ေရာက္ေလရာအရပ္မွာ လူခ်စ္လူခင္ေပါမ်ားေစမယ့္ စကားေျပာဆိုနည္း (၆)နည္း

ေရာက္ေလရာအရပ္မွာ လူခ်စ္လူခင္ေပါမ်ားေစမယ့္ စကားေျပာဆိုနည္း (၆)နည္း
ေရာက္ေလရာအရပ္မွာ လူခ်စ္လူခင္ေပါမ်ားေစမယ့္ စကားေျပာဆိုနည္း (၆)နည္း

ေရာက္ေလရာအရပ္မွာ လူခ်စ္လူခင္ေပါမ်ားေစမယ့္ စကားေျပာဆိုနည္း (၆)နည္း

ဘယ္ေနရာပဲ ေရာက္ေရာက္… လူသစ္ေတြနဲ႔ စတင္ ဆက္ဆံရတဲ့အခါမွာ ဘယ္လို စကားစေျပာရမလဲ…? ဘာအေၾကာင္းအရာကိုေျပာရမလဲ…? စသည္ျဖင့္ ေတြေဝၿပီး ဘယ္သူနဲ႔မွ မရင္းႏွီး၊ မိတ္ေဆြမဖြဲ႕မိပဲ ေနတတ္ၾကပါတယ္။

ဒီလိုဆိုရင္ေတာ့… တစ္ဖက္လူေတြက သင္ဟာ တစ္ကိုယ္ေကာင္းဆန္တဲ့သူ၊ တစ္ေယာက္တည္း သီးသန႔္ ေနခ်င္တဲ့သူအျဖစ္ ျမင္သြားႏိုင္ပါတယ္ေနာ္။ ေက်ာင္းေျပာင္းတာပဲျဖစ္ျဖစ္၊ အလုပ္ေျပာင္းသြားတာပဲျဖစ္ျဖစ္…

မိတ္ေဆြအသစ္၊ သူငယ္ခ်င္းအသစ္ေတြနဲ႔ ထိေတြ႕ဆက္ဆံဖို႔ ခက္ေနတဲ့သူေတြအတြက္… မိတ္ေဆြေကာင္းေတြ ရေစဖို႔… စကားေျပာနည္းေလးေတြကို ေဝမွ်ေပးလိုက္ပါတယ္…။

(၁) ဘယ္လိုစကား စရမလဲ သိပါေစ…

လူတစ္ေယာက္နဲ႔ စကား စမေျပာခင္မွာ… သူ႔ရဲ႕အေနအထား၊ ပတ္ဝန္းက်င္ကို အရင္ အကဲခတ္ပါ။ စကားေျပာမယ့္သူနဲ႔ သက္ဆိုင္တဲ့ အေၾကာင္းအရာကို စေျပာတာက အေကာင္းဆုံးပါပဲ။ ဥပမာ…

စာအုပ္ ကိုင္ထားတဲ့သူ ၊ ေကာ္ဖီ ေသာက္ေနတဲ့သူတို႔ဆိုရင္… ဒီေကာ္ဖီေလး ေကာင္းလား၊ ဒီစာအုပ္ေလး ဘယ္မွာ ဝယ္လဲ စသျဖင့္ စကား စေျပာလို႔ရပါတယ္။

(၂) စကားေျပာတဲ့အခါ… သက္ေသာင့္သက္သာ ျဖစ္ေနပါေစ…

ေမြးရပ္ေျမ၊ လက္ရွိ ေနေနတဲ့ေနရာေတြ ကို အစခ်ီၿပီး စကားေျပာေပးတာက… တစ္ဖက္လူကို ပိုၿပီးသက္ေသာင့္သက္သာ ျဖစ္ေစၿပီး စကားေျပာရလည္း အဆင္ေျပေစႏိုင္ပါတယ္ ။ သင္နဲ႔ေမြးရပ္ေျမတူတာ (သို႔) ေနရပ္တူေနရင္ေတာ့…

