မိဘမ်ား သိထားရမယ့္… သားသမီးကို ‘ႏွစ္သလို’ ျဖစ္ေစတဲ့အခ်က္ (၅)ခ်က္

မိဘမ်ား သိထားရမယ့္... သားသမီးကို 'ႏွစ္သလို' ျဖစ္ေစတဲ့အခ်က္ (၅)ခ်က္
မိဘမ်ား သိထားရမယ့္... သားသမီးကို 'ႏွစ္သလို' ျဖစ္ေစတဲ့အခ်က္ (၅)ခ်က္

မိဘမ်ား သိထားရမယ့္… သားသမီးကို ‘ႏွစ္သလို’ ျဖစ္ေစတဲ့အခ်က္ (၅)ခ်က္

သားသမီးကို သူမ်ားထက္ ေကာင္းေအာင္ ထားနိုင္တယ္ဆိုၿပီး ဂုဏ္တက္ေနၾကသူမ်ား ၊ကိုယ့္ကေလးကို ထိရင္ ဆရာ၊ ဆရာမပါ မက်န္ ဆတ္ဆတ္ထိမခံဘူးေဟ့လို႔ ေႂကြးေၾကာ္ေနသူမ်ား၊ ေျခေမႊးမီးမေလာင္

လက္ေမႊးမီးမေလာင္ထားနိုင္တာကို ဂုဏ္ယူပီတိ ျဖစ္ေနၾကသူမ်ား၊ သားသမီးကို ပိုးေမြးသလို ေမြးျမဴတယ္ဆိုၿပီး ဟစ္ေႂကြးေနၾကသူမ်ား ၊ကိုယ့္သားသမီးမ်ားကို ခ်စ္ရာမေရာက္၊ ႏွစ္ရာေရာက္ေနသလားဆိုတာကို မိဘမ်ား

စမ္းစစ္နိုင္ဖို႔အတြက္ ေအာက္ပါလြန္ကဲမႈမ်ားကို ေရးသားလိုက္ပါတယ္။ဘယ္ႏွစ္ခ်က္ ၿငိေနၿပီလဲဆိုတာ ကိုယ့္ကိုယ္ကို ေမးခြန္းထုတ္ၾကည့္ရေအာင္

(၁) အထူးအခြင့္အေရး ေပးလြန္းျခင္း…

အခ်ိဳ႕ မိသားစုမ်ားဟာ အခ်ိဳ႕ သားသမီးမ်ားကို အထူးအခြင့္အေရးေပးထားတတ္ပါတယ္။ဒါသားသားေလးစားဖို႔၊ ဒါ မီးမီးတစ္ေယာက္တည္းအတြက္ စသည္ျဖင့္ သတ္မွတ္ထားၿပီး အျခားသူမ်ား ထိလို႔မရေအာင္

တားဆီးထားပါတယ္။ဖိုးဖိုး ဖြားဖြား ေမြ႕ေန႕ က်င္းပတာ မက်င္းပတာ အေရးမႀကီးဘူး၊ ဒီေျမးဦးေလးအတြက္ ကိတ္မူန့္ဆို အႀကီးႀကီးမွ၊ လက္ေဆာင္ဆို အေကာင္းဆုံးမွ ဒီလိုမိသားစုအတြင္းမွာရွိတဲ့

ခြင့္ထူးခံ သားသမီးမ်ားဟာ အတၱလြန္ကဲလာမွာျဖစ္ပါတယ္။သူမ်ားကို ကိုယ္ခ်င္းမစာတတ္ေတာ့ဘူး၊ ဂ႐ုလည္း မစိုက္တတ္ေတာ့ဘူး၊ “ငါမွငါ” ျဖစ္ဖို႔ ေသခ်ာသေလာက္ ျဖစ္ပါတယ္။

(၂) အကာအကြယ္ လြန္ကဲျခင္း

တစ္ခုခု မွားလို႔ ေဖေဖက ဆုံးမေတာ့မယ္၊ ေမေမက ခ်က္ခ်င္းကာဆီးကာဆီးလုပ္တယ္။ ေမေမက ဆုံးမေတာ့မယ္။ ဖိုးဖိုးဖြားဖြားက ခ်က္ခ်င္းကာကြယ္ေပးတယ္။ “ ကေလးပဲ၊ သူဘာနားလည္မွာလဲ၊ သူႀကီးလာရင္

