အိမ္ေထာင္တစ္ခု စီးပြားတိုးတက္ဖို႕ဆိုရင္ ယၾတာေခ်ေနဖို႔ မလိုဘူးတဲ့ (အရမ္းေကာင္းလို႕ မွ်ေ၀လိုက္သည္)

အိမ္ေထာင္တစ္ခု စီးပြားတိုးတက္ဖို႕ဆိုရင္ ယၾတာေခ်ေနဖို႔ မလိုဘူးတဲ့ (အရမ္းေကာင္းလို႕ မွ်ေ၀လိုက္သည္)
အိမ္ေထာင္တစ္ခု စီးပြားတိုးတက္ဖို႕ဆိုရင္ ယၾတာေခ်ေနဖို႔ မလိုဘူးတဲ့ (အရမ္းေကာင္းလို႕ မွ်ေ၀လိုက္သည္)

အိမ္ေထာင္တစ္ခု စီးပြားတိုးတက္ဖို႕ဆိုရင္ ယၾတာေခ်ေနဖို႔ မလိုဘူးတဲ့ (အရမ္းေကာင္းလို႕ မွ်ေ၀လိုက္သည္)

အရမ္းေကာင္းလိုက္တဲ့ စာေလးဗ်ာ… ပိုင္အိုးနီးယား စားေသာက္ဆိုင္ ပိုင္ရွင္ ကိုေဇာ္မိုးေျပာျပတဲ့ အိမ္တစ္အိမ္ စီးပြားတက္ဖို႔ ယၾတာေခ်ေနဖို႔ မလိုဘူးဆိုတဲ့ စကား အရမ္းမိုက္တယ္ဗ်ာ၊ ဖတ္ၾကည့္ပါ။

လင္ႏွင့္မယားခ်စ္ၾကင္ျငားစီးပြားတက္မည္သာ စီးပြားတက္ခ်င္ရင္ လင္နဲ႔မယား ရန္မျဖစ္ၾကဖို႔လိုတယ္။ ဘာျဖစ္လို႔ ရန္ျဖစ္ရင္ စီးပြားမတက္တာလဲ။ ရန္ျဖစ္ၿပီဆိုတာနဲ႔ ဝစီဒုစ႐ိုက္၊ မေနာဒုစ႐ိုက္မႈေတြက်ဴးလြန္မိေတာ့တာကိုး။

လင္နဲ႔မယား ရန္မျဖစ္တဲ့အခ်ိန္က နကၡတ္ေကာင္းတဲ့ အခ်ိန္ပါပဲ။ နကၡတ္ေကာင္းရင္ စီးပြားတက္မွာပဲ။ နကၡတ္ေကာင္းဖို႔ ယၾတာေခ်ေနဖို႔ မလိုဘူး။ လင္နဲ႔မယား ရန္မျဖစ္ဖို႔ပဲလိုတယ္။ လူဆိုတာ ကိုယ့္ကိုယ္ကိုယ္ အေကာင္းခ်ည္းပဲ ထင္ေနတတ္ၾကတယ္။

ပုထုဇဥ္ေတြပဲဆိုေတာ့… အေကာင္းခ်ည္းပဲဆိုတာေတာ့ ျဖစ္မလာဘူး။ လင္မယားဆိုတာ ေကာင္းတိုင္ပင္ ဆိုးတိုင္ပင္ ရွိရမယ္။ တစ္ေယာက္ကို တစ္ေယာက္ အျပစ္မျမင္.. အျပစ္မတင္ရဘူး။ တစ္ေယာက္ကို တစ္ေယာက္ ေမတၱာေရွ႕ထားၿပီးေတာ့…

အျပဳသေဘာေဆာင္ၿပီး သတိေပးၾကရမယ္။ လင္ႏွင့္မယားရန္ျဖစ္ျငား စီးပြားပ်က္မည္သာ။ ဒါကေတာ့… မိုးသု (မႏၲေလး) က စီးပြားတက္ဖို႔အတြက္ ရန္မျဖစ္မိၾကဖို႔ အိမ္ေထာင္သည္ေတြကို သတိေပးထားတာေလးေပါ့။

