
သင့္ခႏၶာကိုယ္ေပၚမွာ ေရေမႊး ဆြတ္သင့္တဲ့ေနရာ (၄) ခု နဲ႔ မဆြတ္သင့္တဲ့ေနရာ (၄) ခု…
ေရေမႊးဆြတ္တာက ကိုယ့္ကိုယ္ကိုယ္ ယုံၾကည္မႈ တိုးေစပါတယ္။ ေရေမႊးနံ႔ ၾကာရွည္ စြဲၿမဲေနေစဖို႔ ေရေမႊးဆြတ္တဲ့ေနရာကလည္း အေရးပါ ပါ တယ္။
ေရေမႊးဆြတ္တဲ့အခါ ရနံ႔ၾကာရွည္ေစဖို႔ ေရေမႊး ဆြတ္သင့္တဲ့ ေနရာေတြနဲ႔ မဆြတ္သင့္တဲ့ ေနရာေတြကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။
ေရေမႊး ဆြတ္သင့္တဲ့ ေနရာမ်ား…
(၁) ဒူး ေနာက္ဖက္
ေရေမႊးကို ဒူးရဲ႕အေနာက္ဖက္မွာ မဆြတ္သင့္ဘူးလို႔ အခ်ိဳ႕ေတြက ယူဆၾကပါတယ္။ ဒါေပမယ့္ ေရခ်ိဳးခ်ိဳးၿပီးခ်င္း အခ်ိန္… ဒူးရဲ႕အေနာက္ဘက္မွာ ေရေမႊးဆြတ္ရင္ ေရေမႊးနံ႔က ၾကာရွည္ စြဲၿမဲေနပါတယ္။
(၂) ေပါင္ အတြင္းဘက္
ေရေမႊးကို ခႏၶာကိုယ္ရဲ႕ သီးသန႔္ေနရာေတြမွာေတာ့ လုံးဝ မဆြတ္သင့္ပါဘူး။ ဒါေပမယ့္ ေပါင္အတြင္းဘက္မွာေတာ့ ဆြတ္လို႔ ရပါတယ္။ ေပါင္အတြင္းဘက္က အပူက ေရေမႊးရဲ႕ရနံ႔ကို တိုးျမႇင့္ေပးၿပီး တစ္ေန႔လုံး ေမႊးပ်ံ႕ေနေစပါတယ္
(၃) ရင္ၾကားေနရာ
ေရေမႊးနံ႔ကို ၾကာရွည္ခံေစတဲ့ ေနာက္ထပ္တစ္ေနရာကေတာ့… ရင္ၾကားေနရာပါ။ ရင္ၾကားေနရာမွာ ေရေမႊး ဆြတ္ရင္ ရနံ႔က တစ္ေနကုန္နီးပါး ၾကာရွည္ ခံပါတယ္။ ကိုယ္သင္းနံ႔နဲ႔ ေပါင္းစပ္ၿပီး အမ်ိဳးသမီးဆန္တဲ့ ရနံ႔ကို ရရွိေစပါတယ္။
(၄) ဝမ္းဗိုက္
အဝတ္အစားေတြမွာပါ ရနံ႔ ေမႊးပ်ံ႕ေနေစဖို႔ ဝမ္းဗိုက္မွာလည္း ေရေမႊး ဆြတ္လို႔ရပါတယ္။ ဝမ္းဗိုက္မွာ ေရေမႊး ဆြတ္ထားရင္ တစ္ညလုံးပါ ေမႊးပ်ံ႕ေနေစပါတယ္။
ညဘက္ အိပ္မေပ်ာ္တဲ့အခါ… လာဗင္ဒါရနံ႔ ေရေမႊးကို ဝမ္းဗိုက္မွာ ဆြတ္ထားရင္ ညဘက္မွာ လြယ္လြယ္ကူကူ အိပ္ေပ်ာ္ေစပါတယ္။
ေရေမႊး မဆြတ္သင့္တဲ့ ေနရာမ်ား…
(၁) ခ်ိဳင္း
ခ်ိဳင္းမွာ ေခြၽးဂလင္းေတြ ရွိပါတယ္။ ခ်ိဳင္းမွာ ေရေမႊးဆြတ္ရင္ ေခြၽးဂလင္းေတြနဲ႔ ေပါင္းစပ္ၿပီး အသားအေရ ေလာင္တာ နဲ႔ ယားယံတာကို ခံစားရပါတယ္။ ခ်ိဳင္းမွာ ေရေမႊးဆြတ္တဲ့အခါ ေမႊးပ်ံ႕တဲ့ရနံ႔ကို ရရွိမွာ မဟုတ္ပါဘူး။
