ပိႏၷဲပင္… အသီး မသီးသူမ်ားအတြက္… အသီးသီးေအာင္ျပဳလုပ္နည္း

ပိႏၷဲပင္... အသီး မသီးသူမ်ားအတြက္... အသီးသီးေအာင္ျပဳလုပ္နည္း
ပိႏၷဲပင္... အသီး မသီးသူမ်ားအတြက္... အသီးသီးေအာင္ျပဳလုပ္နည္း

ပိႏၷဲပင္… အသီး မသီးသူမ်ားအတြက္… အသီးသီးေအာင္ျပဳလုပ္နည္း

ဒီတစ္ပတ္ ၿခံစိုက္ ေတာင္သူ လယ္သမားႀကီးေတြကို ေဆြးေႏြးတင္ျပလိုတဲ့ အခ်က္ကေတာ့ ပိန္နဲပင် အသီးသီးေအာင္ ဘယ္လိုလုပ္ရမလဲဆိုတဲ့ နည္းပညာေလးပဲ ျဖစ္ပါတယ္။ အရင္တစ္ေလာက ပဲခူးတိုင္းေဒသႀကီး၊ ေညာင္ေလးပင္ၿမိဳ႕နယ္က ၿခံစိုက္ပ်ိဳးတဲ့ ေတာင္သူတစ္ဦးက

စာေရးသူဆီ ဖုန္းဆက္ပါတယ္။ သူဖုန္းဆက္တာကေတာ့… သူ႔မွာ မခ်စ္စုနဲ႔ ရင္ကြဲသရက္ၿခံ ေလးဧကရွိပါတယ္။ အဲဒီသရက္ၿခံရဲ႕ ၿခံစည္း႐ိုးေတြမွာ ဗမာပိန္နဲ အိမ္မာမ်ိဳး မ်ိဳးေကာင္းတာနဲ႔ အပင္ ၅၀ ေလာက္ စိုက္ပ်ိဳးထားပါတယ္။

အပင္သက္တမ္း ၁၅ ႏွစ္ေက်ာ္လာေပမယ့္ ပိန္နဲသီး အသီးေကာင္းေကာင္း မသီးလို႔ ဆရာ့ဆီ ဖုန္းဆက္အႀကံဉာဏ္ ေတာင္းခံတာပါလို႔ ေျပာပါတယ္။ ပိန္နဲပင်ဟာ ႏွစ္ရွည္သီးပင္ ျဖစ္ပါတယ္။ ကိုင္းဆက္ပ်ိဳးပင္နဲ႔ စိုက္ပ်ိဳးရင္ေတာ့ သုံးႏွစ္သားဆိုရင္ အသီးစသီးပါတယ္။

စီးပြားျဖစ္ေတာ့ မရႏိုင္ေသးပါဘူး။ အေစ့ စိုက္ပ်ိဳးပင္နဲ႔ စိုက္ပ်ိဳးရင္ေတာ့ ၁၀ ႏွစ္ဆိုရင္ အသီးစသီးပါတယ္။ မ်ားမ်ားေတာ့ မသီးႏိုင္ေသးပါဘူး။ ပိန္နဲသီးဟာလည်း သရက္လို ရာသီစာျဖစ္တဲ့အတြက္ျမန္မာေတြရဲ႕ ခံတြင္းမွာ ခုံခုံမင္မင္ စြဲမက္စြာစားသုံးတဲ့ အသီးတစ္မ်ိဳးပါပဲ။

အနံ႔ေမႊးၿပီး အရသာခ်ိဳေလးေလး၊ အသားလည္း ႏူးညံ့ေတာ့ လူႀကိဳက္မ်ားတဲ့ သစ္သီးတစ္မ်ိဳးပါပဲ။ ရာသီေပၚမွာ ပိန္နဲသီး ခပ္လတ္လတ္ တစ္လုံးဆိုရင္ က်ပ္ ၃၀၀၀-၅၀၀၀ ထိ ေဈးေပါက္တာေတြ႕ရပါတယ္။ ပိန္နဲပင္ကို မိမိအိမ္ၿခံ၊ ဒါမွမဟုတ္ လယ္ကြင္း၊ ၿခံတဲကုန္း စတဲ့ေျမကြက္လပ္မွာ

