ေ႐ႊဆိုင္ေတြက ေျပာတဲ့ အေလ်ာ့တြက္ လက္ခဆိုတာ ( ေ႐ႊခ်ိန္အေၾကာင္း ေသခ်ာ နားမလည္သူမ်ားအတြက္ မွ်ေဝလိုက္ပါတယ္)

ေ႐ႊဆိုင္ေတြက ေျပာတဲ့ အေလ်ာ့တြက္ လက္ခဆိုတာ ( ေ႐ႊခ်ိန္အေၾကာင္း ေသခ်ာ နားမလည္သူမ်ားအတြက္ မွ်ေဝလိုက္ပါတယ္)
ေ႐ႊဆိုင္ေတြက ေျပာတဲ့ အေလ်ာ့တြက္ လက္ခဆိုတာ ( ေ႐ႊခ်ိန္အေၾကာင္း ေသခ်ာ နားမလည္သူမ်ားအတြက္ မွ်ေဝလိုက္ပါတယ္)

ေ႐ႊဆိုင္ေတြက ေျပာတဲ့ အေလ်ာ့တြက္ လက္ခဆိုတာ ( ေ႐ႊခ်ိန္အေၾကာင္း ေသခ်ာ နားမလည္သူမ်ားအတြက္ မွ်ေဝလိုက္ပါတယ္)

ညေနက ေ႐ႊဆိုင္ တစ္ဆိုင္ (အမည္ မေျပာလိုပါ) ခဏဝင္လိုက္တယ္။ ေ႐ႊထည္ ပစၥည္းသေဘာက်လို႔ တြက္ခိုင္းလိုက္တဲ့အခါ အေလ်ာ့တြက္လက္ခ ေပါင္းၿပီးသားအျပင္ သုံးေသာင္းေက်ာ္ေလာက္ ပိုေနတယ္။

ဥပမာဆိုပါေတာ့ဗ်ာ… ေ႐ႊက ရွစ္သိန္းေဈး ပစၥည္းက အေလးခ်ိန္က ငါးေ႐ြးတစ္စိတ္ အေလ်ာ့တြက္ လက္ခက ႏွစ္ေ႐ြးသုံးစိတ္ စုစုေပါင္းရွစ္ေ႐ြး ( တစ္ပဲသားျဖစ္သြားၿပီ)

ဒါဆိုရင္ ရွစ္သိန္းေဈးနဲ႔ တစ္ပဲသား ကို တြက္တဲ့အခါ ၅၀၀၀၀ိ/ ပဲက်တယ္။ ဒါေပမယ့္ အဲဒီဆိုင္က ရွစ္ေသာင္းေက်ာ္ေက်ာ္ ေတာင္းတယ္။ သုံးေသာင္းပိုေနလို႔ ေမးေတာ့ ဘာမွ မေျပာတတ္ဘူး။

ကိုယ္ဝယ္တဲ့ ပစၥည္းအတြက္ က်သင့္ေငြနဲ႔ ေပးရမယ့္ေငြဟာ ဘာေၾကာင့္ကြာတာလဲ ေမးတာ။ ဒါေတြဟာ ဘာေၾကာင့္လဲ ဆိုေတာ့… လူအမ်ားစုဟာ ေ႐ႊကိုပဲ ဝယ္ၾကတယ္။ စနစ္တက် မတြက္တတ္ၾကဘူးဆိုတာရယ္… ေ႐ႊခ်ိန္အေၾကာင္း ေသခ်ာ နားမလည္ဘူးဆိုတာရယ္ေၾကာင့္ပဲ။

ကြၽန္ေတာ္ တြက္တဲ့ နည္းစနစ္ကို ေဝမွ် လိုက္ပါတယ္… ေ႐ႊ တစ္က်ပ္သား = ၁၆ ပဲ… တစ္ပဲသား= ၈ ေ႐ြး… ဒါ့ေၾကာင့္ တစ္က်ပ္သား ၁၂၈ ေ႐ြး ရွိတယ္။

