အိမ္ေထာင္ေရးမွာ အျပန္အလွန္ နားလည္မႈရိွဖို႕လိုတယ္ဆိုတာ…(လူတိုင္း ဖတ္သင့္ပါတယ္ေနာ္..)

အိမ္ေထာင္ေရးမွာ အျပန္အလွန္ နားလည္မႈရိွဖို႕လိုတယ္ဆိုတာ...(လူတိုင္း ဖတ္သင့္ပါတယ္ေနာ္..)
အိမ္ေထာင္ေရးမွာ အျပန္အလွန္ နားလည္မႈရိွဖို႕လိုတယ္ဆိုတာ...(လူတိုင္း ဖတ္သင့္ပါတယ္ေနာ္..)

အိမ္ေထာင္ေရးမွာ အျပန္အလွန္ နားလည္မႈရိွဖို႕လိုတယ္ဆိုတာ…(လူတိုင္း ဖတ္သင့္ပါတယ္ေနာ္..)

ကြၽန္မရဲ႕ အမ်ိဳးသားက ကုမၸဏီတစ္ခုမွာ ရာထူးခပ္ႀကီးႀကီးနဲ႔ လုပ္ကိုင္ေနတဲ့ လူတစ္ေယာက္ျဖစ္ၿပီး… သူဟာ အၿမဲတမ္း အလုပ္ကိစၥနဲ႔ႏိုင္ငံျခားကို မၾကာခဏသြားေလ့ ရွိပါတယ္။ ရန္ကုန္မွာရွိေနတဲ့ ေန႔ေတာ္ေတာ္မ်ားမ်ားမွာလည္း ညတိုင္းလိုလို

ဧည့္ခံပြဲေတြနဲ႔ အလုပ္ရႈပ္ေနတတ္ပါတယ္။ ကြၽန္မတို႔ အိမ္ေတာင္က်ခဲ့တာ တစ္ႏွစ္ေက်ာ္ေလာက္မွာ ကြၽန္မတို႔မွာ သားေလးတစ္ေယာက္ ရလာၿပီးတဲ့ ေနာက္ပိုင္းမွာ အမ်ိဳးသားရဲ႕အလုပ္က အိမ္ေထာင္က်ခါစထက္ ပိုမ်ားလာပါတယ္။

ကြၽန္မလည္း အလုပ္အသစ္တစ္ခု ေျပာင္းလိုက္ၿပီးတဲ့ေနာက္… အရင္ထက္ အလုပ္ပိုရႈပ္လာၿပီး မနက္တိုင္း ၇နာရီခြဲ အေရာက္ သြားရပါတယ္။ မိခင္ လက္သစ္ျဖစ္တဲ့ ကြၽန္မဟာ ခုမွရလာတဲ့ သားဦးကို ဘယ္လို ျပဳစုေစာင့္ေရွာက္ရမယ္ဆိုတာ မသိခဲ့ပါဘူး။

ညဥ့္နက္ႏို႔ဆာလို႔ ထေအာ္လို႔ ထထတိုက္ရတာရယ္၊ မနက္မိုးလင္း သားေလး႐ူး႐ူးေပါက္ခ်လို႔ ေသးဝတ္ ထလဲရတာရယ္၊ ကြၽန္မရဲ႕ အလုပ္အသစ္ကေပးတဲ့ ဖိအားေတြေၾကာင့္ ညတိုင္းလိုလို အိပ္မေပ်ာ္ခဲ့ရပါဘူး။ ဒါေပမဲ့ ကြၽန္မရဲ႕ အမ်ိဳးသားကေတာ့…

ပုံမွန္႐ုံးတက္ မပ်က္ခဲ့ရပါဘူး။ ကြၽန္မပုခုံးေပၚမွာ က်ေရာက္လာတဲ့ သားေလးရဲ႕တာဝန္ရယ္ ညဥ့္နက္သန္းေခါင္ ကေလးငိုလို႔ ႏို႔တိုက္ရင္း ညစာစားပြဲကေန ျပန္လာတဲ့ေယာက်ာ္းအတြက္ သူအဝတ္လဲဖို႔ ေရခ်ိဳးဖို႔ အဆာေျပစားဖို႔ ျပင္ခဲ့ရပါတယ္။

သားေလး ေလးလအ႐ြယ္ေရာက္ေတာ့… အမ်ိဳးသားဟာ အေမရိကန္မွာ သင္တန္းတက္ဖို႔ အေျခအေန တစ္ခုဖန္လာခဲ့ပါတယ္။ အခြင့္ေရးေကာင္း တစ္ခုျဖစ္ေနေပမဲ့ ကြၽန္မသူ႔ကို လက္လႊတ္ခိုင္းခဲ့ပါတယ္။ အဲဒီအတြက္ ကြၽန္မတို႔ေတြ အတိုက္အခံ ျဖစ္ခဲ့ၾကပါတယ္။