လိမ္မာမွာပါ။” ဒီလိုကေလးမ်ိဳး ႀကီးလာရင္ ဘယ္လိုအဆင္ေျပနိုင္မလဲ။ ငယ္ငယ္ကတည္းက အမွားအမွန္မခြဲျခားတတ္ေတာ့ဘူးေလ၊ ေဖေဖက မွားတယ္ေျပာလိုက္၊ေမေမက ကာကြယ္လိုက္ ေမေမက မွားတယ္ေျပာရင္

ဖြားဖြားက ကာကြယ္လိုက္နဲ႕ ကေလးအတြက္ ဘာလုပ္လုပ္ အမွန္ခ်ည္းပဲ။ ကေလးကို ဒီလိုပ်ိဳးေထာင္ရင္ ေနာင္ကေလးႀကီးလာတဲ့အခါ ရာဇ၀တ္မႈ က်ဴးလြန္တဲ့အထိ လြန္ကဲသြားတတ္ပါတယ္။ ဆင္ျခင္ပါေလ။

(၃) ဂ႐ုစိုက္ လြန္ကဲျခင္း

တစ္မိသားစုလုံးက သူ႕ကိုဝိုင္းထားတယ္။ သူတစ္ခုခု လုပ္တတ္ၿပီဆိုရင္ တစ္အိမ္သားလုံးက ဝိုင္းခ်ီးက်ဴးတယ္။လက္ခုပ္တီးေပးတယ္။ ေရဆိုရင္ေရ၊ ထမင္းဆိုရင္ ထမင္းခ်က္ခ်င္းေရွ႕ ေရာက္လာတယ္။ စားၿပီးရင္

ခ်က္ခ်င္း သိမ္းဆည္းေပးတဲ့လူ ရွိတယ္။ ဘာအ၀တ္ ၀တ္ခ်င္သလဲ၊ ေျပာလိုက္႐ုံနဲ႕ ခ်က္ခ်င္း အနီးေရာက္လာတယ္။ ကေလးကိုယ္တိုင္ လက္မပါတဲ့ အတိုင္းပဲ။ ဆယ္တန္းေျဖတဲ့ကေလးကို ထမင္းခြံ႕ေကြၽးတာ

ကြၽန္ေတာ္ျမင္ဖူးတယ္။ ဒီလိုမ်ိဳးကေလးမ်ားဟာ ကိုယ့္ကိုယ္ကို ဗဟိုျပဳတတ္ၾကတယ္။ ျပင္ပေလာက ေရာက္ရင္ ေျခမကိုင္မိ၊ လက္မကိုင္မိ၊ တစ္ခုခုလုပ္ရင္

အိုးနင္းခြက္နင္းျဖစ္တတ္တယ္ပညာထူးခြၽန္လို႔ ေက်ာင္းၿပီးသြားရင္လည္း ဘာမွ အရည္ အခ်င္းမရွိသူမ်ားျဖစ္တတ္ၾကတယ္။

(၄) အလိုလိုက္ လြန္ကဲျခင္း

သူ ဘာလိုခ်င္ လိုခ်င္ ၀ယ္ေပးတယ္။ မ်က္ႏွ ာမငယ္ေအာင္ဆိုၿပီး မုန့္ဖိုးအမ်ားႀကီးေပးတယ္။ ကေလးကလည္း လိုခ်င္တာအားလုံး ရမွန္းသိေတာ့ တစ္ခုခု မရရင္ ခ်က္ခ်င္းဆႏၵျပတယ္။ ေအာ္ငိုတယ္။ ေျမလူးတယ္။ လူႀကီးကလည္း

ခ်က္ခ်င္း၀ယ္ေပးလိုက္တယ္။ ဒီလိုကေလးမ်ိဳးဟာ ဘာကိုမွ တန္ဖိုးမထားတတ္ေတာ့ဘူး။ ပစၥည္းကိုလည္း မသိမ္းဆည္းတတ္ေတာ့ဘူး။ ေရွာက္ပစ္တယ္။ ေမ့လြယ္တယ္။ ေပ်ာက္သြားရင္ ထပ္၀ယ္လို႔ရမွန္းသိတယ္။ ပိုက္ဆံ

အသုံးအျဖဳန္းႀကီးတယ္။ဒီလိုကေလးမ်ိဳးဟာ ဘာကိုမွတန္ဖိုးမထားတတ္ေတာ့ ေပ်ာ္႐ႊင္မူ ကင္းေနတတ္တယ္။ “ လိုတရ ” ျဖစ္ေနေတာ့ ဘာကိုမွ ႀကိဳးႀကိဳးစားစား မလုပ္ခ်င္ေတာ့ဘူး။

