


















Unicode

မိန်းကလေးတွေ… ရွဲ့ပြောတတ်တဲ့ စကားအတည့်လေးတွေ…

လာမခေါ်နဲ့ !… အဲတာ ခေါ်ခိုင်းတာ.. မခေါ်ပဲနေကြည့် သေအောင် စိတ်ဆိုးတယ် ။

အေးးး ရတယ်လေ!… အဲတာ မရဘူးးး ကြည့်နေ… ငါပြဿနာ ရှာပြမယ် အဲ့လို.. ။

ပြီးတာပဲ!… အဲ့တာ မပြီးဘူး မကျေနပ်လို့ပြောတာ… ခဏနေ သူ ပြန်ရွဲ့တော့မှာ ။

ဘာတစ်ခွန်းမှ လာမပြောနဲ့!… အဲ့တာ ကောက်သွားတာ… အမြှုပ်ထွက်အောင် သွားရှင်းပြ ပြောနိုင်မှ တော်ကာ ကျမှာ ။

ကြိုက်တာသာ လုပ်!… ဘာမှ သွားမလုပ်နဲ့… အဲ့တာ သူ ပြဿနာရှာဖို့ အဆင်သင့်ပဲဆိုတဲ့ သဘော ။

ငါ့ကို.. အဖက်လာမလုပ်နဲ့!… ပစ်ထားတာ များသွားပြီ… သေချာ ပြန်ဂရုစိုက်ပေး ဆိုတဲ့သဘော..။ အနီရောင်အဆင့် ရှော့ရှိတယ် ။

နင်ဘာလုပ်လုပ်… ငါ ဂရုမစိုက်ဘူး!… အဲ့တာ သူ ဂရုစိုက်တယ်.. တော်တော် စိုက်တာ။ မျက်စိထောက်ထောက် ကြည့်နေတာ… တစ်ချက် မမှားနဲ့ ရစ်ပလိုက်လို့ နားကား သွားမယ် ။

နင့်သဘောနဲ့ နင် !… အဲ့တာ သူ့ဆီ အရင် ခွင့်တောင်းခိုင်းတာ… ဘယ်နေရာလဲ ဘာကိစ္စလဲ ဘယ်သူနဲ့လဲ… ? အဲ့လို မေးခွန်းပေါင်းများစွာ မေးပီး အစစ်ဆေး လာခံခိုင်းတာ ။

ကောင်းပီလေ!… မကောင်းဘူး တော်တော် မကောင်းတာ… ပြဿနာစဖို့ အစပျိုးတာ ။

အော်… အဲ့လိုလားးး!… သွါးပီ အဲ့တာရွဲ့ပီ စောင်းပီ… ဘုဂလန့်လုပ်ပီ စိတ်ဒုက္ခ ပေးပီ။

ကြည့်မရဘူး!… အမှန်က ကြည့်မဝတာ ။

နင့်ရုပ်လဲ မမြင်ချင်ဘူး!… အဲ့လိုပြောရင် သွားတွေ့လိုက်.. ။

နင့်အသံလဲ မကြားချင်ဘူး!… ဖုန်းလေးတော့ ဆက်လိုက် သူချည်း ဒိုင်ခံ ပြောလိမ့်မယ်…။

မုန်းတယ်… သလား!… ချစ်လို့ပြောတာ ။

အဲ့တာတွေက… ရွဲ့တာမဟုတ်ဘူး… မှတ်ထား …!! အရမ်း ချစ်လို့… ။

မူရင်း ရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*