စိုက္ပ်ိဳးထားမယ္ဆိုရင္ တစ္ဖက္တစ္လမ္းက အပိုဝင္ေငြရႏိုင္တဲ့အပင္ျဖစ္ပါတယ္။ ဒါေပမယ့္ စိုက်တဲ့ပိန္နဲပင်က အသီးသီးဖို႔ အေရးႀကီးပါတယ္။ အသီးမသီးရင္ေတာ့ အခ်ိန္ကုန္ လူပန္းျဖစ္ေနမွာ သေျခာပါတယ္။

ပိန္နဲပင္ဟာ အကိုင္း၊ အခက္ေတြက အသီးသီးတဲ့ အပင္မ်ိဳးမဟုတ္ပါ။ ပင္မပင္စည္မွ ဖူးတံထြက္ၿပီး အသီးသီးတဲ့ အပင္မ်ိဳး ျဖစ္ပါတယ္။ ဒါေၾကာင့္ ပင္မပင္စည္ကေန အပြင့္ဖူးထြက္ေအာင္ ဖန္တီးေပးဖို႔ လိုပါတယ္။ တခ်ိဳ႕ကေတာ့ ပိန္နဲပင်မပင်စည် အေျခမွ ငါးေပ၊ ေျခာက္ေပေလာက္မွာ

ပင္စည္ကို ပတ္ၿပီး ဓားနဲ႔ထစ္ကာ ပိန္နဲပွင့်ဖူးထွက်ေအာင်လုပ်တဲ့ နည္းပညာကို အသုံးျပဳၾကပါတယ္။ ဒီနည္းပညာဟာလည္း ႏွစ္စဥ္ ဓားနဲ႔ထစ္ပါမ်ားလာေတာ့ အပင္နာၿပီး ေသလြယ္တယ္လို႔ သိရပါတယ္။ေနာက္ အခုေခတ္ေပၚ ေနာက္တစ္နည္းကေတာ့ ပိန္နဲပင်စည်အပင်ခြေမွ ငါးေပ၊ေျခာက္ေပအျမင့္ေပေလာက္မွာ

ပင္စည္ပတ္ပတ္လည္ သစ္သားသပ္႐ိုက္သြင္းတဲ့ နည္းစနစ္ပါပဲ။ ဒီနည္းဟာ ထိုင္းႏိုင္ငံမွာလည္း အသုံးျပဳတာေတြ႕ရပါတယ္။ ပိန္နဲပင် သက္တမ္းဟာအနည္းဆုံး ၁၀ ႏွစ္ရွိပါတယ္။ ပင္စည္လုံးပတ္ အခ်င္း ရွစ္လက္မ၊ ၁၀ လက္မေက်ာ္ခန႔္ရွိဖို႔ လိုပါတယ္။

သပ္႐ိုက္တဲ့ရာသီကေတာ့ မိုးဦးက်၊ မိုးစ႐ြာတဲ့ ေမလ၊ ဇြန္လမွာ ပိန္နဲပင်ကို သပ္႐ိုက္သြင္းရပါမယ္။
ပိန္နဲပင်ကို သပ္႐ိုက္မသြင္းမီ အပင္ကို ႏြားေခ်း၊ ေျမေဆြးနဲ႔ ၁၅း၁၅း၁၅ အခ်ိဳး ယူရီးယား၊ တီစူပါ၊ ပိုတက္ရွ္ ဓာတ္ေျမၾသဇာေတြကို

တစ္ပင္ ႏို႔ဆီဘူးတစ္ဘူးႏႈန္းေရာၿပီး ႏွစ္ပတ္ႀကိဳတင္အစာေကြၽးထားဖို႔ လိုပါတယ္။ ႐ိုက္သြင္းမယ့္သပ္ကို အသားမာတဲ့ (မေဆြးသြားႏိုင္တဲ့) ပ်ဥ္းကတိုးသစ္လို သစ္မာကို အသုံးျပဳရမွာ ျဖစ္ပါတယ္။

