ပ်ားရည္ အေၾကာင္းသိေကာင္းစရာမ်ားႏွင့္ ေသာက္ရန္ သင့္သူ/ မသင့္သူမ်ား

ပ်ားရည္ အေၾကာင္းသိေကာင္းစရာမ်ားႏွင့္ ေသာက္ရန္ သင့္သူ/ မသင့္သူမ်ား
ပ်ားရည္ အေၾကာင္းသိေကာင္းစရာမ်ားႏွင့္ ေသာက္ရန္ သင့္သူ/ မသင့္သူမ်ား

ပ်ားရည္ အေၾကာင္းသိေကာင္းစရာမ်ားႏွင့္ ေသာက္ရန္ သင့္သူ/ မသင့္သူမ်ား

သမိုင္းရာဇ၀င္ကို ေလ့လာၾကည့္ေသာအခါ… ေရွးႏွစ္ ၁၀၀၀၀ ခန္႔က စပိန္နိုင္ငံ ေရွးေဟာင္းေက်ာက္ဂူတစ္ခု၏ နံရံေပၚ တြင္ ေက်ာက္ေခတ္လူသားတစ္ဦးသည္ ပ်ားအုံမွ ပ်ားရည္ကို အာသာငမ္းငမ္း စုပ္ယူစားေသာက္ေနပုံ ေရးဆြဲေဖာ္ျပထားသည္ ကို

သုေတသီမ်ားေတြ႕ရွိခဲ့ၾကသည္။ ၄င္းကိုအေၾကာင္းျပဳ၍ လူသားတို႔သည္ ပ်ားရည္ကို လြန္ခဲ့ေသာ ေရွးႏွစ္ ၁၀,၀၀၀ မတိုင္မီ ကတည္းကစ၍ စားသုံးလာၾကၿပီးျဖစ္ေၾကာင္း ေလ့လာမွတ္သားရပါသည္။

ျမန္မာ့ပ်ားရည္

ျမန္မာနိုင္ငံတြင္ ၾသဂဲနစ္ပ်ားရည္စစ္စစ္ထြက္ရွိၿပီး နိုင္ငံတကာတြင္ ေရာင္းပန္းလွေသာေၾကာင့္ အီးယူနိုင္ငံမ်ားကပါ စိတ္ ၀င္စားလာၾကၿပီး ျမန္မာ့ပ်ားရည္ကို လိုခ်င္သည့္အတြက္ ေကာင္းမြန္ေသာ

ပ်ားေမြးျမဴေရးသင္တန္း၊ ေကာင္းမြန္ေသာ ပ်ားရည္ ထုတ္လုပ္မႈသင္တန္းမ်ားကို အီးယူမွ ပညာရွင္မ်ားကိုယ္တိုင္ လာေရာက္သင္တန္းေပးမႈမ်ား ရွိေနသည္။

ထို႔ျပင္ ဥေရာပေစ်း ကြက္မွ ၎တို႔နည္းပညာျဖင့္ ထုတ္လုပ္ေသာ ပ်ားရည္ကို အျခားသူမ်ားထက္ ေစ်းႏွစ္ဆေပးကာ ၀ယ္ယူေၾကာင္း မေကြးတိုင္း ေဒသႀကီး ပ်ားလုပ္ငန္း ဦးစီးဌာနမွသိရသည္။

နိုင္ငံျခားသို႔ ပ်ားရည္ပို႔ေနေသာ ကုမၸဏီမ်ားမွာ ပ်ားရည္သန္႔စင္ စက္႐ုံမ်ားတြင္ သန္႔စင္ၿပီး နိုင္ငံျခားသို႔ တင္ပို႔ၾကသည္။ ယခင္ပ်ားရည္ ေစ်းေကာင္းေသာ အခ်ိန္မ်ားက ပ်ားရည္ တစ္ပိႆာလၽွင္

က်ပ္ ၃,၅၀၀ ထိ ေစ်းရွိခဲ့ၿပီး၊ ယခု COVID-19 ကာလတြင္ ပ်ားရည္ တစ္ပိႆာလၽွင္ က်ပ္ ၂,၀၀၀ ေစ်းသာရွိေၾကာင္း သိရသည္။

ေဆးဖက္၀င္ ပ်ားရည္

ကမၻာေျမေပၚတြင္ က်န္းမာေရး ႏွင့္ အညီညြတ္ဆုံး အစားအစာမ်ားထဲမွာ “ပ်ားရည္” သည္လည္း တစ္ခုအပါအ၀င္ ျဖစ္ ေၾကာင္းကို လူတိုင္းသိထားၾကၿပီးျဖစ္သည္။ သို႔ေသာ္ အရြယ္ေရာက္ၿပီးသူ လူတစ္ေယာက္အတြက္ ပ်ားရည္ကို တစ္ေန႔လၽွင္ လက္ဖက္ရည္ဇြန္း ႏွစ္ဇြန္းထက္ပို၍

မေသာက္သင့္ေပ။ နံက္ေစာေစာ အိပ္ယာထခ်ိန္ျဖစ္ေသာ ၀မ္းဗိုက္ထဲမွာ ဘာအစာမၽွမရွိ သည့္အခ်ိန္သည္ ပ်ားရည္ေသာက္ရန္ အသင့္ေတာ္ဆုံးအခ်ိန္ျဖစ္သည္ (သို႔မဟုတ္) အစာႏွင့္ေဝးခ်ိန္ျဖစ္ေသာ ညေနခင္းပိုင္း (ညစာမစားခင္ ႏွစ္နာရီခန္႔အလို)မွာလည္း ေသာက္ေပးနိုင္ပါသည္။

