သူေဌးျဖစ္ဖို႔ ဆႏၵမေစာပါနဲ႔…(မွတ္သားထိုက္တဲ့ စကားေလးပါ.. မွ်ေ၀လိုက္ပါတယ္)

သူေဌးျဖစ္ဖို႔ ဆႏၵမေစာပါနဲ႔...(မွတ္သားထိုက္တဲ့ စကားေလးပါ.. မွ်ေ၀လိုက္ပါတယ္)
သူေဌးျဖစ္ဖို႔ ဆႏၵမေစာပါနဲ႔...(မွတ္သားထိုက္တဲ့ စကားေလးပါ.. မွ်ေ၀လိုက္ပါတယ္)

သူေဌးျဖစ္ဖို႔ ဆႏၵမေစာပါနဲ႔…(မွတ္သားထိုက္တဲ့ စကားေလးပါ.. မွ်ေ၀လိုက္ပါတယ္)

ခရမ္းခ်ဥ္သီး ပြဲစားတစ္ေယာက္ ေျပာခဲ့ဖူးတဲ့ စကားေလးကို သြားသတိရမိတယ္။ ငါ့မွာ ပိုက္ဆံ သိန္းသုံးရာရွိရင္… ငါ သိန္းႏွစ္ရာပဲ ထုတ္ရင္းတယ္။ တစ္ရာက မေတာ္တဆ ရႈံးသြားခဲ့ရင္ ျပန္ရင္းဖို႔

အရင္းအႏွီးအေနနဲ႔ ခ်န္ထားတယ္။ ငါ့ဂိုေဒါင္က ကုန္ခ်ိန္ ေျခာက္ေသာင္းဆန္႔ရင္ ေလးေသာင္းပဲထည့္တယ္။ ႏွစ္ေသာင္းက ႀကိဳက္ေစ်းရရင္ ထပ္ထည့္ဖို႔ ခ်န္ထားတယ္။ ဘာေၾကာင့္လဲဆိုေတာ့…

ငါက ဆင္းရဲသားဘဝကေန တက္လာတာ။ ငါ့မွာ ရွိသမွ်ပုံေအာၿပီး လုပ္လိုက္လို႔ မေတာ္တဆ ရႈံးသြားခဲ့ရင္… ဆင္းရဲတဲ့ဘဝကို ငါျပန္ေရာက္သြားမွာ ေၾကာက္တယ္တဲ့။

သူေျပာတဲ့ စကားနဲ႔ က်ေနာ့ အေဖေျပာတဲ့ စကားနဲ႔ သြားတူေနတယ္။ ငါ့သား… အလုပ္ လုပ္ရင္ ေရကာတာ စီမံကိန္းနဲ႔ လုပ္ရတယ္ကြ။ ေရကာတာ စီမံကိန္းဆိုတာက ကုန္ထမ္းသမား တစ္ေယာက္ဟာ

အခ်ိန္ သုံးဆယ္ကို ထမ္းႏိုင္တဲ့ အားရွိရင္ အခ်ိန္ႏွစ္ဆယ္ပဲ ထမ္းသင့္တယ္။ ဘာေၾကာင့္လဲဆိုေတာ့… မေတာ္တဆ ေခ်ာ္လဲရင္ ကိုယ့္ကိုယ္ကို ျပန္ေထာက္ႏိုင္ဖို႔ အား က်န္ေနေသးတယ္။ အခ်ိန္သုံးဆယ္ ႏိုင္တဲ့လူက

အခ်ိန္ သုံးဆယ္ဝိတ္ႀကီးကို ထမ္းထားလို႔ မေတာ္တဆ ေခ်ာ္လဲလို႔ကေတာ့.. သြားၿပီ။ ျပန္ထႏိုင္ဖို႔ မလြယ္ေတာ့ဘူး။ က်ေနာ္ ျမင္ရသေလာက္လဲ အလုပ္ လုပ္ရင္ ပရမ္းပတာ သူေဌးျဖစ္ ေခြးျဖစ္ ရွိသမွ်ပုံေအာၿပီး လုပ္တဲ့လူေတြ

ျပဳတ္သြားၾကတာ မ်ားတယ္။ ေစ့ေစ့စပ္စပ္နဲ႔ ခ်င့္ခ်င့္ ခ်ိန္ခ်ိန္ လုပ္တဲ့ လူေတြပဲ ေအာင္ျမင္သြားၾကတာ မ်ားတယ္။ အရမ္းႀကီး မေအာင္ျမင္ရင္ေတာင္မွ အမွား နည္းတယ္ေပါ့ဗ်ာ။ စစ္မွန္တဲ့ ေအာင္ျမင္မႈဆိုတာက…

ေန႔ခ်င္း ညခ်င္း ဝုန္းကနဲ လုပ္လို႔ရတဲ့ အရာ မဟုတ္ပါဘူး။ တစ္ဆင့္ခ်င္း တစ္ဆင့္ ျဖည္းျဖည္းခ်င္း တည္ေဆာက္ယူရတဲ့ အရာပါ။ ဘာေၾကာင့္ ဒီစကားေျပာရလဲဆိုေတာ့… က်ေနာ္တို႔လို လူငယ္ေတြေတာ္ေတာ္မ်ားမ်ားက

အရမ္း ေအာင္ျမင္ခ်င္ ၾကတယ္။ အဲဒီမွာ ဆႏၵေတြေစာ ေလာဘေတြ ႀကီးၿပီး အမွားေတြကို လုပ္မိေတာ့တာပါပဲ။ အမွန္က ေခါင္းေအးေအးထားၿပီး တည္တည္ၿငိမ္ၿငိမ္ ခ်င့္ခ်င့္ ခ်ိန္ခ်ိန္ေလးနဲ႔

