ရာထူးေတြအေပၚမွာ သာယာေနရင္… စကၠဴခြက္ကေလးကို မေမ့ၾကနဲ႔ေနာ္

ရာထူးေတြအေပၚမွာ သာယာေနရင္... စကၠဴခြက္ကေလးကို မေမ့ၾကနဲ႔ေနာ္
ရာထူးေတြအေပၚမွာ သာယာေနရင္... စကၠဴခြက္ကေလးကို မေမ့ၾကနဲ႔ေနာ္

ရာထူးေတြအေပၚမွာ သာယာေနရင္… စကၠဴခြက္ကေလးကို မေမ့ၾကနဲ႔ေနာ္

မႏွစ္ကမွ အၿငိမ္းစားယူလိုက္တဲ့ စီးပြားေရး ဝန္ႀကီးေဟာင္း တစ္ေယာက္ဟာ… ပရိသတ္ ေထာင္ခ်ီတက္ေရာက္ၾကတဲ့ ညီလာခံႀကီးတစ္ခုမွာ စကားေျပာဖို႔ ေရာက္လာပါတယ္။

သူဟာ ေကာ္ဖီ ထည့္ထားတဲ့ စကၠဴခြက္ေလး တစ္ခြက္ကိုင္ၿပီး စကားေျပာဖို႔ စင္ျမင့္ေပၚ တက္လာပါတယ္။ အေပၚေရာက္ေတာ့… ေကာ္ဖီကို တစ္ငုံေမာ့လိုက္တယ္။ ၿပီးမွ ၿပဳံးရင္း ခုလို စကားစေျပာပါတယ္…။

“မႏွစ္က ခုလိုညီလာခံမွာ ကြၽန္ေတာ္ စကားေျပာခဲ့ဖူးပါတယ္။ ဒီ ခန္းမႀကီးထဲမွာပါပဲ။ အဲဒီအခ်ိန္က
ကြၽန္ေတာ္ စီးပြားေရးဝန္ႀကီးကေန အနားမယူေသးပါဘူး။ ဒီၿမိဳ႕ကို အထူးေလယာဥ္နဲ႔ လာခဲ့ရတယ္။

ေလဆိပ္ေရာက္ေတာ့.. လူအမ်ားႀကီးက လာႀကိဳၿပီး ဟိုတယ္ကို ကားေကာင္းေကာင္းနဲ႔ လိုက္ပို႔ေပးခဲ့ၾကတယ္။ ဟိုတယ္အခန္းထဲ အထိ ပစၥည္းေတြ သယ္ပို႔ေပးၾကတယ္။

မနက္မွာ ဟိုတယ္ကေန ေအာက္ထပ္ကို ဆင္းလာေတာ့လည္း လူအမ်ားက လာႀကိဳၾကၿပီး ေဟာေျပာမဲ့ ဒီခန္းမကို ကားနဲ႔ လိုက္ပို႔ေပးခဲ့ျပန္တယ္။ ခန္းမထဲေရာက္ေတာ့…

လူ အမ်ားႀကီးက လႈိက္လႈိက္လွဲလွဲ ႀကိဳဆိုၾကတယ္။ လွပတဲ့ ေႂကြပန္းကန္လုံးနဲ႔ ေကာ္ဖီ တစ္ခြက္ လာေပးခဲ့တာကိုလည္း ေကာင္းေကာင္း မွတ္မိေနပါတယ္”

သူက ခဏနားလိုက္ၿပီး ခုလိုဆက္ေျပာျပန္တယ္… “အခုေတာ့ ကြၽန္ေတာ္ဟာ ဝန္ႀကီး မဟုတ္ေတာ့ပါဘူး… အနားယူလိုက္ပါၿပီ။ ဒါေၾကာင့္ ဒီၿမိဳ႕ကို ရထားစီးလာခဲ့တယ္။ တည္းမယ့္ ဟိုတယ္ကို

တကၠစီ ငွားစီးခဲ့တယ္။ ဒီမနက္ ဟိုတယ္ကေန ဒီကို လာဖို႔လည္း တကၠစီ ငွားစီးခဲ့တယ္။ ခန္းမထဲေရာက္လို႔ ေကာ္ဖီေသာက္ခ်င္တာနဲ႔… တစ္ေယာက္ကို ‘ေကာ္ဖီရႏိုင္မလား’ လို႔ ေမးလိုက္တယ္။ သူက… ခပ္လွမ္းလွမ္းက ေကာ္ဖီစက္ကို

