ဂ်ဴးလူမ်ိဳးတို႔ရဲ႕ မွတ္သာဖြယ္ရာ စာသားအခ်ိဳ႕…

ဂ်ဴးလူမ်ိဳးတို႔ရဲ႕ မွတ္သာဖြယ္ရာ စာသားအခ်ိဳ႕...
ဂ်ဴးလူမ်ိဳးတို႔ရဲ႕ မွတ္သာဖြယ္ရာ စာသားအခ်ိဳ႕...

ဂ်ဴးလူမ်ိဳးတို႔ရဲ႕ မွတ္သာဖြယ္ရာ စာသားအခ်ိဳ႕…

( 1 ) ေရညစ္တစ္စက္ေၾကာင့္ ေရၾကည္တစ္ခြက္ ညစ္ပတ္သြားတယ္ ။ ေရၾကည္ တစ္စက္ေၾကာင့္ ေရညစ္ တစ္ခြက္ ဘယ္ေတာ့မွ ၾကည္လင္လာမွာ မဟုတ္ပါဘူး ။

( 2 ) ဘယ္သူ႔မွ ခိုးယူမသြားႏိုင္တဲ့ အရာသုံးမ်ိဳး ရွိတယ္။ ဗိုက္ထဲကို ၀င္ၿပီးတဲ့ အစာ ၊ စိတ္အတြင္းထဲက အိပ္မက္ နဲ႔ ဦးေနာက္ထဲအထိ ဖတ္မွတ္ထားတဲ့ စာေကာင္းေပမြန္မ်ား ျဖစ္ပါတယ္ ။

( 3 ) ျမင္းေတြဟာ ေပ်ာ့ေျပာင္းတဲ့ လမ္းေပၚမွာ ခြာလိပ္သြားတတ္တယ္။ လူေတြဟာလည္း ခ်ိဳျမေသာ စကားသံမ်ား ၾကားမွာ နစ္မြန္း သြားတတ္တယ္ !!

( 4 ) လူ႔ ဘ၀ခရီးမွာ ကံဆိုးျခင္း နဲ႔ ကံေကာင္းျခင္း ဆိုတာ… သဲသဲ ကြဲကြဲ မခြဲထားပါဘူး ။ ကံဆိုးျခင္းကေန ႐ုန္းထြက္ႏိုင္ရင္ ကံေကာင္းျခင္းျဖစ္ၿပီး… ကံေကာင္းျခင္း အေပၚ ဇိမ္ခံေနရင္ ကံဆိုးျခင္း ျဖစ္လာမွာပါ ။

( 5 ) တကယ္လို႔ သင္ စာမဖတ္ခဲ့ဘူး ဆိုရင္ မိုင္ေပါင္း တစ္ေသာင္း ခရီးထြက္ရင္လည္း စာပို႔လုလင္ အဆင့္သာ ျဖစ္တယ္ ။

( 6 ) သင့္ရဲ႕ အိမ္နီးနားခ်င္းက မနက္ ( ၂ ) နာရီ အထိ စႏၵာယား တီးေနရင္လည္း စိတ္မဆိုးပါနဲ႔ ။သူ႔ကို မနက္ ( ၄ ) နာရီမွာ ႏႈိးၿပီး နားေထာင္လို႔ အရမ ေးေကာင္းေၾကာင္း ေျပာျပလိုက္ပါ ။ ( ပညာသားပါပါ နဲ႔ )

( 7 ) သင္ရဲ႕ တစ္ဘဝလုံးမွာ ေတာက္ေလွ်ာက္သာ ေစာင့္ေမွ်ာ္ေနမယ္ဆိုရင္… ေျပာင္းလဲမူ တစ္ခုသာ ျဖစ္ေပၚ လာလိမ့္မယ္ ။ အဲဒါကေတာ့.. သင္ အိုသြားျခင္းပါပဲ ။

( 8 ) သူငယ္ခ်င္းအစစ္ ဆိုတာ… ေျပာမကုန္တဲ့ စကားေတြ ရွိေနတာ မဟုတ္ပါဘူး ။ ေျပာစရာ မရွိတဲ့ အခ်ိန္လည္း ေအာင့္သက္သက္ မခံစားရျခင္းပါ ။

( 9 ) အခ်ိန္ဟာ စိတ္အနာကို ကုစားႏိူင္တဲ့ သမားေတာ္ႀကီးပါ ။ ဒါေပမဲ့… ျပႆနာကို ေျဖရွင္းေပးႏိုင္တဲ့ ဆရာႀကီးေတာ့ မဟုတ္ပါဘူး ။

