ယေန႕အခ်ိန္မွာ ေပ်ာက္ကြယ္လုနီးပါးျဖစ္ေနေသာ… ေရွးပညာရွင္တို႔၏ ႏြားေ႐ြးျခယ္နည္းမ်ား

ယေန႕အခ်ိန္မွာ ေပ်ာက္ကြယ္လုနီးပါးျဖစ္ေနေသာ... ေရွးပညာရွင္တို႔၏ ႏြားေ႐ြးျခယ္နည္းမ်ား
ယေန႕အခ်ိန္မွာ ေပ်ာက္ကြယ္လုနီးပါးျဖစ္ေနေသာ... ေရွးပညာရွင္တို႔၏ ႏြားေ႐ြးျခယ္နည္းမ်ား

ယေန႕အခ်ိန္မွာ ေပ်ာက္ကြယ္လုနီးပါးျဖစ္ေနေသာ… ေရွးပညာရွင္တို႔၏ ႏြားေ႐ြးျခယ္နည္းမ်ား

၁။ ႏြားနီကြမ္းေသြး ႐ိုက္နိင္မွေျပး ။

၂။ ႏြားျပာနီတုတ္ေမႊး ႐ိုက္နိင္မွေျပး ။

၃။ ႏြားျပာခ်ိဳ တုတ္ ထမ္းပိုးထမ္းႏႈတ္ ။

၄။ ႏြားျပာနီ ရွဥ့္ေမႊး ႐ိုက္နိင္မွေျပး ။

၅။ ေဇာ္နီကြမ္းေသြး ေသေအာင္ေျပး ။

၆။ ႏြားဝါဖြဲႏု ေသေအာင္ထု ဂ႐ုမထားတတ္။

၇။ႏြားဝါမ်က္ကြင္း ေသေအာင္ဖ်င္း စင္းစင္းခံေနတတ္ ။

၈။ ႏြားဝါမ်က္ကြင္းျဖဴ ႀကိမ္မကူ ကမူမတက္ဘူး

၉။ ႏြားဝါဖင္ျဖဴ ႀကိမ္မကူ ကမူမတက္ဘူး။

၁၀။ ႏြားညိဳ သံေရာင္ တုတ္မေဆာင္ရ ။

၁၁။ ၿမီးစြပ္ေရွ႕တက္ ထိပ္ကြက္ေနာက္ဆုတ္ စုံမွဟုတ္။

၁၂။ ေမႊးတိုေမႊးၾကမ္း ထမ္းပိုးထမ္း အစြမ္းေကာင္းလွ၏ ။

၁၃။ ေဗြဆင့္မ်က္ျခား အဝယ္မွား အိမ္ကမယား ေသလတၱံ့ ။

ေဗြမ်ား

( ၁ ) ေဗြဆင့္ေဗြ… ခ်ိဳ ႏွစ္ေခ်ာင္းစပ္ၾကား၌ ႏွစ္ခုဆင့္လွ်က္ရွိေသာ ေဗြ။(မယားေသ)

( ၂ ) မ်က္ျခားေဗြ… မ်က္လုံးႏွစ္ခုၾကား၌ တစ္လုံးတည္းရွိေသာ ေဗြ ။ (မယားေသ)

( ၃ ) ေဗြထီးေဆာင္း… ခ်ိဳ ႏွစ္ေခ်ာင္း စပ္ၾကား၌ ရွိသည္။ ထိုေဗြသည္ႏြား၏ထိပ္၌ ထီးကဲ့သို႔ မိုးေဆာင္းထား၍ ေဗြထီးေဆာင္းဟုေခၚသည္။ပထမတန္းစား ေဗြျဖစ္သည္။

( ၄ ) ျမခေနာက္ေဗြ… ႏြားေခါင္း၏ ေရွ႕နဖူးျပင္ထိပ္ အလယ္က်ေသာေနရာ၌ ေဗြသုံးလုံး ဖိုခေနာက္ဆိုင္တည္ရွိ၍ ေခၚေဝၚျခင္းျဖစ္သည္။ေဗြေကာင္းျဖစ္သည္။