(၂) Bikini zone
ေရေမႊး မဆြတ္သင့္တဲ့ ေနာက္ထပ္ ေနရာတစ္ခုကေတာ့… Bikini zone ပါ။ အဲဒီေနရာမွာ ဆြတ္ရင္ အသားအေရ ေျခာက္ၿပီး အေရျပားျပႆနာေတြ ျဖစ္ေပၚလာပါတယ္။
(၃) မ်က္လုံးတစ္ဝိုက္
မ်က္လုံးတစ္ဝိုက္မွာေတာ့ ေရေမႊးကို လုံးဝ မဆြတ္သင့္ပါဘူးေနာ္။ အယ္လ္ကိုေဟာ နဲ႔ ethyl ကို အေျခခံၿပီး ထုတ္လုပ္ထားတဲ့ ေရေမႊးေတြက… မ်က္လုံးအျမင္အာ႐ုံ ကို ဆိုးဆိုး႐ြား႐ြား ထိခိုက္ေစပါတယ္။
(၄) လက္ဖဝါး
အခ်ိဳ႕က ေရေမႊးကို လက္ေကာက္ဝတ္မွာ ဆြတ္ၾကပါတယ္။ ဒါေပမယ့္ လက္ဖဝါးမွာေတာ့ ေရေမႊး မဆြတ္သင့္ပါဘူး။
အယ္လ္ကိုေဟာကို အေျခခံၿပီး ထုတ္လုပ္ထားတဲ့ ေရေမႊးေတြနဲ႔ လက္ဖဝါးကို ဆြတ္ရင္ လက္ဖဝါးေျခာက္ေသြ႕တာ၊ အက္ကြဲတာတို႔ ျဖစ္ေပၚလာပါတယ္။
ခရက္ဒစ္#Zombie (lovemedia)#ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။ ျပန္လည္ မွ်ေ၀ျခင္း ျဖစ္ပါသည္။
Unicode
သင့်ခန္ဓာကိုယ်ပေါ်မှာ ရေမွှေး ဆွတ်သင့်တဲ့နေရာ (၄) ခု နဲ့ မဆွတ်သင့်တဲ့နေရာ (၄) ခု…
ရေမွှေးဆွတ်တာက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု တိုးစေပါတယ်။ ရေမွှေးနံ့ ကြာရှည် စွဲမြဲနေစေဖို့ ရေမွှေးဆွတ်တဲ့နေရာကလည်း အရေးပါ ပါ တယ်။
ရေမွှေးဆွတ်တဲ့အခါ ရနံ့ကြာရှည်စေဖို့ ရေမွှေး ဆွတ်သင့်တဲ့ နေရာတွေနဲ့ မဆွတ်သင့်တဲ့ နေရာတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။
ရေမွှေး ဆွတ်သင့်တဲ့ နေရာများ…
(၁) ဒူး နောက်ဖက်
ရေမွှေးကို ဒူးရဲ့အနောက်ဖက်မှာ မဆွတ်သင့်ဘူးလို့ အချို့တွေက ယူဆကြပါတယ်။ ဒါပေမယ့် ရေချိုးချိုးပြီးချင်း အချိန်… ဒူးရဲ့အနောက်ဘက်မှာ ရေမွှေးဆွတ်ရင် ရေမွှေးနံ့က ကြာရှည် စွဲမြဲနေပါတယ်။
(၂) ပေါင် အတွင်းဘက်
ရေမွှေးကို ခန္ဓာကိုယ်ရဲ့ သီးသန့်နေရာတွေမှာတော့ လုံးဝ မဆွတ်သင့်ပါဘူး။ ဒါပေမယ့် ပေါင်အတွင်းဘက်မှာတော့ ဆွတ်လို့ ရပါတယ်။ ပေါင်အတွင်းဘက်က အပူက ရေမွှေးရဲ့ရနံ့ကို တိုးမြှင့်ပေးပြီး တစ်နေ့လုံး မွှေးပျံ့နေစေပါတယ်
