နားၾကပ္တံ မၾကာခဏ အသံုးျပဳသူမ်ား သိထားသင့္တဲ့… နားလမ္းေၾကာင္းနဲ႔ နားဖာေခ်းအေၾကာင္း

နားၾကပ္တံ မၾကာခဏ အသံုးျပဳသူမ်ား သိထားသင့္တဲ့... နားလမ္းေၾကာင္းနဲ႔ နားဖာေခ်းအေၾကာင္း
နားၾကပ္တံ မၾကာခဏ အသံုးျပဳသူမ်ား သိထားသင့္တဲ့... နားလမ္းေၾကာင္းနဲ႔ နားဖာေခ်းအေၾကာင္း

နားၾကပ္တံ မၾကာခဏ အသံုးျပဳသူမ်ား သိထားသင့္တဲ့… နားလမ္းေၾကာင္းနဲ႔ နားဖာေခ်းအေၾကာင္း

မေန႔က….နားထဲယားက်ိယားက်ိျဖစ္ရင္ နားၾကပ္တံကို သုံးသင့္/ မသုံးသင့္ ေမးၾကည့္ခဲ့တာမွာေတာ့ ေတာ္ေတာ္မ်ားမ်ားက “မသုံးသင့္”လို႔ ေျဖၾကတာ ေတြ႕ရပါတယ္။

အဲ့အေျဖဟာ မွန္ပါတယ္ေနာ္…။ က်န္းမာေရးအရ နားၾကပ္တံဟာ လုံးဝမသုံးသင့္ပါဘူး။ ဘာေၾကာင့္မသုံးသင့္တာလဲဆိုတာေလးကို မေျပာခင္မွာ… နားလမ္းေၾကာင္းနဲ႔ နားဖာေခ်းအေၾကာင္းေလး အရင္ရွင္းျပပါရေစ…။

နားလမ္းေၾကာင္းရဲ႕အျပင္ဘက္ပိုင္းမွာ နားတြင္းအဆီတစ္မ်ိဳး (earwax) (cerumen) ကို အဆီဂလင္းေတြက ေန႔စဥ္ပုံမွန္ ထုတ္လုပ္ေပးေနပါတယ္။ ဒီအဆီေတြဟာ အျပင္က ဖုန္မႈန္႔ေတြ၊ ဘတ္တီးရီးယားပိုးေတြကို နားအတြင္း မဝင္ေရာက္ႏိုင္ေအာင္

ကာကြယ္တားဆီးေပးထားၿပီး နားလမ္းေၾကာင္းကိုလည္း စိုစြတ္ေခ်ာေမြ႕ေစပါတယ္။ ဒီအဆီထဲမွာ ေသဆုံးၿပီးသား အေရျပားဆဲလ္ေလးေတြရယ္၊ နားအတြင္းက အေမႊးေလးေတြလည္း ပါဝင္ပါတယ္။

ေန႔စဥ္ထုတ္လုပ္ေပးေနတဲ့ အဆီေလးေတြဟာ နားလမ္းေၾကာင္းရဲ႕ ဖြဲ႕စည္းပုံအရေရာ၊ ေမး႐ိုးအဆစ္ ( temporomandibular joint) ရဲ႕ လႈပ္ရွားမႈေၾကာင့္ေရာ သူ႔အလိုအေလ်ာက္ အျပင္ကိုထြက္လာပါတယ္။

ေမး႐ိုးအဆစ္ဆိုတာ စကားေျပာရင္၊ အစာစားရင္ လႈပ္ရွားေနတဲ့ အဆစ္တစ္ခုပါ…။ နားနဲ႔လည္း သက္ဆိုင္ပါတယ္။ နားအတြင္းမွာရွိတဲ့ ဒီအဆီေတြဟာ သူ႔အလိုအေလ်ာက္ စဥ္ဆက္မျပတ္ အျပင္ကိုထြက္သြားတယ္ဆိုတာေလး မွတ္ထားေပးေနာ္။

နားၾကပ္တံသုံးၿပီး ေမႊလိုက္တဲ့အခါ နားလမ္းေၾကာင္းမွာ ရွိသင့္တဲ့အဆီေတြ မရွိေတာ့ဘဲ အေရျပားဟာ ေျခာက္ေသြ႕သြားၿပီး မၾကာခဏ ယားက်ိယားက်ိ ျဖစ္ေစပါတယ္။