သပ္အ႐ြယ္အစားကေတာ့ အရွည္သုံးလက္မခန႔္၊ အလုံးဝါးတူခန႔္ (ထမင္း၊ ဟင္း စားတဲ့တူ) ျပဳလုပ္ၿပီး ထိပ္တစ္ဖက္ကို ခြၽန္ေပးရပါမယ္။ ၎ခြၽန္ထားတဲ့ သပ္ေခ်ာင္းေလးမ်ားကို ပိန္နဲပင်အခြေမွ ငါးေပ၊ ေျခာက္ေပခန႔္အျမင့္မွာ သပ္တစ္ေခ်ာင္းနဲ႔တစ္ေခ်ာင္း ရွစ္လက္မ၊ ၁၀လက္မခန႔္ခြာၿပီး က်ပန္း႐ိုက္သြင္းရပါမယ္။

ပိန္နဲတဈပင်ကို အနည္းဆုံး ေျခာက္ေခ်ာင္း၊ ရွစ္ေခ်ာင္းထိ ႐ိုက္သြင္းႏိုင္ပါတယ္။ သပ္ကို ႐ိုက္သြင္းတဲ့အခါမွာ သပ္ရဲ႕အရွည္အားလုံး ပင္စည္ထဲထိ ျမဳပ္သြားေအာင္ ႐ိုက္သြင္းဖို႔လိုပါတယ္။ ႐ိုက္တဲ့ကိရိယာ (တူ သို႔လက္႐ိုက္တုတ္) နဲ႔ ပင္စည္ထိၿပီး အေခါက္ဒဏ္ရာမျဖစ္ေအာင္ ဂ႐ုစိုက္႐ိုက္သြင္းဖို႔ လိုပါတယ္။

ပင္စည္အေခါက္ ဒဏ္ရာရရင္အဲဒီေနရာကေနေရဝင္ၿပီး အေခါက္ပုပ္သြားႏိုင္ပါတယ္။ ဒီပိန္နဲပင်စည်ကို သပ္႐ိုက္ထားၿပီး ႏွစ္ပတ္ၾကာလာရင္ သပ္႐ိုက္ထားတဲ့ဝန္းက်င္ပင္စည္ကေန အဖူး၊ အစို႔မ်ား ထြက္လာၿပီး အပြင့္ပြင့္၊ အသီးသီးမွာ ျဖစ္ပါတယ္။

ကဲ . . . စမ္းၾကည့္လိုက္ေပါ့ဗ်ာ။ေအာင္ဆန္း(စိုက္ပ်ိဳးေရး)၊ ျမန္မာေတာင္သူႀကီးမ်ား ဂ်ာနယ္။

မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။ ျပန္လည္ မွ်ေ၀ျခင္း ျဖစ္ပါသည္။

Unicode

ပိန္နဲပင်… အသီး မသီးသူများအတွက်… အသီးသီးအောင်ပြုလုပ်နည်း

ဒီတစ်ပတ် ခြံစိုက် တောင်သူ လယ်သမားကြီးတွေကို ဆွေးနွေးတင်ပြလိုတဲ့ အချက်ကတော့ ပိန်နဲပငျ အသီးသီးအောင် ဘယ်လိုလုပ်ရမလဲဆိုတဲ့ နည်းပညာလေးပဲ ဖြစ်ပါတယ်။ အရင်တစ်လောက ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်က ခြံစိုက်ပျိုးတဲ့ တောင်သူတစ်ဦးက

စာရေးသူဆီ ဖုန်းဆက်ပါတယ်။ သူဖုန်းဆက်တာကတော့… သူ့မှာ မချစ်စုနဲ့ ရင်ကွဲသရက်ခြံ လေးဧကရှိပါတယ်။ အဲဒီသရက်ခြံရဲ့ ခြံစည်းရိုးတွေမှာ ဗမာပိန်နဲ အိမ်မာမျိုး မျိုးကောင်းတာနဲ့ အပင် ၅၀ လောက် စိုက်ပျိုးထားပါတယ်။

