
သမိုင္းတစ္ေလွ်ာက္မွာ… ကမာၻ႔ အရပ္ရွည္ဆုံး လူသားအျဖစ္ မွတ္တမ္းတင္ခံရသူ…
“အီလီႏြိဳင္း ျပည္နယ္ရဲ႕ ဧရာမလူသားႀကီး” အျဖစ္ ေခၚဆိုၾကတဲ့ ေရာ္ဘတ္ဝက္ဒ္လိုဟာဆိုရင္ သမိုင္း တစ္ေလွ်ာက္လုံး ကမာၻ႔ အရပ္ရွည္ဆုံး လူသားအျဖစ္ မွတ္တမ္းတင္ခံထားရတဲ့သူပါ။
History in Color ဆိုတဲ့ လူမႈကြန္ယက္ေပ့ခ်္ တစ္ခုဟာ သူ႔မိသားစုနဲ႔ အတူ ႐ိုက္ထားတဲ့ ေရာ္ဘတ္ရဲ႕၁၉၃၅ ခုႏွစ္ ဓာတ္ပုံတစ္ပုံကို အေရာင္ထည့္ကာ တင္ေပးခဲ့ၿပီးတဲ့ေနာက္မွာ သူ႔ရဲ႕အေၾကာင္းကို သတင္းမီဒီယာမွာ ေဖာ္ျပလာခဲ့ၾကျပန္ပါတယ္။
ကမာၻ႔ ဂင္းနက္စ္မွတ္တမ္း ကလည္း History in Color ရဲ႕အဲဒီပို႔စ္ကို “အရပ္ အရွည္ဆုံးလူသားရဲ႕ အမိုက္စားဓာတ္ပုံ” ဆိုတဲ့ စာသားနဲ႔ share ေပးခဲ့သလို ေရာ္ဘတ္ရဲ႕ပုံကိုလည္း တင္ေပးခဲ့ပါတယ္။
အေမရိကန္ႏိုင္ငံက ေရာ္ဘတ္ဝက္ဒ္လိုဟာ သမိုင္းတစ္ေလွ်ာက္ အရပ္ ရွည္ဆုံးလူသား ျဖစ္တယ္ဆိုတာကို ကမာၻ႔ဂင္းနက္စ္ မွတ္တမ္းက တရားဝင္ အတည္ျပဳေပးခဲ့တာပါ။ ေရာ္ဘတ္ဝက္ဒ္လိုဟာ…
၁၉၅၅ ခုႏွစ္ (ကမာၻ႔ဂင္းနက္စ္ မွတ္တမ္းစာအုပ္ကို ပထမဆုံး ထုတ္ေဝတဲ့ အခ်ိန္) ကတည္းက ကမာၻ႔ အရပ္ရွည္ဆုံးလူသား အျဖစ္ သတ္မွတ္ ခံခဲ့ရတာပါ။ ၁၉၄၀ ခုႏွစ္ ဇြန္လ ၂၇ ရက္ေန႔မွာ ေရာ္ဘတ္ရဲ႕
အရပ္အေမာင္း အတိုင္းအတာက… ၈ ေပ ၁၁ လက္မ (၂.၇၂ မီတာ) ရွိခဲ့တာပါ။ ေရာ္ဘတ္ (၅) ႏွစ္သားအ႐ြယ္မွာ သူ႔ အရပ္အေမာင္းက… ၅ ေပ ၄ လက္မ (၁.၆၃ မီတာ) ျဖစ္ေနပါၿပီ။
အဲဒီ အရပ္အေမာင္းေၾကာင့္ သူဟာ… ဆယ္ေက်ာ္သက္ေတြ အတြက္ ဒီဇိုင္းထုတ္ထားတဲ့ အဝတ္အစားေတြကို ဝတ္ဆင္ခဲ့ရတာပါ။ အသက္ ၈ ႏွစ္မွာ သူ႔အေဖရဲ႕အရပ္အေမာင္း ၅ ေပ ၁၁ လက္မထက္ ေက်ာ္ေနခဲ့ပါတယ္။
ေရာ္ဘတ္က ခႏၶာကိုယ္ ႀကီးထြားတဲ့ ေဟာ္မုန္းေရာဂါအေျခအေနကို ခံစားခဲ့ရတယ္လို႔ ကမာၻ႔ဂင္းနက္စ္မွတ္တမ္းရဲ႕ ဝက္ဘ္ဆိုဒ္မွာ ေဖာ္ျပထားပါတယ္။ သူ႔ရဲ႕ ထူးျခားတဲ့ အရပ္အေမာင္းက သူ႔ကို
