အစားအေသာက္ စားတဲ့အခါ…ခ်င့္ခ်ိန္ျပီးစား…(ဗဟုသုတအျဖစ္ မွ်ေ၀ပါသည္)

အစားအေသာက္ စားတဲ့အခါ...ခ်င့္ခ်ိန္ျပီးစား...(ဗဟုသုတအျဖစ္ မွ်ေ၀ပါသည္)
အစားအေသာက္ စားတဲ့အခါ...ခ်င့္ခ်ိန္ျပီးစား...(ဗဟုသုတအျဖစ္ မွ်ေ၀ပါသည္)

အစားအေသာက္ စားတဲ့အခါ…ခ်င့္ခ်ိန္ျပီးစား…(ဗဟုသုတအျဖစ္ မွ်ေ၀ပါသည္)

တခါကရန္ကုန္မွာဂ်ပန္မိသားစုတစုလာေနခဲ့ဖူးပါတယ္။ ၉မိုင္မွာ အိမ္ၿခံငွားၿပီး ႐ုံးခန္းလာဖြင့္တာပါ။
အဲဒီကုမၸဏီမွာ က်ေနာ့္သူငယ္ခ်င္းက အလုပ္လုပ္တယ္။ စေနေန႔ဆိုရင္ ေန႔တဝက္မို႔ အဲဒီသူငယ္ခ်င္းကိုသြားေခၚၿပီး တေနရာရာမွာ စားၾကေသာက္ၾကေပါ့။

သူငယ္ခ်င္းဆီကိုမၾကာခဏသြားလည္ေလ့ရွိေတာ့ အဲဒီအိမ္က ဂ်ပန္ေတြေမြးထားတဲ့ေခြးေတြနဲ႔လည္း
ရင္းႏွီးလာတာေပါ့။ ဒါေၾကာင့္ အဲဒီအိမ္ကိုသြားရင္ ေခြးေလးေတြစားဖို႔ ေပါက္ဆီတို၊႔ အသားေပါင္းတို႔၊ ၾကက္ေၾကာ္တို႔ ဝယ္ဝယ္သြားၿပီးေကြၽးတယ္။

က်ေနာ္တို႔က တိခ်စ္သူေတြဆိုေတာ့ဂ်ပန္အိမ္ကိုသြားတိုင္း အစာေတြဝယ္ဝယ္သြားၿပီး ေခြးေလးေတြကို ဗိုက္ကားေအာင္ေကြၽးၾကတယ္။

တေန႔မွာေတာ့ အဲလိုေကြၽးတာကို ဂ်ပန္ေတြ သိသြားၿပီး ေတာ္ေတာ္ စိတ္ဆိုးၾကပါေတာ့တယ္။ ဂ်ပန္ကဘာေျပာသလဲဆိုရင္ “ငါတို႔ကေခြးေတြကိုစည္းကမ္းတက်ပဲေကြၽးတယ္၊ အာဟာရေကာင္းေကာင္းကို နည္းနည္းပဲေကြၽးတယ္၊ ဘယ္ေတာ့မွပိုမေကြၽးဘူး၊

သူ႔အခ်ိန္နဲ႔သူ စနစ္တက်ေကြၽးတယ္၊ ေရကိုႀကိဳက္တဲ့အခ်ိန္ေသာက္လို႔ရေအာင္ ခ်ထားေပးတယ္။ နည္းနည္းပဲေကြၽးေပမဲ့သူတို႔မဆာဘူး။ အက်င့္ရေနၿပီ” တဲ့။ “ေခြးေတြကိုပိုေကြၽးရင္ေရာဂါျဖစ္ၿပီးျမန္ျမန္
ေသတတ္တယ္။

ၿပီးေတာ့ အပ်င္းႀကီးသြားေရာ။ ေနာက္ကို ဒီလိုလာမေကြၽးပါနဲ႔ေတာ့” တဲ့။ ဂ်ပန္ေတြက သူတို႔ကိုယ္တိုင္လည္း ဒီလိုပဲစားေသာက္ေနထိုင္ၾကတာျဖစ္တယ္။ နည္းနည္းပဲစားတယ္၊ေကာင္းတဲ့အာဟာရေတြကို စနစ္တက်စားတယ္။

