အသက္ ၁၂ ႏွစ္အ႐ြယ္ေရာက္လွ်င္ မိန္းကေလးဘဝမွ ေယာက္်ားေလးျဖစ္သြားၾကေသာ ဆန္းၾကယ္လွေသာ ႐ြာကေလး

အသက္ ၁၂ ႏွစ္အ႐ြယ္ေရာက္လွ်င္ မိန္းကေလးဘဝမွ ေယာက္်ားေလးျဖစ္သြားၾကေသာ ဆန္းၾကယ္လွေသာ ႐ြာကေလး
အသက္ ၁၂ ႏွစ္အ႐ြယ္ေရာက္လွ်င္ မိန္းကေလးဘဝမွ ေယာက္်ားေလးျဖစ္သြားၾကေသာ ဆန္းၾကယ္လွေသာ ႐ြာကေလး

အသက္ ၁၂ ႏွစ္အ႐ြယ္ေရာက္လွ်င္ မိန္းကေလးဘဝမွ ေယာက္်ားေလးျဖစ္သြားၾကေသာ ဆန္းၾကယ္လွေသာ ႐ြာကေလး

ကြၽႏ္ုပ္တို႔ ေနထိုင္ရာကမာၻႀကီးသည္ ဆန္းၾကယ္မႈမ်ား ျပည့္ႏွက္ေနေသာ ကမာၻႀကီးျဖစ္သည္။ ထိုသို႔ ဆန္းၾကယ္မႈမ်ားအတိၿပီးေနေသာ ကမာၻႀကီး၏တစ္ေနရာတြင္

မိန္းကေလးမ်ားမွာ ေယာက္်ားေလးဘဝသို႔ ဆန္းၾကယ္စြာ ေျပာင္းလဲသြားၾကသည့္ ေက်း႐ြာတစ္ခုရွိေနသည္။ အဆိုပါ႐ြာကေလးႏွင့္ ပတ္သက္ၿပီး ႏွစ္ေပါင္းမ်ားစြာ သုေတသနျပဳ အေျဖရွာခဲ့ၾကေသာ္လည္း

အေျဖတစုံတရာ မရခဲ့။ ႐ြာကေလး၏ အမည္မွာ La Salinas ဟု အမည္ရၿပီး ဒိုမီနီကန္သမၼတႏိုင္ငံတြင္ တည္ရွိသည္။ ဒိုမီနီကန္ႏိုင္ငံမွာ လူဦးေရ ၆၀၀၀ သာရွိေသာ ႏိုင္ငံငယ္ကေလးတစ္ခု ျဖစ္သည္။

အသက္ ၁၂ ႏွစ္အ႐ြယ္သို႔ ေရာက္လွ်င္ လိင္ေျပာင္းလဲသြားၾကသည္…

La Salinas ႐ြာကေလး၏ အံ့အားသင့္ဖြယ္ အေကာင္းဆုံးႏွင့္ တုန္လႈပ္ဖြယ္ အေကာင္းဆုံးအခ်က္မွာ… ထို႐ြာတြင္ ေနထိုင္ေသာ မိန္းကေလးငယ္မ်ားသည္ အသက္ ၁၂ ႏွစ္အ႐ြယ္သို႔ေရာက္သည္ႏွင့္ လိင္ေျပာင္းလဲသြားကာ ေယာက္်ားေလးမ်ား ျဖစ္သြားၾကျခင္း ျဖစ္သည္။

ထို႐ြာကေလးအေၾကာင္းကိုလည္း သတင္းမီဒီယာမ်ားစြာက ေရးသားေဖာ္ျပမႈမ်ား ရွိခဲ့သည္။ ႐ြာသူ႐ြာသားမ်ားမွာလည္း ႐ြာထဲမွ မိန္းကေလးမ်ား ေယာက္်ားေလးဘဝ ေျပာင္းသြားျခင္းႏွင့္

စပ္လ်ဥ္းၿပီး မ်ားစြာ စိုးရိမ္မကင္း ျဖစ္ခဲ့ၾကရသည္။ ထို႐ြာကေလးမွာ က်ိန္စာသင့္ေနျခင္းျဖစ္သည္ဟု အခ်ိဳ႕က သုံးသပ္ၾကသည္။