ပ်ားအုံဖြပ္ၿပီး တစ္ႏွစ္အတြင္းရွိေသာပ်ားရည္ကို “ပ်ားရည္အသစ္” ဟု ေခၚၿပီး၊ ထိုပ်ားရည္က လူကိုျဝဖိုးေစ၍ အသံ ၾကည္လင္ ေကာင္းမြန္ေစသည္။ ပ်ားအုံဖြပ္ၿပီး တစ္ႏွစ္ေက်ာ္ၾကာေသာ ပ်ားရည္ကို “ပ်ားရည္အေဟာင္း” ဟုေခၚၿပီး

ထိုပ်ားရည္ က လူကိုအဆီက် အသားက်စ္လစ္ ပိန္ေစသည္။ ပ်ားရည္အေဟာင္းက ေသြးတိုး၊ ေလငန္းသမားမ်ားအတြက္ ေဆးေကာင္း တစ္လက္ျဖစ္သည္။ သို႔ေသာ္ မ်ားမ်ားစားပါက ၀မ္းခ်ဳပ္ေစတတ္သည္။

ပ်ားရည္ ႏွင့္ ေရးေႏြးျဖဴအစြမ္း

ပ်ားရည္ကို ေရေႏြးျဖင့္ ေသာက္ျခင္းက အစြမ္းထက္ျမက္ေသာ မွိုသတ္ေဆးရည္၊ ပိုးသတ္ေဆးရည္၊ ဘက္တီးရီးယား သတ္ေဆးရည္အျဖစ္ စြမ္းေဆာင္နိုင္ျခင္း၊ ညဘက္ ယမကာ အလြန္အကၽြံ ေသာက္သုံးခဲ့သူမ်ား

နံနက္အိပ္ယာထ ပ်ားရည္ႏွင့္ ေရေႏြးပူေဖ်ာ္ရည္ကို ေသာက္သုံးေပးျခင္းျဖင့္ ေခါင္းမၾကည္၊ ေခါင္းကိုက္၊ ဗိုက္ေအာင့္ ေဝဒနာမ်ား မခံစား ရနိုင္ပါ။ ပ်ားရည္က ေက်ာက္ကပ္ထဲရွိ အရည္မ်ားကို စုပ္ယူပစ္၍ ညဘက္မၾကာခဏ

ဆီးထသြားျခင္းကို ထိန္းခ်ဳပ္ေပး နိုင္စြမ္းရွိပါသည္။ ထို႔ေၾကာင့္ ညဘက္ ဆီးခဏခဏသြားသူမ်ား ထိုေဆးေဖ်ာ္ရည္ကို ညေနခင္းပိုင္းမွာ ေသာက္ေပးျခင္း ျဖင့္ ေက်ာက္ကပ္ကို သိသိသာသာေကာင္းက်ိဳးျပဳသည္။

ဤေဆးေဖ်ာ္ရည္ေသာက္စမွာ ၀မ္းဗိုက္ ေဖာင္းလာေကာင္း ေဖာင္းလာနိုင္ပါသည္။ သို႔ေသာ္ မစိုးရိမ္ပါႏွင့္။ ဆက္လက္ေသာက္ေပါ။ ဤေဆးရည္က မစင္အိမ္ကို ေဖာင္းႂကြေစျခင္း အားျဖင့္ ေပ်ာ့ႏူးေစၿပီး

ေနာက္ဆုံးမွာ ၀မ္း ႏွင့္ ေလအျဖစ္ ဆင္းသက္ကာ ေပါ့ပါးလန္းဆန္းေစသည္။ ေလလုံး၊ ေလျဖင္း ရွိသူမ်ားအတြက္ကိုလည္း လြန္စြာေဆးဖက္၀င္ပါသည္။

ပ်ားရည္ႏွင့္ သံပုရာရည္ အစြမ္း

ေရေႏြးျဖဴ တစ္ခြက္ထဲသို႔ပ်ားရည္ ႏွင့္ သံပုရာရည္တို႔အား လက္ဖက္ရည္ဇြန္း တစ္ဇြန္းက်စီေရာ၍ နံက္အိပ္ယာထ ဗိုက္ ထဲတြင္ မည္သည့္အစာမၽွ မရွိခင္ ေသာက္ေပးရပါသည္။ အခ်ိန္ၾကာၾကာ အေအးခံမထားသင့္ဘဲ ခ်က္ခ်င္း ေသာက္ေပး သင့္သည္။ ၄င္းေဆးပ်ားရည္ကို ေသာက္သုံးျခင္းျဖင့္

တစ္ေန႔တာလုံး အစာေက်ညက္ေစျခင္း၊ အဆုပ္ထဲရွိ အရိအရြဲကို သန္႔စင္ေပးျခင္း၊ ကိုယ္ခံစြမ္းအားကို တိုးတက္ျမင့္မားလာၿပီး ေခ်ာင္းဆိုး၊ ရင္က်ပ္နာ၊ အသက္ရႈေလႁပြန္ပြေရာဂါ၊ အေအး မိေရာဂါတို႔မွ ကာကြယ္နိုင္ျခင္း၊ အစာေခ်လမ္းေၾကာင္းတေလ်ာက္ ေသြးထြက္ျခင္းမွ ကာကြယ္ေပး႐ုံသာမက

ထိုလမ္း ေၾကာင္းေပၚရွိ ကပ္ပါးပိုးမ်ားကိုလည္း သန္႔စင္ေပးျခင္း၊ အူသိမ္အူမထဲမွ အခၽြဲအက်ိ အရိအရြဲမ်ားက်ေစျခင္း၊ အူမႀကီးကို သန္႔စင္က်န္းမာေစျခင္း၊ အူမႀကီးစိုစြတ္၍ လြယ္ကူစြာ ၀မ္းသက္ေစျခင္း၊ ကိုယ္အေလးခ်ိန္ က်ေစျခင္း၊ စိတ္ဖိစီးမႈ ေၿပ ေပ်ာက္ေစျခင္း၊ ဆီးပုပ္မ်ားသက္ဆင္း၍

