ဘဝဆိုတဲ့ ႀကိဳးဝိုင္းထဲမွာ လဲက် မသြားဖို႕ဆိုရင္…

ဘဝဆိုတဲ့ ႀကိဳးဝိုင္းထဲမွာ လဲက် မသြားဖို႕ဆိုရင္...
ဘဝဆိုတဲ့ ႀကိဳးဝိုင္းထဲမွာ လဲက် မသြားဖို႕ဆိုရင္...

ဘဝဆိုတဲ့ ႀကိဳးဝိုင္းထဲမွာ လဲက် မသြားဖို႕ဆိုရင္…

မိုက္တိုင္ဆန္ ေျပာခဲ့ဖူးတဲ့စကား… “လူတိုင္းဟာ ကိုယ့္မ်က္ခြက္ အထိုးမခံရခင္ အခ်ိန္အထိေတာ့ ကိုယ့္Plan နဲ႔ကိုယ္ အဆင္ေျပေနၾကတာပါပဲ။” အစက ဒီစကားကို သိပ္နားမလည္ခဲ့ဘူး။

ေနာက္ပိုင္း ကြၽန္ေတာ္ အလုပ္ေတြ အမ်ားႀကီးလုပ္ၿပီး လုပ္တဲ့ အလုပ္ေတြကေန… ဆုံးရႈံးမႈေတြ၊ က်ရႈံးမႈေတြ ႀကဳံရေတာ့မွပဲ နားလည္ေတာ့တယ္။ တကယ္ေတာ့… ကြၽန္ေတာ္တို႔ အလုပ္တစ္ခုခု စလုပ္ေတာ့မယ့္ အခ်ိန္မွာ…

ကြၽန္ေတာ္တို႔မွာ Plan ေတြရွိတယ္၊ ေအာင္ျမင္ေအာင္ ဘယ္လို လုပ္မလဲဆိုတဲ့ လမ္းေၾကာင္းေတြ ရွိတယ္။ စဥ္းစားၾကည့္ရင္ ဒါဟာ လက္ေဝွ႔သမား တစ္ေယာက္က ၿပိဳင္ပြဲ မစခင္မွာ တစ္ဖက္က စားသမားကို

ဘယ္လို ထိုးမယ္၊ သူျ ပန္မထႏိုင္ေအာင္ ခ်က္ေကာင္းကို ဘယ္လို ထိုးလိုက္မယ္ ဆိုၿပီး… Plan ေတြဆြဲေနတာနဲ တူတယ္။ ဒါေပမဲ့ ဆြဲထားတဲ့ Plan အတိုင္း ျဖစ္မလာဘဲ… တစ္ဖက္က ျပန္ ထိုးတာ ခံရေတာ့မွ… မလြယ္ပါလားဆိုတာ သိလိုက္ရတာ။

ကြၽန္ေတာ္ဆိုလဲ အလုပ္ေတြ အမ်ားႀကီး လုပ္ၿပီး… လုပ္တဲ့ အလုပ္တိုင္း အဆင္ေျပေနတုန္းက… အဲ့ဒီအရာေတြကို မေတြးမိခဲ့ဘူး။ ဘာလို႔ဆို… အဲ့ဒီအခ်ိန္မွာ ကြၽန္ေတာ္က ထိုးသူ ေနရာက ေရာက္ေနတာကိုး။ အဲ့ေတာ့ ထိုးဖို႔ပဲ ေခါင္းထဲမွာ ရွိတယ္။

အဲ… ႐ုတ္တရက္ ကံၾကမၷာ အလွည့္အေျပာင္းႀကဳံၿပီး ကိုယ္လုပ္တဲ့ အလုပ္ေတြ အဆင္မေျပတဲ့ အခါမ်ိဳး၊ လုပ္ငန္းေတြ က်ရႈံးတဲ့ အခါမ်ိဳးေရာက္ၿပီး… ကိုယ္က တလွည့္ အထိုးခံရသူေနရာ ေရာက္သြားေတာ့မွ အီစလံေဝေအာင္ ခံလိုက္ရတာ။