အပင္ပမ္းမခံနိုင္ဘူး။ ဘာကိုမွလည္း တန္ဖိုးမထားတတ္ဘူး၊ အ႐ြယ္သာ တျဖည္းျဖည္းႀကီးသြားမယ္။ ဘာမွ မယ္မယ္ရရ အလုပ္ျဖစ္မဲ့ လူစားမ်ိဳး မဟုတ္နိုင္ဘူး။

(၅) အသဲ လြန္ကဲျခင္း

ကေလးဆိုတာ ေဆာ့တတ္တဲ့ သဘာ၀ရွိတယ္။ ထိမိခိုက္မိတတ္တဲ့ သဘာ၀ရွိတယ္။ ကေလးက ေဆာ့ရင္းနဲ႕ လမ္းေဘးသစ္ပင္တိုက္မိေတာ့ သစ္ပင္ခုတ္ပစ္ခ်င္တဲ့ မိဘေတြ႕ဖူးပါတယ္။ ကေလးမ်ား ေဆာ့ကစားရင္းနဲ႕

ေခ်ာ္လဲတတ္ပါတယ္။ မွန္ကန္တဲ့နည္းလမ္းက ကေလးကိုယ့္ကိုယ္ကို ျပန္ထခိုင္းရပါတယ္။အဲဒီလိုမဟုတ္ပဲ နည္းနည္းေခ်ာ္လဲ လိုက္တာနဲ႕ လိုက္ထူေပး၊ နည္းနည္း ထိမိရွမိတာနဲ႕ ေဘးကို

အျပစ္ရွာေနမယ္ဆိုရင္ ကေလးႀကီးလာရင္ ဘာကိုမွ တာ၀န္မယူရဲေတ့ာပါ။ ဒီလို အသဲလြန္မိသားစု မွေပါက္ဖြားလာတဲ့ ကေလးဟာ မ်ားေသာအားျဖင့္ ေပ်ာ့အိေနတတ္တယ္။ နည္းနည္းေလးမွ စိတ္အေနာက္မယွက္ ခံနိုင္စြမ္း

မရွိတတ္ဘူးေနာင္ကေလးႀကီးလာရင္ ပညာရွာရာမွာျဖစ္ျဖစ္၊ အလုပ္လုပ္တဲ့ေနရာမွာျဖစ္ျဖစ္၊ အိမ္ေထာင္ျပဳတဲ့ေနရာမွာျဖစ္ျဖစ္ တစ္ခုခု အခက္အခဲေတြ႕သြားရင္ ႏွလန္မထူနိုင္ေတာ့ပါ။ အခက္အခဲ နည္းနည္းေလးေတြ႕႐ုံနဲ႕

ရးႀကီးခြင္က်ယ္လုပ္ၿပီး တြန့္ဆုတ္ေနပါေတာ့တယ္။ လူဆိုတာ သဘာဝေလာကႀကီးအတြင္းမွာရွိတဲ့ သတၱဝါျဖစ္တဲ့အေလွ်ာက္ ကေလးကို သူ႕အ႐ြယ္နဲ႕ သူ႕သဘာ၀အေလွ်ာက္ ႀကီးျပင္းေစတာ မွန္ကန္တဲ့နည္းလမ္းျဖစ္ပါတယ္။

မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။ ျပန္လည္ မွ်ေ၀ျခင္း ျဖစ္ပါသည္။

Unicode

မိဘများ သိထားရမယ့်… သားသမီးကို ‘နှစ်သလို’ ဖြစ်စေတဲ့အချက် (၅)ချက်

သားသမီးကို သူများထက် ကောင်းအောင် ထားနိုင်တယ်ဆိုပြီး ဂုဏ်တက်နေကြသူများ ၊ကိုယ့်ကလေးကို ထိရင် ဆရာ၊ ဆရာမပါ မကျန် ဆတ်ဆတ်ထိမခံဘူးဟေ့လို့ ကြွေးကြော်နေသူများ၊ ခြေမွှေးမီးမလောင်

လက်မွှေးမီးမလောင်ထားနိုင်တာကို ဂုဏ်ယူပီတိ ဖြစ်နေကြသူများ၊ သားသမီးကို ပိုးမွေးသလို မွေးမြူတယ်ဆိုပြီး ဟစ်ကြွေးနေကြသူများ ၊ကိုယ့်သားသမီးများကို ချစ်ရာမရောက်၊ နှစ်ရာရောက်နေသလားဆိုတာကို မိဘများ

စမ်းစစ်နိုင်ဖို့အတွက် အောက်ပါလွန်ကဲမှုများကို ရေးသားလိုက်ပါတယ်။ဘယ်နှစ်ချက် ငြိနေပြီလဲဆိုတာ ကိုယ့်ကိုယ်ကို မေးခွန်းထုတ်ကြည့်ရအောင်