ဆီးလမ္းေၾကာင္းသန္႔ေစျခင္း၊ ခံတြင္းရနံ့သင္းပ်ံ႕ျခင္း၊ ခႏၶာကိုယ္ အနံ့ဆိုးထြက္ ရွိမႈ ကာကြယ္ေပးျခင္း၊ အသားအေရ ၀င္းပၾကည္လင္ျခင္း စသည့္ က်န္းမာေရးအက်ိဳးေက်းဇူးမ်ားစြာကို ခံစားရရွိနိုင္ မွာျဖစ္သည္။

ပ်ားရည္ေသာက္ရန္ သင့္ေတာ္သူမ်ား

မီးဖြားၿပီးခါစႏွင့္ နို႔ခ်ိဳတိုက္ခ်ိန္မ်ားတြင္ ပ်ားရည္စားေပးသင့္သည္။ အထူးသျဖင့္ မီးဖြားၿပီးစ ေသြးႏုသားႏုခ်ိန္ တြင္ ပ်ားရည္ကို အရက္ႏွင့္ ေရာ၍ ေသာက္ပါ။ အမ်ိဳးသမီးမ်ား ဓမၼတာရာသီလာခ်ိန္မွာလည္း ပ်ားရည္ ေသာက္ ေပးသင့္သည္။

အရိုးကင္ဆာ ႏွင့္ အစာအိမ္ကင္ဆာ ေဝဒနာသည္မ်ားသည္ သဘာ၀ ႏွစ္ခ်ိဳ႕ပ်ားရည္စစ္စစ္ ႏွင့္ သစ္ၾကပိုး ေခါက္မႈန္႔တို႔ကို လက္ဖက္ရည္ဇြန္း တစ္ဇြန္းက်ပမာဏစီ ဆတူေရာ၍၊ ၄င္းေဆးညႊန္းအတိုင္း တစ္ေန႔ သုံးႀကိမ္ ႏႈန္းျဖင့္ အစာမစားမီ နာရီ၀က္ခန္႔အလို (သို႔မဟုတ္)

အစာစားၿပီးေနာက္ နာရီ၀က္အၾကာမွာ ေသာက္သုံးေပးပါ။ အထူးသတ္ျပဳရန္မွာ ေဆးေသာက္ၿပီးေနာက္ ေသာက္ေရ ေအးတစ္ဖန္ခြက္ ေသာက္ပါ (ေရခဲေရ မဟုတ္ပါ)

ပ်ားရည္တြင္ အပူဓာတ္ရွိ၍ ကိုယ္တြင္းအပူဓာတ္မ်ားသူေတြက ပ်ားရည္ေသာက္ရန္ သင့္၊ မသင့္ ဒြိဟျဖစ္ေနၾက သည္။ အေျဖမွန္မွာ ေသာက္၍ရပါသည္။ အပူကန္လည္ေခ်ာင္းနာသူမ်ားသည္ ပ်ားရည္ကို ေရွာက္ရည္ညႇစ္၍ ေသာက္သုံးျခင္း ျဖင့္ အပူၿငိမ္း၍ ေရာဂါေပ်ာက္ေစသည္။

ေခ်ာင္းဆိုးေနသူမ်ားအတြက္ ပ်ားရည္က ေဆးေကာင္းတစ္ခြက္ျဖစ္သည္။ ေရေႏြးျဖဴ တစ္ဖန္ခြက္ထဲကို ပ်ား ရည္ လက္ဖက္ရည္ဇြန္း တစ္ဇြန္းထည့္၍ ေဖ်ာ္ေသာက္ပါ။ ႏွာေစး၊ ေခ်ာင္းဆိုးျခင္းအတြက္ ပ်ားရည္ကို ေရွာက္ ရည္ (သို႔မဟုတ္) သံပုရာရည္ျဖင့္ ဆတူေရာ၍ ေသာက္ပါ။

ကေလးမ်ားအတြက္ မ်က္စိအားေကာင္းေစသည္။ ကေလးငယ္မ်ား ခၽြဲၾကပ္ရင္ၾကပ္ျဖစ္ပါက ပ်ားရည္ကို သံပုရာ ရည္ျဖင့္ ဆတူေရာ၍တိုက္ပါ။ ကေလးငယ္မ်ား ၀မ္းပ်က္၊ ၀မ္းေလ်ာျခင္းအတြက္ ပ်ားရည္ အနည္းငယ္ေကၽြးပါ။

ပ်ားရည္က စိတ္ကိုထိန္းေပးနိုင္ေသာ အစြမ္းသတၱိရွိ၍ အိပ္ယာထဲ အေပါ့စြန္႔တတ္ေသာ ကေလးမ်ားကို ည အိပ္ယာ၀င္ခါနီး ပ်ားရည္ေကၽြးေပးျခင္းျဖင့္ အေပါ့အပါးမသြားေအာင္ ဟန္႔တားနိုင္သည္။ သူငယ္နာအေၾကာဆြဲ ၍ ေသလုေမ်ာပါးျဖစ္ေနေသာ

ကေလးငယ္မ်ားကို ပ်ားရည္ေကၽြးေပးျခင္းျဖင့္ အသက္ခ်မ္းသာရာ ရေစနိုင္ သည္။ တုတ္ေကာင္၊ သန္ေကာင္ရွိေသာ ကေလးငယ္မ်ားကို နာနတ္သီး ႏွင့္ ပ်ားရည္ နယ္၍ေကၽြးပါ (သို႔ မဟုတ္) ပ်ားရည္ ႏွင့္ အုန္းနို႔ေရာစပ္၍ တိုက္ပါ။

