မိသားစုတစ်စုတွင် လာဘ်မတိတ်အောင် ဒီအချက်တွေကို ရှောင်ပါ….
( ၁ ) မီးဖိုအား စလောင်းဖုံး အုပ်ခြင်း။
( ၂ ) အိမ်ထောင်ဦးစီး လင်ယောင်္ကျားအား နိမ့်ကျသော နေရာတွင် ထားခြင်း။
( ၃ ) မိမိ ဇနီးသည်အား ညာဘက်တွင် အိပ်စေခြင်း။
( ၄ ) စားသောက်သော အိုးခွက် ပန်းကန်များ အား လွှင့်ပစ်ခြင်း။
( ၅ ) ထမင်းဟင်း ချက်ရင်း သီချင်းဆိုခြင်း။
( ၆ ) နေဝင်ခါစ အချိန်တွင် အိပ်စက်ခြင်း။
( ၇ ) နေဝင် မိုးချုပ် လေချွန်ခြင်း။
( ၈ ) နေမထွက်ခင် ကြွေးပေး ကြွေးယူ ကြွေတောင်း ခံရခြင်း။
( ၉ ) နေဝင် နေထွက်ချိန် သန်းရှာခြင်း။
( ၁၀ ) နေဝင် နေထွက်ချိန် ကလေးများအား ရိုက်ခြင်း။
( ၁၁ ) နေမွန်းတည့်ချိန် တိရိစ္ဆာန်များအား သတ်ဖြတ်ခြင်း။
( ၁၂ ) နေဝင် နေထွက်ချိန်တွင် ကျိန်စာတိုက်ခြင်း။
( ၁၃ ) အမျိုးသမီးများ မိုးချုပ်ချိန် ဆံပင်ဖားလျှားဖြင့် အပြင်သို့ သွားခြင်း။
( ၁၄ ) အမျိုးသမီးများ၏ မသန့်ရှင်းသော ပစ္စည်းများကို အိမ်ဦးခန်း၌ ထားခြင်း၊ စွန့်ပစ်ခြင်း။
( ၁၅ ) မိမိဝတ်သော ပုဆိုး ၊ ထမိန်ဖြင့် မျက်နှာ သုတ်ခြင်း။
( ၁၆ ) အိမ် အပေါက်အား နောက်ပြန်ဝင်ခြင်း။
( ၁၇ ) မျက်နှာမသစ်ပဲ အစာစားခြင်း။
( ၁၈ ) မိမိ ခန္ဓာကိုယ်မှ အမွှေးအမျှင်နှင့် မသန့်ရှင်းသော ပစ္စည်းများ အိမ်အတွင်း စွန့်ပစ်ခြင်း။
( ၁၉ ) သောက်ရေအိုး ရေမလဲပဲ ခြောက်နေခြင်း။
( ၂၀ ) သောက်ရေအိုးမှ ရေကို ထမင်း ၊ ဟင်းချက်ရာတွင် သုံးခြင်း။
( ၂၁ ) လင်သားအား စိတ်ဆိုး ၍ ကျောခိုင်း အိပ်ခြင်း။
( ၂၂ ) သားသမီး ၊ ဇနီး ကို လင်သားက ငွေ (သို့ ) အစားအစာ ပစ်ပေးခြင်း။
( ၂၃ ) အဝတ်အစားများ ပြောင်းပြန်ဝတ်ခြင်း။
( ၂၄ ) အိမ် အပေါက်အား ကျောခိုင်း ထိုင်ခြင်း။
( ၂၅ ) ထမင်းစားရင်း အိပ်ငိုက်ခြင်း။
( ၂၆ ) အိမ်၏ မျက်နှာစာတွင် ကလေးငယ်အား အပေါ့ ၊ အလေး စွန့်ခိုင်းခြင်း။
( ၂၇ ) ထမင်းရည်ပူအား မြေကြီးပေါ်သို့ တိုက်ရိုက် ငှဲ့ချခြင်း။
( ၂၈ ) မိမိအိမ်သို့ လာသော တောင်းစားသူများ အား ဆဲဆို လွှတ်ခြင်း။
( ၂၉ ) အိမ်သာတက်ရင်း အစားစားခြင်း။
( ၃၀ ) စားသောက်ပြီး အိုးခွက် ၊ ပန်းကန် များကို အချိန် ကြာမြင့်စွာ မဆေးပဲထားခြင်း။
( ၃၁ ) အိုးခွက် ပန်းကန်များကို တီး၍ သီချင်း ဆိုခြင်း။
( ၃၂ ) အိမ်ရှေ့တည့်တည့်တွင် ထမိန် ၊ စကတ် များကို လှန်းခြင်း ချွတ်ထားခြင်း။
( ၃၃ ) မိမိအိမ်တွင် မွေးမြူထားသော တိရိစ္ဆာန်များအား အစာမကျွေးပဲ လှောင်ထားခြင်း ၊ ရိုက်နှက်ခြင်း ၊တို့ ကို ရှောင်ပါ။ ။
မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။