(၁) အထူးအခွင့်အရေး ပေးလွန်းခြင်း…

အချို့ မိသားစုများဟာ အချို့ သားသမီးများကို အထူးအခွင့်အရေးပေးထားတတ်ပါတယ်။ဒါသားသားလေးစားဖို့၊ ဒါ မီးမီးတစ်ယောက်တည်းအတွက် စသည်ဖြင့် သတ်မှတ်ထားပြီး အခြားသူများ ထိလို့မရအောင်

တားဆီးထားပါတယ်။ဖိုးဖိုး ဖွားဖွား မွေ့နေ့ ကျင်းပတာ မကျင်းပတာ အရေးမကြီးဘူး၊ ဒီမြေးဦးလေးအတွက် ကိတ်မူန့်ဆို အကြီးကြီးမှ၊ လက်ဆောင်ဆို အကောင်းဆုံးမှ ဒီလိုမိသားစုအတွင်းမှာရှိတဲ့

ခွင့်ထူးခံ သားသမီးများဟာ အတ္တလွန်ကဲလာမှာဖြစ်ပါတယ်။သူများကို ကိုယ်ချင်းမစာတတ်တော့ဘူး၊ ဂရုလည်း မစိုက်တတ်တော့ဘူး၊ “ငါမှငါ” ဖြစ်ဖို့ သေချာသလောက် ဖြစ်ပါတယ်။

(၂) အကာအကွယ် လွန်ကဲခြင်း

တစ်ခုခု မှားလို့ ဖေဖေက ဆုံးမတော့မယ်၊ မေမေက ချက်ချင်းကာဆီးကာဆီးလုပ်တယ်။ မေမေက ဆုံးမတော့မယ်။ ဖိုးဖိုးဖွားဖွားက ချက်ချင်းကာကွယ်ပေးတယ်။ “ ကလေးပဲ၊ သူဘာနားလည်မှာလဲ၊ သူကြီးလာရင်

လိမ်မာမှာပါ။” ဒီလိုကလေးမျိုး ကြီးလာရင် ဘယ်လိုအဆင်ပြေနိုင်မလဲ။ ငယ်ငယ်ကတည်းက အမှားအမှန်မခွဲခြားတတ်တော့ဘူးလေ၊ ဖေဖေက မှားတယ်ပြောလိုက်၊မေမေက ကာကွယ်လိုက် မေမေက မှားတယ်ပြောရင်

ဖွားဖွားက ကာကွယ်လိုက်နဲ့ ကလေးအတွက် ဘာလုပ်လုပ် အမှန်ချည်းပဲ။ ကလေးကို ဒီလိုပျိုးထောင်ရင် နောင်ကလေးကြီးလာတဲ့အခါ ရာဇဝတ်မှု ကျူးလွန်တဲ့အထိ လွန်ကဲသွားတတ်ပါတယ်။ ဆင်ခြင်ပါလေ။

(၃) ဂရုစိုက် လွန်ကဲခြင်း

တစ်မိသားစုလုံးက သူ့ကိုဝိုင်းထားတယ်။ သူတစ်ခုခု လုပ်တတ်ပြီဆိုရင် တစ်အိမ်သားလုံးက ဝိုင်းချီးကျူးတယ်။လက်ခုပ်တီးပေးတယ်။ ရေဆိုရင်ရေ၊ ထမင်းဆိုရင် ထမင်းချက်ချင်းရှေ့ ရောက်လာတယ်။ စားပြီးရင်

ချက်ချင်း သိမ်းဆည်းပေးတဲ့လူ ရှိတယ်။ ဘာအဝတ် ဝတ်ချင်သလဲ၊ ပြောလိုက်ရုံနဲ့ ချက်ချင်း အနီးရောက်လာတယ်။ ကလေးကိုယ်တိုင် လက်မပါတဲ့ အတိုင်းပဲ။ ဆယ်တန်းဖြေတဲ့ကလေးကို ထမင်းခွံ့ကျွေးတာ

ကျွန်တော်မြင်ဖူးတယ်။ ဒီလိုမျိုးကလေးများဟာ ကိုယ့်ကိုယ်ကို ဗဟိုပြုတတ်ကြတယ်။ ပြင်ပလောက ရောက်ရင် ခြေမကိုင်မိ၊ လက်မကိုင်မိ၊ တစ်ခုခုလုပ်ရင်

အိုးနင်းခွက်နင်းဖြစ်တတ်တယ်ပညာထူးချွန်လို့ ကျောင်းပြီးသွားရင်လည်း ဘာမှ အရည် အချင်းမရှိသူများဖြစ်တတ်ကြတယ်။