အဲ့ေနရာမွာ ရွိတဲ့ အစားအေသာက္ အေၾကာင္း၊ ပတ္ဝန္းက်င္ အေၾကာင္းေတြ ေဆြးေႏြးၾကၿပီး မိတ္ေဆြ အရင္းေတြေတာင္ ျဖစ္ေစႏိုင္ပါတယ္ေနာ္။

(၃) ကိုယ္ေရးကိုယ္တာ အေၾကာင္းေတြ မေမးမိပါေစနဲ႔…

သင္တို႔က အခုမွ စေတြ႕တဲ့သူေတြဆိုရင္ေတာ့… သူ႔ရဲ႕ ကိုယ္ေရးကိုယ္တာ အေၾကာင္းေတြကို ေမးျမန္းတာက… ႐ိုင္းတဲ့ အျပဳအမူ ျဖစ္ပါတယ္ ။ ဒါ့ေၾကာင့္ ကိုယ္ေရးကိုယ္တာအေၾကာင္းေတြ ၊

မိသားစု အတြင္းေရး အေၾကာင္းေတြေျပာတာထက္စာရင္… ရာသီဥတုအေၾကာင္း၊ ဝါသနာနဲ႔ ဘယ္လို အစားအစာေတြ ႀကိဳက္ႏွစ္သက္လဲ စတာေတြ ေမးျမန္းႏိုင္ပါတယ္။

(၄) အာ႐ုံစိုက္ နားေထာင္ေပးပါ…

သင္ဟာ စကားမ်ားတဲ့ လူတစ္ေယာက္ျဖစ္ေနရင္ေတာင္… မခင္မင္ေသးတဲ့ သူတစ္ေယာက္နဲ႔ မိတ္ေဆြဖြဲ႕တဲ့အခါ… မ်ားမ်ားနားေထာင္ေပးဖို႔ လိုပါတယ္။ ဒါကလည္း သင့္ရဲ႕

ရင္းႏွီးေႏြးေထြးမႈကိုျပတာျဖစ္ၿပီး… ေနာက္ပိုင္းလည္း သင္နဲ႔အတူ စကားေျပာ မိတ္ေဆြဖြဲ႕ဖို႔ကို လိုလားၾကမွာပါ။

(၅) ဟာသေလးေတြ ေႏွာေပးပါ…

ဟာသေျပာရ၊ နားေထာင္ရတာေတြကို လူတိုင္း ၾကိဳက္ၾကပါတယ္။ ဟာသေလးေတြေျပာျခင္းက… မိတ္ေဆြဖြဲ႕ရာမွာ အထိေရာက္ဆုံးပါပဲ။ တကယ္လို႔ သင္က ဟာသေျပာတတ္သူ တစ္ေယာက္ဆိုရင္ေတာ့…

စကားေျပာရင္းနဲ႔ သက္ဆိုင္တဲ့ အေၾကာင္းအရာေလးေတြကို ဟာသေလးေႏွာၿပီးေျပာလို႔ရပါတယ္ ။ ခုမွ မိတ္ေဆြဖြဲ႕မယ့္ လူတစ္ေယာက္ကို အဓိပၸာယ္ ႏွစ္ခြထြက္တဲ့ ဟာသမ်ိဳး ၊ တစ္ဖက္လူရဲ႕ အားနည္းခ်က္ကို ေလွာင္ေျပာင္သေရာ္တဲ့ ဟာသမ်ိဳး

မေျပာမိဖို႔ေတာ့ အေရးႀကီးပါတယ္ေနာ္။ ဒီလို ဟာသမ်ိဳးေတြေျပာမိၿပီဆိုရင္ေတာ့… သင္နဲ႔ မိတ္ေဆြဖြဲ႕ဖို႔ မျဖစ္ႏိုင္သလို… သင့္ကိုလည္း အထင္အျမင္ aသးသြားေစႏိုင္ပါတယ္။

(၆) အကူအညီေတာင္းပါ…

အကူအညီေတာင္းေပးတာကလည္း ရင္းႏွီးမႈကို ျပတဲ့ သေဘာပါပဲ။ သင္နဲ႔ သူ႔ၾကားမွာ အေသးအမႊားအကူအညီေလးေတြ ေတာင္းေပးဖို႔ ဝန္မေလးပါနဲ႔။ ေဘာပင္ေလး ခဏငွားတာေလာက္၊