ယားက်ိ ယားက်ိျဖစ္တဲ့အခါ နားၾကပ္တံနဲ႔ ျပန္ေမႊျပန္ပါတယ္။ ဒီလိုနဲ႔ အဆိုးသံသရာ လည္ပါတယ္။ နားၾကပ္တံနဲ႔ ေမႊတဲ့အခါ အင္မတန္ေနလို႔ေကာင္းတဲ့ ခံစားမႈကို ရတတ္ပါတယ္။ ဒါဟာ ခႏၶာကိုယ္အတြင္းက Vagus nerve ရဲ႕ အာ႐ုံေၾကာအမွ်င္ေလးတခ်ိဳ႕ကို သြားၿပီး လႈံ႕ေဆာ္လို႔ပါ။

ဒီအေၾကာင္းကို ေနာက္မွ အက်ယ္တဝင့္ ရွင္းျပပါမယ္။ ေလာေလာဆယ္ နားအတြင္းက ကိစၥေတြ ဆက္ရေအာင္ပါ။ ရွိသင့္တဲ့ အဆီေတြ မရွိေတာ့တာေၾကာင့္ ဖုံ အမႈန္ေတြ စုေဝးေစၿပီး ဘက္တီးရီးယားေတြကိုလည္း ကာကြယ္တားဆီးႏိုင္စြမ္း ေလ်ာ့က်သြားတာေၾကာင့္

နားလမ္းေၾကာင္း ေရာင္ရမ္းျခင္းကိုလည္း ျဖစ္ေစတတ္ပါတယ္။ နားၾကပ္တံ မသုံးဘဲ နားထဲ ေရထည့္ၿပီးေဆးတာတို႔၊ နားသန္႔ေဆးရည္ထည့္ၿပီး ေဆးတာေတြလည္း မလုပ္သင့္ပါဘူး။ ဒီနည္းလမ္းေတြဟာ နားအတြင္းမွာ စိုထိုင္းမႈကို ျမင့္မားေစၿပီး မႈိစြဲတဲ့ေရာဂါကို ျဖစ္ေစတတ္ပါတယ္

ဟုတ္ပါၿပီ… ဒါဆို ဘာလို႔ အခ်ိဳ႕သူေတြမွာ နားအဆီမဟုတ္ဘဲ ဘာလို႔ နားဖာေခ်းအခဲေတြ ရွိေနတာလဲ ေမးစရာရွိပါတယ္။ နားလမ္းေၾကာင္း ပုံမွန္ မဟုတ္သူေတြ၊ နားလမ္းေၾကာင္း က်ဥ္းေနသူေတြ၊

နားအတြင္း အေမႊးမ်ားသူေတြ၊ အေရျပားေရာဂါတခ်ိဳ႕ေၾကာင့္ ဆဲလ္အေသေတြ မ်ားျပားသူေတြနဲ႔ နားၾကပ္တံ အသုံးျပဳသူေတြမွာ နားဖာေခ်းခဲေတြ ပိတ္တတ္ပါတယ္။

ပထမ (၄)ခ်က္ကေတာ့ အဆီေလးေတြ အျပင္ကို စီးထြက္ဖို႔ အဟန္႔အတားျဖစ္တာေၾကာင့္ တေျဖးေျဖးနဲ႔ အထဲမွ ာစုၿပီး ေျခာက္ေသြ႕ကာ နားဖာေခ်းျဖစ္တာပါ။ အျဖစ္ နည္းပါတယ္။

နားဖာေခ်း စုခဲေနတဲ့ လူနာအမ်ားစုဟာ… နားၾကပ္တံ အသုံးျပဳတဲ့သူေတြ ျဖစ္ေနပါတယ္။ နားၾကပ္တံ အသုံးျပဳတဲ့အခါ အျပင္ကို စီးထြက္ရမယ့္အဆီေတြဟာ အတြင္းထဲကို တြန္းပို႔ခံရၿပီး ျပန္ထြက္ဖို႔ ခက္ခဲသြားပါတယ္။

တေျဖးေျဖးနဲ႔ အတြင္းမွာ စုပုံလာၿပီး နားလမ္းေၾကာင္း လုံးဝ ပိတ္သြားတဲ့အခါမွာေတာ့… နားေကာင္းေကာင္းမၾကားရေတာ့တာ၊ နားထဲ ခုလုခုလု ျဖစ္တာ၊ ေခါင္းမူးတာ၊ နားကိုက္တာ၊ နားထဲ တစီစီ အသံျမည္တာမ်ိဳးေတြ ျဖစ္လာပါတယ္။