( ၅ ) သံလ်က္ေဗြ… ႏြားလည္ပင္းတစ္ဖက္ (သို႔မဟုတ္) ႏွစ္ဖက္စလုံး ပါတတ္သည္။ လည္ပင္းမွ ခ႐ုပတ္ရစ္၍ ေဗြ၏အဖ်ားသည္ ႏြားဦးေခါင္းဖက္သို႔ အၫြန႔္ျဖာလွ်က္တက္ခဲ့ေသာ္ သံလ်က္ေဗြဟုေခၚသည္။အက်ိဳး ေပးမထက္သန္ ဆုတ္ယုတ္ပ်က္စီးျခင္းလည္းမရွိ။

ေျခာက္ကြက္လွႏြား

၁။ ၿမီးစြပ္ျခင္း အကြက္ေကာင္းတစ္ကြက္ ၂။ ထိပ္ကြက္ျခင္း အကြက္ေကာင္းတစ္ကြက္ ၃။ ေျခေလးဖက္စလုံး ဒူးဆစ္ထိ ဆြတ္ဆြတ္ျဖဴ ျခင္းအကြက္ေကာင္း ေလးကြက္ (ထိုႏြားမ်ိဳးရွိလွ်င္ ခိုက္တတ္ေသာႏြားဝယ္မိပါကလည္း အႏၲရာယ္ မျဖစ္ပါ )

ေျမာက္သုံးသြယ္ က်ယ္သုံးလီ နီသုံးခ်က္ တစ္ေန႔တစ္ျခား စီးပြားတက္

ေျမာက္သုံးသြယ္… ဦးေခါင္းေမာက္ေမာက္ေထာင္ေထာင္ရွိျခင္း (သို႔မဟုတ္) ေခါင္းတေမာ့ေမာ့ရွိျခင္း။

က်ယ္သုံးလီ… ခ်ိဳ ႏွစ္ခုစပ္ၾကား ထိပ္အင္းက်ယ္ျခင္းရင္အုပ္က်ယ္ျခင္း ႏွင့္ တင္ပါးဆုံက်ယ္ျခင္း ။

နီသုံးခ်က္... လွ်ာနီျခင္း ႏွာနီျခင္း ခြာေလးဖက္နီျခင္း

ထိုအခ်က္တို႔ႏွင့္ျပည့္စုံေသာႏြားကို လာဘ္ႏြားဟုေခၚသည္။စီးပြားဥစၥာ တစ္ေန႔တစ္ျခား တိုးတက္လာသည္။

ႏြားျပာနီ ေၾကာင္စြယ္ ေမွာင္ကြယ္ရာဝယ္ မမွားနိင္

ႏြားျပာ ႏြားနီ ႏြားျပာနီ ႏွင့္ ႏြားေၾကာင္စြယ္တို႔သည္ ေမြးထိုက္ေသာႏြားျဖစ္၍ ေမွာင္ကြယ္ရာဝယ္ဦးေတာ့ မမွားနိင္ဟုဆိုလိုသည္။ႏြားေၾကာင္စြယ္ …..ႏွာေရာင္ေမွာင္ေမွာင္ လက္မဲမဲ ဒူးမဲမဲ ရွိေသာႏြား ။

ႏြား၏ခ်ိဳ

ဘယ္လဲ ညာေထာင္ ဥစၥာေျပာင္ ဘယ္ေထာင္ညာလဲ တက္တက္မြဲ ။ တစ္ဖက္ေထာင္ တစ္ဖက္လဲႏြားသည္ ဥစၥာဆုတ္ယုတ္တတ္၏ ။

တယ္လူးခ်ိဳ …..ႏုတ္ေသာခ်ိဳ နဲ႔ေသာခ်ိဳ ။(အက်ိဳးမေပး)