(၃) ရင်ကြားနေရာ
ရေမွှေးနံ့ကို ကြာရှည်ခံစေတဲ့ နောက်ထပ်တစ်နေရာကတော့… ရင်ကြားနေရာပါ။ ရင်ကြားနေရာမှာ ရေမွှေး ဆွတ်ရင် ရနံ့က တစ်နေကုန်နီးပါး ကြာရှည် ခံပါတယ်။ ကိုယ်သင်းနံ့နဲ့ ပေါင်းစပ်ပြီး အမျိုးသမီးဆန်တဲ့ ရနံ့ကို ရရှိစေပါတယ်။
(၄) ဝမ်းဗိုက်
အဝတ်အစားတွေမှာပါ ရနံ့ မွှေးပျံ့နေစေဖို့ ဝမ်းဗိုက်မှာလည်း ရေမွှေး ဆွတ်လို့ရပါတယ်။ ဝမ်းဗိုက်မှာ ရေမွှေး ဆွတ်ထားရင် တစ်ညလုံးပါ မွှေးပျံ့နေစေပါတယ်။
ညဘက် အိပ်မပျော်တဲ့အခါ… လာဗင်ဒါရနံ့ ရေမွှေးကို ဝမ်းဗိုက်မှာ ဆွတ်ထားရင် ညဘက်မှာ လွယ်လွယ်ကူကူ အိပ်ပျော်စေပါတယ်။
ရေမွှေး မဆွတ်သင့်တဲ့ နေရာများ…
(၁) ချိုင်း
ချိုင်းမှာ ချွေးဂလင်းတွေ ရှိပါတယ်။ ချိုင်းမှာ ရေမွှေးဆွတ်ရင် ချွေးဂလင်းတွေနဲ့ ပေါင်းစပ်ပြီး အသားအရေ လောင်တာ နဲ့ ယားယံတာကို ခံစားရပါတယ်။ ချိုင်းမှာ ရေမွှေးဆွတ်တဲ့အခါ မွှေးပျံ့တဲ့ရနံ့ကို ရရှိမှာ မဟုတ်ပါဘူး။
(၂) Bikini zone
ရေမွှေး မဆွတ်သင့်တဲ့ နောက်ထပ် နေရာတစ်ခုကတော့… Bikini zone ပါ။ အဲဒီနေရာမှာ ဆွတ်ရင် အသားအရေ ခြောက်ပြီး အရေပြားပြဿနာတွေ ဖြစ်ပေါ်လာပါတယ်။
(၃) မျက်လုံးတစ်ဝိုက်
မျက်လုံးတစ်ဝိုက်မှာတော့ ရေမွှေးကို လုံးဝ မဆွတ်သင့်ပါဘူးနော်။ အယ်လ်ကိုဟော နဲ့ ethyl ကို အခြေခံပြီး ထုတ်လုပ်ထားတဲ့ ရေမွှေးတွေက… မျက်လုံးအမြင်အာရုံ ကို ဆိုးဆိုးရွားရွား ထိခိုက်စေပါတယ်။
(၄) လက်ဖဝါး
အချို့က ရေမွှေးကို လက်ကောက်ဝတ်မှာ ဆွတ်ကြပါတယ်။ ဒါပေမယ့် လက်ဖဝါးမှာတော့ ရေမွှေး မဆွတ်သင့်ပါဘူး။
အယ်လ်ကိုဟောကို အခြေခံပြီး ထုတ်လုပ်ထားတဲ့ ရေမွှေးတွေနဲ့ လက်ဖဝါးကို ဆွတ်ရင် လက်ဖဝါးခြောက်သွေ့တာ၊ အက်ကွဲတာတို့ ဖြစ်ပေါ်လာပါတယ်။
ခရက်ဒစ်#Zombie (lovemedia)#လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။
Leave a Reply