လက္ညိဳး ထိုးျပ ပါတယ္။ ကြၽန္ေတာ္ကိုယ္တိုင္ပဲ စက္က ေကာ္ဖီကို စကၠဴခြက္နဲ႔ ထည့္ယူ ခဲ့ပါတယ္”
သူက ၿပဳံးၿပီး ဆက္ေျပာျပန္တယ္… “ဒီေန႔ ကြၽန္ေတာ္ သင္ခန္းစာတစ္ခု ရလိုက္ပါတယ္။

အဲဒါက… တကယ္တမ္းမွာ ေႂကြပန္းကန္လုံးဟာ ကြၽန္ေတာ့္အတြက္ မဟုတ္ပါဘူး။ ကြၽန္ေတာ့္ရာထူးအတြက္ပါ။ တကယ္တမ္း ကြၽန္ေတာ္နဲ႔ ထိုက္တန္တာက… စကၠဴခြက္ပါ” တဲ့။

ဒီအျဖစ္အပ်က္ကေန ကြၽန္ေတာ္တို႔ ဘာသင္ခန္းစာ ရႏိုင္ပါသလဲ…? သင္ဟာ ရာထူး ႀကီးႀကီး ပိုင္ဆိုင္ထားရင္… လူေတြဟာ သင့္ကို ေလးေလးစားစား ဆက္ဆံၾကမယ္။ လက္ကမ္း ႀကိဳဆိုၾကမယ္။

သင္ မေတာင္းဘဲ ေကာ္ဖီ၊ လက္ဖက္ရည္ လာခ်ေပးမယ္။ သင္သိထားဖို႔က… သူတို႔လုပ္တာေတြဟာ သင့္အတြက္ မဟုတ္ဘူး။ သင့္ ရာထူးအတြက္ ဆိုတာပါ။

သင့္ ရာထူးစည္းစိမ္ ဆိုတာကလဲ အၿမဲထာဝရ တည္ၿမဲေနမွာ မဟုတ္ဘူးဆိုတာ သင္ လက္ခံနားလည္တတ္ပါေစ။ သင္ အၿမဲ ရႏိုင္တာဟာက စကၠဴခြက္ဘဲ ဆိုတာကို အၿမဲ သတိရေနၿပီး နိမ့္နိမ့္ခ်ခ် ေနတတ္ဖို႔ပါဘဲ။

ခရက္ဒစ္#ဆရာဗန္းေမာ္သိန္းေဖ#ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။ ျပန္လည္မွ်ေ၀ျခင္း ျဖစ္ပါသည္။

Unicode

ရာထူးတွေအပေါ်မှာ သာယာနေရင်… စက္ကူခွက်ကလေးကို မမေ့ကြနဲ့နော်

မနှစ်ကမှ အငြိမ်းစားယူလိုက်တဲ့ စီးပွားရေး ဝန်ကြီးဟောင်း တစ်ယောက်ဟာ… ပရိသတ် ထောင်ချီတက်ရောက်ကြတဲ့ ညီလာခံကြီးတစ်ခုမှာ စကားပြောဖို့ ရောက်လာပါတယ်။

သူဟာ ကော်ဖီ ထည့်ထားတဲ့ စက္ကူခွက်လေး တစ်ခွက်ကိုင်ပြီး စကားပြောဖို့ စင်မြင့်ပေါ် တက်လာပါတယ်။ အပေါ်ရောက်တော့… ကော်ဖီကို တစ်ငုံမော့လိုက်တယ်။ ပြီးမှ ပြုံးရင်း ခုလို စကားစပြောပါတယ်…။

“မနှစ်က ခုလိုညီလာခံမှာ ကျွန်တော် စကားပြောခဲ့ဖူးပါတယ်။ ဒီ ခန်းမကြီးထဲမှာပါပဲ။ အဲဒီအချိန်က
ကျွန်တော် စီးပွားရေးဝန်ကြီးကနေ အနားမယူသေးပါဘူး။ ဒီမြို့ကို အထူးလေယာဉ်နဲ့ လာခဲ့ရတယ်။