ကြၽန္မေမွ်ာ္လင့္တာက… ဒီအေတာအတြင္း အရမ္းပင္ပန္းေနတဲ့ ကြၽန္မကို သူအေဖၚလုပ္ေပးတာ လိုခ်င္မိပါတယ္။ ကြၽန္မ တကယ္ကိုလည္း ပင္ပန္းပါတယ္။ လသားကေလးရယ္ ခုမွ ေျပာင္းလိုက္တဲ့ အလုပ္အသစ္ရယ္ေၾကာင့္ ကြၽန္မမွာ ဖိအား ပိုလာခဲ့ပါတယ္ ။

ဒီ ၄ လေလာက္အတြင္း ကြၽန္မလည္း တဝက္ေလာက္ ပိန္က်သြားခဲ့ပါတယ္။ အလုပ္မလုပ္လို႔လည္း မျဖစ္တဲ့အတြက္ ကြၽန္မအလုပ္ကိုလည္း မထြက္ႏိုင္ခဲ့သလို… ေက်ာေထာက္ေနာက္ခံ မိသားစုေကာင္းလည္း မရွိေနတဲ့အတြက္ သားေလးတာဝန္ဟာလည္း

ကြၽန္မပုခုံးေပၚ လုံးလုံးက်ေရာက္ ေနခဲ့ပါတယ္။ ဒီလိုအခြင့္ေရးကို စြန႔္လႊတ္ဖို႔ ေျပာလိုက္တဲ့အတြက္ သူ ကြၽန္မကို အျပစ္တင္ခဲ့ပါတယ္။ ကြၽန္မဟာ သူ႔တက္လမ္းကို ပိတ္ပင္တဲ့ မိန္းမတစ္ေယာက္ဆိုၿပီး စိတ္ဆိုးမာန္ဆိုးနဲ႔ ေအာ္ဟစ္ခဲ့တယ္။

ကြၽန္မတစ္ေယာက္တည္း မနက္အလုပ္မသြားခင္ သားေလးကို ထိန္းေပးတဲ့ နာနီအိမ္ကိုပို႔ရၿပီး ညေန႐ုံးဆင္းရင္… ဝင္ႀကိဳတာကလည္း ကြၽန္မပါပဲ။ အိမ္ျပန္ေရာက္လို႔ ကေလးေဝရာေဝစၥလုပ္ေပးရ တာလည္း ကြၽန္မပါပဲ။ အိမ္ေထာင္ထိန္းသိမ္းရတာလည္း ကြၽန္မပါပဲ။

မီတာေဆာင္ဖို႔ စီစဥ္ရတာလည္း ကြၽန္မပါပဲ။ ကြၽန္မ တကယ္ကို ပင္ပန္းေနပါၿပီ။ ဒါေပမဲ့… သူစီစဥ္ထားတဲ့ ခရီးစဥ္ကို သူ ထြက္သြားခဲ့ပါတယ္။ တစ္လၾကာလို႔ျပန္လာတဲ့အခါမွာလည္း တစ္ဆင့္ျမင့္တဲ့ ရာထူးတစ္ခုလည္း သူတိုးခဲ့ပါတယ္ ။

ဒီလိုဆိုေတာ့လည္း ကြၽန္မေယာက်ာ္း ေအာင္ျမင္မႈအေပၚ ကြၽန္မပီတိျဖစ္မိပါတယ္။ ပင္ပန္းတာေတြေတာင္ ဘယ္နားေရာက္မွန္းမသိ ေပ်ာက္သြားခဲ့ပါတယ္။ ဒါေပမဲ့… ဒီတေလွ်ာက္လုံး ကြၽန္မရဲ႕ က်န္းမာေရးဟာ တျဖည္းျဖည္း ဆိုး႐ြားလာခဲ့ပါတယ္။

ေနာက္ဆုံး… ကြၽန္မ ဆုံးျဖတ္ခ်က္တစ္ခု ခ်လိုက္ပါတယ္။ ကြၽန္မနဲ႔တူတူ ကေလးတာဝန္ကို တူတူယူဖို႔ရယ္ ညဘက္တိုင္း အိပ္မေပ်ာ္တဲ့ ကြၽန္မ ေကာင္းေကာင္းအိပ္ေပ်ာ္ဖို႔ အတြက္ ကေလးၾကည့္ဖို႔ အတြက္ေပါ့။ ပထမေတာ့… သူ႔မွာ အလုပ္ေတြရႈပ္ရတာက တစ္မ်ိဳး…

ညအျပန္ လူမႈေရးကိစၥေတြ သြားရတာတမ်ိဳးဆိုၿပီး ညည္းယူေပမဲ့ ေနာက္ဆုံးေတာ့သူလည္း သေဘာတူပါတယ္။ သားေလးကို တစ္လ ကြၽန္မနဲ႔တူတူ ကူၾကည့္ေပးပါမယ္တဲ့။ ဒီတစ္လတြင္း ဧည့္ခံပြဲေတြလည္း မသြားေတာ့ပါဘူးတဲ့။