( 10 ) ႀကိဳးစားၿပီးမွ ေနာင္တရရင္ ရပါေစ ။ မႀကိဳးစားပဲနဲ႔ လြဲသြားတဲ့ ေနာင္တမ်ိဳးေတာ့ မလိုခ်င္ဘူး ။

Unicode

ဂျူးလူမျိုးတို့ရဲ့ မှတ်သာဖွယ်ရာ စာသားအချို့…

( 1 ) ရေညစ်တစ်စက်ကြောင့် ရေကြည်တစ်ခွက် ညစ်ပတ်သွားတယ် ။ ရေကြည် တစ်စက်ကြောင့် ရေညစ် တစ်ခွက် ဘယ်တော့မှ ကြည်လင်လာမှာ မဟုတ်ပါဘူး ။

( 2 ) ဘယ်သူ့မှ ခိုးယူမသွားနိုင်တဲ့ အရာသုံးမျိုး ရှိတယ်။ ဗိုက်ထဲကို ဝင်ပြီးတဲ့ အစာ ၊ စိတ်အတွင်းထဲက အိပ်မက် နဲ့ ဦးနောက်ထဲအထိ ဖတ်မှတ်ထားတဲ့ စာကောင်းပေမွန်များ ဖြစ်ပါတယ် ။

( 3 ) မြင်းတွေဟာ ပျော့ပြောင်းတဲ့ လမ်းပေါ်မှာ ခွာလိပ်သွားတတ်တယ်။ လူတွေဟာလည်း ချိုမြသော စကားသံများ ကြားမှာ နစ်မွန်း သွားတတ်တယ် !!

( 4 ) လူ့ ဘဝခရီးမှာ ကံဆိုးခြင်း နဲ့ ကံကောင်းခြင်း ဆိုတာ… သဲသဲ ကွဲကွဲ မခွဲထားပါဘူး ။ ကံဆိုးခြင်းကနေ ရုန်းထွက်နိုင်ရင် ကံကောင်းခြင်းဖြစ်ပြီး… ကံကောင်းခြင်း အပေါ် ဇိမ်ခံနေရင် ကံဆိုးခြင်း ဖြစ်လာမှာပါ ။

( 5 ) တကယ်လို့ သင် စာမဖတ်ခဲ့ဘူး ဆိုရင် မိုင်ပေါင်း တစ်သောင်း ခရီးထွက်ရင်လည်း စာပို့လုလင် အဆင့်သာ ဖြစ်တယ် ။

( 6 ) သင့်ရဲ့ အိမ်နီးနားချင်းက မနက် ( ၂ ) နာရီ အထိ စန္ဒာယား တီးနေရင်လည်း စိတ်မဆိုးပါနဲ့ ။သူ့ကို မနက် ( ၄ ) နာရီမှာ နှိုးပြီး နားထောင်လို့ အရမ ေးကောင်းကြောင်း ပြောပြလိုက်ပါ ။ ( ပညာသားပါပါ နဲ့ )

( 7 ) သင်ရဲ့ တစ်ဘဝလုံးမှာ တောက်လျှောက်သာ စောင့်မျှော်နေမယ်ဆိုရင်… ပြောင်းလဲမူ တစ်ခုသာ ဖြစ်ပေါ် လာလိမ့်မယ် ။ အဲဒါကတော့.. သင် အိုသွားခြင်းပါပဲ ။

( 8 ) သူငယ်ချင်းအစစ် ဆိုတာ… ပြောမကုန်တဲ့ စကားတွေ ရှိနေတာ မဟုတ်ပါဘူး ။ ပြောစရာ မရှိတဲ့ အချိန်လည်း အောင့်သက်သက် မခံစားရခြင်းပါ ။

( 9 ) အချိန်ဟာ စိတ်အနာကို ကုစားနိူင်တဲ့ သမားတော်ကြီးပါ ။ ဒါပေမဲ့… ပြဿနာကို ဖြေရှင်းပေးနိုင်တဲ့ ဆရာကြီးတော့ မဟုတ်ပါဘူး ။

( 10 ) ကြိုးစားပြီးမှ နောင်တရရင် ရပါစေ ။ မကြိုးစားပဲနဲ့ လွဲသွားတဲ့ နောင်တမျိုးတော့ မလိုချင်ဘူး ။

Be the first to comment

Leave a Reply

Your email address will not be published.


*