ထမင္းပန္းကန္ေသးေသးတစ္လုံး၊ ငါးဟင္း၊မီဆိုဟင္းခ်ိဳတခြက္။ အဲဒါဟာသူတို႔စားတဲ့ ခြက္ခ်င့္ပုံစံျဖစ္တယ္။ ဒါေၾကာင့္မို႔ ဂ်ပန္ေတြဟာ ကမာၻမွာ အက်န္းမာဆုံးနဲ႔ အသက္အရွည္ဆုံးျဖစ္ေနတာေပါ့။ ငါးနဲ႔ အသီး႐ြက္စားတာတခုတည္းေၾကာင့္ မဟုတ္ဘူး။ ဝက္သား၊အမဲသားေတြလည္းစားတာပဲ။

တကယ္ေတာ့ သူတို႔ဟာ သင့္႐ုံစားၿပီး လႈပ္ရွားမႈမ်ားလို႔ က်န္းမာအသက္ရွည္ၾကတာျဖစ္တယ္။ တခ်ိဳ႕လူေတြကဘယ္လိုထင္ေနၾကသလဲဆိုရင္ “ကာယလုပ္သားေတြက အမ်ားႀကီးစားဖို႔လို အပ္တယ္လို႔ထင္ေနၾကတယ္”။ မဆိုင္ဘူးဗ်။

နည္းနည္းစားလည္း အားမယုတ္ဘူး။ ေပါ့ပါးလို႔ အားပိုရွိတယ္လို႔ေတာင္ ခံစားရဦးမယ္။ ကမာၻေက်ာ္ေဘာ္လုံးသမားေတြကို ေလ့လာၾကည့္ပါ။ သူတို႔ကို Clubေတြက သင့္႐ုံေလးပဲ စားခိုင္းတယ္။ ေသြးထဲကသၾကားဓာတ္မက်ေအာင္ အေလ့အက်င့္လုပ္ခိုင္းတယ္။

အမ်ားႀကီးမစားေပမဲ့ ကိုယ္ကာယေတြအမ်ားႀကီးထုတ္သုံးႏိုင္ၾကတယ္။ အဲဒါနမူနာပဲ။ ညကိုယ္တိုင္လုပ္ၾကည့္ရင္ သိလာလိမ့္မယ္။ India ၿငိမ္းခ်မ္းေရးေခါင္းေဆာင္ႀကီး မဟတၱမဂႏၶီက ဘာေျပာခဲ့သလဲဆိုရင္ “ခပ္နည္းနည္းပဲစားပါ” တဲ့။ “ထမင္းစားၿပီးတာေတာင္ နည္းနည္းဆာေနရဦးမယ္” တဲ့။

“လူကနည္းနည္းဆာေနတဲ့အခ်ိန္ဟာ ေနလို႔အေကာင္းဆုံးပဲ”တဲ့။ “ေတာ္ေတာ္ဆာမွ နည္းနည္းစားပါ” တဲ့။ မဟတၱမဂႏၶီဟာ အသက္၈၀ေက်ာ္အ႐ြယ္မွာ ဘာေရာဂါမွမရွိဘဲ က်န္းက်န္းမာမာရွိခဲ့တယ္။ လုပ္ႀကံခံခဲ့ရလို႔သာ အသက္ဆုံးရႈံးရတာပါ။

အကယ္၍ သူလုပ္ႀကံျခင္းမခံရဘူးဆိုရင္ အသက္ရာေက်ာ္မယ့္ပုဂၢိဳလ္ျဖစ္ပါတယ္။ ဗုဒၶဂါယာကိုဘုရားဖူးသြားလည္ၾကတဲ့မိတ္ေဆြေတြေျပာျပတာတစ္ခုရွိေသးတယ္။ ဂါယာကိုပတ္ဖို႔ ၁၄ရက္ ၾကာတယ္။ ေလအိတ္ကားႀကီးေတြနဲ႔ေပါ့။