အိမ္ေထာင္တစ္ခု စီးပြားတက္ဖို႔ဆိုရင္… မွန္ပါတယ္ မိုးသု ရွင္းျပထားသလို လင္မယားေတြရန္သတ္ေနလို႔မျဖစ္ပါဘူး။ ဒါဟာလည္း စီးပြားျဖစ္ျခင္း၊ မျဖစ္ျခင္းထက္ နံပါတ္(၁)အခ်က္ကေတာ့ အၿမဲ ရန္သတ္ေနတဲ့ အိမ္က သာယာတဲ့ စိတ္ခ်မ္းသာမႈ မရတာေတာ့အမွန္ပဲ။

ပြင့္ပြင့္လင္းလင္းေျပာရရင္… က်က္သေရ မရွိတဲ့အိမ္ေပါ့။ ကြၽန္ေတာ္ ဝန္ထမ္းအိမ္ေထာင္သည္ စုံတြဲကေလးေတြ တစ္ရက္ျခား ရန္ျဖစ္ၾကတယ္။ ရန္ျဖစ္တိုင္းေခၚဆုံးမရတာက အလုပ္တစ္လုပ္။ တခ်ိဳ႕ၾကေတာ့ ရန္ျဖစ္ၿပီဆို အလုပ္ပ်က္၊ အလုပ္ခနခန ပ်က္ရင္ ၾကာေတာ့…

အလုပ္ထုတ္ရေတာ့တာေပါ့… ဒါလည္း စီးပြားပ်က္ျခင္းတမ်ိဳးပဲ။ တခ်ိဳ႕ ခ်စ္ခ်စ္ခင္ခင္ေနတဲ့ အိမ္ေထာင္သည္စုံတြဲေတြၾကျပန္ေတာ့… လင္အလုပ္ မယားကကူ၊ မယားအလုပ္ လင္ကကူနဲ႔ သူတို႔ေလးေတြၾကျပန္ေတာ့ ေ႐ႊတြဲလြဲ ေငြတြဲလြဲနဲ႔ေပါ့။

ဒါက ဝန္ထမ္းအိမ္ေထာင္သည္ေတြနဲ႔ ဥပမာႏႈိင္းျပတာ။ ကြၽန္ေတာ္တို႔ လင္မယား ႏွစ္ေယာက္အေပၚ ဝန္ထမ္းကေလးေတြ ပေဟဠိ ျဖစ္ေနတဲ့ အခ်က္တစ္ခုရွိတယ္။ အဲဒါက ကြၽန္ေတာ္တို႔ႏွစ္ေယာက္ ရန္ျဖစ္တာမေတြ႕ၾကလို႔တဲ့ဗ်။

အိမ္ေထာင္သည္ ဝန္ထမ္းေတြေကာ၊ အိမ္ေထာင္မသည္ေသးတဲ့ ဝန္ထမ္းေလးေတြေကာေပါ့။ သူတို႔က်င္လည္လာတဲ့ ပတ္ဝန္းက်င္၊ သူတို႔မိဘေတြ ရန္ခနခနျဖစ္ၾကတယ္တဲ့။ တည့္တဲ့အခ်ိန္က နဲတယ္။ ကိုကိုႀကီးနဲ႔မမ ၾကေတာ့… ရန္ျဖစ္တာ တစ္ခါမွမေတြ႕ဘူးဆိုၿပီး လာေမးၾကတဲ့အထိေပါ့….

