ျမန္မာ့ဓေလ့ထုံးတမ္းျဖစ္သည့္ “လွည္းဦးတိုက္ ေလွဦးတိုက္” ေျမေနရာအေၾကာင္း

ျမန္မာ့ဓေလ့ထုံးတမ္းျဖစ္သည့္ "လွည္းဦးတိုက္ ေလွဦးတိုက္" ေျမေနရာအေၾကာင္း
ျမန္မာ့ဓေလ့ထုံးတမ္းျဖစ္သည့္ "လွည္းဦးတိုက္ ေလွဦးတိုက္" ေျမေနရာအေၾကာင္း

ျမန္မာ့ဓေလ့ထုံးတမ္းျဖစ္သည့္ “လွည္းဦးတိုက္ ေလွဦးတိုက္” ေျမေနရာအေၾကာင္း

ျမန္မာ့႐ိုးရာ ထုံးတမ္းအစဥ္အလာနည္းမွာေရာ ဖုန္းေ႐ႊပညာမွာေရာ အေျပာမ်ားတဲ့ “လွည္းဦးတိုက္၊ ေလွဦးတိုက္”မွာ အေနမေကာင္းဘူး၊ လွည္းလမ္း၊ ကားလမ္း၊ လူသြားလမ္း သုံးလမ္းဆုံတဲ့ လမ္းဆုံကို မ်က္ႏွာမူၿပီး အိမ္မေဆာက္သင့္ဘူး။ ဖုန္းေ႐ႊပညာစာအုပ္မွာေတာ့ ….

(T) ပုံ လမ္းဆုံလမ္းခြလို႔ ဆိုထားတယ္။ ဒီလိုေျမအေနအထားမ်ိဳးကိုလည္း ၿမိဳ႕ျပအိမ္ေနယာအကြက္ေတြေပၚမွာ အေတြ႕မ်ားပါတယ္။ “လွည္းဦးတိုက္၊ ေလွဦးတိုက္” ေျမေနရာေပၚမွာ အိမ္ေဆာက္၊ တိုက္ေဆာက္ထားတာ အမ်ားႀကီးရွိပါတယ္။

“လွည္းဦးတိုက္၊ ေလွဦးတိုက္” အိမ္ကေတာ့ ခိုက္တယ္။ အဲဒီအိမ္မွာ ေနတဲ့သူေတြဟာ စီးပြားတိုးတက္မႈမရွိဘူး။ အိမ္တြင္းေရး၊ အိမ္ေထာင္ေရးေတြမွာလည္း အဆင္မေျပျဖစ္မယ္။ ဖုန္းေ႐ႊပညာမွာေရာ ၊ ျမန္မာ့႐ိုးရာ ေရွးထုံးအစဥ္လာနည္းမွာေရာ …မေနသင့္ မေနထိုက္တဲ့

အိမ္ေနရာအေနအထားမ်ိဳးျဖစ္ေနတယ္။ ဒါေပမယ့္….ျမန္မာ့႐ိုးရာ ထုံးတမ္းအစဥ္အလာ နည္းမွာေတာ့ “လွည္းဦးတိုက္၊ ေလွဦးတိုက္” ေနရာမ်ိဳး၊ အိမ္မ်ိဳး၊ အေဆာက္အဦးမ်ိဳးမွာ စတိုးဆိုင္၊ လၻက္ရည္ဆိုင္၊ ေစ်းဆိုင္ေတြဖြင့္ရင္ေတာ့ ေကာင္းတယ္။ ဖြင့္သင့္တယ္လို႔ေျပာထားတယ္။

ေစာေစာက ေျပာခဲ့တဲ့အတိုင္းပဲ ဗီဒီယို၊ ႐ုပ္ရွင္႐ုံ၊ ကာရာအိုေကခန္းမ၊ ေပ်ာ္ပြဲစား႐ုံ၊ အရက္ဆိုင္၊ ဘီယာဆိုင္ေတြကိုဖြင့္ရင္ အေကာင္းဆုံးေပါ့။ အမွန္ေတာ့ “ေစ်းကြက္ျမင္ကြင္း” အေကာင္းဆုံး ျဖစ္ေနလို႔ပဲ။ ယုတၱိေဗဒ ဆင္ျခင္တုံတရားနဲ႔ စဥ္းစားၾကည့္မယ္။

မ်က္ႏွာခ်င္းဆိုင္၊ ေရွ႕တူရႈလမ္းရဲ႕ ဟိုးအေဝးကေတာင္ ကိုယ့္ရဲ႕ဆိုင္၊ ကိုယ့္ရဲ႕ပြဲ႐ုံကို ျမင္ေနရတယ္။ သုံးဘက္ျမင္ကြင္း(3D) ျဖစ္ေနတယ္။”ေစ်းကြက္ျမင္ကြင္း”အားသာမႈရွိလို႔ေျပာရင္မွန္တယ္။ လူေနရင္ခိုက္တယ္ဆိုတာျပန္ၿပီးစဥ္းစားၾကည့္ပါ။