ပ်ားရည္ေသာက္ရန္ မသင့္ေတာ္သူမ်ား

ပ်ားရည္ထဲတြင္ microorganisms (ေခၚ) Clostridium ဗက္တီးရီးယားပိုးငယ္ေလးမ်ား ေျမာက္မ်ားစြာပါရွိေန ၾကသည္။ အရြယ္ေရာက္ၿပီးသူမ်ား၏ အစာေခ်လမ္းေၾကာင္းက ၄င္းဗက္တီးရီးယားမ်ားကို ေကာင္းစြာ ေခ်ဖ်က္ နိုင္ေသာ္လဲဘဲ၊ ကေလးငယ္မ်ားအတြက္မွာမူ

အစာေခ်လမ္းေၾကာင္းတြင္ ေသြးခဲ၍ အစာအဆိပ္သင့္ ေဝဒနာကို ျဖစ္ေစသည္။ ထို႔ေၾကာင့္ အသက္တစ္ႏွစ္ေအာက္ ရင္ခြင္ပိုက္ ကေလးငယ္မ်ားကို ပ်ားရည္ (လုံး၀) မေကၽြး သင့္ေပ။

Botulinumtoxin (ေခၚ) ပ်ားရည္ထဲရွိ ဗက္တီးရီးယားပိုးမွ စြန္႔ထုတ္ပစၥည္း အဆိပ္တစ္မ်ိဳးေၾကာင့္ ကိုယ္၀န္ သည္ေတြ ပ်ားရည္ေသာက္ရန္ သင့္၊ မသင့္ကို ေဝခြဲမရျဖစ္ေနၾကသည္။

အရြယ္ေရာက္ၿပီးသူ တစ္ေယာက္ ပ်ားရည္ေသာက္ၿပီးေနာက္၊ ခႏၶာကိုယ္၏ ဇီ၀ကမၼျဖစ္စဥ္က ပ်ားရည္ထဲရွိ botulinumtoxin အဆိပ္ကို အလို အေလ်ာက္ ဖယ္ရွား သုတ္သင္ေပးေလ့ရွိသည္။

ထို႔ေၾကာင့္ ကိုယ္၀န္ေဆာင္မ်ား ပ်ားရည္ေသာက္၍ ရပါသည္။ သေႏၶသားကိုလည္း ေဘးဥပါသ္ လုံး၀ မျဖစ္ေစနိုင္ပါ။ သို႔ေသာ္ မိခင္ေလာင္းအမ်ားစုသည္ ကိုယ္၀န္ေဆာင္ ေနစဥ္ ေသြးထဲရွိသၾကားပမာဏ ျမင့္တက္လာေလ့ရွိၾကသည္။

ပ်ားရည္ထဲတြင္လည္း fructose သၾကား ပမာဏ ျမင့္မားစြာပါရွိေနသျဖင့္ ကိုယ္၀န္သည္မ်ားအေနျဖင့္ ပ်ားရည္မစားျခင္းက ေဘးအႏၲရာယ္အကင္းဆုံး ျဖစ္သည္။ ထို႔ေၾကာင့္ ကိုယ္၀န္ေဆာင္စဥ္ ပ်ားရည္မစားရန္ စာေရးသူက အႀကံျပဳလိုပါသည္။

ပ်ားရည္ထဲတြင္ fructose ႏွင့္ glucose ဓာတ္မ်ား ျပည့္၀တူညီစြာပါရွိေနၾကသည္။ ထို႔ေၾကာင့္ ဆီးခ်ိဳ၊ ေသြးခ်ိဳ ေရာဂါသည္မ်ား ႏွင့္ ေသြးထဲတြင္ glucose ျပႆနာရွိေနသူမ်ား ပ်ားရည္စားသုံးျခင္းမွ အထူး ေရွာင္ရွားသင့္ သည္။

ပ်ားရည္ႏွင့္ သၾကားအညိဳ(သဘာ၀သၾကား) တို႔ကို ႏွိုင္းယွဥ္ၾကည့္ပါက လက္ဖက္ရည္ဇြန္း တစ္ဇြန္းစာ ပမာဏ ရွိေသာ ပ်ားရည္ထဲတြင္ ကယ္လိုရီ ၂၂ ပါရွိေနၿပီး၊ အညိဳေရာင္သၾကားထဲတြင္ ကယ္လိုရီ ၁၆ ပါရွိေနသည္။

ထို႔ ေၾကာင့္ ပ်ားရည္သည္ ကယ္လိုရီတက္ေစသျဖင့္ ကိုယ္အေလးခ်ိန္ ေလ်ာ့ခ်လိုသူမ်ားအေနျဖင့္ ပ်ားရည္ မေသာက္သင့္ေပ။

ပ်ားရည္ ႏွင့္ တြဲမစားသင့္ေသာ အစားအစာမ်ား

ၾကာေစ့၊ မုန္လာဥအျဖဴ၊ ၀က္သား၊ ငါး၊ ခိုသား၊ ပဒုမၼာၾကာရြက္၊ ပိတ္ခ်င္းရြက္၊ ပိႏၷဲသီး၊ ဥသၽွစ္သီး၊ အုန္းရည္၊ ရွားေစာင္း ႀကီး တ္ို႔ျဖစ္ၾကသည္။

ပ်ားရည္အတု ႏွင့္ အစစ္ခြဲျခားနည္း

ပ်ားရည္သည္ ရွားပါး၍တန္ဖိုးႀကီးသျဖင့္ ပ်ားရည္ေစ်းကြက္တြင္ အတုမ်ားေရာင္းခ်လ်က္ရွိေနၾကသည္။ ပ်ားရည္အတု က အေရာင္၊ အနံ့၊ အရသာ၊ အာနိသင္ အားလုံး အစစ္ႏွင့္ကြာျခားသည္။ ပ်ားရည္စစ္စစ္၏ ဂုဏ္သတၱိမွာ