ဒါက ဆိုင္ေတြမွာ ေရးတဲ့ပုံစံပါ… ၁ိ= တစ္က်ပ္သား၊ ၅ ဲ= ငါးပဲ၊ ၇ ဲ= ခုနစ္ပဲ လို႔ေရးတယ္။ ( ေလးပဲကို တစ္မတ္သား ( ရွစ္ပဲကို ငါးမူးသား ) ( ဆယ့္ႏွစ္ပဲကို သုံးမတ္သား) အဲလိုေခၚတယ္။ ၄ ြ= ေလးေ႐ြး… အဲလို ေရးၾကတယ္။

ေ႐ႊဝယ္ေတာ့မယ္ဆိုရင္… ဂဏန္းေပါင္းစက္သာေဆာင္သြား။ ဖုန္းပါရင္ေတာ့ အဆင္ေျပတယ္။ အေထြအထူး မလိုဘူးေပါ့။ လက္ရွိ ေ႐ႊေဈးကို ၁၂၈ နဲ႔ စားလိုက္။ ဒါဆို တစ္ေ႐ြးရဲ႕ တန္ဖိုးရၿပီ။

ကိုယ္ဝယ္မယ့္ ပစၥည္းရဲ႕ အေလးခ်ိန္နဲ႔ ေဘာက္ခ်ာမွာ ပါတဲ့ အေလ်ာ့တြက္လက္ခကို ေပါင္းလိုက္ၿပီး ေ႐ြးဖြဲ႕လိုက္။ ၿပီးရင္ ခုန တစ္ေ႐ြးတန္ဖိုးနဲ႔ေျမႇာက္… အဲဒါ ကိုယ္ေပးရမယ့္ေငြ ပမာဏပဲ။

ဥပမာ ေ႐ႊေဈးက ရွစ္သိန္းေလးေသာင္း ဝယ္မွာက သုံးပဲ ေျခာက္ေ႐ြး အေလးခ်ိန္ ပစၥည္းတစ္ခု ( ၃ဲ ၆ြ ) ကိုယ္ေပးရမယ့္ အေလ်ာ့တြက္က တစ္ပဲ သုံးေ႐ြး ( ၁ဲ ၃ ြ ) ဆိုပါေတာ့…

840 000÷ 128 = 6562.5 က်ပ္ (ေျခာက္ေထာင့္ငါးရာေျခာက္ဆယ့္ႏွစ္က်ပ္ ငါးဆယ္ျပား)
( ဒါဟာ ေ႐ြးတစ္ေ႐ြးရဲ႕ တန္ဖိုး)

၃ ဲ ၆ ွ+ ၁ ဲ ွ= ၅ ဲ (တစ္ပဲမွာ ရွစ္ေ႐ြးပဲရွိတယ္။ အခု ကိုးေ႐ြးျဖစ္ေနလို႔ ငါးပဲ တစ္ေ႐ြး ျဖစ္သြားပါတယ္။ ) အခု ငါးပဲ တစ္ေ႐ြးကို ပဲ ဖြဲ႕ပါ့မယ္။

( ၅ × ၈ ) + ၁ =၄၁ အခု ရလာတဲ့ စုစုေပါင္း ေ႐ြး ၄၁ကို အေပၚမွာ ရထားတဲ့ တစ္ေ႐ြးတန္ဖိုးနဲ႔ေျမႇာက္ပါ။

6562.5 ×41 = 269062.5 ( ႏွစ္သိန္းေျခာက္ေသာင္းကိုးေထာင္ေျခာက္ဆယ့္ႏွစ္က်ပ္ ငါးဆယ္ျပား)
ဒါဟာ ေဘာက္ခ်ာရဲ႕ေအာက္ဆုံးက မိမိေပးေခ်ရမယ့္ ေငြ ပမာဏပါ။