သူတို႔ေရွ႕မွာ ရန္ျဖစ္တာမေတြ႕လို႔ လာေမးၾကတာ။ ေရွ႕မွာရန္မျဖစ္သလို ကြယ္ရာမွာလဲ ရန္မျဖစ္ဘူး။ ဘာေၾကာင့္ရန္မျဖစ္ၾကတာလဲ…? တစ္ေယာက္ကို တစ္ေယာက္ ခ်စ္လို႔ယူထားၾကတာေလ။ ရန္ျဖစ္ဖို႔ ယူတာမွ မဟုတ္တာ။ ရည္းစားဘဝမွာ ဘယ္ေလာက္ပဲ အလိုလိုက္လိုက္၊ ဘယ္ေလာက္ပဲခ်စ္ခ်စ္၊

တခ်ိဳ႕တခ်ိဳ႕ေတြ အိမ္ေထာင္ၾကၿပီးေနာက္ပိုင္း လက္ပါလာၾကတယ္။ အလြန္အမင္း ႐ိုက္နက္ၾကတဲ့သူေတြလည္း ရွိတယ္။ သူတို႔ေတြကို ေတြ႕ေတာ့… ရည္စားဘဝတုန္းက ဘယ္လိုမ်ား ခ်စ္စကားေျပာလာၾကလည္းဆိုတာ အရမ္းသိခ်င္မိတယ္။

မိန္းခေလးဘက္ကလည္း ဘယ္ေလာက္ထိ အိုက္တင္ခံၿပီးမွ အေျဖေပးသလဲဆိုတာ သိခ်င္မိတယ္။ကြၽန္ေတာ္တုန္းက ခက္ခက္ခဲခဲ ခ်စ္ခြင့္ပန္ခဲ့ရတယ္။ အခက္အခဲေတြအမ်ားႀကီးႀကဳံေတြ႕ခဲ့ရတယ္။ ဒီလို ခက္ခဲစြာရယူလာခဲ့ရတဲ့အခ်စ္ကို တန္ဖိုးထားတယ္၊ျမတ္ႏိုးတယ္။

တကယ္ေတာ့… လင္မယားဆိုတာ အရင္းနီးဆုံး မိတ္ေဆြေတြေလ။ ထိလွ်လြယ္တယ္။ ရန္မျဖစ္မိေအာင္ အတတ္ႏိုင္ဆုံးေျဖေလ်ာ့တတ္ရမယ္။ ကြၽန္ေတာ္တို႔ႏွစ္ေယာက္က တစ္ေယာက္ကိုတစ္ေယာက္နားလည္းမႈ အျပည့္ရွိၾကတယ္။ နားလည္မႈဆိုတာ…

ဆင္းရဲတာ၊ ခ်မ္းသာတာနဲ႔ မဆိုင္ဘူးေနာ္။ ေနာက္တစ္ခ်က္က… ငါဆိုတဲ့ အတၱစြဲတြ ေလ်ာ့ခ်ပစ္ရမယ္။ လူပဲ… အခန႔္မသင့္ရင္ စိတ္ေတာ့တိုတတ္ၾကတာေပါ့။ စိတ္တိုတိုင္းလည္း ေပါက္ကြဲျပစ္လို႔မရဘူး၊ ေပါက္ကြဲမႈျပင္းရင္ ျပင္းသလို… အပိုင္းအဆေတြက လႊင့္စင္ထြက္သြားတတ္ၾကတယ္။

နဂိုအတိုင္းျပန္ျဖစ္ဖို႔ လႊင့္သြားတဲ့ စိတ္ဒဏ္ရာ အပိုင္းအဆေတြကိုျပန္ဆက္ရတာ မလြယ္ဘူးေလ။ဒီေတာ့… ေဒါသရဲ႕ေပါက္ကြဲမႈအားကို နည္းႏိုင္သေလာက္နည္းေအာင္ ပထမအဆင့္ေလ်ာ့ခ်ႏိုင္ရမယ္။ မျဖစ္ႏိုင္တာ မရွိပါဘူး။ ခင္ဗ်ားတို႔ရဲ႕ ထစ္ကတည္းေနရင္ ထြက္တတ္တဲ့ ေဒါသအက်င့္ကေလးကို