“လွည္းဦးတိုက္၊ေလွဦးတိုက္”အိမ္ကို ခိုးျခင္၊ ၀ွက္ျခင္၊ လုယက္တိုက္ခိုက္ခ်င္တဲ့လူေတြက အေဝးကၾကည့္ၿပီး ေထာက္လွမ္းလို႔ လြယ္ကူတယ္။ လွည္းေတြ၊ ကားေတြ ေရွ႕တူရႈလမ္းက တည့္တည့္ေမာင္းလာၿပီး ကိုယ့္အိမ္ေရွ႕မွာ ဘယ္ညာေကြ႕သြားရင္ ဖုန္ေတြဟာ

အိမ္ထဲတန္း၀င္လာမွာပဲ။ ေရွ႕တူရႈလမ္းက အသုဘခ်လာၿပီဆိုပါေတာ့ အဲဒီအနိ႒ာ႐ုံျမင္ကြင္းႀကီးကို အခ်ိန္ေတာ္ေတာ္ၾကာၾကာျမင္ေတြ႕ေနရမယ္။ ႐ြာေတြမွာဆိုရင္ “လွည္းဦးတိုက္၊ ေလွဦးတိုက္” တဲေတြေတြကို ေရွ႕တူရႈလွည္းလမ္းကလာတဲ့ ႏြားအုပ္၊ ကြၽဲအုပ္ထဲက

တစ္ေကာင္စ၊ ႏွစ္ေကာင္စကြၽံ၀င္လာတာမ်ိဳးကို ခနခဏခံရတယ္။ ဒါကယုတၱိေဗဒ ဆင္ျခင္တုံတရားနဲ႔ “လွည္းဦးတိုက္၊ ေလွဦးတိုက္” မွာေနမေကာင္းဘူး၊ အိမ္မေဆာက္သင့္ဘူးလို႔ေျပာတာပါ။ ဒါေပမယ့္… “ဒီလို “လွည္းဦးတိုက္၊ေလွဦးတိုက္” ေနရာမ်ိဳးမွာ အိမ္ေဆာက္မိၿပီ၊

အိမ္ေဆာက္ထားၿပီဆိုင္ရင္ ဘယ္လိုကြာကြယ္မလဲ၊ ဒါကလြယ္ပါတယ္။ တံခါးမႀကီးကို လမ္းနဲ႔တည့္တည့္ေနရာက ေျပာင္းေပးလိုက္ရမယ္။ ဒီနည္းထက္ ပိုေကာင္းတာကေတာ့ တံခါးရဲ႕အေပၚဘက္၊ အိမ္အ၀င္အ၀ တံခါးရဲ႕အေပၚဘက္မွာ မွန္တစ္ခ်ပ္ကာထား၊ ခ်ိတ္ဆြဲထားရမယ္။

“လွည္းဦးတိုက္၊ေလွဦးတိုက္”အိမ္ေတြမွာမွန္ေထာင္ထားတာ၊ မွန္ခ်ိတ္ထားတာ ေတြ႕ရတယ္။ တခ်ိဳ႕မွန္ခ်ပ္ေတြက ေသးလြန္းတယ္၊ တခ်ိဳ႕မွန္ခ်ပ္ေတြက ႀကီးလြန္းတယ္။ ေျခာက္လက္မပတ္လည္ စတုရန္းပုံ ပုံရိပ္ထင္တဲ့ မွန္တစ္ခ်ပ္ျဖစ္ရမယ္။ မွန္တစ္ခ်ပ္ရဲ႕အလယ္မွာ

အနီေရာင္နဲ႔ စတုရန္းအကြက္ေလး(1″or 2”)ပတ္လည္ အကြက္ေလးေရးထားရမယ္။ အိမ္၀မွာ အေသာကပင္ေတြ စိုက္ထားတာမ်ိဳး အုတ္တံတိုင္းျမင့္ျမင့္ကာထားတာမ်ိဳး၊ ေရပန္းတစ္ခု တပ္ထားတာမ်ိဳးနဲ႔လည္း ကာကြယ္ႏိုင္တယ္ဆိုေပမယ့္

ေျမအေနအထားအရ မျဖစ္ႏိုင္ပါဘူး၊ မွန္ခ်ပ္ကပ္တာ၊ ခ်ိတ္တာပဲေကာင္းပါတယ္။ အေရးႀကီးဆုံးကေတာ့… ပုံလမ္းဆုံ၊ ၾကက္လွ်ာစြန္းပုံေျမေနရာ၊ ႀတိဂံေျမကြက္ေပၚမွာ ေဆာက္ထားတဲ့ အိမ္က အေရွာင္သင့္ဆုံး အခိုက္ဆုံးေျမေနရာပါပဲ