၁၄ရက္လုံး တေနကုန္ကားေမာင္းတဲ့ Driver က အသက္ ၇၀ ေလာက္ရွိၿပီ။ သူဘယ္လိုစားလဲဆိုရင္ တစ္ေန႔ကို ခ်ာပါတီ၂ခ်ပ္နဲ႔သီးစုံပဲဟင္း၂ခြက္၊ လၻက္ရည္၂ခြက္။ ဒါဘဲစားတယ္။ ေရေတာ့ေသာက္တာေပါ့။

အသက္၇၀မွာ ဘာေရာဂါမွမရွိ၊ က်န္းမာေပါ့ပါးစြာ အလုပ္လုပ္ႏိုင္တုန္းပဲ။ ကားေပၚမွာအိပ္ၿပီးလိုက္လာတဲ့ ျမန္မာေတြက ခရီးပန္းလို႔ လမ္းေတာင္ေကာင္းေကာင္းမေလွ်ာက္ ႏိုင္ခ်ိန္မွာ သူကတစ္ေနကုန္ကားေမာင္းၿပီး ညေနမွာလည္း ေပါ့ေပါ့ပါးပါးပဲ။

သူတို႔ကိုယ္ေတြ႕ကိုေျပာျပတာျဖစ္ပါတယ္။ က်ေနာ္တို႔က စားဖို႔ေသာက္ဖို႔အတြက္ အဓိကထားၿပီး ပိုက္ဆံရွာေနၾကရတာျဖစ္ေနၾကတယ္။ ရွာသမွ်ကိုလည္း အစားအေသာက္အတြက္ အမ်ားဆုံးသုံးေနၾကရတာမဟုတ္ေသးဘူး။ ရသတဏွာကိုဦးစားေပးေနတာကို ျပင္ဖို႔လိုတယ္။

အစားအေသာက္ကေတာ့ စားရမွာပဲ။ ဒါေပမဲ့ စားတတ္ဖို႔လိုတယ္။ အဟာရစုံေအာင္စီမံၿပီး သင့္႐ုံစားဖို႔ပဲျဖစ္တယ္။ လူ႔ဘဝရဲ႕အႏွစ္သာရတခုက က်န္းမာ႐ႊင္လန္းျခင္းပါ။ အစားအစာကို ခပ္နည္းနည္းစားျခင္းက အဲဒီရလဒ္ကို မုခ်ေပးႏိုင္ပါတယ္။

မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။ ျပန္လည္ မွ်ေ၀ျခင္း ျဖစ္ပါသည္။

Unicode

အစားအသောက် စားတဲ့အခါ…ချင့်ချိန်ပြီးစား…(ဗဟုသုတအဖြစ် မျှဝေပါသည်)

တခါကရန်ကုန်မှာဂျပန်မိသားစုတစုလာနေခဲ့ဖူးပါတယ်။ ၉မိုင်မှာ အိမ်ခြံငှားပြီး ရုံးခန်းလာဖွင့်တာပါ။
အဲဒီကုမ္ပဏီမှာ ကျနော့်သူငယ်ချင်းက အလုပ်လုပ်တယ်။ စနေနေ့ဆိုရင် နေ့တဝက်မို့ အဲဒီသူငယ်ချင်းကိုသွားခေါ်ပြီး တနေရာရာမှာ စားကြသောက်ကြပေါ့။

သူငယ်ချင်းဆီကိုမကြာခဏသွားလည်လေ့ရှိတော့ အဲဒီအိမ်က ဂျပန်တွေမွေးထားတဲ့ခွေးတွေနဲ့လည်း
ရင်းနှီးလာတာပေါ့။ ဒါကြောင့် အဲဒီအိမ်ကိုသွားရင် ခွေးလေးတွေစားဖို့ ပေါက်ဆီတို၊့ အသားပေါင်းတို့၊ ကြက်ကြော်တို့ ဝယ်ဝယ်သွားပြီးကျွေးတယ်။