ေျဖးေျဖးခ်င္း ေလ်ာ့ခ်ၾကည့္ပါ။ လင္မယားေတြရန္ျဖစ္တာ နည္းလာေလ… ပတ္ဝန္းက်င္က ကိုယ့္ကိုေလးစား အထင္ႀကီးလာေလပါပဲ။ စိတ္ခ်မ္းသာမႈအၿမဲရေနရင္ အလုပ္လုပ္ရတာလည္း အဆင္ေျပလာမယ္၊ စီးပြားလည္း သူ႔အလိုလိုျဖစ္လာတာေပါ့။

ကြၽန္ေတာ္တို႔ႏွစ္ေယာက္ ရန္မျဖစ္ၾကဘူး။ တစ္ေယာက္ကို တစ္ေယာက္ ေဖးမကူညီတယ္။ ဒါေၾကာင့္ အိမ္ေထာင္မႈ သာယာတယ္၊ စီးပြားလည္းတက္တယ္ဆိုတာ နိဂုံး ခ်ဳပ္ေျပာျပခ်င္ပါတယ္။

Unicode

အိမ်ထောင်တစ်ခု စီးပွားတိုးတက်ဖို့ဆိုရင် ယတြာချေနေဖို့ မလိုဘူးတဲ့ (အရမ်းကောင်းလို့ မျှဝေလိုက်သည်)

အရမ်းကောင်းလိုက်တဲ့ စာလေးဗျာ… ပိုင်အိုးနီးယား စားသောက်ဆိုင် ပိုင်ရှင် ကိုဇော်မိုးပြောပြတဲ့ အိမ်တစ်အိမ် စီးပွားတက်ဖို့ ယတြာချေနေဖို့ မလိုဘူးဆိုတဲ့ စကား အရမ်းမိုက်တယ်ဗျာ၊ ဖတ်ကြည့်ပါ။

လင်နှင့်မယားချစ်ကြင်ငြားစီးပွားတက်မည်သာ စီးပွားတက်ချင်ရင် လင်နဲ့မယား ရန်မဖြစ်ကြဖို့လိုတယ်။ ဘာဖြစ်လို့ ရန်ဖြစ်ရင် စီးပွားမတက်တာလဲ။ ရန်ဖြစ်ပြီဆိုတာနဲ့ ဝစီဒုစရိုက်၊ မနောဒုစရိုက်မှုတွေကျူးလွန်မိတော့တာကိုး။

လင်နဲ့မယား ရန်မဖြစ်တဲ့အချိန်က နက္ခတ်ကောင်းတဲ့ အချိန်ပါပဲ။ နက္ခတ်ကောင်းရင် စီးပွားတက်မှာပဲ။ နက္ခတ်ကောင်းဖို့ ယတြာချေနေဖို့ မလိုဘူး။ လင်နဲ့မယား ရန်မဖြစ်ဖို့ပဲလိုတယ်။ လူဆိုတာ ကိုယ့်ကိုယ်ကိုယ် အကောင်းချည်းပဲ ထင်နေတတ်ကြတယ်။

ပုထုဇဉ်တွေပဲဆိုတော့… အကောင်းချည်းပဲဆိုတာတော့ ဖြစ်မလာဘူး။ လင်မယားဆိုတာ ကောင်းတိုင်ပင် ဆိုးတိုင်ပင် ရှိရမယ်။ တစ်ယောက်ကို တစ်ယောက် အပြစ်မမြင်.. အပြစ်မတင်ရဘူး။ တစ်ယောက်ကို တစ်ယောက် မေတ္တာရှေ့ထားပြီးတော့…

အပြုသဘောဆောင်ပြီး သတိပေးကြရမယ်။ လင်နှင့်မယားရန်ဖြစ်ငြား စီးပွားပျက်မည်သာ။ ဒါကတော့… မိုးသု (မန္တလေး) က စီးပွားတက်ဖို့အတွက် ရန်မဖြစ်မိကြဖို့ အိမ်ထောင်သည်တွေကို သတိပေးထားတာလေးပေါ့။

