















Unicode

မိတ်ဆွေ၊ အပေါင်းအသင်း အဖြစ်မှ ရပ်စဲသင့်တဲ့… လူ ( ၅ ) ယောက်

( ၁ ) နောက်ကျောကို ဓား နဲ့ ထိုးတဲ့ သူမျိုး

မိမိ က သူ့ကို စိတ်ရင်း စေတနာ ရင်း နဲ့ ခင်ပါသော်လည်း သူ့ဘက် က မိမိရဲ့ နောက်ကွယ်မှာ မိမိကို တစ်စုံတစ်ခု ဖြစ်အောင် သော်လည်းကောင်း၊

စီးပွားပျက်အောင် သော်လည်းကောင်း လုပ်တဲ့ သူမျိးကို မိတ်ဆွေ အဖြစ်ကနေ ရပ်ဆဲ လိုက်ပါ။

( ၂ ) အကောင်းပြောပြီး ချောက်ချ တဲ့ သူမျိုး

မိမိရှေ့ ရောက်ရင်… မိမိ တစ်ခုခု မှားနေရင်တောင် မဝေဖန်ဘဲ အကောင်း ပြောတယ်။ သို့သော် သူရဲ့ စိတ်ထဲကနေ မိမိ တစ်ခုခု ဖြစ်အောင် ချောက်ချတဲ့ သူမျိုးတွေကို မပေါင်းသင့်ပါ။

( ၃ ) မလိုရင် တစ်မျိုး… လိုရင် တစ်မျိုး

ဒီလို မိတ်ဆွေ တွေလည်း ပတ်ဝန်းကျင် မှာ ခဏခဏ တွေ့ဖူး ကြ မှာ ပါ။ သူတို့ တစ်ခုခု လိုမှ ဆက်သွယ် လာပြီး… မလိုတဲ့ အခါကျရင် ပျောက်ကွယ် သွားတဲ့ မိတ်ဆွေ တွေကို စိတ်ထဲ ထားမနေပါနဲ့။

( ၄ ) ကိုယ် အောင်မြင်မှာကို မနာလိုတဲ့ သူမျိုး

မိမိ က ကြိုးစားလို့ အောင်မြင်တာ ကို သူ့အနေဖြင့် မနာလို ဝန်တို ဖြစ်နေတဲ့ မိတ်ဆွေမျိုးတွေဟာ သင့် အနားမှာ မရှိလည်း ဘာမှ မဖြစ်ပါဘူး။

သူတို့ဟာ သင့် အခက်အခဲတွေ ကိုလည်း ကူညီမှာ မဟုတ်သလို… သင့်ကို ဘယ်တော့မှ ချီးကျူးမှာ မဟုတ်ပါဘူး။

( ၅ ) သူ့ အတွက်ပဲ ကြည့်တဲ့ သူမျိုး

ဘာပဲ ဖြစ်ဖြစ် အခြားသူ ဖြစ်ချင်ရာဖြစ် သူကောင်းစားဖို့ အတွက်ပဲ ကြည့်ပြီး …အလုပ် လုပ်တတ်တဲ့ သူမျိုး၊ အရာရာ ကို သူ အဆင်ပြေရင် ပြီးရော ဆိုတဲ့ မိတ်ဆွေ တွေကို… မိတ်ဆွေ အဖြစ်မှ ရပ်စဲနိုင်ပါတယ်။

ခရက်ဒစ်#ကျာ်လင်းနိုင် (ရိုးရာလေး)#လေးစားစွာဖြင့် ခ ရက် ဒစ် ပေး ပါ သည်။ ပြန်လည် မျှဝေခြင်း ဖြစ် ပါ သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*