ရန္ကုန္ လွည္းတန္းအနီးက… ဆင္ေရတြင္းမွတ္တိုင္းလို႔ ေခၚရျခင္းရဲ႕ ေနာက္ကြယ္က အေၾကာင္းအရာ…

ရန္ကုန္ လွည္းတန္းအနီးက... ဆင္ေရတြင္းမွတ္တိုင္းလို႔ ေခၚရျခင္းရဲ႕ ေနာက္ကြယ္က အေၾကာင္းအရာ…
ရန္ကုန္ လွည္းတန္းအနီးက... ဆင္ေရတြင္းမွတ္တိုင္းလို႔ ေခၚရျခင္းရဲ႕ ေနာက္ကြယ္က အေၾကာင္းအရာ…

ရန္ကုန္ လွည္းတန္းအနီးက… ဆင္ေရတြင္းမွတ္တိုင္းလို႔ ေခၚရျခင္းရဲ႕ ေနာက္ကြယ္က အေၾကာင္းအရာ…

ရန္ကုန္ လွည္းတန္းအနီးက ဆင္ေရတြင္းမွတ္တိုင္းလို႔ ေခၚရျခင္းရဲ႕ ေနာက္ကြယ္က လူမသိေသးတဲ့ အေၾကာင္းအရာ… ရန္ကုန္တိုင္းေဒသႀကီး ကမာ႐ြတ္ၿမိဳ႕နယ္မွာရွိတဲ့ စိတ္ဝင္စားဖြယ္ ဆင္ေရတြင္းမွတ္တိုင္ အေၾကာင္းကို

ေျပာျပလိုပါတယ္။ ကမာ႐ြတ္ၿမိဳ႕နယ္ဟာ ေရွးမြန္ဘုရင္မ်ားလက္ထက္အခါက ဒဂုန္ၿမိဳ႕နယ္ လက္ေအာက္မွာရွိတဲ့ ေက်း႐ြာႀကီးတစ္႐ြာျဖစ္တယ္လို႔ သိရပါတယ္။ ကုန္းေဘာင္ေခတ္အထိ ေက်း႐ြာႀကီးတစ္႐ြာအျဖစ္ ဆက္ရွိခဲ့ၿပီး

အဂၤလိပ္ – ျမန္မာ ပထမ စစ္ပြဲကာလ အတြင္းကလည္း ကမာ႐ြတ္ ခံတပ္တိုက္ပြဲ ေပၚေပါက္လာခဲ့ဖူးပါတယ္။ ကမာ႐ြတ္ၿမိဳ႕နယ္က ကၼာရတ္ဟူတဲ့ မြန္ေဝါဟာရကေန ဆင္းသက္ လာတာျဖစ္ၿပီး

မြန္ဘာသာအရ ကၼာ.. ေရေလွာင္ကန္ ၊ ရတ္.. ရတနာ စကားလုံး ႏွစ္လုံးေပါင္းစပ္ အဓိပၸါယ္ ရတနာကန္ ဟု အဓိပၸါယ္ရ ေၾကာင္း သိရပါတယ္။ အင္းလ်ားကန္ ကို ဆိုလိုျခင္းျဖစ္ၿပီး

အင္းလ်ားကန္ နားက ရပ္ကြက္ကို ကမာ႐ြတ္ဟု ေခၚဆိုျခင္း ျဖစ္တယ္လို႔ သိရပါတယ္။ လွည္းတန္းကေန သမိုင္းကို သြားရင္ “ဂမုန္းပြင့္” အေက်ာ္မွာ “ဆင္ေရတြင္း” မွတ္တိုင္ ဆိုတာ ရွိပါတယ္။

အခု ကမာ႐ြတ္ၿမိဳ႕နယ္ထဲက ဆင္ေရတြင္း မွတ္တိုင္ဟာလည္း… လူ ေတာ္ေတာ္မ်ားမ်ား မသိၾကေသးတဲ့ လ်ိဳ႕ဝွက္ခ်က္ တစ္ခု ရွိလို႔ ေနပါတယ္။ ဆင္ေရတြင္း မွတ္တိုင္ကေန အတြင္းထဲကို ဝင္ၿပီး ဆက္သြားလိုက္ရင္

လမ္းသြယ္ (၂) လမ္း ထဲမွာ ဆင္႐ုပ္ေလးနဲ႔ ေရတြင္းေလးတစ္ခု ရွိေနပါတယ္။ ဆင္႐ုပ္ေရတြင္းကို အမွီျပဳၿပီး ဆင္ေရတြင္း မွတ္တိုင္လို႔ ေခၚေဝၚထားတာ ျဖစ္တယ္လို႔ ေလ့လာေတြ႕ရွိထားသူ လူငယ္ရဲ႕ ေျပာဆိုခ်က္အရ