အိမ်ထောင်တစ်ခု စီးပွားတက်ဖို့ဆိုရင်… မှန်ပါတယ် မိုးသု ရှင်းပြထားသလို လင်မယားတွေရန်သတ်နေလို့မဖြစ်ပါဘူး။ ဒါဟာလည်း စီးပွားဖြစ်ခြင်း၊ မဖြစ်ခြင်းထက် နံပါတ်(၁)အချက်ကတော့ အမြဲ ရန်သတ်နေတဲ့ အိမ်က သာယာတဲ့ စိတ်ချမ်းသာမှု မရတာတော့အမှန်ပဲ။

ပွင့်ပွင့်လင်းလင်းပြောရရင်… ကျက်သရေ မရှိတဲ့အိမ်ပေါ့။ ကျွန်တော် ဝန်ထမ်းအိမ်ထောင်သည် စုံတွဲကလေးတွေ တစ်ရက်ခြား ရန်ဖြစ်ကြတယ်။ ရန်ဖြစ်တိုင်းခေါ်ဆုံးမရတာက အလုပ်တစ်လုပ်။ တချို့ကြတော့ ရန်ဖြစ်ပြီဆို အလုပ်ပျက်၊ အလုပ်ခနခန ပျက်ရင် ကြာတော့…

အလုပ်ထုတ်ရတော့တာပေါ့… ဒါလည်း စီးပွားပျက်ခြင်းတမျိုးပဲ။ တချို့ ချစ်ချစ်ခင်ခင်နေတဲ့ အိမ်ထောင်သည်စုံတွဲတွေကြပြန်တော့… လင်အလုပ် မယားကကူ၊ မယားအလုပ် လင်ကကူနဲ့ သူတို့လေးတွေကြပြန်တော့ ရွှေတွဲလွဲ ငွေတွဲလွဲနဲ့ပေါ့။

ဒါက ဝန်ထမ်းအိမ်ထောင်သည်တွေနဲ့ ဥပမာနှိုင်းပြတာ။ ကျွန်တော်တို့ လင်မယား နှစ်ယောက်အပေါ် ဝန်ထမ်းကလေးတွေ ပဟေဠိ ဖြစ်နေတဲ့ အချက်တစ်ခုရှိတယ်။ အဲဒါက ကျွန်တော်တို့နှစ်ယောက် ရန်ဖြစ်တာမတွေ့ကြလို့တဲ့ဗျ။

အိမ်ထောင်သည် ဝန်ထမ်းတွေကော၊ အိမ်ထောင်မသည်သေးတဲ့ ဝန်ထမ်းလေးတွေကောပေါ့။ သူတို့ကျင်လည်လာတဲ့ ပတ်ဝန်းကျင်၊ သူတို့မိဘတွေ ရန်ခနခနဖြစ်ကြတယ်တဲ့။ တည့်တဲ့အချိန်က နဲတယ်။ ကိုကိုကြီးနဲ့မမ ကြတော့… ရန်ဖြစ်တာ တစ်ခါမှမတွေ့ဘူးဆိုပြီး လာမေးကြတဲ့အထိပေါ့….

သူတို့ရှေ့မှာ ရန်ဖြစ်တာမတွေ့လို့ လာမေးကြတာ။ ရှေ့မှာရန်မဖြစ်သလို ကွယ်ရာမှာလဲ ရန်မဖြစ်ဘူး။ ဘာကြောင့်ရန်မဖြစ်ကြတာလဲ…? တစ်ယောက်ကို တစ်ယောက် ချစ်လို့ယူထားကြတာလေ။ ရန်ဖြစ်ဖို့ ယူတာမှ မဟုတ်တာ။ ရည်းစားဘဝမှာ ဘယ်လောက်ပဲ အလိုလိုက်လိုက်၊ ဘယ်လောက်ပဲချစ်ချစ်၊