အသက္ႀကီးလာတာနဲ႔ အမွ် ပိုဆိုးလာေစတဲ့ က်န္းမာေရး ျပႆနာ မ်ားစြာျဖစ္ေစခဲ့ပါတယ္။ ေရာ္ဘတ္က လမ္းေလွ်ာက္ရတာ ခက္ခဲလာတဲ့အတြက္ မလဲေအာင္ထိန္းတဲ့ ကိရိယာ တပ္ထားရပါတယ္။
အဲဒါေၾကာင့္… သူ႔ရဲ႕ ညာေျခခ်င္းဝတ္မွာ အနာျဖစ္ကာ ေရာဂါပိုး ဝင္ခဲ့ပါတယ္။ ကုသမ ႈခံယူခဲ့ေပမဲ့ အားနည္းတဲ့ ခုခံအားစနစ္ေၾကာင့္… အေျခအေန ပိုဆိုးလာခဲ့ၿပီး ၁၉၄၀ ဇူလိုင္လ ၁၅ ရက္ေန႔မွာ ေသဆုံးခဲ့ပါတယ္။
ေရာ္ဘတ္ဝက္ဒ္လို ေသဆုံးတဲ့ အခ်ိန္မွာ သူ႔ အသက္ ၂၂ ႏွစ္ရွိပါၿပီ။ သူ မေသဆုံးခင္အထိ သူ႔ခႏၶာကိုယ္က ႀကီးထြားေနတုန္း ပါပဲ။ သူ႔ရဲ႕ အ႐ြယ္အစားေၾကး႐ုပ္တုကိုလည္း Alton Museum of History and Art ေရွ႕မွာ ျမင္ေတြ႕ရႏိုင္ပါတယ္။
ခရက္ဒစ္#ရိုးရာေလး#ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။ ျပန္လည္ မွ်ေ၀ျခင္း ျဖစ္ပါသည္။
Unicode
သမိုင်းတစ်လျှောက်မှာ… ကမ္ဘာ့ အရပ်ရှည်ဆုံး လူသားအဖြစ် မှတ်တမ်းတင်ခံရသူ…
“အီလီနွိုင်း ပြည်နယ်ရဲ့ ဧရာမလူသားကြီး” အဖြစ် ခေါ်ဆိုကြတဲ့ ရော်ဘတ်ဝက်ဒ်လိုဟာဆိုရင် သမိုင်း တစ်လျှောက်လုံး ကမ္ဘာ့ အရပ်ရှည်ဆုံး လူသားအဖြစ် မှတ်တမ်းတင်ခံထားရတဲ့သူပါ။
History in Color ဆိုတဲ့ လူမှုကွန်ယက်ပေ့ချ် တစ်ခုဟာ သူ့မိသားစုနဲ့ အတူ ရိုက်ထားတဲ့ ရော်ဘတ်ရဲ့၁၉၃၅ ခုနှစ် ဓာတ်ပုံတစ်ပုံကို အရောင်ထည့်ကာ တင်ပေးခဲ့ပြီးတဲ့နောက်မှာ သူ့ရဲ့အကြောင်းကို သတင်းမီဒီယာမှာ ဖော်ပြလာခဲ့ကြပြန်ပါတယ်။
ကမ္ဘာ့ ဂင်းနက်စ်မှတ်တမ်း ကလည်း History in Color ရဲ့အဲဒီပို့စ်ကို “အရပ် အရှည်ဆုံးလူသားရဲ့ အမိုက်စားဓာတ်ပုံ” ဆိုတဲ့ စာသားနဲ့ share ပေးခဲ့သလို ရော်ဘတ်ရဲ့ပုံကိုလည်း တင်ပေးခဲ့ပါတယ်။