ဒီလိုအခါမွာေတာ့ Otoscope လို႔ေခၚတဲ့ အထူးျပဳလုပ္ထားတဲ့ ကိရိယာနဲ႔ နားအတြင္းပိုင္းအထိ ျမင္ေအာင္ၾကည့္ရႈၿပီး တျခားအထူးကိရိယာေတြနဲ႔ ဖယ္ရွားေပးရပါတယ္။

ဒါ့ေၾကာင့္ အဓိက မွတ္သားေစလိုတာကေတာ့… နား၊ ႏွာေခါင္း၊ လည္ေခ်ာင္း အထူးကုဆရာဝန္ႀကီးမ်ား မၾကာခဏ ေျပာေလ့ရွိတဲ့စကားပါ။ အဲဒါေလးကိုေတာ့… ေသခ်ာမွတ္ထားၾကပါေနာ္ ” နားသန္႔ရွင္းေရး…မလိုအပ္ပါ “တဲ့။

စကားစပ္လို႔ေျပာရရင္… ဒြါရ (၉)ေပါက္မွာ ဘယ္အေပါက္မွလည္း မေမႊမိၾကဖို႔ အေရးႀကီးပါတယ္ေနာ္… သူ႔ဟာသူ ေနၾကပါေစ။ ခြၽင္းခ်က္ကေတာ့… သြားႏွင့္ခံတြင္းေပါ့…သူက ပုံမွန္သန္႔ရွင္းေရး လုပ္သင့္ပါတယ္။

ဒီလိုမွ မဟုတ္ဘဲ အေပါက္ျမင္ ႏႈိက္ခ်င္၊ စပ္စုခ်င္ၾကသူမ်ားအတြက္ေတာ့…. အခုပိုစ့္နဲ႔ပတ္သက္ၿပီး နားအထူးကုဆရာဝန္ႀကီးက မွတ္ခ်က္ေပးထားတာေလးနဲ႔ အဆုံးသတ္ပါရေစ…။

“သိပ္လည္း မေျပာပါနဲ႔ ဆရာရယ္… နားၾကပ္ခ်င္သူေတြလည္း ၾကပ္ၾကပါေစ… သူတို႔ရွိမွ ကြၽန္ေတာ္တို႔လည္း လူနာမ်ားတာ။ ႏို႔မို႔ အလုပ္လက္မဲ့နဲ႔ ထမင္းငတ္ေနပါဦးမယ္ “တဲ့ အ႐ႊန္းေဖာက္တာပါ။

အားလုံးပဲ ဗဟုသုတ တိုးပြားၿပီး က်န္းမာေပ်ာ္႐ႊင္ႏိုင္ၾကပါေစလို႔…ဆုေတာင္းလ်က္… ခ်စ္တဲ့…တယ္လီက်န္းမာ။

မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။ ျပန္လည္ မွ်ေ၀ျခင္း ျဖစ္ပါသည္။

Unicode

နားကြပ်တံ မကြာခဏ အသုံးပြုသူများ သိထားသင့်တဲ့… နားလမ်းကြောင်းနဲ့ နားဖာချေးအကြောင်း

မနေ့က….နားထဲယားကျိယားကျိဖြစ်ရင် နားကြပ်တံကို သုံးသင့်/ မသုံးသင့် မေးကြည့်ခဲ့တာမှာတော့ တော်တော်များများက “မသုံးသင့်”လို့ ဖြေကြတာ တွေ့ရပါတယ်။

အဲ့အဖြေဟာ မှန်ပါတယ်နော်…။ ကျန်းမာရေးအရ နားကြပ်တံဟာ လုံးဝမသုံးသင့်ပါဘူး။ ဘာကြောင့်မသုံးသင့်တာလဲဆိုတာလေးကို မပြောခင်မှာ… နားလမ်းကြောင်းနဲ့ နားဖာချေးအကြောင်းလေး အရင်ရှင်းပြပါရစေ…။