ဆရာဝန္ေတြ ဘာေျပာလဲ…

႐ြာကေလးတြင္ အိမ္တစ္အိမ္၌ သမီးမိန္းကေလးတစ္ဦး ေမြးဖြားလာပါက အဆိုပါ မိသားစုမွာ မ်ားစြာ ဝမ္းနည္း ေျကကြဲၾကသည္။ အဘယ့္ေၾကာင့္ဆိုလွ်င္…

အသက္ ၁၂ ႏွစ္အ႐ြယ္သို႔ ေရာက္လွ်င္ ေယာက္်ားေလးဘဝသို႔ ေျပာင္းလဲသြားမည္ ျဖစ္ေသာေၾကာင့္ ျဖစ္၏။ ထို႔ေၾကာင့္ ႐ြာသားမ်ားမွာ သမီးမိန္းကေလး မလိုခ်င္ၾကေခ်။

မိန္းကေလးမ်ား လိင္ေျပာင္းလဲသည့္ေရာဂါကို အေျဖရွာရန္ ကမာၻတစ္ဝန္းမွ သုေတသီမ်ားက ႀကိဳးစားခဲ့ၾကေသာ္လည္း အေျဖရွာမရခဲ့။ ဆရာဝန္မ်ား၏ အဆိုအရမူ

မ်ိဳးဗီဇ ေဖာက္လြဲေဖာက္ျပန္ ျဖစ္ျခင္းျဖစ္ၿပီး ‘pseudohormaphrodite’ ဟုေခၚသည္ဟု ဆိုသည္။

လိင္ေျပာင္းလဲျခင္း…

အဆိုပါ ေက်း႐ြာတြင္ မိန္းကေလးဘဝမွေ ေျပာင္းလဲလာေသာ ေယာက္်ားေလးမ်ားက္ို ဂဲ့ဒိုခ်ီ (Guedoche) ဟု ေခၚၾကသည္။ (ဘုရင္ေခတ္က နန္းတြင္း အမ်ိဳးသမီးေဆာင္မ်ားကို ႀကီးၾကပ္ရေသာ၊ သင္းကြပ္ထားေသာ ေယာက္်ားကို ရည္ၫႊန္းျခင္း ျဖစ္သည္)

အဆိုပါ မိန္းကေလးတို႔သည္ pseudohermaphrodite ေၾကာင့္ ေယာက္်ားေလးဘဝသို႔ ေျဖးေျဖးခ်င္း ေျပာင္းလဲသြားၾကသည္။ အသံေသး အသံစူး ရွိခဲ့ရာမွ အသံၾသလာၾကသည္။

သို႔ေသာ္ သုေတသနပညာရွင္မ်ားစြာမွာ ယခုျဖစ္ရပ္မ်ိဳးကို ကာကြယ္ႏိုင္ရန္အတြက္… အဆိုပါ ေရာဂါႏွင့္ စပ္လ်ဥ္းၿပီး သုေတသနျပဳမႈမ်ား မ်ားစြာ ျပဳလုပ္ေနၾကဆဲ ျဖစ္သည္။

ခရက္ဒစ္#iMyanmarHouse#ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။ ျပန္လည္ မွ်ေ၀ျခင္းျဖစ္ပါသည္။

Unicode

အသက် ၁၂ နှစ်အရွယ်ရောက်လျှင် မိန်းကလေးဘဝမှ ယောက်ျားလေးဖြစ်သွားကြသော ဆန်းကြယ်လှသော ရွာကလေး

ကျွန်ုပ်တို့ နေထိုင်ရာကမ္ဘာကြီးသည် ဆန်းကြယ်မှုများ ပြည့်နှက်နေသော ကမ္ဘာကြီးဖြစ်သည်။ ထိုသို့ ဆန်းကြယ်မှုများအတိပြီးနေသော ကမ္ဘာကြီး၏တစ်နေရာတွင်

မိန်းကလေးများမှာ ယောက်ျားလေးဘဝသို့ ဆန်းကြယ်စွာ ပြောင်းလဲသွားကြသည့် ကျေးရွာတစ်ခုရှိနေသည်။ အဆိုပါရွာကလေးနှင့် ပတ်သက်ပြီး နှစ်ပေါင်းများစွာ သုတေသနပြု အဖြေရှာခဲ့ကြသော်လည်း

အဖြေတစုံတရာ မရခဲ့။ ရွာကလေး၏ အမည်မှာ La Salinas ဟု အမည်ရပြီး ဒိုမီနီကန်သမ္မတနိုင်ငံတွင် တည်ရှိသည်။ ဒိုမီနီကန်နိုင်ငံမှာ လူဦးရေ ၆၀၀၀ သာရှိသော နိုင်ငံငယ်ကလေးတစ်ခု ဖြစ်သည်။