စာအုပ္နာမည္ေလး ေျပာျပတာေလာက္က တစ္ဖက္လူကို ဝန္ထုပ္ဝန္ပိုး မျဖစ္ေစပဲ… သင္တို႔ၾကားမွာ ရင္းႏွီးမႈ ပိုတိုးလာေစႏိုင္ပါတယ္။

Credit#Auntymay#ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။ ျပန္လည္ မွ်ေ၀ျခင္းျဖစ္ပါသည္။

Unicode

ရောက်လေရာအရပ်မှာ လူချစ်လူခင်ပေါများစေမယ့် စကားပြောဆိုနည်း (၆)နည်း

ဘယ်နေရာပဲ ရောက်ရောက်… လူသစ်တွေနဲ့ စတင် ဆက်ဆံရတဲ့အခါမှာ ဘယ်လို စကားစပြောရမလဲ…? ဘာအကြောင်းအရာကိုပြောရမလဲ…? စသည်ဖြင့် တွေဝေပြီး ဘယ်သူနဲ့မှ မရင်းနှီး၊ မိတ်ဆွေမဖွဲ့မိပဲ နေတတ်ကြပါတယ်။

ဒီလိုဆိုရင်တော့… တစ်ဖက်လူတွေက သင်ဟာ တစ်ကိုယ်ကောင်းဆန်တဲ့သူ၊ တစ်ယောက်တည်း သီးသန့် နေချင်တဲ့သူအဖြစ် မြင်သွားနိုင်ပါတယ်နော်။ ကျောင်းပြောင်းတာပဲဖြစ်ဖြစ်၊ အလုပ်ပြောင်းသွားတာပဲဖြစ်ဖြစ်…

မိတ်ဆွေအသစ်၊ သူငယ်ချင်းအသစ်တွေနဲ့ ထိတွေ့ဆက်ဆံဖို့ ခက်နေတဲ့သူတွေအတွက်… မိတ်ဆွေကောင်းတွေ ရစေဖို့… စကားပြောနည်းလေးတွေကို ဝေမျှပေးလိုက်ပါတယ်…။

(၁) ဘယ်လိုစကား စရမလဲ သိပါစေ…

လူတစ်ယောက်နဲ့ စကား စမပြောခင်မှာ… သူ့ရဲ့အနေအထား၊ ပတ်ဝန်းကျင်ကို အရင် အကဲခတ်ပါ။ စကားပြောမယ့်သူနဲ့ သက်ဆိုင်တဲ့ အကြောင်းအရာကို စပြောတာက အကောင်းဆုံးပါပဲ။ ဥပမာ…

စာအုပ် ကိုင်ထားတဲ့သူ ၊ ကော်ဖီ သောက်နေတဲ့သူတို့ဆိုရင်… ဒီကော်ဖီလေး ကောင်းလား၊ ဒီစာအုပ်လေး ဘယ်မှာ ဝယ်လဲ စသဖြင့် စကား စပြောလို့ရပါတယ်။

(၂) စကားပြောတဲ့အခါ… သက်သောင့်သက်သာ ဖြစ်နေပါစေ…

မွေးရပ်မြေ၊ လက်ရှိ နေနေတဲ့နေရာတွေ ကို အစချီပြီး စကားပြောပေးတာက… တစ်ဖက်လူကို ပိုပြီးသက်သောင့်သက်သာ ဖြစ်စေပြီး စကားပြောရလည်း အဆင်ပြေစေနိုင်ပါတယ် ။ သင်နဲ့မွေးရပ်မြေတူတာ (သို့) နေရပ်တူနေရင်တော့…

အဲ့နေရာမှာ ရှိတဲ့ အစားအသောက် အကြောင်း၊ ပတ်ဝန်းကျင် အကြောင်းတွေ ဆွေးနွေးကြပြီး မိတ်ဆွေ အရင်းတွေတောင် ဖြစ်စေနိုင်ပါတယ်နော်။