သိရပါတယ္။ အဲ့ဒီ ဆင္႐ုပ္နဲ ႔ေရတြင္းဟာ သက္တမ္း (၁၀၀) ေက်ာ္ ရွိေနျပီ ျဖစ္ပီး ေရွးအခါက အနီးအနား က ႐ြာေတြျဖစ္ၾကတဲ့ လက္ခုပ္ပင္႐ြာ၊ အင္းလ်ား႐ြာသစ္ တို႔က အားကိုးအားထား ျပဳရတဲ့

ေရတြင္းပဲ ျဖစ္ပါတယ္။ ဆင္႐ုပ္ထုေအာက္မွာ ေရတြင္းငယ္ ရွိခဲ့ပီး ေသာက္ေရအတြက္ အသုံးျပဳၾကကာ ဆင္႐ုပ္ေဘး မွာေတာ့ သုံးေရအတြက္ ေရတြင္းႀကီး ရွိပါတယ္။ ဘယ္ေတာ့မွ ခမ္းေျခာက္ျခင္း

မရွိခဲ့တဲ့ ေရတြင္းႀကီး ျဖစ္ပါတယ္။ ပါးစပ္ရာဇဝင္အရေတာ့… ဆင္႐ုပ္ရဲ႕ႏွာေမာင္းကေန ေရထြက္ခဲ့တယ္လို႔ ဆိုပါတယ္။ အဲ့လို အမွန္တကယ္ ျဖစ္ခဲ့မယ္ဆိုရင္ေတာ့… အဲ့ေနရာဟာ ေရေၾကာမိေနတဲ့

ေရလွ်ံတြင္း ျဖစ္ခဲ့မယ္လို႔ ယူဆမိပါတယ္။ ဘယ္ေတာ့မွ မခမ္းေျခာက္တဲ့ ေရတြင္းျဖစ္ၿပီး ဟိုး ေရွးႏွစ္ေပါင္းမ်ားစြာ ကတည္းက အနီးနားစပ္က ႐ြာေတြ အားထား အသုံးျပဳခဲ့ၾကတဲ့ ေရတြင္း ျဖစ္တယ္လို႔ သိရပါတယ္။ ကမာ႐ြတ္ၿမိဳ႕နယ္ကလည္း

အင္းလ်ားကန္နဲ႔ စပ္ဆက္မႈ ရွိေနတယ္ ဆိုေတာ့… ဒီ ဆင္ေရတြင္းကလည္း ေအာက္ေျခမွာ အင္းလ်ားကန္ေရေၾကာ နဲ႔ ခ်ိတ္ဆက္ မိေနတာလား… ဒါမွမဟုတ္ အျခားေရေၾကာ တစ္ခုခုရွိ ေနတာလားဆိုတာကိုေတာ့ ေတာ္ေတာ္ စိတ္ဝင္စားဖို႔ ေကာင္းလွ ပါတယ္။ ။

မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။ ျပန္လည္ မွ်ေ၀ျခင္း ျဖစ္ပါသည္။

Unicode

ရန်ကုန် လှည်းတန်းအနီးက… ဆင်ရေတွင်းမှတ်တိုင်းလို့ ခေါ်ရခြင်းရဲ့ နောက်ကွယ်က အကြောင်းအရာ…

ရန်ကုန် လှည်းတန်းအနီးက ဆင်ရေတွင်းမှတ်တိုင်းလို့ ခေါ်ရခြင်းရဲ့ နောက်ကွယ်က လူမသိသေးတဲ့ အကြောင်းအရာ… ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ်မှာရှိတဲ့ စိတ်ဝင်စားဖွယ် ဆင်ရေတွင်းမှတ်တိုင် အကြောင်းကို

ပြောပြလိုပါတယ်။ ကမာရွတ်မြို့နယ်ဟာ ရှေးမွန်ဘုရင်များလက်ထက်အခါက ဒဂုန်မြို့နယ် လက်အောက်မှာရှိတဲ့ ကျေးရွာကြီးတစ်ရွာဖြစ်တယ်လို့ သိရပါတယ်။ ကုန်းဘောင်ခေတ်အထိ ကျေးရွာကြီးတစ်ရွာအဖြစ် ဆက်ရှိခဲ့ပြီး

အင်္ဂလိပ် – မြန်မာ ပထမ စစ်ပွဲကာလ အတွင်းကလည်း ကမာရွတ် ခံတပ်တိုက်ပွဲ ပေါ်ပေါက်လာခဲ့ဖူးပါတယ်။ ကမာရွတ်မြို့နယ်က က္မာရတ်ဟူတဲ့ မွန်ဝေါဟာရကနေ ဆင်းသက် လာတာဖြစ်ပြီး