ၾကက္တူေ႐ြးခ်ိဳ …..ၾကက္တူေ႐ြးႏႈတ္သီးပမာ ေရွ႕သို႔ေကြးၫြတ္ေသာ ခ်ိဳ ေကြး ။(အက်ိဳးမေပး)

မွတ္ခ်က္… ေပ်ာက္ကြယ္လုနီးပါးျဖစ္ေနေသာ ေရွးပညာရွင္တို႔၏ ႏြားေ႐ြးနည္းပညာမ်ားကိုလြန္ခဲ့ေသာ ( ၃၀ )ႏွစ္ခန႔္က မွတ္စုစာအုပ္ထဲမွတ္ထားမိသမွ် ျပန္လည္ကူးယူေဖာ္ျပျခင္းျဖစ္ပါသည္။

မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။ ျပန္လည္ မွ်ေ၀ျခင္း ျဖစ္ပါသည္။

Unicode

ယနေ့အချိန်မှာ ပျောက်ကွယ်လုနီးပါးဖြစ်နေသော… ရှေးပညာရှင်တို့၏ နွားရွေးခြယ်နည်းများ

၁။ နွားနီကွမ်းသွေး ရိုက်နိင်မှပြေး ။

၂။ နွားပြာနီတုတ်မွှေး ရိုက်နိင်မှပြေး ။

၃။ နွားပြာချို တုတ် ထမ်းပိုးထမ်းနှုတ် ။

၄။ နွားပြာနီ ရှဉ့်မွှေး ရိုက်နိင်မှပြေး ။

၅။ ဇော်နီကွမ်းသွေး သေအောင်ပြေး ။

၆။ နွားဝါဖွဲနု သေအောင်ထု ဂရုမထားတတ်။

၇။နွားဝါမျက်ကွင်း သေအောင်ဖျင်း စင်းစင်းခံနေတတ် ။

၈။ နွားဝါမျက်ကွင်းဖြူ ကြိမ်မကူ ကမူမတက်ဘူး

၉။ နွားဝါဖင်ဖြူ ကြိမ်မကူ ကမူမတက်ဘူး။

၁၀။ နွားညို သံရောင် တုတ်မဆောင်ရ ။

၁၁။ မြီးစွပ်ရှေ့တက် ထိပ်ကွက်နောက်ဆုတ် စုံမှဟုတ်။

၁၂။ မွှေးတိုမွှေးကြမ်း ထမ်းပိုးထမ်း အစွမ်းကောင်းလှ၏ ။

၁၃။ ဗွေဆင့်မျက်ခြား အဝယ်မှား အိမ်ကမယား သေလတ္တံ့ ။

ဗွေများ

( ၁ ) ဗွေဆင့်ဗွေ… ချို နှစ်ချောင်းစပ်ကြား၌ နှစ်ခုဆင့်လျှက်ရှိသော ဗွေ။(မယားသေ)

( ၂ ) မျက်ခြားဗွေ… မျက်လုံးနှစ်ခုကြား၌ တစ်လုံးတည်းရှိသော ဗွေ ။ (မယားသေ)

( ၃ ) ဗွေထီးဆောင်း… ချို နှစ်ချောင်း စပ်ကြား၌ ရှိသည်။ ထိုဗွေသည်နွား၏ထိပ်၌ ထီးကဲ့သို့ မိုးဆောင်းထား၍ ဗွေထီးဆောင်းဟုခေါ်သည်။ပထမတန်းစား ဗွေဖြစ်သည်။

( ၄ ) မြခနောက်ဗွေ… နွားခေါင်း၏ ရှေ့နဖူးပြင်ထိပ် အလယ်ကျသောနေရာ၌ ဗွေသုံးလုံး ဖိုခနောက်ဆိုင်တည်ရှိ၍ ခေါ်ဝေါ်ခြင်းဖြစ်သည်။ဗွေကောင်းဖြစ်သည်။

