မိုးေခါင္မည္ျဖစ္ေၾကာင္း သိႏိုင္သည့္… ေရွးလူႀကီးတို႔ ၏ နိမိတ္အေဟာမ်ား

မိုးေခါင္မည္ျဖစ္ေၾကာင္း သိႏိုင္သည့္... ေရွးလူႀကီးတို႔ ၏ နိမိတ္အေဟာမ်ား
မိုးေခါင္မည္ျဖစ္ေၾကာင္း သိႏိုင္သည့္... ေရွးလူႀကီးတို႔ ၏ နိမိတ္အေဟာမ်ား

မိုးေခါင္မည္ျဖစ္ေၾကာင္း သိႏိုင္သည့္… ေရွးလူႀကီးတို႔ ၏ နိမိတ္အေဟာမ်ား

မိုးခါျဖစ္လ်က္ ပု႐ြက္အမ်ိဳး ေရအိုးေအာက္ဝင္ ျဖစ္ခဲ့ခ်င္ မိုးလွ်င္ေခါင္တတ္စြာ။ ဖားသတၱဝါကား ကုန္းက်က္စား မိုးမ်ား ေခါင္တတ္လွ။

ဖားျမည္သံပါး ျဖစ္ကုန္ျငား မိုးမ်ား သြယ္ေရွာင္ၾက ၊ငွက္သိုက္ေျမနား ျပဳလာျငား မိုးမ်ား ႐ြာဖူးပ။ ပုစြန္ေရနား တြင္းကိုထား မိုးမ်ား ေခါင္ေၾကာင္းျပ၊ ေရသတၱဝါကုန္း ၊ ကုန္းသတၱဝါေရ က်က္စားေလ မိုးေသြကြင္းမည္ပ။

မိုးရာသီ၌ ပု႐ြက္ဆိပ္တို႔သည္ ေရအိုးေအာက္ (သို႔) ေရအိုးထဲ ဝင္ေနသည္ကို ျမင္ပါက မိုးေခါင္မည္ ျဖစ္ေၾကာင္း နိမိတ္တည္း။

ဖား သတၱဝါ တို႔သည္ ကုန္း၌ က်က္စား သြားလာေနသည္ကို ျမင္ပါက မိုးေခါင္မည္ ျဖစ္ေၾကာင္း နိမိတ္တည္း။ မိုးရာသီအား ေရာက္လာေသာ္လည္း ဖားသတၱဝါ တို႔သည္ ေအာ္ျမည္ျခင္း နည္းပါက မိုးေခါင္မည္ ျဖစ္ေၾကာင္း နိမိတ္တည္း။

သစ္ပင္တို႔၌ တြဲေလာင္း ခ်ိတ္ကာ အိမ္ဖြဲ႕ ေနတတ္ေသာ စာကေလး ငွက္ တို႔၏ အသိုက္ တို႔သည္ နိမ့္ေသာ သစ္ပင္ တို႔၌သာ အိမ္ဖြဲ႕၍ ေနပါကလည္း မိုးေခါင္မည္ ျဖစ္ေၾကာင္း နိမိတ္တည္း။

ပုစြန္လုံး (ဂဏန္း) တို႔သည္ ေရ၌သာ ေနၾကၿပီး တြင္း ထဲ၌ မေနၾကပဲ သြားလာေနၾကသည္ ကို ျမင္ပါက မိုးေခါင္မည္ ျဖစ္ေၾကာင္း နိမိတ္တည္း။

ေရေန သတၱဝါမ်ားသည္ ကုန္း၌သာ ေနၾကၿပီး ကုန္းေန သတၱဝါ မ်ားသည္ ေရ၌ ေနထိုင္ ၾကသည္ကို ျမင္ ပါက မိုးေခါင္မည္ ျဖစ္ေၾကာင္း နိမိတ္တည္း။

မိုး ႐ြာသြန္းေနလွ်င္လည္း တစ္နာရီ အတြင္း ျပန္လည္၍ မိုးတိတ္မည္ ျဖစ္ေၾကာင္း ေရွ႕ေျပး သေကၤတမ်ား ရွိေနေပေသးသည္။ ကိုးကား – ေဗဒင္ေဟာပုံက်မ္း။

မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။ ျပန္လည္ မွ်ေ၀ျခင္း ျဖစ္ပါသည္။

Unicode

မိုးခေါင်မည်ဖြစ်ကြောင်း သိနိုင်သည့်… ရှေးလူကြီးတို့ ၏ နိမိတ်အဟောများ

မိုးခါဖြစ်လျက် ပုရွက်အမျိုး ရေအိုးအောက်ဝင် ဖြစ်ခဲ့ချင် မိုးလျှင်ခေါင်တတ်စွာ။ ဖားသတ္တဝါကား ကုန်းကျက်စား မိုးများ ခေါင်တတ်လှ။

ဖားမြည်သံပါး ဖြစ်ကုန်ငြား မိုးများ သွယ်ရှောင်ကြ ၊ငှက်သိုက်မြေနား ပြုလာငြား မိုးများ ရွာဖူးပ။ ပုစွန်ရေနား တွင်းကိုထား မိုးများ ခေါင်ကြောင်းပြ၊ ရေသတ္တဝါကုန်း ၊ ကုန်းသတ္တဝါရေ ကျက်စားလေ မိုးသွေကွင်းမည်ပ။

မိုးရာသီ၌ ပုရွက်ဆိပ်တို့သည် ရေအိုးအောက် (သို့) ရေအိုးထဲ ဝင်နေသည်ကို မြင်ပါက မိုးခေါင်မည် ဖြစ်ကြောင်း နိမိတ်တည်း။

ဖား သတ္တဝါ တို့သည် ကုန်း၌ ကျက်စား သွားလာနေသည်ကို မြင်ပါက မိုးခေါင်မည် ဖြစ်ကြောင်း နိမိတ်တည်း။ မိုးရာသီအား ရောက်လာသော်လည်း ဖားသတ္တဝါ တို့သည် အော်မြည်ခြင်း နည်းပါက မိုးခေါင်မည် ဖြစ်ကြောင်း နိမိတ်တည်း။

သစ်ပင်တို့၌ တွဲလောင်း ချိတ်ကာ အိမ်ဖွဲ့ နေတတ်သော စာကလေး ငှက် တို့၏ အသိုက် တို့သည် နိမ့်သော သစ်ပင် တို့၌သာ အိမ်ဖွဲ့၍ နေပါကလည်း မိုးခေါင်မည် ဖြစ်ကြောင်း နိမိတ်တည်း။

ပုစွန်လုံး (ဂဏန်း) တို့သည် ရေ၌သာ နေကြပြီး တွင်း ထဲ၌ မနေကြပဲ သွားလာနေကြသည် ကို မြင်ပါက မိုးခေါင်မည် ဖြစ်ကြောင်း နိမိတ်တည်း။

ရေနေ သတ္တဝါများသည် ကုန်း၌သာ နေကြပြီး ကုန်းနေ သတ္တဝါ များသည် ရေ၌ နေထိုင် ကြသည်ကို မြင် ပါက မိုးခေါင်မည် ဖြစ်ကြောင်း နိမိတ်တည်း။

မိုး ရွာသွန်းနေလျှင်လည်း တစ်နာရီ အတွင်း ပြန်လည်၍ မိုးတိတ်မည် ဖြစ်ကြောင်း ရှေ့ပြေး သင်္ကေတများ ရှိနေပေသေးသည်။ ကိုးကား – ဗေဒင်ဟောပုံကျမ်း။

မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*