(၃) ကိုယ်ရေးကိုယ်တာ အကြောင်းတွေ မမေးမိပါစေနဲ့…

သင်တို့က အခုမှ စတွေ့တဲ့သူတွေဆိုရင်တော့… သူ့ရဲ့ ကိုယ်ရေးကိုယ်တာ အကြောင်းတွေကို မေးမြန်းတာက… ရိုင်းတဲ့ အပြုအမူ ဖြစ်ပါတယ် ။ ဒါ့ကြောင့် ကိုယ်ရေးကိုယ်တာအကြောင်းတွေ ၊

မိသားစု အတွင်းရေး အကြောင်းတွေပြောတာထက်စာရင်… ရာသီဥတုအကြောင်း၊ ဝါသနာနဲ့ ဘယ်လို အစားအစာတွေ ကြိုက်နှစ်သက်လဲ စတာတွေ မေးမြန်းနိုင်ပါတယ်။

(၄) အာရုံစိုက် နားထောင်ပေးပါ…

သင်ဟာ စကားများတဲ့ လူတစ်ယောက်ဖြစ်နေရင်တောင်… မခင်မင်သေးတဲ့ သူတစ်ယောက်နဲ့ မိတ်ဆွေဖွဲ့တဲ့အခါ… များများနားထောင်ပေးဖို့ လိုပါတယ်။ ဒါကလည်း သင့်ရဲ့

ရင်းနှီးနွေးထွေးမှုကိုပြတာဖြစ်ပြီး… နောက်ပိုင်းလည်း သင်နဲ့အတူ စကားပြော မိတ်ဆွေဖွဲ့ဖို့ကို လိုလားကြမှာပါ။

(၅) ဟာသလေးတွေ နှောပေးပါ…

ဟာသပြောရ၊ နားထောင်ရတာတွေကို လူတိုင်း ကြိုက်ကြပါတယ်။ ဟာသလေးတွေပြောခြင်းက… မိတ်ဆွေဖွဲ့ရာမှာ အထိရောက်ဆုံးပါပဲ။ တကယ်လို့ သင်က ဟာသပြောတတ်သူ တစ်ယောက်ဆိုရင်တော့…

စကားပြောရင်းနဲ့ သက်ဆိုင်တဲ့ အကြောင်းအရာလေးတွေကို ဟာသလေးနှောပြီးပြောလို့ရပါတယ် ။ ခုမှ မိတ်ဆွေဖွဲ့မယ့် လူတစ်ယောက်ကို အဓိပ္ပာယ် နှစ်ခွထွက်တဲ့ ဟာသမျိုး ၊ တစ်ဖက်လူရဲ့ အားနည်းချက်ကို လှောင်ပြောင်သရော်တဲ့ ဟာသမျိုး

မပြောမိဖို့တော့ အရေးကြီးပါတယ်နော်။ ဒီလို ဟာသမျိုးတွေပြောမိပြီဆိုရင်တော့… သင်နဲ့ မိတ်ဆွေဖွဲ့ဖို့ မဖြစ်နိုင်သလို… သင့်ကိုလည်း အထင်အမြင် aသးသွားစေနိုင်ပါတယ်။

(၆) အကူအညီတောင်းပါ…

အကူအညီတောင်းပေးတာကလည်း ရင်းနှီးမှုကို ပြတဲ့ သဘောပါပဲ။ သင်နဲ့ သူ့ကြားမှာ အသေးအမွှားအကူအညီလေးတွေ တောင်းပေးဖို့ ဝန်မလေးပါနဲ့။ ဘောပင်လေး ခဏငှားတာလောက်၊

စာအုပ်နာမည်လေး ပြောပြတာလောက်က တစ်ဖက်လူကို ဝန်ထုပ်ဝန်ပိုး မဖြစ်စေပဲ… သင်တို့ကြားမှာ ရင်းနှီးမှု ပိုတိုးလာစေနိုင်ပါတယ်။

Credit#Auntymay#လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ပြန်လည် မျှဝေခြင်းဖြစ်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*