Unicode
တစ်ချို့တွေ ဈေးရောင်းရင် အောင်မြင်ကြတယ်ဆိုတာ ဘာကြောင့်လဲ…ဗျူဟာရှိပါတယ်
( ၁ ) ဆိုင် နေရာကောင်းခြင်းဟာ… ဆိုင်ကြီးတာ ငယ်တာထက် ပိုအရေးကြီးပါတယ် ။
( ၂ ) ရောင်းကုန်ရဲ့ အရည်အသွေးဟာ… ဆိုင်နေရာထက် ပို အရေးကြီးနေတတ်ပြန်တယ် ။
( ၃ ) စကား ချိုချိုသာသာ ဈေးရောင်းတတ်ခြင်းဟာ… အရေးကြီးပါတယ်။ ဖောက်သည် ကို ပိုမြဲစေပါတယ် ။
( ၄ ) အရင်းအနှီး နည်းတာကို စိုးရိမ်ခြင်းထက်… ယုံကြည်မှု နည်းတာကို ပို စိုးရိမ်သင့်ပါတယ် ။
( ၅ ) ဆိုင်ကို လှလှပပ ခင်းကျင်းတတ်ခြင်းဟာ အရေးကြီးပေမဲ့… နည်းနည်း ရှုပ်ပွနေတဲ့ ဆိုင်ငယ်ကလေးက ပို ရောင်းကောင်းနေတတ်ပါတယ်။ ဈေးချိုတယ်ဆိုတာကို ဝယ်ယူသူများက ထင်မြင်သွားစေလို့ပါ ။
( ၆ ) ဝယ်သူကို တောက်လျှောက် လိုက်ကပ်နေတာမျိုး၊ မဝယ်မချင်း တိုက်တွန်းနေတာမျိုး ရှောင်ကြဉ်ပါ ။
( ၇ ) ပိုက်ဆံ တစ်ကျပ်သုံးနိုင်တဲ့ စားသုံးသူက ပိုက်ဆံ တစ်ရာသုံးနိုင်တဲ့ စားသုံးသူထက် စီးပွားတက်ဖို့ ပိုထောက်ကူတတ်တယ်။ တန်ဖိုး ပိုရှိတယ် ။
( ၈ ) ငွေလည်ပတ်မှု မြန်ဆန်ပါစေ ။
( ၉ ) စားသုံးသူရဲ့ ရှေ့မှာ ဆိုင်ဝန်ထမ်းတွေကို ဆဲဆို အပြစ်တင်ခြင်းဟာ… စားသုံးသူကို မောင်းထုတ်တာပါ ။
( ၁၀ ) နည်းနည်း… များများ… လက်ကားဖောက်သည်ကို အမျိုးလို သဘောထားပါ ။ တတ်နိုင်သမျှ သူတို့ရဲ့ တောင်းဆိုချက်ကို ဖြည့်ဆည်းပေးပါ ။
( ၁၁ ) ရောင်းကုန် ပစ္စည်း ပြတ်သွားတယ်ဆိုတာ ဖောက်သည်ကို လျစ်လျူရှုတာ ၊ စော်ကားတာနဲ့ အတူတူပဲ ။
( ၁၂ ) ဈေးနူန်း တစ်ခုတည်း ဖြစ်ပါစေ ၊ တခုခုကြောင့် ဈေးလျှော့ရောင်းခြင်းဟာ ရှုပ်ထွေးမူကို ဖြစ်စေတတ်ပါတယ် ။ ကတိကို ထိခိုက် နိုင်စေပါတယ် ။
( ၁၃ ) ဘယ်သူ့ကိုမှ အတင ေးရောင်းချခြင်း မပြုလုပ်ပါနှင့်… စားသုံးသူ ကြိုက်နှစ်သက်သော ပစ္စည်းကို ရောင်းချနေတာ မဟုတ်ပါ ။ စားသုံးသူ အကျိုးရှိစေတဲ့ ပစ္စည်းကို ရောင်းချနေတာပါ ။
( ၁၄ ) စက္ကူ တစ်ရွက်ပဲဖြစ်ဖြစ် ၊ လက်ဆောင်ကို လူတိုင်း နှစ်သက် တတ်ကြပါတယ် ။
( ၁၅ ) ကလေးများဟာ ကျေးဇူးရှင်ပါ ။ စားသုံးသူများက ကလေးကို ခေါ်ဆောင်လာတာပဲ ဖြစ်ဖြစ်၊ကလေးဈေးလာဝယ်တာပဲ ဖြစ်ဖြစ် အထူးဂရုစိုက်ပေးပါ ။ ( ကလေးကို လွှတ်တာတောင် ဖြစ်ကတတ်ဆန်း မလုပ်ဘူး) ဆိုတာ လူတွေ သိပါစေ ။
( ၁၆ ) အသစ် ထွင်ပါ။ ဝယ်သူကို ဆွဲဆောင်နိုင်အောင် အမြဲ ကြိုးစားပါ။
( ၁၇ ) အရောင်းအဝယ် ကြီးကြီး သေးသေး အစွမ်းကုန် ကြိုးစားပါ။ ဆိုင်တစ်ခုလုံး ရှင်သန်နေပါစေ။ ဝယ်သူ များလာအောင် ဆွဲဆောင်နိုင်ကြပါလိမ့်မယ်။
မူရင်းရေးသားသူအား လေးစားစွဖြင့် ခရက်ဒစ် ပေးပါသည်။ ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။
Be the first to comment
Leave a Reply
Your email address will not be published.
*