အသက် ၁၂ နှစ်အရွယ်သို့ ရောက်လျှင် လိင်ပြောင်းလဲသွားကြသည်…

La Salinas ရွာကလေး၏ အံ့အားသင့်ဖွယ် အကောင်းဆုံးနှင့် တုန်လှုပ်ဖွယ် အကောင်းဆုံးအချက်မှာ… ထိုရွာတွင် နေထိုင်သော မိန်းကလေးငယ်များသည် အသက် ၁၂ နှစ်အရွယ်သို့ရောက်သည်နှင့် လိင်ပြောင်းလဲသွားကာ ယောက်ျားလေးများ ဖြစ်သွားကြခြင်း ဖြစ်သည်။

ထိုရွာကလေးအကြောင်းကိုလည်း သတင်းမီဒီယာများစွာက ရေးသားဖော်ပြမှုများ ရှိခဲ့သည်။ ရွာသူရွာသားများမှာလည်း ရွာထဲမှ မိန်းကလေးများ ယောက်ျားလေးဘဝ ပြောင်းသွားခြင်းနှင့်

စပ်လျဉ်းပြီး များစွာ စိုးရိမ်မကင်း ဖြစ်ခဲ့ကြရသည်။ ထိုရွာကလေးမှာ ကျိန်စာသင့်နေခြင်းဖြစ်သည်ဟု အချို့က သုံးသပ်ကြသည်။

ဆရာဝန်တွေ ဘာပြောလဲ…

ရွာကလေးတွင် အိမ်တစ်အိမ်၌ သမီးမိန်းကလေးတစ်ဦး မွေးဖွားလာပါက အဆိုပါ မိသားစုမှာ များစွာ ဝမ်းနည်း ကြေကွဲကြသည်။ အဘယ့်ကြောင့်ဆိုလျှင်…

အသက် ၁၂ နှစ်အရွယ်သို့ ရောက်လျှင် ယောက်ျားလေးဘဝသို့ ပြောင်းလဲသွားမည် ဖြစ်သောကြောင့် ဖြစ်၏။ ထို့ကြောင့် ရွာသားများမှာ သမီးမိန်းကလေး မလိုချင်ကြချေ။

မိန်းကလေးများ လိင်ပြောင်းလဲသည့်ရောဂါကို အဖြေရှာရန် ကမ္ဘာတစ်ဝန်းမှ သုတေသီများက ကြိုးစားခဲ့ကြသော်လည်း အဖြေရှာမရခဲ့။ ဆရာဝန်များ၏ အဆိုအရမူ

မျိုးဗီဇ ဖောက်လွဲဖောက်ပြန် ဖြစ်ခြင်းဖြစ်ပြီး ‘pseudohormaphrodite’ ဟုခေါ်သည်ဟု ဆိုသည်။

လိင်ပြောင်းလဲခြင်း…

အဆိုပါ ကျေးရွာတွင် မိန်းကလေးဘဝမှေ ပြောင်းလဲလာသော ယောက်ျားလေးများကို ဂဲ့ဒိုချီ (Guedoche) ဟု ခေါ်ကြသည်။ (ဘုရင်ခေတ်က နန်းတွင်း အမျိုးသမီးဆောင်များကို ကြီးကြပ်ရသော၊ သင်းကွပ်ထားသော ယောက်ျားကို ရည်ညွှန်းခြင်း ဖြစ်သည်)

အဆိုပါ မိန်းကလေးတို့သည် pseudohermaphrodite ကြောင့် ယောက်ျားလေးဘဝသို့ ဖြေးဖြေးချင်း ပြောင်းလဲသွားကြသည်။ အသံသေး အသံစူး ရှိခဲ့ရာမှ အသံသြလာကြသည်။

သို့သော် သုတေသနပညာရှင်များစွာမှာ ယခုဖြစ်ရပ်မျိုးကို ကာကွယ်နိုင်ရန်အတွက်… အဆိုပါ ရောဂါနှင့် စပ်လျဉ်းပြီး သုတေသနပြုမှုများ များစွာ ပြုလုပ်နေကြဆဲ ဖြစ်သည်။

ခရက်ဒစ်#iMyanmarHouse#လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ပြန်လည် မျှဝေခြင်းဖြစ်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*