ေစ်းေရာင္းသူေတြ မွတ္သားသင့္တဲ့ စကားေလး… “လိုက္မေရာင္းနဲ႔.. လာဝယ္ေအာင္လုပ္ “

ေစ်းေရာင္းသူေတြ မွတ္သားသင့္တဲ့ စကားေလး... "လိုက္မေရာင္းနဲ႔.. လာဝယ္ေအာင္လုပ္ "
ေစ်းေရာင္းသူေတြ မွတ္သားသင့္တဲ့ စကားေလး... "လိုက္မေရာင္းနဲ႔.. လာဝယ္ေအာင္လုပ္ "

ေစ်းေရာင္းသူေတြ မွတ္သားသင့္တဲ့ စကားေလး… “လိုက္မေရာင္းနဲ႔.. လာဝယ္ေအာင္လုပ္ “

“အေၾကာ္စုံ ပူပူေလးရမယ္၊ အေၾကာ္စုံ ပူပူေလး” ဒါ… ညေန ၆ နာရီေလာက္ဆိုရင္ သုံးဘီး တစ္စီးနဲ႔ ကြၽန္ေတာ္တို႔ အိမ္ေရွ႕က ျဖတ္ျဖတ္သြားေလ့ ရွိတဲ့ အေၾကာ္ေရာင္းတဲ့ ဦးေလးႀကီးရဲ႕ အသံ..။

သူ႔ခမ်ာ ​ဆိုင္ကယ္ ဆီကုန္ခံ၊ အပင္ပန္းခံၿပီး အေၾကာ္ေတြ လည္ေရာင္းေပမယ့္လည္း ကြၽန္ေတာ္တို႔ လမ္းထဲေရာက္လာတဲ့ အခါတိုင္း သူ႔ဆီက ဘယ္သူမွ အေၾကာ္ ဝယ္မစားၾကဘူး။

ကြၽန္ေတာ္တို႔ လမ္းထဲကလူေတြက အေၾကာ္ မစားၾကလို႔လား ဆိုေတာ့လည္း မဟုတ္ဘူး။ လမ္းထဲကလူေတြက သူ႔ဆီကသာ မဝယ္တာ… ေနတဲ့ ေနရာကေန ေတာ္ေတာ္ လွမ္းလွမ္းသြားရတဲ့

ဟိုး… ​ေဂ်ာင္ႀကိဳ​ေဂ်ာင္ၾကားက အေၾကာ္ဆိုင္ကိုေတာ့ တကူးတက သြားစားၾကတယ္။ ကြၽန္ေတာ္ကိုယ္တိုင္လည္း အေၾကာ္စားခ်င္တဲ့ အခါတိုင္း အိမ္ေရွ႕ထိ လာေရာင္းတဲ့ ဦးေလးႀကီးဆီမွာ မစားဘဲ…

တကူးတက အဲ့ဒီအေၾကာ္ဆိုင္ထိ သြားစားေလ့ ရွိတယ္။ အဲ့ဒီဆိုင္က အေၾကာ္ေရာင္းတဲ့ အန္တီႀကီးကလည္း ေခ်တယ္… သြားဝယ္တဲ့အခါတိုင္း အေၾကာ္စားခ်င္လား.. စားခ်င္ရင္ ေစာင့္ရမယ္။ ေရွ႕မွာ မွာထားတဲ့ လူေတြ အမ်ားႀကီး

ဒီလို ခပ္ျပတ္ျပတ္ပဲ ေျပာေလ့ ရွိတယ္။ ကြၽန္ေတာ္တို႔လည္း စားခ်င္ေတာ့ ေစာင့္ရတယ္၊ သူေခ်လည္း ခံရတာပဲ။ ဘာလို႔ဆို… သူ႔ရဲ႕အေၾကာ္က စားေကာင္းတာကိုး။ အဲ့ေတာ့ တစ္ခါတေလ စဥ္းစားမိတယ္။