ကြၽန္မ အနည္းငယ္သက္သာရာ ရသြားတာေပ့ါ။ ဒီလိုနဲ႔ ၁၅ရက္ေလာက္ ေက်ာ္လာခဲ့တဲ့ တစ္ေန႔မွာ… မနက္မိုးလင္းေတာ့ ကြၽန္မေယာက်ာ္း ကုတင္စြန္းမွာ ငူငူႀကီး ထိုင္ေနတာကို ေတြ႕လိုက္ရပါတယ္။ သူ႔ပုံစံက ခုမွႏိုးလာတဲ့ပုံေတာ့ မဟုတ္ပါဘူး ဒါမွမဟုတ္

တစ္ညလုံး မအိပ္ရေသးတဲ့ပုံလားေတာ့ မသိပါဘူး။ အဲဒီအခ်ိန္မွာ… သူက “ မိန္းမ မင္းဒီ ႏွစ္ဝက္ေလာက္အတြင္း ဒီကေလးတစ္ေယာက္ကို ဘယ္လိုမ်ား ၾကည့္ခဲ့တာလဲ… ဒီလိုပဲ ညတိုင္း ေမွးလိုက္ ႏိုးလိုက္နဲ႔ ပဲလားကြာ “ တဲ့။ ကြန္မလည္း “ ဒီတိုင္းပဲေပ့ါ ေယာက်ာ္းရယ္ “ အဲဒီေတာ့ သူက

“ ဒါေတာင္ မင္းဘာလို႔ မေျပာခဲ့တာလဲကြာ” ဆိုၿပီး စိတ္မေကာင္းတဲ့ အသံနဲ႔ ေမးပါတယ္။ ဒီေတာ့ ကြၽန္မလည္း “ ကြၽန္မ ေျပာခဲ့ဖူးပါတယ္၊ ရွင္ သတိမထားမိတာပါ… “ ဒီေတာ့မွ သူ ခဏဆြံ႕အသြားၿပီးေတာ့မွ “ ဒီေလာက္ပင္ပန္းေနရင္ အလုပ္ထြက္ၿပီး

အိမ္မွာပဲ အိမ္မႈကိစၥ လုပ္ပါလားကြာ။ စားဝတ္ေနေရးအတြက္ ကိုယ္ရွာမွာေပ့ါ “ ကြၽန္မလည္း “ ကြၽန္မတို႔က တူတူေက်ာင္းတက္ၿပီး တူတူ ဘြဲ႕ရလာခဲ့ၾကၿပီး အိမ္ေထာင္က်ခဲ့ၾကတာေလ၊ ကြၽန္မမွာလည္း… ကြၽန္မ ရည္မွန္းခ်က္နဲ႔ ကြၽန္မ ရွိတာေပ့ါ။ ကြၽန္မလုပ္ခ်င္တဲ့ အလုပ္လည္း ရွိေသးတယ္ေလ။

သူအေတာ္ၾကာ တိတ္ဆိတ္သြားၿပီးေတာ့မွ…

ကြၽန္မကို စိတ္မေကာင္းတဲ့ ေလသံနဲ႔ “ မင္းအရမ္း ပင္ပန္းခဲ့မွာပဲ… ေနာက္ကို ကိုယ္လည္း အလုပ္က ၿပီးတာနဲ႔ အတတ္ႏိုင္ဆုံး အိမ္တန္းျပန္ၿပီး မင္းနဲ႔ ကေလးဝိုင္းထိန္းေပးပါ့မယ္ကြာ… ခရီးသြားရတဲ့ အခိုက္အတန႔္ဆိုရင္ေတာ့… မင္းနည္းနည္း အပင္ပန္းခံေပးေပါ့ကြာ ”

ကြၽန္မ သူ႔ဆီက ဒီလိုမ်ိဳးစကား ၾကားလိုက္ရေတာ့… ဝမ္းသာလြန္းလို႔ မ်က္ရည္ေတာင္ က်မိပါတယ္။ ဒီလိုနဲ႔ ကြၽန္မတို႔ ဒုတိယကေလး ရလာတဲ့အခါ ကြၽန္မတို႔ေတြ ပိုအလုပ္ရႈပ္လာခဲ့ပါတယ္။ ဒါေပမဲ့ ဟိုးအရင္တုန္းကလိုေတာ့ ျငင္းခုန္မႈေတြ ျငဴစူမႈေတြ မရွိသေလာက ္နည္းသြားခဲ့ပါတယ္။

မိသားစုလည္း အရင္ထက္ပိုၿပီး ေႏြးေထြးေပ်ာ္႐ႊင္ရပါတယ္။ ဒီႏွစ္မွာ သူလုပ္တဲ့အလုပ္က အေၾကာင္း အမ်ိဳးမ်ိဳးေၾကာင့္ ရပ္နားလိုက္တဲ့အတြက္ သူလည္း အိမ္မွာပဲ နားေနခဲ့ရပါတယ္။ ဒါေပမဲ့ ကြၽန္မတို႔ ေပ်ာ္႐ႊင္ရပါတယ္။