ကျနော်တို့က တိချစ်သူတွေဆိုတော့ဂျပန်အိမ်ကိုသွားတိုင်း အစာတွေဝယ်ဝယ်သွားပြီး ခွေးလေးတွေကို ဗိုက်ကားအောင်ကျွေးကြတယ်။

တနေ့မှာတော့ အဲလိုကျွေးတာကို ဂျပန်တွေ သိသွားပြီး တော်တော် စိတ်ဆိုးကြပါတော့တယ်။ ဂျပန်ကဘာပြောသလဲဆိုရင် “ငါတို့ကခွေးတွေကိုစည်းကမ်းတကျပဲကျွေးတယ်၊ အာဟာရကောင်းကောင်းကို နည်းနည်းပဲကျွေးတယ်၊ ဘယ်တော့မှပိုမကျွေးဘူး၊

သူ့အချိန်နဲ့သူ စနစ်တကျကျွေးတယ်၊ ရေကိုကြိုက်တဲ့အချိန်သောက်လို့ရအောင် ချထားပေးတယ်။ နည်းနည်းပဲကျွေးပေမဲ့သူတို့မဆာဘူး။ အကျင့်ရနေပြီ” တဲ့။ “ခွေးတွေကိုပိုကျွေးရင်ရောဂါဖြစ်ပြီးမြန်မြန်
သေတတ်တယ်။

ပြီးတော့ အပျင်းကြီးသွားရော။ နောက်ကို ဒီလိုလာမကျွေးပါနဲ့တော့” တဲ့။ ဂျပန်တွေက သူတို့ကိုယ်တိုင်လည်း ဒီလိုပဲစားသောက်နေထိုင်ကြတာဖြစ်တယ်။ နည်းနည်းပဲစားတယ်၊ကောင်းတဲ့အာဟာရတွေကို စနစ်တကျစားတယ်။

ထမင်းပန်းကန်သေးသေးတစ်လုံး၊ ငါးဟင်း၊မီဆိုဟင်းချိုတခွက်။ အဲဒါဟာသူတို့စားတဲ့ ခွက်ချင့်ပုံစံဖြစ်တယ်။ ဒါကြောင့်မို့ ဂျပန်တွေဟာ ကမ္ဘာမှာ အကျန်းမာဆုံးနဲ့ အသက်အရှည်ဆုံးဖြစ်နေတာပေါ့။ ငါးနဲ့ အသီးရွက်စားတာတခုတည်းကြောင့် မဟုတ်ဘူး။ ဝက်သား၊အမဲသားတွေလည်းစားတာပဲ။

တကယ်တော့ သူတို့ဟာ သင့်ရုံစားပြီး လှုပ်ရှားမှုများလို့ ကျန်းမာအသက်ရှည်ကြတာဖြစ်တယ်။ တချို့လူတွေကဘယ်လိုထင်နေကြသလဲဆိုရင် “ကာယလုပ်သားတွေက အများကြီးစားဖို့လို အပ်တယ်လို့ထင်နေကြတယ်”။ မဆိုင်ဘူးဗျ။

နည်းနည်းစားလည်း အားမယုတ်ဘူး။ ပေါ့ပါးလို့ အားပိုရှိတယ်လို့တောင် ခံစားရဦးမယ်။ ကမ္ဘာကျော်ဘော်လုံးသမားတွေကို လေ့လာကြည့်ပါ။ သူတို့ကို Clubတွေက သင့်ရုံလေးပဲ စားခိုင်းတယ်။ သွေးထဲကသကြားဓာတ်မကျအောင် အလေ့အကျင့်လုပ်ခိုင်းတယ်။