(ႏွစ္သိန္းခုနစ္ေသာင္းဆိုလဲ ကိုယ္က ဒီဟာေလးမွ သေဘာက်တယ္ဆိုလဲ မျငင္းနဲ႔ေတာ့ေပါ့ ဗ်ာ… )

အကယ္၍ ပိုေနလွ်င္ မည္သည္ေၾကာင့္လဲ ဆိုတာကေတာ့ (ေအာ္ ေျပာရဦးမယ္… ဆိုင္က ငါ့ကို ျပန္ေပးလိုက္တာ ဘယ္လို အက်ႌေလး.. ဘယ္ ပါတိတ္ေလး ေပးလိုက္တာ ဝမ္းသာမေနနဲ႔။ အဲဒါေတြအားလုံးအတြက္ အေလ်ာ့တြက္လက္ခဆိုတာမွာ ပါၿပီးသား)

မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။ ျပန္လည္ မွ်ေ၀ျခင္း ျဖစ္ပါသည္။

Unicode

ရွှေဆိုင်တွေက ပြောတဲ့ အလျော့တွက် လက်ခဆိုတာ ( ရွှေချိန်အကြောင်း သေချာ နားမလည်သူများအတွက် မျှဝေလိုက်ပါတယ်)

ညနေက ရွှေဆိုင် တစ်ဆိုင် (အမည် မပြောလိုပါ) ခဏဝင်လိုက်တယ်။ ရွှေထည် ပစ္စည်းသဘောကျလို့ တွက်ခိုင်းလိုက်တဲ့အခါ အလျော့တွက်လက်ခ ပေါင်းပြီးသားအပြင် သုံးသောင်းကျော်လောက် ပိုနေတယ်။

ဥပမာဆိုပါတော့ဗျာ… ရွှေက ရှစ်သိန်းဈေး ပစ္စည်းက အလေးချိန်က ငါးရွေးတစ်စိတ် အလျော့တွက် လက်ခက နှစ်ရွေးသုံးစိတ် စုစုပေါင်းရှစ်ရွေး ( တစ်ပဲသားဖြစ်သွားပြီ)

ဒါဆိုရင် ရှစ်သိန်းဈေးနဲ့ တစ်ပဲသား ကို တွက်တဲ့အခါ ၅၀၀၀၀ိ/ ပဲကျတယ်။ ဒါပေမယ့် အဲဒီဆိုင်က ရှစ်သောင်းကျော်ကျော် တောင်းတယ်။ သုံးသောင်းပိုနေလို့ မေးတော့ ဘာမှ မပြောတတ်ဘူး။

ကိုယ်ဝယ်တဲ့ ပစ္စည်းအတွက် ကျသင့်ငွေနဲ့ ပေးရမယ့်ငွေဟာ ဘာကြောင့်ကွာတာလဲ မေးတာ။ ဒါတွေဟာ ဘာကြောင့်လဲ ဆိုတော့… လူအများစုဟာ ရွှေကိုပဲ ဝယ်ကြတယ်။ စနစ်တကျ မတွက်တတ်ကြဘူးဆိုတာရယ်… ရွှေချိန်အကြောင်း သေချာ နားမလည်ဘူးဆိုတာရယ်ကြောင့်ပဲ။

ကျွန်တော် တွက်တဲ့ နည်းစနစ်ကို ဝေမျှ လိုက်ပါတယ်… ရွှေ တစ်ကျပ်သား = ၁၆ ပဲ… တစ်ပဲသား= ၈ ရွေး… ဒါ့ကြောင့် တစ်ကျပ်သား ၁၂၈ ရွေး ရှိတယ်။

ဒါက ဆိုင်တွေမှာ ရေးတဲ့ပုံစံပါ… ၁ိ= တစ်ကျပ်သား၊ ၅ ဲ= ငါးပဲ၊ ၇ ဲ= ခုနစ်ပဲ လို့ရေးတယ်။ ( လေးပဲကို တစ်မတ်သား ( ရှစ်ပဲကို ငါးမူးသား ) ( ဆယ့်နှစ်ပဲကို သုံးမတ်သား) အဲလိုခေါ်တယ်။ ၄ ွ= လေးရွေး… အဲလို ရေးကြတယ်။