(၄) အလိုလိုက် လွန်ကဲခြင်း

သူ ဘာလိုချင် လိုချင် ဝယ်ပေးတယ်။ မျက်နှ ာမငယ်အောင်ဆိုပြီး မုန့်ဖိုးအများကြီးပေးတယ်။ ကလေးကလည်း လိုချင်တာအားလုံး ရမှန်းသိတော့ တစ်ခုခု မရရင် ချက်ချင်းဆန္ဒပြတယ်။ အော်ငိုတယ်။ မြေလူးတယ်။ လူကြီးကလည်း

ချက်ချင်းဝယ်ပေးလိုက်တယ်။ ဒီလိုကလေးမျိုးဟာ ဘာကိုမှ တန်ဖိုးမထားတတ်တော့ဘူး။ ပစ္စည်းကိုလည်း မသိမ်းဆည်းတတ်တော့ဘူး။ ရှောက်ပစ်တယ်။ မေ့လွယ်တယ်။ ပျောက်သွားရင် ထပ်ဝယ်လို့ရမှန်းသိတယ်။ ပိုက်ဆံ

အသုံးအဖြုန်းကြီးတယ်။ဒီလိုကလေးမျိုးဟာ ဘာကိုမှတန်ဖိုးမထားတတ်တော့ ပျော်ရွှင်မူ ကင်းနေတတ်တယ်။ “ လိုတရ ” ဖြစ်နေတော့ ဘာကိုမှ ကြိုးကြိုးစားစား မလုပ်ချင်တော့ဘူး။

အပင်ပမ်းမခံနိုင်ဘူး။ ဘာကိုမှလည်း တန်ဖိုးမထားတတ်ဘူး၊ အရွယ်သာ တဖြည်းဖြည်းကြီးသွားမယ်။ ဘာမှ မယ်မယ်ရရ အလုပ်ဖြစ်မဲ့ လူစားမျိုး မဟုတ်နိုင်ဘူး။

(၅) အသဲ လွန်ကဲခြင်း

ကလေးဆိုတာ ဆော့တတ်တဲ့ သဘာဝရှိတယ်။ ထိမိခိုက်မိတတ်တဲ့ သဘာဝရှိတယ်။ ကလေးက ဆော့ရင်းနဲ့ လမ်းဘေးသစ်ပင်တိုက်မိတော့ သစ်ပင်ခုတ်ပစ်ချင်တဲ့ မိဘတွေ့ဖူးပါတယ်။ ကလေးများ ဆော့ကစားရင်းနဲ့

ချော်လဲတတ်ပါတယ်။ မှန်ကန်တဲ့နည်းလမ်းက ကလေးကိုယ့်ကိုယ်ကို ပြန်ထခိုင်းရပါတယ်။အဲဒီလိုမဟုတ်ပဲ နည်းနည်းချော်လဲ လိုက်တာနဲ့ လိုက်ထူပေး၊ နည်းနည်း ထိမိရှမိတာနဲ့ ဘေးကို

အပြစ်ရှာနေမယ်ဆိုရင် ကလေးကြီးလာရင် ဘာကိုမှ တာဝန်မယူရဲတေ့ာပါ။ ဒီလို အသဲလွန်မိသားစု မှပေါက်ဖွားလာတဲ့ ကလေးဟာ များသောအားဖြင့် ပျော့အိနေတတ်တယ်။ နည်းနည်းလေးမှ စိတ်အနောက်မယှက် ခံနိုင်စွမ်း

မရှိတတ်ဘူးနောင်ကလေးကြီးလာရင် ပညာရှာရာမှာဖြစ်ဖြစ်၊ အလုပ်လုပ်တဲ့နေရာမှာဖြစ်ဖြစ်၊ အိမ်ထောင်ပြုတဲ့နေရာမှာဖြစ်ဖြစ် တစ်ခုခု အခက်အခဲတွေ့သွားရင် နှလန်မထူနိုင်တော့ပါ။ အခက်အခဲ နည်းနည်းလေးတွေ့ရုံနဲ့

ရးကြီးခွင်ကျယ်လုပ်ပြီး တွန့်ဆုတ်နေပါတော့တယ်။ လူဆိုတာ သဘာဝလောကကြီးအတွင်းမှာရှိတဲ့ သတ္တဝါဖြစ်တဲ့အလျှောက် ကလေးကို သူ့အရွယ်နဲ့ သူ့သဘာဝအလျှောက် ကြီးပြင်းစေတာ မှန်ကန်တဲ့နည်းလမ်းဖြစ်ပါတယ်။

မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*