“ ဒီအေတာတြင္း အလုပ္ကို ျဖည္းျဖည္းရွာၿပီး မင္းကို အိမ္မွာ ဝိုင္းကူေပးဦးမယ္ “ ဆိုတဲ့ စကားေၾကာင့္လည္း ကြၽန္မတို႔ ပိုမို ေႏြးေထြးလာခဲ့ၾကပါတယ္။ ေနာက္ပိုင္းေတာ့… သူ အလုပ္ေကာင္းေကာင္းတစ္ခု ထပ္ရခဲ့ၿပီး ျပည္ပကို ခဏခဏ သြားေရာက္ေနရေပမဲ့

ကြၽန္မသူ႔အေပၚ ညိဳျငင္မႈ မရွိေတာ့ပါဘူး။ ဘာလို႔လည္းဆိုေတာ့ အေဝးေရာက္လည္း ဖုန္းဆက္ၿပီး ကြၽန္မအေပၚ နားလည္မႈအျပည့္နဲ႔ ေျပာေပးခဲ့လို႔ပါပဲ။ ျပန္ေရာက္လာရင္လည္း မိသားစုအတြက္သာ ဦးစားေပးစဥ္းစားၿပီး ခင္တြယ္တဲ့ အတြက္ေၾကာင့္ပါပဲ။

ကြၽန္မအင္မတန္သာယာတဲ့ မိသားစုတစ္ခုကို လက္ဝယ္ပိုက္ထားရတဲ့အတြက္ အရမ္းကို စိတ္ခ်မ္းသာရပါတယ္။ အခုေတာ့ တစ္ေယာက္တည္း အလုပ္လုပ္… ကေလးေက်ာင္းႀကိဳ /က်ာင္းပို႔ လုပ္လည္း ပင္ပန္းတယ္လို႔ မခံစားမိေတာ့ပါဘူး။

ဘယ္ႏိုင္ငံပဲေရာက္ေရာက္ မၾကာခဏ ဖုန္းဆက္ၿပီး အဆင္ေျပရဲ႕လား စိတ္ပူၿပီး ကေလးေတြကို တတြတ္တြတ္ ေမးေနတဲ့အတြက္… သူတျခားမွာ ရႈပ္ေနမွာကိုလည္း မပူရေတာ့တဲ့အတြက္လည္း ကြၽန္မတို႔ မိသားစုေလး ပိုစိုေျပခဲ့ရပါတယ္။

တစ္ေယာက္နဲ႔တစ္ေယာက္ တစ္ခုခုဆို အျပန္လွန္တိုင္ပင္ၿပီး ညႇိႏႈိင္းလုပ္ကိုင္ရတဲ့အတြက္ အဆင္ေျပခဲ့ရသလို… ဒီကေလးေတြ၊ ဒီအိမ္ေထာင္ တာဝန္ဟာ ကြၽန္မတစ္ေယာက္တည္းနဲ႔ ဆိုင္ပါတယ္ဆိုတဲ့ အေတြးတစ္ခုကို ေဖ်ာက္ေပးႏိုင္တဲ့ အတြက္လည္း

ကြၽန္မတို႔ ရဲ႕ အဖုအထစ္ေလးေတြဟာလည္း ေျပေလ်ာ့သြားခဲ့ပါတယ္။ အခုဆိုရင္… သူဘယ္လို ရာထူးႀကီးႀကီးနဲ႔ ဘာပဲျဖစ္ေနပေစ အိမ္ျပန္ေရာက္လို႔ ကေလးေတြနဲ႔ ေတြ႕ရင္ သူက ခင္ပြန္းတစ္ေယာက္ တာဝန္သိတဲ့ ဖခင္တစ္ေယာက္ ျဖစ္ေနခဲ့ပါတယ္။

ကြၽန္မေနာက္ဆုံး နားလည္ သေဘာေပါက္သြားခဲ့ရတာကေတာ့… အိမ္ေထာင္ေရး တစ္ခုမွာ အေရးႀကီးဆုံးက ညႇိႏႈိင္းလုပ္ကိုင္မႈပါပဲ။ ႏွစ္ဦးႏွစ္ဘက္ အဆင္ေျပ ေက်နပ္ရင္… အရာအားလုံးဟာ အဆင္ေျပပါတယ္။ ကိုယ့္တာဝန္ႀကီးလည္း မဟုတ္သလို

သူ႔တာဝန္ႀကီးပဲလို႔လည္း သတ္မွတ္လို႔ မရပါဘူး။ အိမ္ေထာင္ေရး ေသာ့ခေလာက္ကို ႏွစ္ေယာက္တူတူ တက္ညီလက္ညီ ဖြင့္မွသာ ပြင့္မွာျဖစ္ၿပီး သာယာတဲ့ အနာဂတ္႐ူခင္းကို သင္တို႔ လွမ္းျမင္ရမွာပါ။