ရွှေဝယ်တော့မယ်ဆိုရင်… ဂဏန်းပေါင်းစက်သာဆောင်သွား။ ဖုန်းပါရင်တော့ အဆင်ပြေတယ်။ အထွေအထူး မလိုဘူးပေါ့။ လက်ရှိ ရွှေဈေးကို ၁၂၈ နဲ့ စားလိုက်။ ဒါဆို တစ်ရွေးရဲ့ တန်ဖိုးရပြီ။

ကိုယ်ဝယ်မယ့် ပစ္စည်းရဲ့ အလေးချိန်နဲ့ ဘောက်ချာမှာ ပါတဲ့ အလျော့တွက်လက်ခကို ပေါင်းလိုက်ပြီး ရွေးဖွဲ့လိုက်။ ပြီးရင် ခုန တစ်ရွေးတန်ဖိုးနဲ့မြှောက်… အဲဒါ ကိုယ်ပေးရမယ့်ငွေ ပမာဏပဲ။

ဥပမာ ရွှေဈေးက ရှစ်သိန်းလေးသောင်း ဝယ်မှာက သုံးပဲ ခြောက်ရွေး အလေးချိန် ပစ္စည်းတစ်ခု ( ၃ဲ ၆ွ ) ကိုယ်ပေးရမယ့် အလျော့တွက်က တစ်ပဲ သုံးရွေး ( ၁ဲ ၃ ွ ) ဆိုပါတော့…

840 000÷ 128 = 6562.5 ကျပ် (ခြောက်ထောင့်ငါးရာခြောက်ဆယ့်နှစ်ကျပ် ငါးဆယ်ပြား)
( ဒါဟာ ရွေးတစ်ရွေးရဲ့ တန်ဖိုး)

၃ ဲ ၆ ှ+ ၁ ဲ ှ= ၅ ဲ (တစ်ပဲမှာ ရှစ်ရွေးပဲရှိတယ်။ အခု ကိုးရွေးဖြစ်နေလို့ ငါးပဲ တစ်ရွေး ဖြစ်သွားပါတယ်။ ) အခု ငါးပဲ တစ်ရွေးကို ပဲ ဖွဲ့ပါ့မယ်။

( ၅ × ၈ ) + ၁ =၄၁ အခု ရလာတဲ့ စုစုပေါင်း ရွေး ၄၁ကို အပေါ်မှာ ရထားတဲ့ တစ်ရွေးတန်ဖိုးနဲ့မြှောက်ပါ။

6562.5 ×41 = 269062.5 ( နှစ်သိန်းခြောက်သောင်းကိုးထောင်ခြောက်ဆယ့်နှစ်ကျပ် ငါးဆယ်ပြား)
ဒါဟာ ဘောက်ချာရဲ့အောက်ဆုံးက မိမိပေးချေရမယ့် ငွေ ပမာဏပါ။

(နှစ်သိန်းခုနစ်သောင်းဆိုလဲ ကိုယ်က ဒီဟာလေးမှ သဘောကျတယ်ဆိုလဲ မငြင်းနဲ့တော့ပေါ့ ဗျာ… )

အကယ်၍ ပိုနေလျှင် မည်သည်ကြောင့်လဲ ဆိုတာကတော့ (အော် ပြောရဦးမယ်… ဆိုင်က ငါ့ကို ပြန်ပေးလိုက်တာ ဘယ်လို အင်္ကျီလေး.. ဘယ် ပါတိတ်လေး ပေးလိုက်တာ ဝမ်းသာမနေနဲ့။ အဲဒါတွေအားလုံးအတွက် အလျော့တွက်လက်ခဆိုတာမှာ ပါပြီးသား)

မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*