ႏွစ္ေပါင္းမည္မၽွၾကာ ေအာင္ထားေသာ္လည္း အေရာင္ေျပာင္း႐ုံမွအပ၊ မပုပ္မသိုး သဘာ၀ဓာတ္မပ်က္ဘဲ မူလအရသာ အာနိသင္အတိုင္းရွိေနျမဲျဖစ္ သည္။ ပ်ားရည္ စစ္၊ မစစ္ကို သိလိုလၽွင္…

ေခြးေကၽြးၾကည့္ပါ၊ ပ်ားရည္အစစ္ကို ေခြး မစားေပ။ ဝါဂြမ္းကို ပ်ားရည္ႏွစ္၍ မီးရွို႔ၾကည့္ပါ၊ မီးေလာင္လၽွင္ ပ်ားရည္စစ္ပါသည္။

ပ်ားတစ္ေကာင္ကိုဖမ္း၍ ပ်ားရည္ထဲ ႏွစ္ၾကည့္ပါ၊ အေပၚသို႔ကူးၿပီး ပ်ံထြက္သြားလၽွင္ ပ်ားရည္စစ္သည္။ ယမ္းမီးျခစ္ဆံေခါင္းကို ပ်ားရည္တြင္စိမ္၍ မီးျခစ္ၾကည့္ပါ၊ မီးေလာင္လၽွင္ ပ်ားရည္စစ္သည္။

ပ်ားရည္ တစ္စက္ႏွစ္စက္ကို ဌက္ေပ်ာဖက္ေပၚတင္ၾကည့္ပါ၊ ေလ်ာမက်ဘဲ လုံး၍ တင္ရွိေနလၽွင္ ပ်ားရည္စစ္ သည္။

ပ်ားရည္တစ္ဇြန္းႏွင့္ ႏွမ္းဆီ တစ္ဇြန္းေရာ၍ ခ်ိန္ၾကည့္ပါ။ တစ္ဇြန္းသာရလၽွင္ ပ်ားရည္စစ္ပါသညသို႔ေသာ္ ထိုအေရာ အေႏွာကို မစားသင့္ပါ။

မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။ ျပန္လည္ မွ်ေ၀ျခင္း ျဖစ္ပါသည္။

Unicode

ပျားရည် အကြောင်းသိကောင်းစရာများနှင့် သောက်ရန် သင့်သူ/ မသင့်သူများ

သမိုင်းရာဇဝင်ကို လေ့လာကြည့်သောအခါ… ရှေးနှစ် ၁၀၀၀၀ ခန့်က စပိန်နိုင်ငံ ရှေးဟောင်းကျောက်ဂူတစ်ခု၏ နံရံပေါ် တွင် ကျောက်ခေတ်လူသားတစ်ဦးသည် ပျားအုံမှ ပျားရည်ကို အာသာငမ်းငမ်း စုပ်ယူစားသောက်နေပုံ ရေးဆွဲဖော်ပြထားသည် ကို

သုတေသီများတွေ့ရှိခဲ့ကြသည်။ ၎င်းကိုအကြောင်းပြု၍ လူသားတို့သည် ပျားရည်ကို လွန်ခဲ့သော ရှေးနှစ် ၁၀,၀၀၀ မတိုင်မီ ကတည်းကစ၍ စားသုံးလာကြပြီးဖြစ်ကြောင်း လေ့လာမှတ်သားရပါသည်။

မြန်မာ့ပျားရည်

မြန်မာနိုင်ငံတွင် သြဂဲနစ်ပျားရည်စစ်စစ်ထွက်ရှိပြီး နိုင်ငံတကာတွင် ရောင်းပန်းလှသောကြောင့် အီးယူနိုင်ငံများကပါ စိတ် ဝင်စားလာကြပြီး မြန်မာ့ပျားရည်ကို လိုချင်သည့်အတွက် ကောင်းမွန်သော

ပျားမွေးမြူရေးသင်တန်း၊ ကောင်းမွန်သော ပျားရည် ထုတ်လုပ်မှုသင်တန်းများကို အီးယူမှ ပညာရှင်များကိုယ်တိုင် လာရောက်သင်တန်းပေးမှုများ ရှိနေသည်။

ထို့ပြင် ဥရောပဈေး ကွက်မှ ၎င်းတို့နည်းပညာဖြင့် ထုတ်လုပ်သော ပျားရည်ကို အခြားသူများထက် ဈေးနှစ်ဆပေးကာ ဝယ်ယူကြောင်း မကွေးတိုင်း ဒေသကြီး ပျားလုပ်ငန်း ဦးစီးဌာနမှသိရသည်။

နိုင်ငံခြားသို့ ပျားရည်ပို့နေသော ကုမ္ပဏီများမှာ ပျားရည်သန့်စင် စက်ရုံများတွင် သန့်စင်ပြီး နိုင်ငံခြားသို့ တင်ပို့ကြသည်။ ယခင်ပျားရည် ဈေးကောင်းသော အချိန်များက ပျားရည် တစ်ပိဿာလျှင်

ကျပ် ၃,၅၀၀ ထိ ဈေးရှိခဲ့ပြီး၊ ယခု COVID-19 ကာလတွင် ပျားရည် တစ်ပိဿာလျှင် ကျပ် ၂,၀၀၀ ဈေးသာရှိကြောင်း သိရသည်။

ဆေးဖက်ဝင် ပျားရည်

ကမ္ဘာမြေပေါ်တွင် ကျန်းမာရေး နှင့် အညီညွတ်ဆုံး အစားအစာများထဲမှာ “ပျားရည်” သည်လည်း တစ်ခုအပါအဝင် ဖြစ် ကြောင်းကို လူတိုင်းသိထားကြပြီးဖြစ်သည်။ သို့သော် အရွယ်ရောက်ပြီးသူ လူတစ်ယောက်အတွက် ပျားရည်ကို တစ်နေ့လျှင် လက်ဖက်ရည်ဇွန်း နှစ်ဇွန်းထက်ပို၍