မွန်ဘာသာအရ က္မာ.. ရေလှောင်ကန် ၊ ရတ်.. ရတနာ စကားလုံး နှစ်လုံးပေါင်းစပ် အဓိပ္ပါယ် ရတနာကန် ဟု အဓိပ္ပါယ်ရ ကြောင်း သိရပါတယ်။ အင်းလျားကန် ကို ဆိုလိုခြင်းဖြစ်ပြီး

အင်းလျားကန် နားက ရပ်ကွက်ကို ကမာရွတ်ဟု ခေါ်ဆိုခြင်း ဖြစ်တယ်လို့ သိရပါတယ်။ လှည်းတန်းကနေ သမိုင်းကို သွားရင် “ဂမုန်းပွင့်” အကျော်မှာ “ဆင်ရေတွင်း” မှတ်တိုင် ဆိုတာ ရှိပါတယ်။

အခု ကမာရွတ်မြို့နယ်ထဲက ဆင်ရေတွင်း မှတ်တိုင်ဟာလည်း… လူ တော်တော်များများ မသိကြသေးတဲ့ လျို့ဝှက်ချက် တစ်ခု ရှိလို့ နေပါတယ်။ ဆင်ရေတွင်း မှတ်တိုင်ကနေ အတွင်းထဲကို ဝင်ပြီး ဆက်သွားလိုက်ရင်

လမ်းသွယ် (၂) လမ်း ထဲမှာ ဆင်ရုပ်လေးနဲ့ ရေတွင်းလေးတစ်ခု ရှိနေပါတယ်။ ဆင်ရုပ်ရေတွင်းကို အမှီပြုပြီး ဆင်ရေတွင်း မှတ်တိုင်လို့ ခေါ်ဝေါ်ထားတာ ဖြစ်တယ်လို့ လေ့လာတွေ့ရှိထားသူ လူငယ်ရဲ့ ပြောဆိုချက်အရ

သိရပါတယ်။ အဲ့ဒီ ဆင်ရုပ်နဲ့ရေတွင်းဟာ သက်တမ်း (၁၀၀) ကျော် ရှိနေပြီ ဖြစ်ပီး ရှေးအခါက အနီးအနား က ရွာတွေဖြစ်ကြတဲ့ လက်ခုပ်ပင်ရွာ၊ အင်းလျားရွာသစ် တို့က အားကိုးအားထား ပြုရတဲ့

ရေတွင်းပဲ ဖြစ်ပါတယ်။ ဆင်ရုပ်ထုအောက်မှာ ရေတွင်းငယ် ရှိခဲ့ပီး သောက်ရေအတွက် အသုံးပြုကြကာ ဆင်ရုပ်ဘေး မှာတော့ သုံးရေအတွက် ရေတွင်းကြီး ရှိပါတယ်။ ဘယ်တော့မှ ခမ်းခြောက်ခြင်း

မရှိခဲ့တဲ့ ရေတွင်းကြီး ဖြစ်ပါတယ်။ ပါးစပ်ရာဇဝင်အရတော့… ဆင်ရုပ်ရဲ့နှာမောင်းကနေ ရေထွက်ခဲ့တယ်လို့ ဆိုပါတယ်။ အဲ့လို အမှန်တကယ် ဖြစ်ခဲ့မယ်ဆိုရင်တော့… အဲ့နေရာဟာ ရေကြောမိနေတဲ့

ရေလျှံတွင်း ဖြစ်ခဲ့မယ်လို့ ယူဆမိပါတယ်။ ဘယ်တော့မှ မခမ်းခြောက်တဲ့ ရေတွင်းဖြစ်ပြီး ဟိုး ရှေးနှစ်ပေါင်းများစွာ ကတည်းက အနီးနားစပ်က ရွာတွေ အားထား အသုံးပြုခဲ့ကြတဲ့ ရေတွင်း ဖြစ်တယ်လို့ သိရပါတယ်။ ကမာရွတ်မြို့နယ်ကလည်း

အင်းလျားကန်နဲ့ စပ်ဆက်မှု ရှိနေတယ် ဆိုတော့… ဒီ ဆင်ရေတွင်းကလည်း အောက်ခြေမှာ အင်းလျားကန်ရေကြော နဲ့ ချိတ်ဆက် မိနေတာလား… ဒါမှမဟုတ် အခြားရေကြော တစ်ခုခုရှိ နေတာလားဆိုတာကိုတော့ တော်တော် စိတ်ဝင်စားဖို့ ကောင်းလှ ပါတယ်။ ။

မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*