ကိုယ့္ရည္မွန္းခ်က္ ပန္းတိုင္ကို ခ်ီတက္ရင္… ပန္းတိုင္ကို မုခ်မေသြ ေရာက္ပါတယ္။ ပ်ာယာမခပ္ဖို႔၊ ေလာဘမႀကီးဖို႔ ဆႏၵေတြ မေစာဖို႔ေတာ့ လိုပါတယ္။

ခရက္ဒစ္#Phoe Lu#ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။ ျပန္လည္ မွွ်ေ၀ျခင္း ျဖစ္ပါသည္။

Unicode

သူဌေးဖြစ်ဖို့ ဆန္ဒမစောပါနဲ့…(မှတ်သားထိုက်တဲ့ စကားလေးပါ.. မျှဝေလိုက်ပါတယ်)

ခရမ်းချဉ်သီး ပွဲစားတစ်ယောက် ပြောခဲ့ဖူးတဲ့ စကားလေးကို သွားသတိရမိတယ်။ ငါ့မှာ ပိုက်ဆံ သိန်းသုံးရာရှိရင်… ငါ သိန်းနှစ်ရာပဲ ထုတ်ရင်းတယ်။ တစ်ရာက မတော်တဆ ရှုံးသွားခဲ့ရင် ပြန်ရင်းဖို့

အရင်းအနှီးအနေနဲ့ ချန်ထားတယ်။ ငါ့ဂိုဒေါင်က ကုန်ချိန် ခြောက်သောင်းဆန့်ရင် လေးသောင်းပဲထည့်တယ်။ နှစ်သောင်းက ကြိုက်ဈေးရရင် ထပ်ထည့်ဖို့ ချန်ထားတယ်။ ဘာကြောင့်လဲဆိုတော့…

ငါက ဆင်းရဲသားဘဝကနေ တက်လာတာ။ ငါ့မှာ ရှိသမျှပုံအောပြီး လုပ်လိုက်လို့ မတော်တဆ ရှုံးသွားခဲ့ရင်… ဆင်းရဲတဲ့ဘဝကို ငါပြန်ရောက်သွားမှာ ကြောက်တယ်တဲ့။

သူပြောတဲ့ စကားနဲ့ ကျနော့ အဖေပြောတဲ့ စကားနဲ့ သွားတူနေတယ်။ ငါ့သား… အလုပ် လုပ်ရင် ရေကာတာ စီမံကိန်းနဲ့ လုပ်ရတယ်ကွ။ ရေကာတာ စီမံကိန်းဆိုတာက ကုန်ထမ်းသမား တစ်ယောက်ဟာ

အချိန် သုံးဆယ်ကို ထမ်းနိုင်တဲ့ အားရှိရင် အချိန်နှစ်ဆယ်ပဲ ထမ်းသင့်တယ်။ ဘာကြောင့်လဲဆိုတော့… မတော်တဆ ချော်လဲရင် ကိုယ့်ကိုယ်ကို ပြန်ထောက်နိုင်ဖို့ အား ကျန်နေသေးတယ်။ အချိန်သုံးဆယ် နိုင်တဲ့လူက

အချိန် သုံးဆယ်ဝိတ်ကြီးကို ထမ်းထားလို့ မတော်တဆ ချော်လဲလို့ကတော့.. သွားပြီ။ ပြန်ထနိုင်ဖို့ မလွယ်တော့ဘူး။ ကျနော် မြင်ရသလောက်လဲ အလုပ် လုပ်ရင် ပရမ်းပတာ သူဌေးဖြစ် ခွေးဖြစ် ရှိသမျှပုံအောပြီး လုပ်တဲ့လူတွေ

ပြုတ်သွားကြတာ များတယ်။ စေ့စေ့စပ်စပ်နဲ့ ချင့်ချင့် ချိန်ချိန် လုပ်တဲ့ လူတွေပဲ အောင်မြင်သွားကြတာ များတယ်။ အရမ်းကြီး မအောင်မြင်ရင်တောင်မှ အမှား နည်းတယ်ပေါ့ဗျာ။ စစ်မှန်တဲ့ အောင်မြင်မှုဆိုတာက…

နေ့ချင်း ညချင်း ဝုန်းကနဲ လုပ်လို့ရတဲ့ အရာ မဟုတ်ပါဘူး။ တစ်ဆင့်ချင်း တစ်ဆင့် ဖြည်းဖြည်းချင်း တည်ဆောက်ယူရတဲ့ အရာပါ။ ဘာကြောင့် ဒီစကားပြောရလဲဆိုတော့… ကျနော်တို့လို လူငယ်တွေတော်တော်များများက

အရမ်း အောင်မြင်ချင် ကြတယ်။ အဲဒီမှာ ဆန္ဒတွေစော လောဘတွေ ကြီးပြီး အမှားတွေကို လုပ်မိတော့တာပါပဲ။ အမှန်က ခေါင်းအေးအေးထားပြီး တည်တည်ငြိမ်ငြိမ် ချင့်ချင့် ချိန်ချိန်လေးနဲ့

ကိုယ့်ရည်မှန်းချက် ပန်းတိုင်ကို ချီတက်ရင်… ပန်းတိုင်ကို မုချမသွေ ရောက်ပါတယ်။ ပျာယာမခပ်ဖို့၊ လောဘမကြီးဖို့ ဆန္ဒတွေ မစောဖို့တော့ လိုပါတယ်။

ခရက်ဒစ်#Phoe Lu#လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*