အိမ္ေထာင္ေရးဆိုတာ ငွက္ႏွစ္ေကာင္ ပ်ံသန္းသလိုပါပဲ။ ဘယ္သူ ႀကီးတယ္ ငယ္တယ္ဆိုတာ မရွိပါဘူး။ တူတူ သြားရတဲ့ ခရီးတစ္ခုမွာ ဘယ္သူကပဲ ပ်ံသန္းတာ ျမန္လို႔ ေရွ႕ကိုပဲေရာက္ေရာက္… ေနာက္က်တဲ့ သူကိုေတာ့ ေစာင့္ေပးရပါတယ္။

တစ္ေယာက္နဲ႔ တစ္ေယာက္ အျပန္လွန္ ေလးစားမႈရွိရၿပီး တာဝန္ခြဲယူတတ္တဲ့ စိတ္ရယ္နဲ႔ အတူတူ ပ်ံသန္းၾကမွသာ ခရီးရွည္ကို အဆုံးထိ တူတူသြားႏိုင္မွာပါ။

အကယ္၍… သင့္မွာ ဒီလိုတူတူပ်ံသန္းဖို႔ အစီစဥ္မရွိဘူးဆိုရင္… အစကတည္းက အိမ္ေထာင္ျပဳဖို႔ မစဥ္းစားမိပါေစနဲ႔။

မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ေပးပါသည္။ ျပန္လည္ မွ်ေ၀ျခင္း ျဖစ္ပါသည္။

Unicode

အိမ်ထောင်ရေးမှာ အပြန်အလှန် နားလည်မှုရှိဖို့လိုတယ်ဆိုတာ…(လူတိုင်း ဖတ်သင့်ပါတယ်နော်..)

ကျွန်မရဲ့ အမျိုးသားက ကုမ္ပဏီတစ်ခုမှာ ရာထူးခပ်ကြီးကြီးနဲ့ လုပ်ကိုင်နေတဲ့ လူတစ်ယောက်ဖြစ်ပြီး… သူဟာ အမြဲတမ်း အလုပ်ကိစ္စနဲ့နိုင်ငံခြားကို မကြာခဏသွားလေ့ ရှိပါတယ်။ ရန်ကုန်မှာရှိနေတဲ့ နေ့တော်တော်များများမှာလည်း ညတိုင်းလိုလို

ဧည့်ခံပွဲတွေနဲ့ အလုပ်ရှုပ်နေတတ်ပါတယ်။ ကျွန်မတို့ အိမ်တောင်ကျခဲ့တာ တစ်နှစ်ကျော်လောက်မှာ ကျွန်မတို့မှာ သားလေးတစ်ယောက် ရလာပြီးတဲ့ နောက်ပိုင်းမှာ အမျိုးသားရဲ့အလုပ်က အိမ်ထောင်ကျခါစထက် ပိုများလာပါတယ်။

ကျွန်မလည်း အလုပ်အသစ်တစ်ခု ပြောင်းလိုက်ပြီးတဲ့နောက်… အရင်ထက် အလုပ်ပိုရှုပ်လာပြီး မနက်တိုင်း ၇နာရီခွဲ အရောက် သွားရပါတယ်။ မိခင် လက်သစ်ဖြစ်တဲ့ ကျွန်မဟာ ခုမှရလာတဲ့ သားဦးကို ဘယ်လို ပြုစုစောင့်ရှောက်ရမယ်ဆိုတာ မသိခဲ့ပါဘူး။

ညဉ့်နက်နို့ဆာလို့ ထအော်လို့ ထထတိုက်ရတာရယ်၊ မနက်မိုးလင်း သားလေးရူးရူးပေါက်ချလို့ သေးဝတ် ထလဲရတာရယ်၊ ကျွန်မရဲ့ အလုပ်အသစ်ကပေးတဲ့ ဖိအားတွေကြောင့် ညတိုင်းလိုလို အိပ်မပျော်ခဲ့ရပါဘူး။ ဒါပေမဲ့ ကျွန်မရဲ့ အမျိုးသားကတော့…

ပုံမှန်ရုံးတက် မပျက်ခဲ့ရပါဘူး။ ကျွန်မပုခုံးပေါ်မှာ ကျရောက်လာတဲ့ သားလေးရဲ့တာဝန်ရယ် ညဉ့်နက်သန်းခေါင် ကလေးငိုလို့ နို့တိုက်ရင်း ညစာစားပွဲကနေ ပြန်လာတဲ့ယောကျာ်းအတွက် သူအဝတ်လဲဖို့ ရေချိုးဖို့ အဆာပြေစားဖို့ ပြင်ခဲ့ရပါတယ်။

သားလေး လေးလအရွယ်ရောက်တော့… အမျိုးသားဟာ အမေရိကန်မှာ သင်တန်းတက်ဖို့ အခြေအနေ တစ်ခုဖန်လာခဲ့ပါတယ်။ အခွင့်ရေးကောင်း တစ်ခုဖြစ်နေပေမဲ့ ကျွန်မသူ့ကို လက်လွှတ်ခိုင်းခဲ့ပါတယ်။ အဲဒီအတွက် ကျွန်မတို့တွေ အတိုက်အခံ ဖြစ်ခဲ့ကြပါတယ်။