( ၅ ) သံလျက်ဗွေ… နွားလည်ပင်းတစ်ဖက် (သို့မဟုတ်) နှစ်ဖက်စလုံး ပါတတ်သည်။ လည်ပင်းမှ ခရုပတ်ရစ်၍ ဗွေ၏အဖျားသည် နွားဦးခေါင်းဖက်သို့ အညွန့်ဖြာလျှက်တက်ခဲ့သော် သံလျက်ဗွေဟုခေါ်သည်။အကျိုး ပေးမထက်သန် ဆုတ်ယုတ်ပျက်စီးခြင်းလည်းမရှိ။

ခြောက်ကွက်လှနွား

၁။ မြီးစွပ်ခြင်း အကွက်ကောင်းတစ်ကွက် ၂။ ထိပ်ကွက်ခြင်း အကွက်ကောင်းတစ်ကွက် ၃။ ခြေလေးဖက်စလုံး ဒူးဆစ်ထိ ဆွတ်ဆွတ်ဖြူ ခြင်းအကွက်ကောင်း လေးကွက် (ထိုနွားမျိုးရှိလျှင် ခိုက်တတ်သောနွားဝယ်မိပါကလည်း အန္တရာယ် မဖြစ်ပါ )

မြောက်သုံးသွယ် ကျယ်သုံးလီ နီသုံးချက် တစ်နေ့တစ်ခြား စီးပွားတက်

မြောက်သုံးသွယ်… ဦးခေါင်းမောက်မောက်ထောင်ထောင်ရှိခြင်း (သို့မဟုတ်) ခေါင်းတမော့မော့ရှိခြင်း။

ကျယ်သုံးလီ… ချို နှစ်ခုစပ်ကြား ထိပ်အင်းကျယ်ခြင်းရင်အုပ်ကျယ်ခြင်း နှင့် တင်ပါးဆုံကျယ်ခြင်း ။

နီသုံးချက်… လျှာနီခြင်း နှာနီခြင်း ခွာလေးဖက်နီခြင်း

ထိုအချက်တို့နှင့်ပြည့်စုံသောနွားကို လာဘ်နွားဟုခေါ်သည်။စီးပွားဥစ္စာ တစ်နေ့တစ်ခြား တိုးတက်လာသည်။

နွားပြာနီ ကြောင်စွယ် မှောင်ကွယ်ရာဝယ် မမှားနိင်

နွားပြာ နွားနီ နွားပြာနီ နှင့် နွားကြောင်စွယ်တို့သည် မွေးထိုက်သောနွားဖြစ်၍ မှောင်ကွယ်ရာဝယ်ဦးတော့ မမှားနိင်ဟုဆိုလိုသည်။နွားကြောင်စွယ် …..နှာရောင်မှောင်မှောင် လက်မဲမဲ ဒူးမဲမဲ ရှိသောနွား ။

နွား၏ချို

ဘယ်လဲ ညာထောင် ဥစ္စာပြောင် ဘယ်ထောင်ညာလဲ တက်တက်မွဲ ။ တစ်ဖက်ထောင် တစ်ဖက်လဲနွားသည် ဥစ္စာဆုတ်ယုတ်တတ်၏ ။

တယ်လူးချို …..နုတ်သောချို နဲ့သောချို ။(အကျိုးမပေး)

ကြက်တူရွေးချို …..ကြက်တူရွေးနှုတ်သီးပမာ ရှေ့သို့ကွေးညွတ်သော ချို ကွေး ။(အကျိုးမပေး)

မှတ်ချက်… ပျောက်ကွယ်လုနီးပါးဖြစ်နေသော ရှေးပညာရှင်တို့၏ နွားရွေးနည်းပညာများကိုလွန်ခဲ့သော ( ၃၀ )နှစ်ခန့်က မှတ်စုစာအုပ်ထဲမှတ်ထားမိသမျှ ပြန်လည်ကူးယူဖော်ပြခြင်းဖြစ်ပါသည်။

မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*