နားလမ်းကြောင်းရဲ့အပြင်ဘက်ပိုင်းမှာ နားတွင်းအဆီတစ်မျိုး (earwax) (cerumen) ကို အဆီဂလင်းတွေက နေ့စဉ်ပုံမှန် ထုတ်လုပ်ပေးနေပါတယ်။ ဒီအဆီတွေဟာ အပြင်က ဖုန်မှုန့်တွေ၊ ဘတ်တီးရီးယားပိုးတွေကို နားအတွင်း မဝင်ရောက်နိုင်အောင်

ကာကွယ်တားဆီးပေးထားပြီး နားလမ်းကြောင်းကိုလည်း စိုစွတ်ချောမွေ့စေပါတယ်။ ဒီအဆီထဲမှာ သေဆုံးပြီးသား အရေပြားဆဲလ်လေးတွေရယ်၊ နားအတွင်းက အမွှေးလေးတွေလည်း ပါဝင်ပါတယ်။

နေ့စဉ်ထုတ်လုပ်ပေးနေတဲ့ အဆီလေးတွေဟာ နားလမ်းကြောင်းရဲ့ ဖွဲ့စည်းပုံအရရော၊ မေးရိုးအဆစ် ( temporomandibular joint) ရဲ့ လှုပ်ရှားမှုကြောင့်ရော သူ့အလိုအလျောက် အပြင်ကိုထွက်လာပါတယ်။

မေးရိုးအဆစ်ဆိုတာ စကားပြောရင်၊ အစာစားရင် လှုပ်ရှားနေတဲ့ အဆစ်တစ်ခုပါ…။ နားနဲ့လည်း သက်ဆိုင်ပါတယ်။ နားအတွင်းမှာရှိတဲ့ ဒီအဆီတွေဟာ သူ့အလိုအလျောက် စဉ်ဆက်မပြတ် အပြင်ကိုထွက်သွားတယ်ဆိုတာလေး မှတ်ထားပေးနော်။

နားကြပ်တံသုံးပြီး မွှေလိုက်တဲ့အခါ နားလမ်းကြောင်းမှာ ရှိသင့်တဲ့အဆီတွေ မရှိတော့ဘဲ အရေပြားဟာ ခြောက်သွေ့သွားပြီး မကြာခဏ ယားကျိယားကျိ ဖြစ်စေပါတယ်။

ယားကျိ ယားကျိဖြစ်တဲ့အခါ နားကြပ်တံနဲ့ ပြန်မွှေပြန်ပါတယ်။ ဒီလိုနဲ့ အဆိုးသံသရာ လည်ပါတယ်။ နားကြပ်တံနဲ့ မွှေတဲ့အခါ အင်မတန်နေလို့ကောင်းတဲ့ ခံစားမှုကို ရတတ်ပါတယ်။ ဒါဟာ ခန္ဓာကိုယ်အတွင်းက Vagus nerve ရဲ့ အာရုံကြောအမျှင်လေးတချို့ကို သွားပြီး လှုံ့ဆော်လို့ပါ။

ဒီအကြောင်းကို နောက်မှ အကျယ်တဝင့် ရှင်းပြပါမယ်။ လောလောဆယ် နားအတွင်းက ကိစ္စတွေ ဆက်ရအောင်ပါ။ ရှိသင့်တဲ့ အဆီတွေ မရှိတော့တာကြောင့် ဖုံ အမှုန်တွေ စုဝေးစေပြီး ဘက်တီးရီးယားတွေကိုလည်း ကာကွယ်တားဆီးနိုင်စွမ်း လျော့ကျသွားတာကြောင့်

နားလမ်းကြောင်း ရောင်ရမ်းခြင်းကိုလည်း ဖြစ်စေတတ်ပါတယ်။ နားကြပ်တံ မသုံးဘဲ နားထဲ ရေထည့်ပြီးဆေးတာတို့၊ နားသန့်ဆေးရည်ထည့်ပြီး ဆေးတာတွေလည်း မလုပ်သင့်ပါဘူး။ ဒီနည်းလမ်းတွေဟာ နားအတွင်းမှာ စိုထိုင်းမှုကို မြင့်မားစေပြီး မှိုစွဲတဲ့ရောဂါကို ဖြစ်စေတတ်ပါတယ်

ဟုတ်ပါပြီ… ဒါဆို ဘာလို့ အချို့သူတွေမှာ နားအဆီမဟုတ်ဘဲ ဘာလို့ နားဖာချေးအခဲတွေ ရှိနေတာလဲ မေးစရာရှိပါတယ်။ နားလမ်းကြောင်း ပုံမှန် မဟုတ်သူတွေ၊ နားလမ်းကြောင်း ကျဉ်းနေသူတွေ၊