ကျွန်မမျှော်လင့်တာက… ဒီအတောအတွင်း အရမ်းပင်ပန်းနေတဲ့ ကျွန်မကို သူအဖေါ်လုပ်ပေးတာ လိုချင်မိပါတယ်။ ကျွန်မ တကယ်ကိုလည်း ပင်ပန်းပါတယ်။ လသားကလေးရယ် ခုမှ ပြောင်းလိုက်တဲ့ အလုပ်အသစ်ရယ်ကြောင့် ကျွန်မမှာ ဖိအား ပိုလာခဲ့ပါတယ် ။

ဒီ ၄ လလောက်အတွင်း ကျွန်မလည်း တဝက်လောက် ပိန်ကျသွားခဲ့ပါတယ်။ အလုပ်မလုပ်လို့လည်း မဖြစ်တဲ့အတွက် ကျွန်မအလုပ်ကိုလည်း မထွက်နိုင်ခဲ့သလို… ကျောထောက်နောက်ခံ မိသားစုကောင်းလည်း မရှိနေတဲ့အတွက် သားလေးတာဝန်ဟာလည်း

ကျွန်မပုခုံးပေါ် လုံးလုံးကျရောက် နေခဲ့ပါတယ်။ ဒီလိုအခွင့်ရေးကို စွန့်လွှတ်ဖို့ ပြောလိုက်တဲ့အတွက် သူ ကျွန်မကို အပြစ်တင်ခဲ့ပါတယ်။ ကျွန်မဟာ သူ့တက်လမ်းကို ပိတ်ပင်တဲ့ မိန်းမတစ်ယောက်ဆိုပြီး စိတ်ဆိုးမာန်ဆိုးနဲ့ အော်ဟစ်ခဲ့တယ်။

ကျွန်မတစ်ယောက်တည်း မနက်အလုပ်မသွားခင် သားလေးကို ထိန်းပေးတဲ့ နာနီအိမ်ကိုပို့ရပြီး ညနေရုံးဆင်းရင်… ဝင်ကြိုတာကလည်း ကျွန်မပါပဲ။ အိမ်ပြန်ရောက်လို့ ကလေးဝေရာဝေစ္စလုပ်ပေးရ တာလည်း ကျွန်မပါပဲ။ အိမ်ထောင်ထိန်းသိမ်းရတာလည်း ကျွန်မပါပဲ။

မီတာဆောင်ဖို့ စီစဉ်ရတာလည်း ကျွန်မပါပဲ။ ကျွန်မ တကယ်ကို ပင်ပန်းနေပါပြီ။ ဒါပေမဲ့… သူစီစဉ်ထားတဲ့ ခရီးစဉ်ကို သူ ထွက်သွားခဲ့ပါတယ်။ တစ်လကြာလို့ပြန်လာတဲ့အခါမှာလည်း တစ်ဆင့်မြင့်တဲ့ ရာထူးတစ်ခုလည်း သူတိုးခဲ့ပါတယ် ။

ဒီလိုဆိုတော့လည်း ကျွန်မယောကျာ်း အောင်မြင်မှုအပေါ် ကျွန်မပီတိဖြစ်မိပါတယ်။ ပင်ပန်းတာတွေတောင် ဘယ်နားရောက်မှန်းမသိ ပျောက်သွားခဲ့ပါတယ်။ ဒါပေမဲ့… ဒီတလျှောက်လုံး ကျွန်မရဲ့ ကျန်းမာရေးဟာ တဖြည်းဖြည်း ဆိုးရွားလာခဲ့ပါတယ်။

နောက်ဆုံး… ကျွန်မ ဆုံးဖြတ်ချက်တစ်ခု ချလိုက်ပါတယ်။ ကျွန်မနဲ့တူတူ ကလေးတာဝန်ကို တူတူယူဖို့ရယ် ညဘက်တိုင်း အိပ်မပျော်တဲ့ ကျွန်မ ကောင်းကောင်းအိပ်ပျော်ဖို့ အတွက် ကလေးကြည့်ဖို့ အတွက်ပေါ့။ ပထမတော့… သူ့မှာ အလုပ်တွေရှုပ်ရတာက တစ်မျိုး…

ညအပြန် လူမှုရေးကိစ္စတွေ သွားရတာတမျိုးဆိုပြီး ညည်းယူပေမဲ့ နောက်ဆုံးတော့သူလည်း သဘောတူပါတယ်။ သားလေးကို တစ်လ ကျွန်မနဲ့တူတူ ကူကြည့်ပေးပါမယ်တဲ့။ ဒီတစ်လတွင်း ဧည့်ခံပွဲတွေလည်း မသွားတော့ပါဘူးတဲ့။

ကျွန်မ အနည်းငယ်သက်သာရာ ရသွားတာပေ့ါ။ ဒီလိုနဲ့ ၁၅ရက်လောက် ကျော်လာခဲ့တဲ့ တစ်နေ့မှာ… မနက်မိုးလင်းတော့ ကျွန်မယောကျာ်း ကုတင်စွန်းမှာ ငူငူကြီး ထိုင်နေတာကို တွေ့လိုက်ရပါတယ်။ သူ့ပုံစံက ခုမှနိုးလာတဲ့ပုံတော့ မဟုတ်ပါဘူး ဒါမှမဟုတ်

