယ်ပေါ့)

ယောက်ျားလေး ဖြစ်ပေမဲ့ အိမ်မှုကိစ္စတွေရဲ့တစ်ထောင့် တစ်နေရာကနေ ကိုယ့်ကို ကူညီပေးတတ်သူဆို ယောက္ခမကို ကျေးဇူးတင်ပါ ။

အလုပ်တစ်ခု လုပ်ဖို့အတွက် Gender မခွဲခြား တတ်သူ ဆိုရင် သူ့ကို ပြုစု ပျိုးထောင် ပေးလိုက်တဲ့ သူ့ အမေကို ကျေးဇူးတင်ပါ ။

ကလေး ကူ ထိန်းပေးဖို့ ဝန် မလေးတတ်သူ ၊ မိန်းမ နေထိုင် မ ကောင်းတဲ့အခါ ဂရုတစိုက် ပြုစုပေးတတ်သူ ၊ အိမ်မှု ကိစ္စတွေ နဲ့ မအားလပ်တဲ့ မိန်းမကို တာဝန် ပေါ့အောင် သူ့ ဝေယျာဝစ္စ အတွက်

သူကိုယ်တိုင် ဖြေရှင်းတတ်တဲ့သူ ဖြစ်ပြီး… ငါက ဒီအိမ် ရဲ့ အိမ်ထောင်ဦးစီး ဆိုတဲ့ အခွင့်ထူးခံ လူတန်းစား တစ်ယောက်လို မနေတဲ့သူ ဆိုရင် ယောက္ခမကို ကျေးဇူးတင်ပါ ။

ဒီ အချက်တွေဟာ မိခင်တစ်ယောက်က သားတစ်ယောက်ကို ဘယ်လို ပြုစုပျိုးထောင်ခဲ့တယ် ဆိုတဲ့ အရည်အချင်း တစ်ခုပဲ..။ ကိုယ် အိမ်ထောင်ဘက်ကောင်း ရတယ်ဆိုတာ သူ့ကို မွေးထုတ်ပေးလိုက်တဲ့ မိခင်က တော်လို့ပါ… ။

ဖောက်ပြန်တဲ့ ကိစ္စလား… အဲဒါက မိဘ နဲ့ မဆိုင်ဘူး… အတွင်းစိတ် ဗီဇ နဲ့ပဲ ဆိုင်တယ်…။ မိဘတွေက ဘယ်လောက်ပဲ ဆုံးမ ဆုံးမ သိက္ခာ မထိန်းချင်တဲ့ သူတွေကတော့ ဖောက်ပြန်ကြမှာ ပဲလေ…။

တချို့တွေက အိမ်ထောင်ကျ ကံကောင်းတာတင် မဟုတ်ဘူး ယောက္ခမကံ လည်း ကောင်းကြတယ် ။

မူရင်း ရေးသားသူအား လေးစားစွာဖြင့် ခ ရက် ဒစ် ပေးပါသည်။ ပြန်လည် မျှဝေခြင်း ဖြစ် ပါ သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*