တချို့တချို့တွေ အိမ်ထောင်ကြပြီးနောက်ပိုင်း လက်ပါလာကြတယ်။ အလွန်အမင်း ရိုက်နက်ကြတဲ့သူတွေလည်း ရှိတယ်။ သူတို့တွေကို တွေ့တော့… ရည်စားဘဝတုန်းက ဘယ်လိုများ ချစ်စကားပြောလာကြလည်းဆိုတာ အရမ်းသိချင်မိတယ်။

မိန်းခလေးဘက်ကလည်း ဘယ်လောက်ထိ အိုက်တင်ခံပြီးမှ အဖြေပေးသလဲဆိုတာ သိချင်မိတယ်။ကျွန်တော်တုန်းက ခက်ခက်ခဲခဲ ချစ်ခွင့်ပန်ခဲ့ရတယ်။ အခက်အခဲတွေအများကြီးကြုံတွေ့ခဲ့ရတယ်။ ဒီလို ခက်ခဲစွာရယူလာခဲ့ရတဲ့အချစ်ကို တန်ဖိုးထားတယ်၊မြတ်နိုးတယ်။

တကယ်တော့… လင်မယားဆိုတာ အရင်းနီးဆုံး မိတ်ဆွေတွေလေ။ ထိလျှလွယ်တယ်။ ရန်မဖြစ်မိအောင် အတတ်နိုင်ဆုံးဖြေလျော့တတ်ရမယ်။ ကျွန်တော်တို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက်နားလည်းမှု အပြည့်ရှိကြတယ်။ နားလည်မှုဆိုတာ…

ဆင်းရဲတာ၊ ချမ်းသာတာနဲ့ မဆိုင်ဘူးနော်။ နောက်တစ်ချက်က… ငါဆိုတဲ့ အတ္တစွဲတွ လျော့ချပစ်ရမယ်။ လူပဲ… အခန့်မသင့်ရင် စိတ်တော့တိုတတ်ကြတာပေါ့။ စိတ်တိုတိုင်းလည်း ပေါက်ကွဲပြစ်လို့မရဘူး၊ ပေါက်ကွဲမှုပြင်းရင် ပြင်းသလို… အပိုင်းအဆတွေက လွှင့်စင်ထွက်သွားတတ်ကြတယ်။

နဂိုအတိုင်းပြန်ဖြစ်ဖို့ လွှင့်သွားတဲ့ စိတ်ဒဏ်ရာ အပိုင်းအဆတွေကိုပြန်ဆက်ရတာ မလွယ်ဘူးလေ။ဒီတော့… ဒေါသရဲ့ပေါက်ကွဲမှုအားကို နည်းနိုင်သလောက်နည်းအောင် ပထမအဆင့်လျော့ချနိုင်ရမယ်။ မဖြစ်နိုင်တာ မရှိပါဘူး။ ခင်ဗျားတို့ရဲ့ ထစ်ကတည်းနေရင် ထွက်တတ်တဲ့ ဒေါသအကျင့်ကလေးကို

ဖြေးဖြေးချင်း လျော့ချကြည့်ပါ။ လင်မယားတွေရန်ဖြစ်တာ နည်းလာလေ… ပတ်ဝန်းကျင်က ကိုယ့်ကိုလေးစား အထင်ကြီးလာလေပါပဲ။ စိတ်ချမ်းသာမှုအမြဲရနေရင် အလုပ်လုပ်ရတာလည်း အဆင်ပြေလာမယ်၊ စီးပွားလည်း သူ့အလိုလိုဖြစ်လာတာပေါ့။

ကျွန်တော်တို့နှစ်ယောက် ရန်မဖြစ်ကြဘူး။ တစ်ယောက်ကို တစ်ယောက် ဖေးမကူညီတယ်။ ဒါကြောင့် အိမ်ထောင်မှု သာယာတယ်၊ စီးပွားလည်းတက်တယ်ဆိုတာ နိဂုံး ချုပ်ပြောပြချင်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*