တစ်ညလုံး မအိပ်ရသေးတဲ့ပုံလားတော့ မသိပါဘူး။ အဲဒီအချိန်မှာ… သူက “ မိန်းမ မင်းဒီ နှစ်ဝက်လောက်အတွင်း ဒီကလေးတစ်ယောက်ကို ဘယ်လိုများ ကြည့်ခဲ့တာလဲ… ဒီလိုပဲ ညတိုင်း မှေးလိုက် နိုးလိုက်နဲ့ ပဲလားကွာ “ တဲ့။ ကွန်မလည်း “ ဒီတိုင်းပဲပေ့ါ ယောကျာ်းရယ် “ အဲဒီတော့ သူက

“ ဒါတောင် မင်းဘာလို့ မပြောခဲ့တာလဲကွာ” ဆိုပြီး စိတ်မကောင်းတဲ့ အသံနဲ့ မေးပါတယ်။ ဒီတော့ ကျွန်မလည်း “ ကျွန်မ ပြောခဲ့ဖူးပါတယ်၊ ရှင် သတိမထားမိတာပါ… “ ဒီတော့မှ သူ ခဏဆွံ့အသွားပြီးတော့မှ “ ဒီလောက်ပင်ပန်းနေရင် အလုပ်ထွက်ပြီး

အိမ်မှာပဲ အိမ်မှုကိစ္စ လုပ်ပါလားကွာ။ စားဝတ်နေရေးအတွက် ကိုယ်ရှာမှာပေ့ါ “ ကျွန်မလည်း “ ကျွန်မတို့က တူတူကျောင်းတက်ပြီး တူတူ ဘွဲ့ရလာခဲ့ကြပြီး အိမ်ထောင်ကျခဲ့ကြတာလေ၊ ကျွန်မမှာလည်း… ကျွန်မ ရည်မှန်းချက်နဲ့ ကျွန်မ ရှိတာပေ့ါ။ ကျွန်မလုပ်ချင်တဲ့ အလုပ်လည်း ရှိသေးတယ်လေ။

သူအတော်ကြာ တိတ်ဆိတ်သွားပြီးတော့မှ…

ကျွန်မကို စိတ်မကောင်းတဲ့ လေသံနဲ့ “ မင်းအရမ်း ပင်ပန်းခဲ့မှာပဲ… နောက်ကို ကိုယ်လည်း အလုပ်က ပြီးတာနဲ့ အတတ်နိုင်ဆုံး အိမ်တန်းပြန်ပြီး မင်းနဲ့ ကလေးဝိုင်းထိန်းပေးပါ့မယ်ကွာ… ခရီးသွားရတဲ့ အခိုက်အတန့်ဆိုရင်တော့… မင်းနည်းနည်း အပင်ပန်းခံပေးပေါ့ကွာ ”

ကျွန်မ သူ့ဆီက ဒီလိုမျိုးစကား ကြားလိုက်ရတော့… ဝမ်းသာလွန်းလို့ မျက်ရည်တောင် ကျမိပါတယ်။ ဒီလိုနဲ့ ကျွန်မတို့ ဒုတိယကလေး ရလာတဲ့အခါ ကျွန်မတို့တွေ ပိုအလုပ်ရှုပ်လာခဲ့ပါတယ်။ ဒါပေမဲ့ ဟိုးအရင်တုန်းကလိုတော့ ငြင်းခုန်မှုတွေ ငြူစူမှုတွေ မရှိသလောက ်နည်းသွားခဲ့ပါတယ်။

မိသားစုလည်း အရင်ထက်ပိုပြီး နွေးထွေးပျော်ရွှင်ရပါတယ်။ ဒီနှစ်မှာ သူလုပ်တဲ့အလုပ်က အကြောင်း အမျိုးမျိုးကြောင့် ရပ်နားလိုက်တဲ့အတွက် သူလည်း အိမ်မှာပဲ နားနေခဲ့ရပါတယ်။ ဒါပေမဲ့ ကျွန်မတို့ ပျော်ရွှင်ရပါတယ်။

“ ဒီအတောတွင်း အလုပ်ကို ဖြည်းဖြည်းရှာပြီး မင်းကို အိမ်မှာ ဝိုင်းကူပေးဦးမယ် “ ဆိုတဲ့ စကားကြောင့်လည်း ကျွန်မတို့ ပိုမို နွေးထွေးလာခဲ့ကြပါတယ်။ နောက်ပိုင်းတော့… သူ အလုပ်ကောင်းကောင်းတစ်ခု ထပ်ရခဲ့ပြီး ပြည်ပကို ခဏခဏ သွားရောက်နေရပေမဲ့

