(၁) Controller ခံ သုံးပါ။
Unicode
ဆိုလာပြားမှ မီးလောင်ရခြင်း နှင့် မီးမလောင်အောင် ဘယ်လို ကာကွယ်မလဲ…?
ဆိုလာပြား မှမီးလောင်ရခြင်း…
ဆိုလာပြားမှ တစ်ဆင့် မီးလောင်မှုအချို့မှာ အားသွင်းရာ တွင် အဓိက အရေးပါသည့် (Charge Controller) ဘက်ထရီ အားပြည့်ခါနီးနှင့် ပြည့်သောအ ခါ လျှပ်စီးနှုန်းကို ထိန်းချုပ် ပေးသည့် ကိရိယာ မတပ်ဆင် ကြခြင်းကြောင့်
ဖြစ်ပွားနိုင်ပါတယ်။ ‘‘ဆိုလာကနေ ထွက်တဲ့ ကြိုး ကို သင့်တော်တဲ့ ကြိုး မသုံးတာ၊ အရည်အသွေး ပြည့်မီတဲ့ ကြေး ကြိုး မသုံးတာ၊ ဆိုလာပြားကို သယ်လာ သယ်သွား လုပ်ရင်း ဝါယာကြိုး တစ်လျှောက်
ကြိး ပေါက် တာကို ဂရု မစိုက်မိတာ၊ ဆိုလာ ပြား ကို ခေါင်မိုးပေါ် ထားတဲ့အခါ သေချာစွာ တပ်ဆင်တုပ်နှောင်ခြင်း မပြုမိဘဲ ဘက်ထရီရော ဆိုလာပြားအနောက်မှာပါ အပေါင်း၊ အနုတ်ငုတ်မှာ
ကြိုး ချောင်နေတာ၊ ကြားထဲမှာ ကြိုးဆက်ထား တဲ့ အပိုင်းတွေမှာ မသေချာတာ က မီးလောင်ဖို့ အတွက် ဖြစ်စေနိုင်ပါတယ် ”
ဆိုလာပြား မှ မီးလောင်ခြင်းများ မဖြစ်ပွားရအောင် ဘယ်လိုကာကွယ်မလဲ…?
(၁) Controller ခံ သုံးပါ။
(၂) အဝင် ကြိုးကို သတိမှတ်ထား သော original ဝါယာကြိုးကိုသာ အသုံးပြုပါ။
(၃) အိမ်၌ လူမရှိသည့် အခါမျိုး ခရီးရှည် ထွက်သည့် အခါမျိုးတွငိ Controller or breaker main switch ပိတ် ထားပါ။
(၄) ဘက်တရီ မှာ အားအဝင်များ၍ အသုံးမပြုနိုင်သော အခါမျိုးတွင် မီးလောင်မှုများ မဖြစ်ပွါးရလေအောင် ဆိုလာ အဝင်ကြိုးကို breaker ခံပါ ပီးလျှင် controller ခံထားပါ။ ခရီးရှည် ထွက်လျှင် ပိတ်ထား ခဲ့ပါ။
(၅) နေ ပူပြင်းသော နွေရာသီ အချိန်ကာလမျိုးတွင် ဆိုလာပြားနှင့် ဘက်ထရီအိုး ကြား ချိတ်ဆက်အသုံးပြုသည့် ဆိုလာ ဝိုင်ယာကြိုးကို နေအပူဒဏ်ခံနိုင်ရန်နှင့်
အပူချိန် မလွန်ကဲရန် ပိုက်လုံးထဲ ထည့်၍ အသုံးပြုသင့်ကြောင်း ရေးသားတင်ပြလိုက်ရပါသည် ။ ။
ခရက်ဒစ်#Kyaw Swa Win#လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။
Be the first to comment
Leave a Reply
Your email address will not be published.
*