အဲ့ဒီအခ်ိန္မွာ ကြၽန္ေတာ္တို႔ ေရွ႕မွာ ဘယ္ေလာက္ပဲ ထိုးထားႏိုင္ႏိုင္၊ တစ္ဖက္က ျပန္ထိုးတဲ့ လက္သီးခ်က္ တစ္ခ်က္ကို မခံႏိုင္ရင္ ကြၽန္ေတာ္တို႔ ရႈံးတာပဲ။ ဒါေၾကာင့္… ေနာက္ပိုင္းမွာေတာ့ ကြၽန္ေတာ္ရဲ႕ Plan ကို ေျပာင္းခဲ့ တယ္။

ကြၽန္ေတာ္ အလုပ္ေတြ အမ်ားႀကီး လုပ္မယ္၊ လုပ္တဲ့ အလုပ္တိုင္းကိုလည္း ေအာင္ျမင္ေအာင္ လုပ္မယ္။ ၿပီးရင္… အဲ့ဒီ အလုပ္ေတြကေန မေတာ္တဆ ဆုံးရႈံးမႈေတြ ျဖစ္ေပၚလာရင္လည္း… စိတ္ကို ခံႏိုင္ရည္ရွိေအာင္ ေလ့က်င့္ ထားမယ္။

ေျပာရရင္… ကြၽန္ေတာ္ တစ္ဖက္ကို အလဲ ထိုးဖို႔ကိုပဲ အာ႐ုံမစိုက္ေတာ့ဘဲ တစ္ဖက္က ကိုယ့္ကို ျပန္ထိုး လာခဲ့ရင္လည္း လဲက်မသြားေအာင္ ျပင္ဆင္ေတာ့တယ္။ တကယ္ေတာ့..

ဘဝႀကိဳးဝိုင္းထဲမွာ အႏိုင္ရဖို႔အတြက္ဆိုရင္… ကြၽန္ေတာ္တို႔ လက္သီး ထိုးတတ္႐ုံနဲ႔ မရပါဘူး။ တစ္ဖက္ကလာတဲ့ လက္သီးခ်က္ေတြကိုလည္း ခံႏိုင္ရည္ရွိဖို႔ လိုပါေသးတယ္။

ခရက္ဒစ္#Dr. Thet Htar Aung#ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။ ျပန္လည္ မွ်ေ၀ျခင္း ျဖစ္ပါသည္။

Unicode

ဘဝဆိုတဲ့ ကြိုးဝိုင်းထဲမှာ လဲကျ မသွားဖို့ဆိုရင်…

မိုက်တိုင်ဆန် ပြောခဲ့ဖူးတဲ့စကား… “လူတိုင်းဟာ ကိုယ့်မျက်ခွက် အထိုးမခံရခင် အချိန်အထိတော့ ကိုယ့်Plan နဲ့ကိုယ် အဆင်ပြေနေကြတာပါပဲ။” အစက ဒီစကားကို သိပ်နားမလည်ခဲ့ဘူး။

နောက်ပိုင်း ကျွန်တော် အလုပ်တွေ အများကြီးလုပ်ပြီး လုပ်တဲ့ အလုပ်တွေကနေ… ဆုံးရှုံးမှုတွေ၊ ကျရှုံးမှုတွေ ကြုံရတော့မှပဲ နားလည်တော့တယ်။ တကယ်တော့… ကျွန်တော်တို့ အလုပ်တစ်ခုခု စလုပ်တော့မယ့် အချိန်မှာ…

ကျွန်တော်တို့မှာ Plan တွေရှိတယ်၊ အောင်မြင်အောင် ဘယ်လို လုပ်မလဲဆိုတဲ့ လမ်းကြောင်းတွေ ရှိတယ်။ စဉ်းစားကြည့်ရင် ဒါဟာ လက်ဝှေ့သမား တစ်ယောက်က ပြိုင်ပွဲ မစခင်မှာ တစ်ဖက်က စားသမားကို