အပင်သက်တမ်း ၁၅ နှစ်ကျော်လာပေမယ့် ပိန်နဲသီး အသီးကောင်းကောင်း မသီးလို့ ဆရာ့ဆီ ဖုန်းဆက်အကြံဉာဏ် တောင်းခံတာပါလို့ ပြောပါတယ်။ ပိန်နဲပငျဟာ နှစ်ရှည်သီးပင် ဖြစ်ပါတယ်။ ကိုင်းဆက်ပျိုးပင်နဲ့ စိုက်ပျိုးရင်တော့ သုံးနှစ်သားဆိုရင် အသီးစသီးပါတယ်။

စီးပွားဖြစ်တော့ မရနိုင်သေးပါဘူး။ အစေ့ စိုက်ပျိုးပင်နဲ့ စိုက်ပျိုးရင်တော့ ၁၀ နှစ်ဆိုရင် အသီးစသီးပါတယ်။ များများတော့ မသီးနိုင်သေးပါဘူး။ ပိန်နဲသီးဟာလညျး သရက်လို ရာသီစာဖြစ်တဲ့အတွက်မြန်မာတွေရဲ့ ခံတွင်းမှာ ခုံခုံမင်မင် စွဲမက်စွာစားသုံးတဲ့ အသီးတစ်မျိုးပါပဲ။

အနံ့မွှေးပြီး အရသာချိုလေးလေး၊ အသားလည်း နူးညံ့တော့ လူကြိုက်များတဲ့ သစ်သီးတစ်မျိုးပါပဲ။ ရာသီပေါ်မှာ ပိန်နဲသီး ခပ်လတ်လတ် တစ်လုံးဆိုရင် ကျပ် ၃၀၀၀-၅၀၀၀ ထိ ဈေးပေါက်တာတွေ့ရပါတယ်။ ပိန်နဲပင်ကို မိမိအိမ်ခြံ၊ ဒါမှမဟုတ် လယ်ကွင်း၊ ခြံတဲကုန်း စတဲ့မြေကွက်လပ်မှာ

စိုက်ပျိုးထားမယ်ဆိုရင် တစ်ဖက်တစ်လမ်းက အပိုဝင်ငွေရနိုင်တဲ့အပင်ဖြစ်ပါတယ်။ ဒါပေမယ့် စိုကျတဲ့ပိန်နဲပငျက အသီးသီးဖို့ အရေးကြီးပါတယ်။ အသီးမသီးရင်တော့ အချိန်ကုန် လူပန်းဖြစ်နေမှာ သခြောပါတယ်။

ပိန်နဲပင်ဟာ အကိုင်း၊ အခက်တွေက အသီးသီးတဲ့ အပင်မျိုးမဟုတ်ပါ။ ပင်မပင်စည်မှ ဖူးတံထွက်ပြီး အသီးသီးတဲ့ အပင်မျိုး ဖြစ်ပါတယ်။ ဒါကြောင့် ပင်မပင်စည်ကနေ အပွင့်ဖူးထွက်အောင် ဖန်တီးပေးဖို့ လိုပါတယ်။ တချို့ကတော့ ပိန်နဲပငျမပငျစညျ အခြေမှ ငါးပေ၊ ခြောက်ပေလောက်မှာ

ပင်စည်ကို ပတ်ပြီး ဓားနဲ့ထစ်ကာ ပိန်နဲပှင့ျဖူးထှကျအောငျလုပျတဲ့ နည်းပညာကို အသုံးပြုကြပါတယ်။ ဒီနည်းပညာဟာလည်း နှစ်စဉ် ဓားနဲ့ထစ်ပါများလာတော့ အပင်နာပြီး သေလွယ်တယ်လို့ သိရပါတယ်။နောက် အခုခေတ်ပေါ် နောက်တစ်နည်းကတော့ ပိန်နဲပငျစညျအပငျခွမှေ ငါးပေ၊ခြောက်ပေအမြင့်ပေလောက်မှာ