ဘာလို႔ အိမ္ေရွ႕ထိလာၿပီး ခ်ိဳခ်ိဳသာသာနဲ႔ အေၾကာ္ေလး စားၾကပါဦးလို႔ သုံးဘီးနဲ႔ လာေရာင္းတဲ့ ဦးေလးႀကီးဆီမွာ မဝယ္ဘဲ… ဒီ ​ေဂ်ာင္ႀကိဳ​ေဂ်ာင္ၾကားက ခပ္ေခ်ေခ် အန္တီႀကီးဆီမွာ တကူးတက သြားဝယ္မိေနတာလဲေပါ့။

အေျဖက… အဲ့ဒီအန္တီႀကီးရဲ႕ အေၾကာ္ဟာ ေကာင္းလြန္းေနတာေၾကာင့္ပါပဲ။ သူ႔ဆီမွာ ကြၽန္ေတာ္တို႔လိုခ်င္တဲ့အရာ ရွိေနတာေၾကာင့္ပါပဲ။ သူဟာ အေၾကာ္ေရာင္းပါတယ္လို႔ လိုက္ေအာ္မေရာင္းပါဘူး။

ဒါေပမဲ့ သူ႔ေရာင္းတဲ့ အေၾကာ္က ဘယ္ေလာက္ေကာင္းပါတယ္ ဆိုတာေတာ့… လူေတြ သိေအာင္ေတာ့ ျပဳလုပ္ပါတယ္။ အဲ့ဒီအခါမွာ သူလိုက္မေရာင္းလည္း… လူေတြက သူ႔ဆီမွာ တကူးတက သြားဝယ္စားၾကပါတယ္။

ဒါေၾကာင့္… မိတ္ေဆြတို႔ကို အႀကံေပးခ်င္တာက… ေစ်းေရာင္းေကာင္းခ်င္တယ္ဆိုရင္ ကြၽန္ေတာ္တို႔ ဘာ ေရာင္းပါတယ္ ဆိုတာထက္ ကြၽန္ေတာ္တို႔ေရာင္းတဲ့ ပစၥည္းက ဘာလုပ္ေပးႏိုင္ပါတယ္ဆိုတာကိုသာ အသားေပး ​လုပ္ပါ။

ကြၽန္ေတာ္တို႔ပစၥည္း ဘယ္ေလာက္ေကာင္းတယ္ဆိုတာ လူေတြသိေလေလ… ကြၽန္ေတာ္တို႔ လိုက္ေရာင္းစရာ မလိုဘဲ လူေတြ လာဝယ္ေလေလပါပဲလို႔ ေျပာခ်င္ပါတယ္။

မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။ ျပန္လည္ မွ်ေ၀ျခင္း ျဖစ္ပါသည္။

Unicode

ဈေးရောင်းသူတွေ မှတ်သားသင့်တဲ့ စကားလေး… “လိုက်မရောင်းနဲ့.. လာဝယ်အောင်လုပ် “

“အကြော်စုံ ပူပူလေးရမယ်၊ အကြော်စုံ ပူပူလေး” ဒါ… ညနေ ၆ နာရီလောက်ဆိုရင် သုံးဘီး တစ်စီးနဲ့ ကျွန်တော်တို့ အိမ်ရှေ့က ဖြတ်ဖြတ်သွားလေ့ ရှိတဲ့ အကြော်ရောင်းတဲ့ ဦးလေးကြီးရဲ့ အသံ..။

သူ့ခမျာ ဆိုင်ကယ် ဆီကုန်ခံ၊ အပင်ပန်းခံပြီး အကြော်တွေ လည်ရောင်းပေမယ့်လည်း ကျွန်တော်တို့ လမ်းထဲရောက်လာတဲ့ အခါတိုင်း သူ့ဆီက ဘယ်သူမှ အကြော် ဝယ်မစားကြဘူး။

