















Unicode

ပျိုမေတို့… ရာသီသွေးမှန်အောင် ဘာတွေ စားပေးရမလဲ…?

မိန်းကလေး တော်တော်များများက ရာသီလာချိန်မှာ နာကျင်ကိုက်ခဲတာ၊ အနံ့ဆိုးထွက်တာ နဲ့ နေရထိုင်ရ ကသိကအောက် ဖြစ်တာတွေကြောင့် ရာသီလာတာကို စိတ်ညစ်တယ်ဆိုပေမယ့်..

တစ်လတစ်ခါ ရာသီသွေးမပေါ်တာကိုလည်း စိုးရိမ်တတ်ကြပါသေးတယ်။ အမျိုးသမီး တစ်ယောက်နဲ့ တစ်ယောက်ဟာ ရာသီစက်ဝန်း မတူတာကြောင့် ရာသီလာတဲ့ ရက်တွေ မတူနိုင်ပေမယ့်..

တစ်လမှာ တစ်ကြိမ် ရာသီသွေးပေါ်တာကတော့ အတူတူပါပဲ။ ရာသီသွေးက တစ်လ တစ်ကြိမ် မှန်မှန်ဆင်းမယ်။ ရက်အားဖြင့်လည်း ၃ ရက် ကနေ ၇ ရက်အတွင်း သွေးဆင်းမယ် စတာတွေက ကျန်းမာတယ်ဆိုတဲ့ လက္ခဏာပါ။

ရာသီသွေး မှန်မှန် မဆင်းတာ စိတ်ဖိစီးစေနိုင်သလို ရေရှည်မှာလည်း ကျန်းမာရေး ပြဿနာတွေ ရှိလာနိုင်ပါတယ်။ ဒီတော့… ဘယ်လို အစားအစာတွေက ရာသီသွေး မှန်အောင် ထောက်ကူ ပေးနိုင်လဲဆိုတာကို ပြောပြပေးသွားပါမယ်နော်။

ပျိုမေတို့ ပုံမှန် ရာသီသွေးမှန်စေဖို့ ဆိုရင်…

တရုတ်နံနံ… ရာသီသွေး မှန်ချင်ရင်ဖြစ်ဖြစ် ရာသီသွေး မမှန်တာကို သက်သာချင်ရင် ဖြစ်ဖြစ် တရုတ်နံနံကို ရေနွေးဆူဆူထဲ ထည့်သောက်ပေးလို့ ရပါတယ်။

သစ်ကြံပိုးခေါက်… သစ်ကြံပိုးခေါက်က ရာသီသွေးမှန်စေဖို့ လုပ်ဆောင်ပေးသလို ရာသီလာချိန် နာကျင်ကိုက်ခဲတာတွေ ကိုလည်း သက်သာ စေပါတယ်။

နာနတ်သီး… နာနတ်သီး စားပေးတာက သားအိမ် အတွင်းနံရံတွေကို ပျော့စေပြီး သွေးဆင်းစေဖို့ လုပ်ဆောင် ပေးပါတယ်။

စမုံစပါးစေ့… စမုံစပါးစေ့က သားအိမ်ကို ကောင်းကောင်း လှုံ့ဆော်ပေးပြီး သွေးဆင်းမှန်စေဖို့ရော ရာသီလာချိန်မှာ နာကျင် ကိုက်ခဲတာကို သက်သာစေဖို့ပါ လုပ်ဆောင်ပေးပါတယ်။

သင်္ဘောသီးစိမ်း… သင်္ဘောသီးစိမ်းမှာ Carotene ကြွယ်ဝစွာ ပါဝင်နေတာက ရာသီစက်ဝန်းကို မှန်ကန်စေပြီး ကိုယ်တွင်းက အီစထရိုဂျင်ဟော်မုန်း ပမာဏကိုလည်း ထိန်းညှိ ပေးပါတယ်။

ချင်း… ဗီတာမင် C နဲ့ မဂ္ဂနီဆီယမ် ပါဝင်နေတဲ့ ချင်းက ရာသီသွေး မှန်စေသလို.. ရာသီလာချိန် နာကျင် ကိုက်ခဲတာကိုလည်း သက်သာ စေပါတယ်။ သဘာဝအတိုင်း အီစထရိုဂျင်ဟော်မုန်း ထွက်ရှိမှုကို ထိန်းညှိ ပေးပါတယ်။

အမျိုးသမီး ကျန်းမာရေးအတွက် အရေးကြီးတဲ့ တစ်လတစ်ခါ ရာသီသွေး မှန်စေဖို့ကို အခုပြောပြခဲ့တဲ့ စားစရာလေးတွေက ထောက်ကူပေးနိုင်မှာပါ။

ခရက်ဒစ်#Healtppy – ဟကျပီး#လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*