ကျွန်မသူ့အပေါ် ညိုငြင်မှု မရှိတော့ပါဘူး။ ဘာလို့လည်းဆိုတော့ အဝေးရောက်လည်း ဖုန်းဆက်ပြီး ကျွန်မအပေါ် နားလည်မှုအပြည့်နဲ့ ပြောပေးခဲ့လို့ပါပဲ။ ပြန်ရောက်လာရင်လည်း မိသားစုအတွက်သာ ဦးစားပေးစဉ်းစားပြီး ခင်တွယ်တဲ့ အတွက်ကြောင့်ပါပဲ။

ကျွန်မအင်မတန်သာယာတဲ့ မိသားစုတစ်ခုကို လက်ဝယ်ပိုက်ထားရတဲ့အတွက် အရမ်းကို စိတ်ချမ်းသာရပါတယ်။ အခုတော့ တစ်ယောက်တည်း အလုပ်လုပ်… ကလေးကျောင်းကြို /ကျာင်းပို့ လုပ်လည်း ပင်ပန်းတယ်လို့ မခံစားမိတော့ပါဘူး။

ဘယ်နိုင်ငံပဲရောက်ရောက် မကြာခဏ ဖုန်းဆက်ပြီး အဆင်ပြေရဲ့လား စိတ်ပူပြီး ကလေးတွေကို တတွတ်တွတ် မေးနေတဲ့အတွက်… သူတခြားမှာ ရှုပ်နေမှာကိုလည်း မပူရတော့တဲ့အတွက်လည်း ကျွန်မတို့ မိသားစုလေး ပိုစိုပြေခဲ့ရပါတယ်။

တစ်ယောက်နဲ့တစ်ယောက် တစ်ခုခုဆို အပြန်လှန်တိုင်ပင်ပြီး ညှိနှိုင်းလုပ်ကိုင်ရတဲ့အတွက် အဆင်ပြေခဲ့ရသလို… ဒီကလေးတွေ၊ ဒီအိမ်ထောင် တာဝန်ဟာ ကျွန်မတစ်ယောက်တည်းနဲ့ ဆိုင်ပါတယ်ဆိုတဲ့ အတွေးတစ်ခုကို ဖျောက်ပေးနိုင်တဲ့ အတွက်လည်း

ကျွန်မတို့ ရဲ့ အဖုအထစ်လေးတွေဟာလည်း ပြေလျော့သွားခဲ့ပါတယ်။ အခုဆိုရင်… သူဘယ်လို ရာထူးကြီးကြီးနဲ့ ဘာပဲဖြစ်နေပစေ အိမ်ပြန်ရောက်လို့ ကလေးတွေနဲ့ တွေ့ရင် သူက ခင်ပွန်းတစ်ယောက် တာဝန်သိတဲ့ ဖခင်တစ်ယောက် ဖြစ်နေခဲ့ပါတယ်။

ကျွန်မနောက်ဆုံး နားလည် သဘောပေါက်သွားခဲ့ရတာကတော့… အိမ်ထောင်ရေး တစ်ခုမှာ အရေးကြီးဆုံးက ညှိနှိုင်းလုပ်ကိုင်မှုပါပဲ။ နှစ်ဦးနှစ်ဘက် အဆင်ပြေ ကျေနပ်ရင်… အရာအားလုံးဟာ အဆင်ပြေပါတယ်။ ကိုယ့်တာဝန်ကြီးလည်း မဟုတ်သလို

သူ့တာဝန်ကြီးပဲလို့လည်း သတ်မှတ်လို့ မရပါဘူး။ အိမ်ထောင်ရေး သော့ခလောက်ကို နှစ်ယောက်တူတူ တက်ညီလက်ညီ ဖွင့်မှသာ ပွင့်မှာဖြစ်ပြီး သာယာတဲ့ အနာဂတ်ရူခင်းကို သင်တို့ လှမ်းမြင်ရမှာပါ။

အိမ်ထောင်ရေးဆိုတာ ငှက်နှစ်ကောင် ပျံသန်းသလိုပါပဲ။ ဘယ်သူ ကြီးတယ် ငယ်တယ်ဆိုတာ မရှိပါဘူး။ တူတူ သွားရတဲ့ ခရီးတစ်ခုမှာ ဘယ်သူကပဲ ပျံသန်းတာ မြန်လို့ ရှေ့ကိုပဲရောက်ရောက်… နောက်ကျတဲ့ သူကိုတော့ စောင့်ပေးရပါတယ်။

တစ်ယောက်နဲ့ တစ်ယောက် အပြန်လှန် လေးစားမှုရှိရပြီး တာဝန်ခွဲယူတတ်တဲ့ စိတ်ရယ်နဲ့ အတူတူ ပျံသန်းကြမှသာ ခရီးရှည်ကို အဆုံးထိ တူတူသွားနိုင်မှာပါ။

အကယ်၍… သင့်မှာ ဒီလိုတူတူပျံသန်းဖို့ အစီစဉ်မရှိဘူးဆိုရင်… အစကတည်းက အိမ်ထောင်ပြုဖို့ မစဉ်းစားမိပါစေနဲ့။

မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ်ပေးပါသည်။ ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*