မသောက်သင့်ပေ။ နံက်စောစော အိပ်ယာထချိန်ဖြစ်သော ဝမ်းဗိုက်ထဲမှာ ဘာအစာမျှမရှိ သည့်အချိန်သည် ပျားရည်သောက်ရန် အသင့်တော်ဆုံးအချိန်ဖြစ်သည် (သို့မဟုတ်) အစာနှင့်ဝေးချိန်ဖြစ်သော ညနေခင်းပိုင်း (ညစာမစားခင် နှစ်နာရီခန့်အလို)မှာလည်း သောက်ပေးနိုင်ပါသည်။

ပျားအုံဖွပ်ပြီး တစ်နှစ်အတွင်းရှိသောပျားရည်ကို “ပျားရည်အသစ်” ဟု ခေါ်ပြီး၊ ထိုပျားရည်က လူကိုဝြဖိုးစေ၍ အသံ ကြည်လင် ကောင်းမွန်စေသည်။ ပျားအုံဖွပ်ပြီး တစ်နှစ်ကျော်ကြာသော ပျားရည်ကို “ပျားရည်အဟောင်း” ဟုခေါ်ပြီး

ထိုပျားရည် က လူကိုအဆီကျ အသားကျစ်လစ် ပိန်စေသည်။ ပျားရည်အဟောင်းက သွေးတိုး၊ လေငန်းသမားများအတွက် ဆေးကောင်း တစ်လက်ဖြစ်သည်။ သို့သော် များများစားပါက ဝမ်းချုပ်စေတတ်သည်။

ပျားရည် နှင့် ရေးနွေးဖြူအစွမ်း

ပျားရည်ကို ရေနွေးဖြင့် သောက်ခြင်းက အစွမ်းထက်မြက်သော မှိုသတ်ဆေးရည်၊ ပိုးသတ်ဆေးရည်၊ ဘက်တီးရီးယား သတ်ဆေးရည်အဖြစ် စွမ်းဆောင်နိုင်ခြင်း၊ ညဘက် ယမကာ အလွန်အကျွံ သောက်သုံးခဲ့သူများ

နံနက်အိပ်ယာထ ပျားရည်နှင့် ရေနွေးပူဖျော်ရည်ကို သောက်သုံးပေးခြင်းဖြင့် ခေါင်းမကြည်၊ ခေါင်းကိုက်၊ ဗိုက်အောင့် ဝေဒနာများ မခံစား ရနိုင်ပါ။ ပျားရည်က ကျောက်ကပ်ထဲရှိ အရည်များကို စုပ်ယူပစ်၍ ညဘက်မကြာခဏ

ဆီးထသွားခြင်းကို ထိန်းချုပ်ပေး နိုင်စွမ်းရှိပါသည်။ ထို့ကြောင့် ညဘက် ဆီးခဏခဏသွားသူများ ထိုဆေးဖျော်ရည်ကို ညနေခင်းပိုင်းမှာ သောက်ပေးခြင်း ဖြင့် ကျောက်ကပ်ကို သိသိသာသာကောင်းကျိုးပြုသည်။

ဤဆေးဖျော်ရည်သောက်စမှာ ဝမ်းဗိုက် ဖောင်းလာကောင်း ဖောင်းလာနိုင်ပါသည်။ သို့သော် မစိုးရိမ်ပါနှင့်။ ဆက်လက်သောက်ပေါ။ ဤဆေးရည်က မစင်အိမ်ကို ဖောင်းကြွစေခြင်း အားဖြင့် ပျော့နူးစေပြီး

နောက်ဆုံးမှာ ဝမ်း နှင့် လေအဖြစ် ဆင်းသက်ကာ ပေါ့ပါးလန်းဆန်းစေသည်။ လေလုံး၊ လေဖြင်း ရှိသူများအတွက်ကိုလည်း လွန်စွာဆေးဖက်ဝင်ပါသည်။

ပျားရည်နှင့် သံပုရာရည် အစွမ်း

ရေနွေးဖြူ တစ်ခွက်ထဲသို့ပျားရည် နှင့် သံပုရာရည်တို့အား လက်ဖက်ရည်ဇွန်း တစ်ဇွန်းကျစီရော၍ နံက်အိပ်ယာထ ဗိုက် ထဲတွင် မည်သည့်အစာမျှ မရှိခင် သောက်ပေးရပါသည်။ အချိန်ကြာကြာ အအေးခံမထားသင့်ဘဲ ချက်ချင်း သောက်ပေး သင့်သည်။ ၎င်းဆေးပျားရည်ကို သောက်သုံးခြင်းဖြင့်

တစ်နေ့တာလုံး အစာကျေညက်စေခြင်း၊ အဆုပ်ထဲရှိ အရိအရွဲကို သန့်စင်ပေးခြင်း၊ ကိုယ်ခံစွမ်းအားကို တိုးတက်မြင့်မားလာပြီး ချောင်းဆိုး၊ ရင်ကျပ်နာ၊ အသက်ရှုလေပြွန်ပွရောဂါ၊ အအေး မိရောဂါတို့မှ ကာကွယ်နိုင်ခြင်း၊ အစာချေလမ်းကြောင်းတလျောက် သွေးထွက်ခြင်းမှ ကာကွယ်ပေးရုံသာမက

ထိုလမ်း ကြောင်းပေါ်ရှိ ကပ်ပါးပိုးများကိုလည်း သန့်စင်ပေးခြင်း၊ အူသိမ်အူမထဲမှ အချွဲအကျိ အရိအရွဲများကျစေခြင်း၊ အူမကြီးကို သန့်စင်ကျန်းမာစေခြင်း၊ အူမကြီးစိုစွတ်၍ လွယ်ကူစွာ ဝမ်းသက်စေခြင်း၊ ကိုယ်အလေးချိန် ကျစေခြင်း၊ စိတ်ဖိစီးမှု ပြေ ပျောက်စေခြင်း၊ ဆီးပုပ်များသက်ဆင်း၍

