လုပ္ရလြယ္ၿပီး စားလို႔လဲေကာင္းတဲ့… အေၾကာ္မႈန္႔စပ္နည္း ႏွင့္ အခ်ဥ္ရည္စပ္နည္း

လုပ္ရလြယ္ၿပီး စားလို႔လဲေကာင္းတဲ့... အေၾကာ္မႈန္႔စပ္နည္း ႏွင့္ အခ်ဥ္ရည္စပ္နည္း
လုပ္ရလြယ္ၿပီး စားလို႔လဲေကာင္းတဲ့... အေၾကာ္မႈန္႔စပ္နည္း ႏွင့္ အခ်ဥ္ရည္စပ္နည္း

လုပ္ရလြယ္ၿပီး စားလို႔လဲေကာင္းတဲ့… အေၾကာ္မႈန္႔စပ္နည္း ႏွင့္ အခ်ဥ္ရည္စပ္နည္း

အေၾကာ္မႈန္ ႔စပ္နည္း…

လုပ္ရလြယ္ၿပီး စားလို႔လဲ ေကာင္းသြားတယ္ ..။

(1) ပဲစိမ္းမႈန္႔ အထုတ္ႀကီး 1ထုပ္

(2) ေကာက္ညႇင္းမႈန္႔ 1ထုပ္

(3) ေ႐ႊၾကည္မႈန္႔ 1ထုပ္

(4) ဆန္စိမ္းမႈန္႔ 1ထုပ္

(5) ယိုးဒယားမယ္ 1ထုပ္

(6) ေ႐ႊလိပ္ျပာ 1ထုပ္

ေျခာက္ေသြ႕ေနတဲ့ အိုးထဲ အကုန္လုံး ေဖာက္ထည့္ၿပီး ေျခာက္ေသြ႕ေနတဲ့ ဇြန္းႀကီးနဲ႔ ေမႊေပးပါ…။ ၿပီးရင္ ေျခာက္ေသြ႕ေနတဲ့ ေလလုံဘူးထဲ ထည့္ၿပီး သိမ္းလိုက္ပါ…။၂

လိုအပ္တဲ့ အခ်ိန္ ထုတ္ၿပီး ဘူးသီးေၾကာ္၊ ငွက္ေပ်ာေၾကာ္၊ အာလူးေၾကာ္ တို႔ေၾကာ္မယ္ဆို… ပ်စ္ပ်စ္ေလးေဖ်ာ္။ ဂ်င္းေထာင္းရည္ေလး နဲနဲထည့္…။ ဆား၊ ေဆာ္ဒါေလး နဲနဲထည့္ၿပီး 15 မိနစ္ ေလာက္ ထားထား လိုက္ပါ…

ဆားကို ထည့္ခ်င္လဲ ထည့္.. မထည့္ခ်င္လဲ မထည့္နဲ႔။ ဆားထည့္ရင္ ေပ်ာ့တာ ျမန္လို႔ မထည့္ၾကဘူး။ အ႐ြက္ေၾကာ္ေတြ၊ ၾကက္သြန္ေၾကာ္ေတြ ေၾကာ္မယ္ဆို…

အရည္ က်ဲက်ဲေလး ေဖ်ာ္ရ ပါတယ္..။ ဂ်င္းေထာင္း ဆား ၊ ဆာ္ဒါထည့္ၿပီး ကိုယ္ေၾကာ္မယ့္ အ႐ြက္ပါ ေရာနယ္လိုက္ပါတယ္…။ အ့ပါပဲရွင့္… အိမ္မွာ ကြကိုယ္ ႀကိဳက္တဲ့ အခ်ိန္ ေၾကာ္စားေတာ့ ရပီ…

အခ်ဥ္ရည္ စပ္နည္း

မက်ည္းသီးမွည့္ ကို ေရေဆး၊ ထန္းလ်က္ ကို ေရေဆး၊ နံနံအနဲငယ္ ကို ေရေဆး၊ င႐ုတ္သီးစိမ္း၊ ၾကက္သြန္ျဖဴ၊ ဆား သို႔ ငံျပာရည္ င႐ုတ္ဆီ အနီႀကိဳက္ရင္ ထည့္။

အခု င႐ုတ္ခ်ဥ္ စပ္ၿပီးသား အထုတ္ေတြလဲ လာပါတယ္…။ ႀကိဳက္ရင္ထည့္…။ ေရ လိုသေလာက္ ထည့္ၿပီး မီးေပၚ ေကာင္းေကာင္း အဆူေပးခံလိုက္ပါ…။ ၿပီးရင္ အေအးခံၿပီး ေဖ်ာ္ရည္စက္နဲ႔ ႀကိတ္လိုက္ပါ…။