မူရင္းစာေရးသူ ကို၀င္းေဇာ္(သစ္ေတာ)ကို Credit ေပးပါတယ္။ မိတ္ေဆြမ်ားအားလုံး ေဆာင္ရန္ ေရွာင္မ်ားသိ၍ စီးပြားလာဘ္လာဘမ်ားျပည့္စုံၿပီး ႀကီးပြားတိုးတက္ၾကပါေစ

ခရက္ဒစ္#ဥပေဒေရးရာ#ေလးစားစြာျဖင့္ ခရက္ဒစ္ေပးပါသည္။ ျပန္လည္ မွ်ေ၀ျခင္း ျဖစ္ပါသည္။

Unicode

မြန်မာ့ဓလေ့ထုံးတမ်းဖြစ်သည့် “လှည်းဦးတိုက် လှေဦးတိုက်” မြေနေရာအကြောင်း

မြန်မာ့ရိုးရာ ထုံးတမ်းအစဉ်အလာနည်းမှာရော ဖုန်းရွှေပညာမှာရော အပြောများတဲ့ “လှည်းဦးတိုက်၊ လှေဦးတိုက်”မှာ အနေမကောင်းဘူး၊ လှည်းလမ်း၊ ကားလမ်း၊ လူသွားလမ်း သုံးလမ်းဆုံတဲ့ လမ်းဆုံကို မျက်နှာမူပြီး အိမ်မဆောက်သင့်ဘူး။ ဖုန်းရွှေပညာစာအုပ်မှာတော့ ….

(T) ပုံ လမ်းဆုံလမ်းခွလို့ ဆိုထားတယ်။ ဒီလိုမြေအနေအထားမျိုးကိုလည်း မြို့ပြအိမ်နေယာအကွက်တွေပေါ်မှာ အတွေ့များပါတယ်။ “လှည်းဦးတိုက်၊ လှေဦးတိုက်” မြေနေရာပေါ်မှာ အိမ်ဆောက်၊ တိုက်ဆောက်ထားတာ အများကြီးရှိပါတယ်။

“လှည်းဦးတိုက်၊ လှေဦးတိုက်” အိမ်ကတော့ ခိုက်တယ်။ အဲဒီအိမ်မှာ နေတဲ့သူတွေဟာ စီးပွားတိုးတက်မှုမရှိဘူး။ အိမ်တွင်းရေး၊ အိမ်ထောင်ရေးတွေမှာလည်း အဆင်မပြေဖြစ်မယ်။ ဖုန်းရွှေပညာမှာရော ၊ မြန်မာ့ရိုးရာ ရှေးထုံးအစဉ်လာနည်းမှာရော …မနေသင့် မနေထိုက်တဲ့

အိမ်နေရာအနေအထားမျိုးဖြစ်နေတယ်။ ဒါပေမယ့်….မြန်မာ့ရိုးရာ ထုံးတမ်းအစဉ်အလာ နည်းမှာတော့ “လှည်းဦးတိုက်၊ လှေဦးတိုက်” နေရာမျိုး၊ အိမ်မျိုး၊ အဆောက်အဦးမျိုးမှာ စတိုးဆိုင်၊ လ္ဘက်ရည်ဆိုင်၊ ဈေးဆိုင်တွေဖွင့်ရင်တော့ ကောင်းတယ်။ ဖွင့်သင့်တယ်လို့ပြောထားတယ်။

စောစောက ပြောခဲ့တဲ့အတိုင်းပဲ ဗီဒီယို၊ ရုပ်ရှင်ရုံ၊ ကာရာအိုကေခန်းမ၊ ပျော်ပွဲစားရုံ၊ အရက်ဆိုင်၊ ဘီယာဆိုင်တွေကိုဖွင့်ရင် အကောင်းဆုံးပေါ့။ အမှန်တော့ “ဈေးကွက်မြင်ကွင်း” အကောင်းဆုံး ဖြစ်နေလို့ပဲ။ ယုတ္တိဗေဒ ဆင်ခြင်တုံတရားနဲ့ စဉ်းစားကြည့်မယ်။

မျက်နှာချင်းဆိုင်၊ ရှေ့တူရှုလမ်းရဲ့ ဟိုးအဝေးကတောင် ကိုယ့်ရဲ့ဆိုင်၊ ကိုယ့်ရဲ့ပွဲရုံကို မြင်နေရတယ်။ သုံးဘက်မြင်ကွင်း(3D) ဖြစ်နေတယ်။”ဈေးကွက်မြင်ကွင်း”အားသာမှုရှိလို့ပြောရင်မှန်တယ်။ လူနေရင်ခိုက်တယ်ဆိုတာပြန်ပြီးစဉ်းစားကြည့်ပါ။