အမေရိကန်နိုင်ငံက ရော်ဘတ်ဝက်ဒ်လိုဟာ သမိုင်းတစ်လျှောက် အရပ် ရှည်ဆုံးလူသား ဖြစ်တယ်ဆိုတာကို ကမ္ဘာ့ဂင်းနက်စ် မှတ်တမ်းက တရားဝင် အတည်ပြုပေးခဲ့တာပါ။ ရော်ဘတ်ဝက်ဒ်လိုဟာ…
၁၉၅၅ ခုနှစ် (ကမ္ဘာ့ဂင်းနက်စ် မှတ်တမ်းစာအုပ်ကို ပထမဆုံး ထုတ်ဝေတဲ့ အချိန်) ကတည်းက ကမ္ဘာ့ အရပ်ရှည်ဆုံးလူသား အဖြစ် သတ်မှတ် ခံခဲ့ရတာပါ။ ၁၉၄၀ ခုနှစ် ဇွန်လ ၂၇ ရက်နေ့မှာ ရော်ဘတ်ရဲ့
အရပ်အမောင်း အတိုင်းအတာက… ၈ ပေ ၁၁ လက်မ (၂.၇၂ မီတာ) ရှိခဲ့တာပါ။ ရော်ဘတ် (၅) နှစ်သားအရွယ်မှာ သူ့ အရပ်အမောင်းက… ၅ ပေ ၄ လက်မ (၁.၆၃ မီတာ) ဖြစ်နေပါပြီ။
အဲဒီ အရပ်အမောင်းကြောင့် သူဟာ… ဆယ်ကျော်သက်တွေ အတွက် ဒီဇိုင်းထုတ်ထားတဲ့ အဝတ်အစားတွေကို ဝတ်ဆင်ခဲ့ရတာပါ။ အသက် ၈ နှစ်မှာ သူ့အဖေရဲ့အရပ်အမောင်း ၅ ပေ ၁၁ လက်မထက် ကျော်နေခဲ့ပါတယ်။
ရော်ဘတ်က ခန္ဓာကိုယ် ကြီးထွားတဲ့ ဟော်မုန်းရောဂါအခြေအနေကို ခံစားခဲ့ရတယ်လို့ ကမ္ဘာ့ဂင်းနက်စ်မှတ်တမ်းရဲ့ ဝက်ဘ်ဆိုဒ်မှာ ဖော်ပြထားပါတယ်။ သူ့ရဲ့ ထူးခြားတဲ့ အရပ်အမောင်းက သူ့ကို
အသက်ကြီးလာတာနဲ့ အမျှ ပိုဆိုးလာစေတဲ့ ကျန်းမာရေး ပြဿနာ များစွာဖြစ်စေခဲ့ပါတယ်။ ရော်ဘတ်က လမ်းလျှောက်ရတာ ခက်ခဲလာတဲ့အတွက် မလဲအောင်ထိန်းတဲ့ ကိရိယာ တပ်ထားရပါတယ်။
အဲဒါကြောင့်… သူ့ရဲ့ ညာခြေချင်းဝတ်မှာ အနာဖြစ်ကာ ရောဂါပိုး ဝင်ခဲ့ပါတယ်။ ကုသမ ှုခံယူခဲ့ပေမဲ့ အားနည်းတဲ့ ခုခံအားစနစ်ကြောင့်… အခြေအနေ ပိုဆိုးလာခဲ့ပြီး ၁၉၄၀ ဇူလိုင်လ ၁၅ ရက်နေ့မှာ သေဆုံးခဲ့ပါတယ်။
ရော်ဘတ်ဝက်ဒ်လို သေဆုံးတဲ့ အချိန်မှာ သူ့ အသက် ၂၂ နှစ်ရှိပါပြီ။ သူ မသေဆုံးခင်အထိ သူ့ခန္ဓာကိုယ်က ကြီးထွားနေတုန်း ပါပဲ။ သူ့ရဲ့ အရွယ်အစားကြေးရုပ်တုကိုလည်း Alton Museum of History and Art ရှေ့မှာ မြင်တွေ့ရနိုင်ပါတယ်။
ခရက်ဒစ်#ရိုးရာလေး#လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။
Leave a Reply