အရသာက ခ်ိဳခ်ဥ္စပ္ေလးေပါ့..။. အဲ့ အခ်ဥ္ရည္နဲ႔ အေၾကာ္မ်ိဳးစုံနဲ႔ အသုပ္မ်ိဳးစုံတို႔တြင္ အသုံးျပဳ ႏိုင္ပါသည္…။ ဆူေအာင္ တည္ထားတဲ့ အတြက္ ဗိုက္ မနာေတာ့ပါ…။ ကိုယ့္အစ္မ မမရီးးသင္ေပးထားတဲ့နည္းေလးပါရွင့္…။

ခရက္ဒစ္#Seinn Sandar#ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။ ျပန္လည္ မွ်ေ၀ျခင္း ျဖစ္ပါသည္။

Unicode

လုပ်ရလွယ်ပြီး စားလို့လဲကောင်းတဲ့… အကြော်မှုန့်စပ်နည်း နှင့် အချဉ်ရည်စပ်နည်း

အကြော်မှုန့်စပ်နည်း…

လုပ်ရလွယ်ပြီး စားလို့လဲ ကောင်းသွားတယ် ..။

(1) ပဲစိမ်းမှုန့် အထုတ်ကြီး 1ထုပ်

(2) ကောက်ညှင်းမှုန့် 1ထုပ်

(3) ရွှေကြည်မှုန့် 1ထုပ်

(4) ဆန်စိမ်းမှုန့် 1ထုပ်

(5) ယိုးဒယားမယ် 1ထုပ်

(6) ရွှေလိပ်ပြာ 1ထုပ်

ခြောက်သွေ့နေတဲ့ အိုးထဲ အကုန်လုံး ဖောက်ထည့်ပြီး ခြောက်သွေ့နေတဲ့ ဇွန်းကြီးနဲ့ မွှေပေးပါ…။ ပြီးရင် ခြောက်သွေ့နေတဲ့ လေလုံဘူးထဲ ထည့်ပြီး သိမ်းလိုက်ပါ…။၂

လိုအပ်တဲ့ အချိန် ထုတ်ပြီး ဘူးသီးကြော်၊ ငှက်ပျောကြော်၊ အာလူးကြော် တို့ကြော်မယ်ဆို… ပျစ်ပျစ်လေးဖျော်။ ဂျင်းထောင်းရည်လေး နဲနဲထည့်…။ ဆား၊ ဆော်ဒါလေး နဲနဲထည့်ပြီး 15 မိနစ် လောက် ထားထား လိုက်ပါ…

ဆားကို ထည့်ချင်လဲ ထည့်.. မထည့်ချင်လဲ မထည့်နဲ့။ ဆားထည့်ရင် ပျော့တာ မြန်လို့ မထည့်ကြဘူး။ အရွက်ကြော်တွေ၊ ကြက်သွန်ကြော်တွေ ကြော်မယ်ဆို…

အရည် ကျဲကျဲလေး ဖျော်ရ ပါတယ်..။ ဂျင်းထောင်း ဆား ၊ ဆာ်ဒါထည့်ပြီး ကိုယ်ကြော်မယ့် အရွက်ပါ ရောနယ်လိုက်ပါတယ်…။ အ့ပါပဲရှင့်… အိမ်မှာ ကွကိုယ် ကြိုက်တဲ့ အချိန် ကြော်စားတော့ ရပီ…

အချဉ်ရည် စပ်နည်း

မကျည်းသီးမှည့် ကို ရေဆေး၊ ထန်းလျက် ကို ရေဆေး၊ နံနံအနဲငယ် ကို ရေဆေး၊ ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူ၊ ဆား သို့ ငံပြာရည် ငရုတ်ဆီ အနီကြိုက်ရင် ထည့်။

အခု ငရုတ်ချဉ် စပ်ပြီးသား အထုတ်တွေလဲ လာပါတယ်…။ ကြိုက်ရင်ထည့်…။ ရေ လိုသလောက် ထည့်ပြီး မီးပေါ် ကောင်းကောင်း အဆူပေးခံလိုက်ပါ…။ ပြီးရင် အအေးခံပြီး ဖျော်ရည်စက်နဲ့ ကြိတ်လိုက်ပါ…။

အရသာက ချိုချဉ်စပ်လေးပေါ့..။. အဲ့ အချဉ်ရည်နဲ့ အကြော်မျိုးစုံနဲ့ အသုပ်မျိုးစုံတို့တွင် အသုံးပြု နိုင်ပါသည်…။ ဆူအောင် တည်ထားတဲ့ အတွက် ဗိုက် မနာတော့ပါ…။ ကိုယ့်အစ်မ မမရီးးသင်ပေးထားတဲ့နည်းလေးပါရှင့်…။

ခရက်ဒစ်#Seinn Sandar#လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*