ဆီးလမ်းကြောင်းသန့်စေခြင်း၊ ခံတွင်းရနံ့သင်းပျံ့ခြင်း၊ ခန္ဓာကိုယ် အနံ့ဆိုးထွက် ရှိမှု ကာကွယ်ပေးခြင်း၊ အသားအရေ ဝင်းပကြည်လင်ခြင်း စသည့် ကျန်းမာရေးအကျိုးကျေးဇူးများစွာကို ခံစားရရှိနိုင် မှာဖြစ်သည်။

ပျားရည်သောက်ရန် သင့်တော်သူများ

မီးဖွားပြီးခါစနှင့် နို့ချိုတိုက်ချိန်များတွင် ပျားရည်စားပေးသင့်သည်။ အထူးသဖြင့် မီးဖွားပြီးစ သွေးနုသားနုချိန် တွင် ပျားရည်ကို အရက်နှင့် ရော၍ သောက်ပါ။ အမျိုးသမီးများ ဓမ္မတာရာသီလာချိန်မှာလည်း ပျားရည် သောက် ပေးသင့်သည်။

အရိုးကင်ဆာ နှင့် အစာအိမ်ကင်ဆာ ဝေဒနာသည်များသည် သဘာ၀ နှစ်ချို့ပျားရည်စစ်စစ် နှင့် သစ်ကြပိုး ခေါက်မှုန့်တို့ကို လက်ဖက်ရည်ဇွန်း တစ်ဇွန်းကျပမာဏစီ ဆတူရော၍၊ ၎င်းဆေးညွှန်းအတိုင်း တစ်နေ့ သုံးကြိမ် နှုန်းဖြင့် အစာမစားမီ နာရီဝက်ခန့်အလို (သို့မဟုတ်)

အစာစားပြီးနောက် နာရီဝက်အကြာမှာ သောက်သုံးပေးပါ။ အထူးသတ်ပြုရန်မှာ ဆေးသောက်ပြီးနောက် သောက်ရေ အေးတစ်ဖန်ခွက် သောက်ပါ (ရေခဲရေ မဟုတ်ပါ)

ပျားရည်တွင် အပူဓာတ်ရှိ၍ ကိုယ်တွင်းအပူဓာတ်များသူတွေက ပျားရည်သောက်ရန် သင့်၊ မသင့် ဒွိဟဖြစ်နေကြ သည်။ အဖြေမှန်မှာ သောက်၍ရပါသည်။ အပူကန်လည်ချောင်းနာသူများသည် ပျားရည်ကို ရှောက်ရည်ညှစ်၍ သောက်သုံးခြင်း ဖြင့် အပူငြိမ်း၍ ရောဂါပျောက်စေသည်။

ချောင်းဆိုးနေသူများအတွက် ပျားရည်က ဆေးကောင်းတစ်ခွက်ဖြစ်သည်။ ရေနွေးဖြူ တစ်ဖန်ခွက်ထဲကို ပျား ရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းထည့်၍ ဖျော်သောက်ပါ။ နှာစေး၊ ချောင်းဆိုးခြင်းအတွက် ပျားရည်ကို ရှောက် ရည် (သို့မဟုတ်) သံပုရာရည်ဖြင့် ဆတူရော၍ သောက်ပါ။

ကလေးများအတွက် မျက်စိအားကောင်းစေသည်။ ကလေးငယ်များ ချွဲကြပ်ရင်ကြပ်ဖြစ်ပါက ပျားရည်ကို သံပုရာ ရည်ဖြင့် ဆတူရော၍တိုက်ပါ။ ကလေးငယ်များ ဝမ်းပျက်၊ ဝမ်းလျောခြင်းအတွက် ပျားရည် အနည်းငယ်ကျွေးပါ။

ပျားရည်က စိတ်ကိုထိန်းပေးနိုင်သော အစွမ်းသတ္တိရှိ၍ အိပ်ယာထဲ အပေါ့စွန့်တတ်သော ကလေးများကို ည အိပ်ယာဝင်ခါနီး ပျားရည်ကျွေးပေးခြင်းဖြင့် အပေါ့အပါးမသွားအောင် ဟန့်တားနိုင်သည်။ သူငယ်နာအကြောဆွဲ ၍ သေလုမျောပါးဖြစ်နေသော

ကလေးငယ်များကို ပျားရည်ကျွေးပေးခြင်းဖြင့် အသက်ချမ်းသာရာ ရစေနိုင် သည်။ တုတ်ကောင်၊ သန်ကောင်ရှိသော ကလေးငယ်များကို နာနတ်သီး နှင့် ပျားရည် နယ်၍ကျွေးပါ (သို့ မဟုတ်) ပျားရည် နှင့် အုန်းနို့ရောစပ်၍ တိုက်ပါ။

ပျားရည်သောက်ရန် မသင့်တော်သူများ

ပျားရည်ထဲတွင် microorganisms (ခေါ်) Clostridium ဗက်တီးရီးယားပိုးငယ်လေးများ မြောက်များစွာပါရှိနေ ကြသည်။ အရွယ်ရောက်ပြီးသူများ၏ အစာချေလမ်းကြောင်းက ၎င်းဗက်တီးရီးယားများကို ကောင်းစွာ ချေဖျက် နိုင်သော်လဲဘဲ၊ ကလေးငယ်များအတွက်မှာမူ

အစာချေလမ်းကြောင်းတွင် သွေးခဲ၍ အစာအဆိပ်သင့် ဝေဒနာကို ဖြစ်စေသည်။ ထို့ကြောင့် အသက်တစ်နှစ်အောက် ရင်ခွင်ပိုက် ကလေးငယ်များကို ပျားရည် (လုံးဝ) မကျွေး သင့်ပေ။