ဘယ်လို ထိုးမယ်၊ သူြ ပန်မထနိုင်အောင် ချက်ကောင်းကို ဘယ်လို ထိုးလိုက်မယ် ဆိုပြီး… Plan တွေဆွဲနေတာနဲ တူတယ်။ ဒါပေမဲ့ ဆွဲထားတဲ့ Plan အတိုင်း ဖြစ်မလာဘဲ… တစ်ဖက်က ပြန် ထိုးတာ ခံရတော့မှ… မလွယ်ပါလားဆိုတာ သိလိုက်ရတာ။

ကျွန်တော်ဆိုလဲ အလုပ်တွေ အများကြီး လုပ်ပြီး… လုပ်တဲ့ အလုပ်တိုင်း အဆင်ပြေနေတုန်းက… အဲ့ဒီအရာတွေကို မတွေးမိခဲ့ဘူး။ ဘာလို့ဆို… အဲ့ဒီအချိန်မှာ ကျွန်တော်က ထိုးသူ နေရာက ရောက်နေတာကိုး။ အဲ့တော့ ထိုးဖို့ပဲ ခေါင်းထဲမှာ ရှိတယ်။

အဲ… ရုတ်တရက် ကံကြမ္နာ အလှည့်အပြောင်းကြုံပြီး ကိုယ်လုပ်တဲ့ အလုပ်တွေ အဆင်မပြေတဲ့ အခါမျိုး၊ လုပ်ငန်းတွေ ကျရှုံးတဲ့ အခါမျိုးရောက်ပြီး… ကိုယ်က တလှည့် အထိုးခံရသူနေရာ ရောက်သွားတော့မှ အီစလံဝေအောင် ခံလိုက်ရတာ။

အဲ့ဒီအချိန်မှာ ကျွန်တော်တို့ ရှေ့မှာ ဘယ်လောက်ပဲ ထိုးထားနိုင်နိုင်၊ တစ်ဖက်က ပြန်ထိုးတဲ့ လက်သီးချက် တစ်ချက်ကို မခံနိုင်ရင် ကျွန်တော်တို့ ရှုံးတာပဲ။ ဒါကြောင့်… နောက်ပိုင်းမှာတော့ ကျွန်တော်ရဲ့ Plan ကို ပြောင်းခဲ့ တယ်။

ကျွန်တော် အလုပ်တွေ အများကြီး လုပ်မယ်၊ လုပ်တဲ့ အလုပ်တိုင်းကိုလည်း အောင်မြင်အောင် လုပ်မယ်။ ပြီးရင်… အဲ့ဒီ အလုပ်တွေကနေ မတော်တဆ ဆုံးရှုံးမှုတွေ ဖြစ်ပေါ်လာရင်လည်း… စိတ်ကို ခံနိုင်ရည်ရှိအောင် လေ့ကျင့် ထားမယ်။

ပြောရရင်… ကျွန်တော် တစ်ဖက်ကို အလဲ ထိုးဖို့ကိုပဲ အာရုံမစိုက်တော့ဘဲ တစ်ဖက်က ကိုယ့်ကို ပြန်ထိုး လာခဲ့ရင်လည်း လဲကျမသွားအောင် ပြင်ဆင်တော့တယ်။ တကယ်တော့..

ဘဝကြိုးဝိုင်းထဲမှာ အနိုင်ရဖို့အတွက်ဆိုရင်… ကျွန်တော်တို့ လက်သီး ထိုးတတ်ရုံနဲ့ မရပါဘူး။ တစ်ဖက်ကလာတဲ့ လက်သီးချက်တွေကိုလည်း ခံနိုင်ရည်ရှိဖို့ လိုပါသေးတယ်။

ခရက်ဒစ်#Dr. Thet Htar Aung#လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*