အများကြီးမစားပေမဲ့ ကိုယ်ကာယတွေအများကြီးထုတ်သုံးနိုင်ကြတယ်။ အဲဒါနမူနာပဲ။ ညကိုယ်တိုင်လုပ်ကြည့်ရင် သိလာလိမ့်မယ်။ India ငြိမ်းချမ်းရေးခေါင်းဆောင်ကြီး မဟတ္တမဂန္ဓီက ဘာပြောခဲ့သလဲဆိုရင် “ခပ်နည်းနည်းပဲစားပါ” တဲ့။ “ထမင်းစားပြီးတာတောင် နည်းနည်းဆာနေရဦးမယ်” တဲ့။

“လူကနည်းနည်းဆာနေတဲ့အချိန်ဟာ နေလို့အကောင်းဆုံးပဲ”တဲ့။ “တော်တော်ဆာမှ နည်းနည်းစားပါ” တဲ့။ မဟတ္တမဂန္ဓီဟာ အသက်၈၀ကျော်အရွယ်မှာ ဘာရောဂါမှမရှိဘဲ ကျန်းကျန်းမာမာရှိခဲ့တယ်။ လုပ်ကြံခံခဲ့ရလို့သာ အသက်ဆုံးရှုံးရတာပါ။

အကယ်၍ သူလုပ်ကြံခြင်းမခံရဘူးဆိုရင် အသက်ရာကျော်မယ့်ပုဂ္ဂိုလ်ဖြစ်ပါတယ်။ ဗုဒ္ဓဂါယာကိုဘုရားဖူးသွားလည်ကြတဲ့မိတ်ဆွေတွေပြောပြတာတစ်ခုရှိသေးတယ်။ ဂါယာကိုပတ်ဖို့ ၁၄ရက် ကြာတယ်။ လေအိတ်ကားကြီးတွေနဲ့ပေါ့။

၁၄ရက်လုံး တနေကုန်ကားမောင်းတဲ့ Driver က အသက် ၇၀ လောက်ရှိပြီ။ သူဘယ်လိုစားလဲဆိုရင် တစ်နေ့ကို ချာပါတီ၂ချပ်နဲ့သီးစုံပဲဟင်း၂ခွက်၊ လ္ဘက်ရည်၂ခွက်။ ဒါဘဲစားတယ်။ ရေတော့သောက်တာပေါ့။

အသက်၇၀မှာ ဘာရောဂါမှမရှိ၊ ကျန်းမာပေါ့ပါးစွာ အလုပ်လုပ်နိုင်တုန်းပဲ။ ကားပေါ်မှာအိပ်ပြီးလိုက်လာတဲ့ မြန်မာတွေက ခရီးပန်းလို့ လမ်းတောင်ကောင်းကောင်းမလျှောက် နိုင်ချိန်မှာ သူကတစ်နေကုန်ကားမောင်းပြီး ညနေမှာလည်း ပေါ့ပေါ့ပါးပါးပဲ။

သူတို့ကိုယ်တွေ့ကိုပြောပြတာဖြစ်ပါတယ်။ ကျနော်တို့က စားဖို့သောက်ဖို့အတွက် အဓိကထားပြီး ပိုက်ဆံရှာနေကြရတာဖြစ်နေကြတယ်။ ရှာသမျှကိုလည်း အစားအသောက်အတွက် အများဆုံးသုံးနေကြရတာမဟုတ်သေးဘူး။ ရသတဏှာကိုဦးစားပေးနေတာကို ပြင်ဖို့လိုတယ်။

အစားအသောက်ကတော့ စားရမှာပဲ။ ဒါပေမဲ့ စားတတ်ဖို့လိုတယ်။ အဟာရစုံအောင်စီမံပြီး သင့်ရုံစားဖို့ပဲဖြစ်တယ်။ လူ့ဘဝရဲ့အနှစ်သာရတခုက ကျန်းမာရွှင်လန်းခြင်းပါ။ အစားအစာကို ခပ်နည်းနည်းစားခြင်းက အဲဒီရလဒ်ကို မုချပေးနိုင်ပါတယ်။

မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*