ပင်စည်ပတ်ပတ်လည် သစ်သားသပ်ရိုက်သွင်းတဲ့ နည်းစနစ်ပါပဲ။ ဒီနည်းဟာ ထိုင်းနိုင်ငံမှာလည်း အသုံးပြုတာတွေ့ရပါတယ်။ ပိန်နဲပငျ သက်တမ်းဟာအနည်းဆုံး ၁၀ နှစ်ရှိပါတယ်။ ပင်စည်လုံးပတ် အချင်း ရှစ်လက်မ၊ ၁၀ လက်မကျော်ခန့်ရှိဖို့ လိုပါတယ်။

သပ်ရိုက်တဲ့ရာသီကတော့ မိုးဦးကျ၊ မိုးစရွာတဲ့ မေလ၊ ဇွန်လမှာ ပိန်နဲပငျကို သပ်ရိုက်သွင်းရပါမယ်။
ပိန်နဲပငျကို သပ်ရိုက်မသွင်းမီ အပင်ကို နွားချေး၊ မြေဆွေးနဲ့ ၁၅း၁၅း၁၅ အချိုး ယူရီးယား၊ တီစူပါ၊ ပိုတက်ရှ် ဓာတ်မြေသြဇာတွေကို

တစ်ပင် နို့ဆီဘူးတစ်ဘူးနှုန်းရောပြီး နှစ်ပတ်ကြိုတင်အစာကျွေးထားဖို့ လိုပါတယ်။ ရိုက်သွင်းမယ့်သပ်ကို အသားမာတဲ့ (မဆွေးသွားနိုင်တဲ့) ပျဉ်းကတိုးသစ်လို သစ်မာကို အသုံးပြုရမှာ ဖြစ်ပါတယ်။

သပ်အရွယ်အစားကတော့ အရှည်သုံးလက်မခန့်၊ အလုံးဝါးတူခန့် (ထမင်း၊ ဟင်း စားတဲ့တူ) ပြုလုပ်ပြီး ထိပ်တစ်ဖက်ကို ချွန်ပေးရပါမယ်။ ၎င်းချွန်ထားတဲ့ သပ်ချောင်းလေးများကို ပိန်နဲပငျအခွမှေ ငါးပေ၊ ခြောက်ပေခန့်အမြင့်မှာ သပ်တစ်ချောင်းနဲ့တစ်ချောင်း ရှစ်လက်မ၊ ၁၀လက်မခန့်ခွာပြီး ကျပန်းရိုက်သွင်းရပါမယ်။

ပိန်နဲတဈပငျကို အနည်းဆုံး ခြောက်ချောင်း၊ ရှစ်ချောင်းထိ ရိုက်သွင်းနိုင်ပါတယ်။ သပ်ကို ရိုက်သွင်းတဲ့အခါမှာ သပ်ရဲ့အရှည်အားလုံး ပင်စည်ထဲထိ မြုပ်သွားအောင် ရိုက်သွင်းဖို့လိုပါတယ်။ ရိုက်တဲ့ကိရိယာ (တူ သို့လက်ရိုက်တုတ်) နဲ့ ပင်စည်ထိပြီး အခေါက်ဒဏ်ရာမဖြစ်အောင် ဂရုစိုက်ရိုက်သွင်းဖို့ လိုပါတယ်။

ပင်စည်အခေါက် ဒဏ်ရာရရင်အဲဒီနေရာကနေရေဝင်ပြီး အခေါက်ပုပ်သွားနိုင်ပါတယ်။ ဒီပိန်နဲပငျစညျကို သပ်ရိုက်ထားပြီး နှစ်ပတ်ကြာလာရင် သပ်ရိုက်ထားတဲ့ဝန်းကျင်ပင်စည်ကနေ အဖူး၊ အစို့များ ထွက်လာပြီး အပွင့်ပွင့်၊ အသီးသီးမှာ ဖြစ်ပါတယ်။

ကဲ . . . စမ်းကြည့်လိုက်ပေါ့ဗျာ။အောင်ဆန်း(စိုက်ပျိုးရေး)၊ မြန်မာတောင်သူကြီးများ ဂျာနယ်။

မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*