Unicode
ခန္ဓာကိုယ်မှာ လိပ်ပြာတွေ လာနားရင်… သတိထားပါ
အရောင်အဆင်း အမျိုးမျိုး ရှိပြီး ချစ်စရာ အသွင်ရှိကြတဲ့ လိပ်ပြာလေးတွေ ပန်းလေးတွေပေါ် ဝဲပျံနေတာကို မြင်ရတဲ့ အခါ မကြည်နူးတဲ့ လူရယ်လို့ မ ရှိ ပါဘူး။ လူ တော်တော် များများက
လိပ်ပြာတွေဟာ ပန်းဝတ်ရည် ကိုသာ စုပ်ယူ စားသုံးတယ် လို့ သိကြ တာပါ။ အမှန်တော့… လိပ်ပြာ မဖြစ်ခင် ခူကောင် ဘဝမှာ သစ်ပင်က အရွက်တွေကို စားပြီး ကြီးပြင်းခဲ့ကြပြီး…
လိပ်ပြာဘဝမှာ ပုရွက်ဆိတ်ငယ်တွေ ပိုးမွှားတွေ နဲ့ ပုပ်သိ ေးဆွေးမြေ့နေတဲ့ တိရိစ္ဆာန် တွေ ၊ အသီးအရွက်တွေ ကိုသာ မက တိရိစ္ဆာန် တွေရဲ့ မစင် အပေါ်မှာပါ နားခိုပြီး စားသုံးကြတယ်လို့ သိရပါတယ်။
လိပ်ပြာ တစ်ကောင်ရဲ့ ကျောက်ဖြစ် ရုပ်ကြွင်းဟာ… နှစ်ပေါင်း ၅၆သန်းနဲ့ ချီပြီး ဖြစ်တည် နိုင် ပါ တယ်။ လိပ်ပြာတွေဟာ… ပန်းဝတ်ရည် တွေကို စုပ်ယူ စားသုံးပေမယ့် သူတို့အတွက် အာဟာရ မလုံလောက်တဲ့အခါ
အခြား နေရာတွေကနေ ဆားဓာတ် ရရှိဖို့ စုပ်ယူကြတယ်လို့ သိရပါတယ်။ ဒါ့ကြောင့်… လိပ်ပြာလေးတစ်ကောင် ကိုယ့်ခန္ဓာကိုယ်ပေါ် လာနားနေပြီ ဆိုရင်တော့ သတိထားဖို့ လိုပါတယ်။
ဘာကြောင့်လဲ ဆိုတော့… သူတို့ဟာ ဆားဓာတ် လိုချင်တဲ့ အတွက် ကိုယ့် ခန္ဓာကိုယ်အတွင်း ချွေးတွေ သွေး ထဲကနေ တစ်ဆင့် ဆိုဒီယမ် ကို စုပ်ယူချင်တာ ဖြစ်နိုင်တာကြောင့်ပါ။
ဒါပေမယ့်… ဒီလို စုပ်ယူချိန်မှာ သူ့ရဲ့ သေးငယ်တဲ့ ဝတ်ရည် စုပ်တံကြောင့်… သင် ဘယ်လိုမှ ခံစားရမှာ မဟုတ်တဲ့ အပြင်… ပန်းလေးတွေပေါ်မှာပဲ ဝေ့ဝဲလေ့ ရှိတဲ့ လိပ်ပြာလေးတွေက သင့်ဆီမှာ လာရောက် ခိုနားတဲ့ အတွက် သင် ဝမ်းသာနေမိမှာ အမှန် ပါပဲ။
မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။
Be the first to comment
Leave a Reply
Your email address will not be published.
*