နားအတွင်း အမွှေးများသူတွေ၊ အရေပြားရောဂါတချို့ကြောင့် ဆဲလ်အသေတွေ များပြားသူတွေနဲ့ နားကြပ်တံ အသုံးပြုသူတွေမှာ နားဖာချေးခဲတွေ ပိတ်တတ်ပါတယ်။

ပထမ (၄)ချက်ကတော့ အဆီလေးတွေ အပြင်ကို စီးထွက်ဖို့ အဟန့်အတားဖြစ်တာကြောင့် တဖြေးဖြေးနဲ့ အထဲမှ ာစုပြီး ခြောက်သွေ့ကာ နားဖာချေးဖြစ်တာပါ။ အဖြစ် နည်းပါတယ်။

နားဖာချေး စုခဲနေတဲ့ လူနာအများစုဟာ… နားကြပ်တံ အသုံးပြုတဲ့သူတွေ ဖြစ်နေပါတယ်။ နားကြပ်တံ အသုံးပြုတဲ့အခါ အပြင်ကို စီးထွက်ရမယ့်အဆီတွေဟာ အတွင်းထဲကို တွန်းပို့ခံရပြီး ပြန်ထွက်ဖို့ ခက်ခဲသွားပါတယ်။

တဖြေးဖြေးနဲ့ အတွင်းမှာ စုပုံလာပြီး နားလမ်းကြောင်း လုံးဝ ပိတ်သွားတဲ့အခါမှာတော့… နားကောင်းကောင်းမကြားရတော့တာ၊ နားထဲ ခုလုခုလု ဖြစ်တာ၊ ခေါင်းမူးတာ၊ နားကိုက်တာ၊ နားထဲ တစီစီ အသံမြည်တာမျိုးတွေ ဖြစ်လာပါတယ်။

ဒီလိုအခါမှာတော့ Otoscope လို့ခေါ်တဲ့ အထူးပြုလုပ်ထားတဲ့ ကိရိယာနဲ့ နားအတွင်းပိုင်းအထိ မြင်အောင်ကြည့်ရှုပြီး တခြားအထူးကိရိယာတွေနဲ့ ဖယ်ရှားပေးရပါတယ်။

ဒါ့ကြောင့် အဓိက မှတ်သားစေလိုတာကတော့… နား၊ နှာခေါင်း၊ လည်ချောင်း အထူးကုဆရာဝန်ကြီးများ မကြာခဏ ပြောလေ့ရှိတဲ့စကားပါ။ အဲဒါလေးကိုတော့… သေချာမှတ်ထားကြပါနော် ” နားသန့်ရှင်းရေး…မလိုအပ်ပါ “တဲ့။

စကားစပ်လို့ပြောရရင်… ဒွါရ (၉)ပေါက်မှာ ဘယ်အပေါက်မှလည်း မမွှေမိကြဖို့ အရေးကြီးပါတယ်နော်… သူ့ဟာသူ နေကြပါစေ။ ချွင်းချက်ကတော့… သွားနှင့်ခံတွင်းပေါ့…သူက ပုံမှန်သန့်ရှင်းရေး လုပ်သင့်ပါတယ်။

ဒီလိုမှ မဟုတ်ဘဲ အပေါက်မြင် နှိုက်ချင်၊ စပ်စုချင်ကြသူများအတွက်တော့…. အခုပိုစ့်နဲ့ပတ်သက်ပြီး နားအထူးကုဆရာဝန်ကြီးက မှတ်ချက်ပေးထားတာလေးနဲ့ အဆုံးသတ်ပါရစေ…။

“သိပ်လည်း မပြောပါနဲ့ ဆရာရယ်… နားကြပ်ချင်သူတွေလည်း ကြပ်ကြပါစေ… သူတို့ရှိမှ ကျွန်တော်တို့လည်း လူနာများတာ။ နို့မို့ အလုပ်လက်မဲ့နဲ့ ထမင်းငတ်နေပါဦးမယ် “တဲ့ အရွှန်းဖောက်တာပါ။

အားလုံးပဲ ဗဟုသုတ တိုးပွားပြီး ကျန်းမာပျော်ရွှင်နိုင်ကြပါစေလို့…ဆုတောင်းလျက်… ချစ်တဲ့…တယ်လီကျန်းမာ။

မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*