“လှည်းဦးတိုက်၊လှေဦးတိုက်”အိမ်ကို ခိုးခြင်၊ ဝှက်ခြင်၊ လုယက်တိုက်ခိုက်ချင်တဲ့လူတွေက အဝေးကကြည့်ပြီး ထောက်လှမ်းလို့ လွယ်ကူတယ်။ လှည်းတွေ၊ ကားတွေ ရှေ့တူရှုလမ်းက တည့်တည့်မောင်းလာပြီး ကိုယ့်အိမ်ရှေ့မှာ ဘယ်ညာကွေ့သွားရင် ဖုန်တွေဟာ

အိမ်ထဲတန်းဝင်လာမှာပဲ။ ရှေ့တူရှုလမ်းက အသုဘချလာပြီဆိုပါတော့ အဲဒီအနိဋ္ဌာရုံမြင်ကွင်းကြီးကို အချိန်တော်တော်ကြာကြာမြင်တွေ့နေရမယ်။ ရွာတွေမှာဆိုရင် “လှည်းဦးတိုက်၊ လှေဦးတိုက်” တဲတွေတွေကို ရှေ့တူရှုလှည်းလမ်းကလာတဲ့ နွားအုပ်၊ ကျွဲအုပ်ထဲက

တစ်ကောင်စ၊ နှစ်ကောင်စကျွံဝင်လာတာမျိုးကို ခနခဏခံရတယ်။ ဒါကယုတ္တိဗေဒ ဆင်ခြင်တုံတရားနဲ့ “လှည်းဦးတိုက်၊ လှေဦးတိုက်” မှာနေမကောင်းဘူး၊ အိမ်မဆောက်သင့်ဘူးလို့ပြောတာပါ။ ဒါပေမယ့်… “ဒီလို “လှည်းဦးတိုက်၊လှေဦးတိုက်” နေရာမျိုးမှာ အိမ်ဆောက်မိပြီ၊

အိမ်ဆောက်ထားပြီဆိုင်ရင် ဘယ်လိုကွာကွယ်မလဲ၊ ဒါကလွယ်ပါတယ်။ တံခါးမကြီးကို လမ်းနဲ့တည့်တည့်နေရာက ပြောင်းပေးလိုက်ရမယ်။ ဒီနည်းထက် ပိုကောင်းတာကတော့ တံခါးရဲ့အပေါ်ဘက်၊ အိမ်အဝင်အ၀ တံခါးရဲ့အပေါ်ဘက်မှာ မှန်တစ်ချပ်ကာထား၊ ချိတ်ဆွဲထားရမယ်။

“လှည်းဦးတိုက်၊လှေဦးတိုက်”အိမ်တွေမှာမှန်ထောင်ထားတာ၊ မှန်ချိတ်ထားတာ တွေ့ရတယ်။ တချို့မှန်ချပ်တွေက သေးလွန်းတယ်၊ တချို့မှန်ချပ်တွေက ကြီးလွန်းတယ်။ ခြောက်လက်မပတ်လည် စတုရန်းပုံ ပုံရိပ်ထင်တဲ့ မှန်တစ်ချပ်ဖြစ်ရမယ်။ မှန်တစ်ချပ်ရဲ့အလယ်မှာ

အနီရောင်နဲ့ စတုရန်းအကွက်လေး(1″or 2”)ပတ်လည် အကွက်လေးရေးထားရမယ်။ အိမ်ဝမှာ အသောကပင်တွေ စိုက်ထားတာမျိုး အုတ်တံတိုင်းမြင့်မြင့်ကာထားတာမျိုး၊ ရေပန်းတစ်ခု တပ်ထားတာမျိုးနဲ့လည်း ကာကွယ်နိုင်တယ်ဆိုပေမယ့်

မြေအနေအထားအရ မဖြစ်နိုင်ပါဘူး၊ မှန်ချပ်ကပ်တာ၊ ချိတ်တာပဲကောင်းပါတယ်။ အရေးကြီးဆုံးကတော့… ပုံလမ်းဆုံ၊ ကြက်လျှာစွန်းပုံမြေနေရာ၊ တြိဂံမြေကွက်ပေါ်မှာ ဆောက်ထားတဲ့ အိမ်က အရှောင်သင့်ဆုံး အခိုက်ဆုံးမြေနေရာပါပဲ

မူရင်းစာရေးသူ ကိုဝင်းဇော်(သစ်တော)ကို Credit ပေးပါတယ်။ မိတ်ဆွေများအားလုံး ဆောင်ရန် ရှောင်များသိ၍ စီးပွားလာဘ်လာဘများပြည့်စုံပြီး ကြီးပွားတိုးတက်ကြပါစေ

ခရက်ဒစ်#ဥပဒေရေးရာ#လေးစားစွာဖြင့် ခရက်ဒစ်ပေးပါသည်။ ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*