Botulinumtoxin (ခေါ်) ပျားရည်ထဲရှိ ဗက်တီးရီးယားပိုးမှ စွန့်ထုတ်ပစ္စည်း အဆိပ်တစ်မျိုးကြောင့် ကိုယ်ဝန် သည်တွေ ပျားရည်သောက်ရန် သင့်၊ မသင့်ကို ဝေခွဲမရဖြစ်နေကြသည်။

အရွယ်ရောက်ပြီးသူ တစ်ယောက် ပျားရည်သောက်ပြီးနောက်၊ ခန္ဓာကိုယ်၏ ဇီဝကမ္မဖြစ်စဉ်က ပျားရည်ထဲရှိ botulinumtoxin အဆိပ်ကို အလို အလျောက် ဖယ်ရှား သုတ်သင်ပေးလေ့ရှိသည်။

ထို့ကြောင့် ကိုယ်ဝန်ဆောင်များ ပျားရည်သောက်၍ ရပါသည်။ သန္ဓေသားကိုလည်း ဘေးဥပါသ် လုံး၀ မဖြစ်စေနိုင်ပါ။ သို့သော် မိခင်လောင်းအများစုသည် ကိုယ်ဝန်ဆောင် နေစဉ် သွေးထဲရှိသကြားပမာဏ မြင့်တက်လာလေ့ရှိကြသည်။

ပျားရည်ထဲတွင်လည်း fructose သကြား ပမာဏ မြင့်မားစွာပါရှိနေသဖြင့် ကိုယ်ဝန်သည်များအနေဖြင့် ပျားရည်မစားခြင်းက ဘေးအန္တရာယ်အကင်းဆုံး ဖြစ်သည်။ ထို့ကြောင့် ကိုယ်ဝန်ဆောင်စဉ် ပျားရည်မစားရန် စာရေးသူက အကြံပြုလိုပါသည်။

ပျားရည်ထဲတွင် fructose နှင့် glucose ဓာတ်များ ပြည့်ဝတူညီစွာပါရှိနေကြသည်။ ထို့ကြောင့် ဆီးချို၊ သွေးချို ရောဂါသည်များ နှင့် သွေးထဲတွင် glucose ပြဿနာရှိနေသူများ ပျားရည်စားသုံးခြင်းမှ အထူး ရှောင်ရှားသင့် သည်။

ပျားရည်နှင့် သကြားအညို(သဘာဝသကြား) တို့ကို နှိုင်းယှဉ်ကြည့်ပါက လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာ ပမာဏ ရှိသော ပျားရည်ထဲတွင် ကယ်လိုရီ ၂၂ ပါရှိနေပြီး၊ အညိုရောင်သကြားထဲတွင် ကယ်လိုရီ ၁၆ ပါရှိနေသည်။

ထို့ ကြောင့် ပျားရည်သည် ကယ်လိုရီတက်စေသဖြင့် ကိုယ်အလေးချိန် လျော့ချလိုသူများအနေဖြင့် ပျားရည် မသောက်သင့်ပေ။

ပျားရည် နှင့် တွဲမစားသင့်သော အစားအစာများ

ကြာစေ့၊ မုန်လာဥအဖြူ၊ ဝက်သား၊ ငါး၊ ခိုသား၊ ပဒုမ္မာကြာရွက်၊ ပိတ်ချင်းရွက်၊ ပိန္နဲသီး၊ ဥသျှစ်သီး၊ အုန်းရည်၊ ရှားစောင်း ကြီး တို့ဖြစ်ကြသည်။

ပျားရည်အတု နှင့် အစစ်ခွဲခြားနည်း

ပျားရည်သည် ရှားပါး၍တန်ဖိုးကြီးသဖြင့် ပျားရည်ဈေးကွက်တွင် အတုများရောင်းချလျက်ရှိနေကြသည်။ ပျားရည်အတု က အရောင်၊ အနံ့၊ အရသာ၊ အာနိသင် အားလုံး အစစ်နှင့်ကွာခြားသည်။ ပျားရည်စစ်စစ်၏ ဂုဏ်သတ္တိမှာ

နှစ်ပေါင်းမည်မျှကြာ အောင်ထားသော်လည်း အရောင်ပြောင်းရုံမှအပ၊ မပုပ်မသိုး သဘာဝဓာတ်မပျက်ဘဲ မူလအရသာ အာနိသင်အတိုင်းရှိနေမြဲဖြစ် သည်။ ပျားရည် စစ်၊ မစစ်ကို သိလိုလျှင်…

ခွေးကျွေးကြည့်ပါ၊ ပျားရည်အစစ်ကို ခွေး မစားပေ။ ဝါဂွမ်းကို ပျားရည်နှစ်၍ မီးရှို့ကြည့်ပါ၊ မီးလောင်လျှင် ပျားရည်စစ်ပါသည်။

ပျားတစ်ကောင်ကိုဖမ်း၍ ပျားရည်ထဲ နှစ်ကြည့်ပါ၊ အပေါ်သို့ကူးပြီး ပျံထွက်သွားလျှင် ပျားရည်စစ်သည်။ ယမ်းမီးခြစ်ဆံခေါင်းကို ပျားရည်တွင်စိမ်၍ မီးခြစ်ကြည့်ပါ၊ မီးလောင်လျှင် ပျားရည်စစ်သည်။

ပျားရည် တစ်စက်နှစ်စက်ကို ဌက်ပျောဖက်ပေါ်တင်ကြည့်ပါ၊ လျောမကျဘဲ လုံး၍ တင်ရှိနေလျှင် ပျားရည်စစ် သည်။

ပျားရည်တစ်ဇွန်းနှင့် နှမ်းဆီ တစ်ဇွန်းရော၍ ချိန်ကြည့်ပါ။ တစ်ဇွန်းသာရလျှင် ပျားရည်စစ်ပါသညသို့သော် ထိုအရော အနှောကို မစားသင့်ပါ။

မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*