ကျွန်တော်တို့ လမ်းထဲကလူတွေက အကြော် မစားကြလို့လား ဆိုတော့လည်း မဟုတ်ဘူး။ လမ်းထဲကလူတွေက သူ့ဆီကသာ မဝယ်တာ… နေတဲ့ နေရာကနေ တော်တော် လှမ်းလှမ်းသွားရတဲ့

ဟိုး… ဂျောင်ကြိုဂျောင်ကြားက အကြော်ဆိုင်ကိုတော့ တကူးတက သွားစားကြတယ်။ ကျွန်တော်ကိုယ်တိုင်လည်း အကြော်စားချင်တဲ့ အခါတိုင်း အိမ်ရှေ့ထိ လာရောင်းတဲ့ ဦးလေးကြီးဆီမှာ မစားဘဲ…

တကူးတက အဲ့ဒီအကြော်ဆိုင်ထိ သွားစားလေ့ ရှိတယ်။ အဲ့ဒီဆိုင်က အကြော်ရောင်းတဲ့ အန်တီကြီးကလည်း ချေတယ်… သွားဝယ်တဲ့အခါတိုင်း အကြော်စားချင်လား.. စားချင်ရင် စောင့်ရမယ်။ ရှေ့မှာ မှာထားတဲ့ လူတွေ အများကြီး

ဒီလို ခပ်ပြတ်ပြတ်ပဲ ပြောလေ့ ရှိတယ်။ ကျွန်တော်တို့လည်း စားချင်တော့ စောင့်ရတယ်၊ သူချေလည်း ခံရတာပဲ။ ဘာလို့ဆို… သူ့ရဲ့အကြော်က စားကောင်းတာကိုး။ အဲ့တော့ တစ်ခါတလေ စဉ်းစားမိတယ်။

ဘာလို့ အိမ်ရှေ့ထိလာပြီး ချိုချိုသာသာနဲ့ အကြော်လေး စားကြပါဦးလို့ သုံးဘီးနဲ့ လာရောင်းတဲ့ ဦးလေးကြီးဆီမှာ မဝယ်ဘဲ… ဒီ ဂျောင်ကြိုဂျောင်ကြားက ခပ်ချေချေ အန်တီကြီးဆီမှာ တကူးတက သွားဝယ်မိနေတာလဲပေါ့။

အဖြေက… အဲ့ဒီအန်တီကြီးရဲ့ အကြော်ဟာ ကောင်းလွန်းနေတာကြောင့်ပါပဲ။ သူ့ဆီမှာ ကျွန်တော်တို့လိုချင်တဲ့အရာ ရှိနေတာကြောင့်ပါပဲ။ သူဟာ အကြော်ရောင်းပါတယ်လို့ လိုက်အော်မရောင်းပါဘူး။

ဒါပေမဲ့ သူ့ရောင်းတဲ့ အကြော်က ဘယ်လောက်ကောင်းပါတယ် ဆိုတာတော့… လူတွေ သိအောင်တော့ ပြုလုပ်ပါတယ်။ အဲ့ဒီအခါမှာ သူလိုက်မရောင်းလည်း… လူတွေက သူ့ဆီမှာ တကူးတက သွားဝယ်စားကြပါတယ်။

ဒါကြောင့်… မိတ်ဆွေတို့ကို အကြံပေးချင်တာက… ဈေးရောင်းကောင်းချင်တယ်ဆိုရင် ကျွန်တော်တို့ ဘာ ရောင်းပါတယ် ဆိုတာထက် ကျွန်တော်တို့ရောင်းတဲ့ ပစ္စည်းက ဘာလုပ်ပေးနိုင်ပါတယ်ဆိုတာကိုသာ အသားပေး လုပ်ပါ။

ကျွန်တော်တို့ပစ္စည်း ဘယ်လောက်ကောင်းတယ်ဆိုတာ လူတွေသိလေလေ… ကျွန်တော်တို့ လိုက်ရောင်းစရာ မလိုဘဲ လူတွေ လာဝယ်လေလေပါပဲလို့ ပြောချင်ပါတယ်။

မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*