လေဆိပ်ရောက်တော့.. လူအများကြီးက လာကြိုပြီး ဟိုတယ်ကို ကားကောင်းကောင်းနဲ့ လိုက်ပို့ပေးခဲ့ကြတယ်။ ဟိုတယ်အခန်းထဲ အထိ ပစ္စည်းတွေ သယ်ပို့ပေးကြတယ်။

မနက်မှာ ဟိုတယ်ကနေ အောက်ထပ်ကို ဆင်းလာတော့လည်း လူအများက လာကြိုကြပြီး ဟောပြောမဲ့ ဒီခန်းမကို ကားနဲ့ လိုက်ပို့ပေးခဲ့ပြန်တယ်။ ခန်းမထဲရောက်တော့…

လူ အများကြီးက လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြတယ်။ လှပတဲ့ ကြွေပန်းကန်လုံးနဲ့ ကော်ဖီ တစ်ခွက် လာပေးခဲ့တာကိုလည်း ကောင်းကောင်း မှတ်မိနေပါတယ်”

သူက ခဏနားလိုက်ပြီး ခုလိုဆက်ပြောပြန်တယ်… “အခုတော့ ကျွန်တော်ဟာ ဝန်ကြီး မဟုတ်တော့ပါဘူး… အနားယူလိုက်ပါပြီ။ ဒါကြောင့် ဒီမြို့ကို ရထားစီးလာခဲ့တယ်။ တည်းမယ့် ဟိုတယ်ကို

တက္ကစီ ငှားစီးခဲ့တယ်။ ဒီမနက် ဟိုတယ်ကနေ ဒီကို လာဖို့လည်း တက္ကစီ ငှားစီးခဲ့တယ်။ ခန်းမထဲရောက်လို့ ကော်ဖီသောက်ချင်တာနဲ့… တစ်ယောက်ကို ‘ကော်ဖီရနိုင်မလား’ လို့ မေးလိုက်တယ်။ သူက… ခပ်လှမ်းလှမ်းက ကော်ဖီစက်ကို

လက်ညိုး ထိုးပြ ပါတယ်။ ကျွန်တော်ကိုယ်တိုင်ပဲ စက်က ကော်ဖီကို စက္ကူခွက်နဲ့ ထည့်ယူ ခဲ့ပါတယ်”
သူက ပြုံးပြီး ဆက်ပြောပြန်တယ်… “ဒီနေ့ ကျွန်တော် သင်ခန်းစာတစ်ခု ရလိုက်ပါတယ်။

အဲဒါက… တကယ်တမ်းမှာ ကြွေပန်းကန်လုံးဟာ ကျွန်တော့်အတွက် မဟုတ်ပါဘူး။ ကျွန်တော့်ရာထူးအတွက်ပါ။ တကယ်တမ်း ကျွန်တော်နဲ့ ထိုက်တန်တာက… စက္ကူခွက်ပါ” တဲ့။

ဒီအဖြစ်အပျက်ကနေ ကျွန်တော်တို့ ဘာသင်ခန်းစာ ရနိုင်ပါသလဲ…? သင်ဟာ ရာထူး ကြီးကြီး ပိုင်ဆိုင်ထားရင်… လူတွေဟာ သင့်ကို လေးလေးစားစား ဆက်ဆံကြမယ်။ လက်ကမ်း ကြိုဆိုကြမယ်။

သင် မတောင်းဘဲ ကော်ဖီ၊ လက်ဖက်ရည် လာချပေးမယ်။ သင်သိထားဖို့က… သူတို့လုပ်တာတွေဟာ သင့်အတွက် မဟုတ်ဘူး။ သင့် ရာထူးအတွက် ဆိုတာပါ။

သင့် ရာထူးစည်းစိမ် ဆိုတာကလဲ အမြဲထာဝရ တည်မြဲနေမှာ မဟုတ်ဘူးဆိုတာ သင် လက်ခံနားလည်တတ်ပါစေ။ သင် အမြဲ ရနိုင်တာဟာက စက္ကူခွက်ဘဲ ဆိုတာကို အမြဲ သတိရနေပြီး နိမ့်နိမ့်ချချ နေတတ်ဖို့ပါဘဲ။

ခရက်ဒစ်#ဆရာဗန်းမော်သိန်းဖေ#လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ပြန်လည်မျှဝေခြင်း ဖြစ်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*